14-12-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
မြန်မာ-အိန္ဒိယချစ်ကြည်ရေး လမ်းမကြီးဖြစ်သည့် ကလေးဝ-တမူးလမ်းပိုင်းရှိ တံတား ၆၉ စင်းကို အိန္ဒိယနိုင်ငံမှ အမေရိကန်ဒေါ်လာ သန်း ၆ဝ အကုန်အကျခံတည်ဆောက်ပေးမည်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1041
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
စာပေနှင့် အနုပညာ
ပြည်နှင်ဒဏ်မုန်တိုင်းကြားက စာရေးဆရာ

 

ဒီဇာတ်ကားက ဗြိတိသျှလူမျိုး စာရေးဆရာကြီး ဒီအိတ်ခ်ျလောရင့်စ် (D.H.Lawrence) ရဲ့ ဘဝဇာတ်ကြောင်းကို ရိုက်ကူးထားတာပါ။ ၁၉၈၁ ခုနှစ်က ထွက်ရှိခဲ့တာမို့ ကြာခဲ့ပြီဖြစ်ပေမယ့် မြန်မာနိုင်ငံရဲ့ ဈေးကွက်ထဲကိုတော့ အခုမှ ရောက်လာလို့ အခုမှ ရောက်လာတာ ဖြစ်ပါတယ်။

လေထန်ကုန်းခေတ်ကောင်းစဉ် တစ်ချိန်က ဒီစာရေးဆရာကြီး ဒီအိတ်ခ်ျလောရင့်စ်ရဲ့ Lady Chatterley’s Loves ဆိုတဲ့  ဝတ္ထုကို ဆရာမောင်သာနိုးက ''လေဒီချက်တာလေရဲ့လင်ငယ်''ဆိုပြီး ဘာသာပြန်လိုက်တော့မှ စာပေလောကကြီးတစ်ခုလုံး အုံးအုံးကြွက်ကြွက်ဖြစ်ပြီး ဒီစာရေး ဆရာကြီးကို သိသွားခဲ့ကြရပါတယ်။ ဒီဆရာကြီး လော့ရင့်စ်ဟာ ဝတ္ထုတွေတင်မဟုတ်ဘဲ အလွန် ကျော်ကြားတဲ့ ကဗျာတွေကိုလည်း ရေးသွားခဲ့တဲ့ ကဗျာဆရာကြီးလည်း ဖြစ်ပါတယ်။

စာရေးဆရာ Davd Ellis ပြုစုတဲ့ D.H.Lacrence : Dying Game ဆိုတဲ့ အတ္ထုပ္ပတ္တိစာအုပ်ကို ဒါရိုက်တာ Christaphen Miles က ရုပ်ရှင်အဖြစ် ပြန်လည်အသက်သွင်းကာ ရိုက်ကူးတင်ပြလိုက်တာဖြစ်ပါတယ်။ ဒီအိတ်ခ်ျ လောရင့်စ်အဖြစ် မင်းသားကြီး Lan Mc Kellen က သရုပ်ဆောင်ပြီး ဇနီးဖြစ်သူ ဖရီဒါလောရင့်စ်အဖြစ် မင်းသမီး Janet Suzman က သရုပ်ဆောင်ခဲ့ပါတယ်။

ရုပ်ရှင်ကို စာရေးဆရာဒီအိတ်ခ်ျလော့ရင်စ်နဲ့ သူငယ်ချင်းဖြစ်သူတို့နှစ်ယောက် ပင်လယ်ကမ်းခြေမှာ စိတ်လွတ်ကိုယ်လွတ် ကိုယ်တုံးလုံးချွတ်နဲ့ ရေချိုးနေတာကို ဗြိတိသျှစစ်သားနှစ်ယောက်က လာရောက်ခေါ်ယူသွားပုံ နဲ့အတူ  လောရင့်စ်ရဲ့နာမည်ကြီး The Rain Bow ဆိုတဲ့ စာအုပ်မှာ ညစ်ညမ်းတာတွေပါတယ်ဆိုပြီး  တရားစွဲဆိုမှုအရ အုပ်ရေ ၁၅ဝဝ ကျော်ကို မြို့လယ်က လမ်းပေါ်မှာပုံကာ အာဏာပိုင်တွေက ဓာတ်ဆီလောင်းမီးရှို့တဲ့အခန်းနဲ့စတင်ပါတယ်။ ဒီတရားစွဲဆိုမှုအတွက် ရှေ့ကနေရပ်တည်ကာ ကွယ်ပေးတဲ့ ရှေ့နေက မစ္စတာ 'ဟားဘတ်ဂျီမက်စ်ကတ်' ဖြစ်ပါတယ်။                 အချိန်ကာလက ၁၉၁၅ ခုနှစ် နိုဝင်ဘာလ ပထမကမ္ဘာစစ်ဖြစ်ဖို့တာစူနေတဲ့ နွေရာသီမှာပါ။ 'ဒီအိတ်ခ်ျလောရင့်စ်'ဟာ အဲဒီအချိန်မှာ ဂျာမန် အမျိုးသမီး 'ဖရီဒါ' ကို တစ်သက်တာလက်တွဲမယ့် ချစ်ဇနီးအဖြစ် လက်ထပ်ပြီးပါပြီ။

လောရင့်စ်ဟာ စာရေးဆရာ ကဗျာဆရာပီပီ အတွေးတွေနဲ့ တိတ်ဆိတ်ငြိမ်သက်စွာနေတတ်သလောက် ဖရီဒါကတော့ ယောက်ျားကို အရမ်းချစ်ပြီး သွက်သွက်လက်လက်ဖျတ်ဖျတ်လတ်လတ်နဲ့ ယောက်ျားရဲ့လိုအပ်ချက်တွေကို ဘာမဆိုအဆင်သင့်ဖြစ်အောင် စွမ်းဆောင်ပေးပါတယ်။ ယောက်ျားကိုလည်း အထိမခံပါဘူး။ ငါ့ယောက်ျားထိရင် ဓားကြည့်ဆိုတဲ့ အနေအထားမျိုးနဲ့ နေထိုင်သူပါ။

ဒါပေမယ့် ၁၉၂၁ ခုနှစ် အရောက်မှာတော့ သူတို့လင်မယားနှစ်ယောက် အင်္ဂလန်ကအနှင်ခံရပါတယ်။ အမေရိကန် တစ်တိုင်းပြည်လုံးက အုံးအုံးကြွက်ကြွက်သဘောကျခဲ့တဲ့ Woman in Love ဆိုတဲ့ ဝတ္ထုကို ရေးလိုက်လို့ပါ။ သီဟိုဠ်ကျွန်းဘက်ကို သွားမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဥရောပကို ထွက်ပြေးလာခဲ့ရပါတယ်။

သူ့သူငယ်ချင်း မိတ်ဆွေတွေဖြစ်တဲ့ ပန်းချီဆရာ 'အားလ်' နဲ့ 'အက်ရှ် ဆာ့ဘရူးစတား' တို့က ဗုဒ္ဓဘာသာကို စိတ်ဝင်စားကြတယ်။ သီဟိုဠ်မှာ ဂေါတမဗုဒ္ဓမြတ်စွာဘုရားရဲ့ တရားတော်တော်ကို လေ့လာဖို့တိုက်တွန်းကြတယ်။ ဒါပေမယ့် လောရင့်စ်က အပူပိုင်းဒေသရဲ့ ရာသီဥတုကို ကြောက်ရွံ့နေတဲ့အတွက် မသွားဖြစ်ဘူး။ နောက်သူ့ဘဝရဲ့ လက်ရှိလှုပ်ရှားနေရတဲ့ အခြေအနေတွေအရလည်း ဗုဒ္ဓရဲ့တရားတော်တွေကို ခြေခြေမြစ်မြစ် အသေးစိတ်လေ့လာဖို့ အချိန်မပေးနိုင်သလိုဖြစ်နေရပါတယ်။ လူမှန်ရင်ဘဝကို တစ်ဝက်တစ်ပျက်နဲ့ အဆုံးသတ်ကြရစမြဲပါပဲဆိုပြီး သဘောပေါက်နားလည်ထားပုံလည်း ရပါတယ်။ ဒါကြောင့် သူက-

''ဘယ်သူမှ လောကမှာ အောင်မြင်မှုတစ်ခု ပြည့်ပြည့်ဝဝရတယ်ရယ်လို့ မရှိနိုင်ဘူး။ အောင်မြင်မှုရဲ့ ဆန့် ကျင်ဘက်ဖြစ်တတ်ကြတယ်။ သေခြင်းတရားဟာ ဘယ်လောက်များ အလားအလာကောင်းလိုက်သလဲဗျာ။ သူ့မတိုင်ခင် လူသားဟာ ဒီသင်းကွပ် ပြီးသား လူ့အဖွဲ့အစည်းကြီးအပေါ် အပြည့်အဝ လက်စားချေခွင့်များရ လိုက် ဘာပြောကောင်းမလဲ''ဆိုပြီး မချင့်မရဲနိုင်လွန်းတဲ့ စကားတွေကို ပြောပါတယ်။

ဘာသာရေးမှာတော့ လောလော ဆယ်နီးစပ်ရာ ခရစ်ယာန်ဘာသာကိုပဲ သူဖက်တွယ်ထားပါတယ်။ ''အကယ်၍များ ခရစ်တော်ဟာ နောက်တစ်ကြိမ် သွေးနဲ့သားနဲ့အာရုံခံပုထု ဇဉ်လူသားအဖြစ်နဲ့ ရှင်ပြန်ထမြောက် ပြီးတော့များ ရောက်လာဦးမလားဆို ပြီး ကျွန်တော် စိတ်ဝင်စားမျှော်ကိုး ကြည့်ချင်သေးတယ်ဗျာ''လို့လည်း  ပြောပြန်ပါတယ်။

လောရင့်စ်ကို ကူညီအားပေးသူ၊ လောရင့်စ်ရဲ့ အရိပ်ထိုးခြင်းခံရသူ ပန်းချီဆရာ ပန်းချီဆရာမတွေရဲ့ ပန်းချီအနုပညာ လက်ရာတွေကိုပါ  ဖျက်ဆီးခြင်းခံကြရပါတယ်။  အဲဒါတွေကတော့ အင်္ဂလန်က မိုဆီယန် ရုပ်ရှင်ထုတ်လုပ်ရေးလုပ်ကိုင်တဲ့ 'ရှက်ဖာတန်' ဆိုသူရဲ့ စတူဒီယိုမှာပါ။

အင်္ဂလန်က သူထွက်ပြေးရတော့ သူ့အသက် ၃၇ နှစ်ရှိပြီ။ အင်္ဂလန်ကို နောက်ဆုံးအနေနဲ့ နှုတ်ဆက်ခဲ့ပြီး  ဂျာမန်သူဇနီးသည် ဖရီဒါအားကိုးနဲ့ ရေနွေးငွေ့မီးရထားကြီးကိုစီးကာ ပြင်သစ်ကိုသွားတယ်။ ပြီးတော့ ပြင်သစ်ကနေ အီတလီကိုသွားတယ်။ အဲဒီကနေ  မက္ကဆီကို။ သူဟာလူချစ်  လူခင်ပေါတဲ့ သူဆိုတာကို အဲဒီအချိန် တွေ့ရှိလိုက်ရပါတယ်။ လိုအပ်တာ တွေကို ကူညီမယ့်သူတွေက အဆင် သင့်ရှိနေကြပါတယ်။

ဒီကြားထဲ သူနဲ့ သူ့ဇနီးဖရီဒါတို့ကို  သူလျှိုတွေရယ်လို့ အထင်မှားပြီး၊ 'ကွန်ဝေါ' အရပ်ကနေ  နှင်ထုတ် တာကိုလည်းခံရပါသေးတယ်။ သူငယ်ချင်းတချို့၊ အကျိုးဆောင် မိတ်ဆွေတချို့နဲ့လည်း မသင့်မတင့်ဖြစ် ရတာတွေကို ကြုံရပါတယ်။  ဒါပေ မယ့် သူ့အတွက် လက်ရှိသွားခွင့်ရနေ တဲ့  နေရာတွေကတော့ အရှေ့ဘက်ဒေသအရပ်တွေပဲ ဖြစ်ပါတယ်။

ဘယ်နေရာရောက်ရောက် ဇနီးသည် ဖရီဒါက သူအတွက် စိတ်ပူပေး သလောက် သူကတော့ အေးဆေး တည်ငြိမ်စွာပဲ ကြုံတဲ့တောင်ကမ်းပါး ယံ၊ ကြုံတဲ့ သစ်ပင်အောက်မှာ သူ တွေးထားတာတွေကို အလျင်အမြန် ရေးနေဆဲပါပဲ။ 'ကင်ဒီ'ဒေသကနေ 'သြစတြေးလျ'၊ အဲဒီနောက် နယူးဇီလန်၊ တီဟီတီ၊ ဆန်ဖရန်စစ္စကိုတို့ကနေ နောက်နယူးမက္ကဆီကို  အထိ ရောက်လာခဲ့ပါတယ်။ အဲဒီအချိန် ကာလက ၁၉၂၃  ခုနှစ်။ မိတ်ဆွေစာရေးဆရာ 'ဝပ်တာဘန်းနား'ရယ် နောက်သူငယ်ချင်းတစ်ယောက်ရယ်ပါ လာပါတယ်။

အဲဒီဒေသမှာ 'အက်ဇ်တက်' ခေတ်အကြိုဆိုပြီး သူတို့ရဲ့ မြို့ပြယဉ်ကျေးမှုတွေနဲ့ ကြမ်းတမ်းကောက်ကျစ်မှုတွေနဲ့လည်း တွေ့ကြုံခံစားရပါတယ်။ နယူးယောက်ကနေ ကယ်လီဖိုးနီးယားကို ရောက်သွားပြန်တယ်။ တစ်ခါအဲဒီကနေ မက္ကဆီကို ဘက်တစ်ခါပြန်လာပြန်တယ်။

၁၉၂၄ ခုနှစ်ရောက်တော့ အမေရိကန်ပြန်လာခဲ့ပြီး တောင်တန်းဒေသရဲ့ 'ကီအိုဒါ' ဆိုတဲ့ အရပ်မှာ အိမ်သစ်ကလေး တစ်လုံးဆောက်ပြီးနေခဲ့ ထိုင်ခဲ့ကြတယ်။

၁၉၂၅ ခုနှစ်ကျတော့ ဗီဇာသက်တမ်းကုန်သွားလို့ ဥရောပကို ပြန်လာရပြန်တယ်။ ဂျာမနီ၊ သြစတြေးလျ၊ ဆွစ်ဇာလန်၊ မာဂျောကာ၊ ပြင်သစ်ရဲ့ အာလ်ပ်(စ်) တောင် တန်းဒေသ၊ အီတလီ 'ဖလော်ရင့်' အရပ်ဒေသနဲ့ အနီးရီးဗားယားရားဒေသတွေမှာ ဟိုတယ်တွေမှာ တစ်လှည့်၊ အိမ်လုံးချင်းငှားရမ်းပြီးတော့ တစ်ဖုံနေထိုင်ရရှာပါတယ်။

ပတ်ဝန်းကျင်အပြင်ပန်း  အမြင်မှာတော့ ဒီအိတ်ခ်ျလောရင့်စ်ရဲ့ ခန္ဓာကိုယ်ဟာ ကျန်းမာသန်စွမ်းဟန် အပြည့်နဲ့ တောင့်တင်းခိုင်မာပုံပေါက်နေပေမယ့် တကယ်တမ်းကျတော့ သူ့ရဲ့ ခန္ဓာကိုယ်အတွင်း သဘော ကျန်းမာရေး အခြေအနေဟာ အ တော်ကို ယိုယွင်းပျက်ဆီးလာနေခဲ့ တယ်ဆိုတာကို သူ့ကိုယ်သူ အတိအကျ သိထားပေမယ့် ဇနီးဖြစ်သူ စိုးရိမ် ပူပန်မှုတွေနဲ့ စိတ်မကောင်းဖြစ်မှာကို မလိုလားတဲ့အတွက် အကောင်း ဆုံး ကြိုးစားပြီး ဟန်ဆောင်နေထိုင်ခဲ့ပါတယ်။

အဲဒီ ကျန်းမာရေးကြားကနေ 'လေဒီချက်တာလေရဲ့ ချစ်သူ' ဆိုတဲ့ ဝတ္ထုကိုပြီးအောင် ရေးခဲ့ပါတယ်။ ငွေကြေးကလည်း လုံလောက်မှုမရှိတော့သလို အဲဒီကြိုးစားပမ်းစားရေးထားတဲ့ 'လေဒီချက်တာလေရဲ့ချစ်သူ' ဝတ္ထုကလည်း အပိတ်ပင်အတားဆီးခံရလို့ ထုတ်ဝေသူတွေခဗျာမှာ မှောင်ခိုအ ဖြစ်နဲ့  ခိုးဝှက်ပြီးထုတ်ကြရပါတယ်။

အဲဒီမှာ အက်ဆေးတွေ၊ ဘာသာပြန်တွေ၊ ကဗျာတွေ၊ ပေးစာတွေ၊ ပုံပြင်တွေကို မနားတမ်းရေးပါတော့တယ်။ ဒီကြားထဲ သူ့အတွက် ဂုဏ်ယူဖွယ်ရာ ပန်းချီကားတွေကိုလည်း ဆွဲလိုက်ပါသေးတယ်။ သူရဲ့ ကွဲပြားခြားနားမှုတွေဟာ ဘယ်စာရေးဆရာနဲ့မှ မတူဘူးလို့ပြောနေကြပါတယ်။

ဟုတ်လည်းဟုတ်ပါတယ်။ သူဟာ တစ်နေတည်းမှာ အခြေတကျ ဖြစ်အောင်မကြိုးစား၊ ဖြစ်လာအောင်လည်း အချိန်ကိုမစောင့်၊ ကြုံသလို သွားလာနေထိုင်ပါတယ်။ ကြုံသလို ရောက်တဲ့နေရာ၊ တွေ့ကြုံပေါင်းသင်းဆက်ဆံရတဲ့ လူတွေဆီကနေတစ်ဆင့် သူ့အတွက် အနုပညာ ကုန် ကြမ်းတွေရအောင် ယူပါတယ်။

တဖြည်းဖြည်းနဲ့ ၄၄ နှစ် အရွယ် ရောက်လာခဲ့ပြီး ချောင်းဆိုးရင်းသွေးပါလာလို့ ဆရာဝန်က ဖရီဒါကို ''မင်းယောက်ျား မလေးရီးယား ရောဂါဖြစ် နိုင်တယ်လို့ ပြောပါတယ်။ ဖလောရင့်စ်က သူ့ရောဂါဟာ 'အဆုတ်' မဟုတ်ဘူး စိတ်ဒဏ်ရာပါကွာလို့ ပြောရင်း ကွယ်လွန်သွားရရှာပါတော့တယ်။

ဝင်းကိုမောင်

ဝင်းကိုမောင်
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.