14-12-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
မြန်မာ-အိန္ဒိယချစ်ကြည်ရေး လမ်းမကြီးဖြစ်သည့် ကလေးဝ-တမူးလမ်းပိုင်းရှိ တံတား ၆၉ စင်းကို အိန္ဒိယနိုင်ငံမှ အမေရိကန်ဒေါ်လာ သန်း ၆ဝ အကုန်အကျခံတည်ဆောက်ပေးမည်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1041
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
စာပေနှင့် အနုပညာ
ငါ့သားကို မထိနဲ့ဆိုတဲ့ အမေ

ဒီဇာတ်ကားက ၂ဝ၁၇၊ နိုဝင်ဘာလ ၁၅ ရက်နေ့မှာ ရုံတင်တဲ့ တောင်ကို ရီးယား ရုပ်ရှင်ဇာတ်ကားသစ်ဖြစ်ပါတယ်။ ဒါရိုက်တာ 'လီအန်ဂူ' က ကိုယ်တိုင်ဇာတ်ညွှန်းခွဲပြီး ရိုက်ကူးခဲ့တာပါ။ ဒီဇာတ်မှာ အဓိက ဇာတ်ကောင်တွေ အဖြစ် 'ကယ်ဟယ်ဆူ' ၊ 'လီဆောင်းဂူ'၊ 'လီဟီးဂျွန်နဲ့ ချွဲမူဆောင်းတို့က သရုပ်ဆောင်ပေးထားကြပါတယ်။

'ကမ္ဘာမီးလောင်သားကောင်ချနင်း'ဆိုတဲ့  ဆိုရိုးစကားရှိပေမယ့် မိမိဘဝဟာ  ဘယ်လိုအမှောင်တိုက်ကြီးထဲ တိုးဝင်နေရပါစေ၊ မိမိရင်မှ ဖြစ်တဲ့ သား သမီး အတွက်တော့ ကြည်လင်အေးမြတဲ့ အလင်းရောင်တွေအောက်မှာ ရှင် သန်နေထိုင်စေချင်တဲ့ မိခင်တစ်ယောက်ရဲ့ ဘဝဇာတ်ကြောင်း တစ်ခုလို့လည်း ပြောလို့ရသလို၊ မိမိသာ အလောင်ကျွမ်းခံမယ်၊ မိမိရင်သွေးကိုတော့ ဘယ်တော့မှ ချမနင်းဘူးဆိုတဲ့သတ္တိနဲ့ပေါ့။ ဒါလည်း အတုယူစရာတွေပါပဲ။

မိမိဘဝရဲ့ အတိတ်ကဖြစ်ခဲ့ရတဲ့ မကောင်းကျိုး အကုသိုလ်ကံတွေရဲ့ အကျိုးပေးကြောင့် လက်ရှိပစ္စုပ္ပန်ကာလမှာ မကောင်းတဲ့ မိန်းမတစ်ယောက် အဖြစ်နဲ့ ထောင်ထဲအကြိမ်ကြိမ်ရောက်ခဲ့ရတဲ့ 'ယောင်ဂျောင်း' ဆိုတဲ့ ပြည့်တန်ဆာ မိန်းမလှလေးတစ်ယောက်ဟာ 'ငုပ်မိသဲတိုင်၊ တက်နိုင်ဖျားရောက်' ဆိုတဲ့ စကားလို ဒုစရိုက်လူမိုက်မမှဖြစ်ရတဲ့ အတူတူ၊ ဒီလောကထဲက ဖောက်မထွက်နိုင်တဲ့ ဘဝရောက်နေမှတော့ ဒီမကောင်းတဲ့ လောကထဲမှာပဲ အာဏာရအောင်၊ ချမ်းသာအောင်လုပ်တော့မယ်လို့ ဆုံးဖြတ်ချက်တွေချလိုက်ပါတယ်။ ထောင်ထဲမှာပါ။

သူ့အလှ၊ သူ့မာနတွေ ပျိုမြစ်လန်းဆန်းနေဆဲကာလမှာပဲ သိပ်မကြာခင် 'ယောင်ဂျောင်း'ဆိုတဲ့ ပြည့်တန်ဆာ မိန်းမလှကလေးတစ်ယောက် အမျိုးသမီး ထောင်က လွတ်မြောက်ခွင့်ရရှိလာခဲ့ပါတယ်။ လောကကြီးမှာ သူမဟာ သူ့ကိုယ်သူ အကြိမ်ကြိမ်အခါခါမေးတဲ့ မေးခွန်းတွေကို အကြိမ်ကြိမ်အခါခါ ဖြေဆိုပြီး ဘာတွေသင်ယူခဲ့ပြီးပြီ၊ ဘာတွေဆက်လုပ်ရမယ်ဆိုတာကို တစ်ခု ချင်းစီတွေးပြီး သူမရဲ့ လှပတဲ့နှုတ်ခမ်းထောင့်ကလေးကို ကွေးညွတ်ပြီး မထီမဲ့မြင် အပြုံးလေးတွေကို ပြုံးလိုက်ပါတယ်။

တောင်ကိုရီးယားရဲ့ မြို့ကြီးတစ်မြို့ထဲမှာ အင်မတန်ထုထည်ကြီးမားတဲ့ ဒုစရိုက်ဂိုဏ်းကြီးတစ်ခုဟာ အလွန်ပဲ တန်ခိုးအာဏာကြီးထွားလွန်းလှပါတယ်။  သူတို့ဟာ မြို့တော်ဝန်တွေ၊ ရှေ့နေတွေကို သူတို့လက်ခုပ်ထဲရောက် အောင်လုပ်တယ်။ ပြီးတော့ အဲဒီပုဂ္ဂိုလ်တွေကို ခုတုံးလုပ်ပြီး လုပ်ငန်းကြီးတွေကို လည်ပတ်တယ်။

ထောင်ကထွက်လာတဲ့ ပြည့်တန်ဆာမလေး ယောင်ဂျောင်းဟာလည်း သူမရဲ့ လှပတဲ့ ကွန်ရက်တွေကို တစ်ဆင့်ချင်း၊ တစ်ခုချင်း အသုံးချပြီး ဒီဒုစရိုက်ဂိုဏ်းကြီးထဲကို ဝင်ရောက်လာခဲ့ပါတယ်။ အများအမြင်အတွက် သာမန် ပြည်သူတွေအတွက် အသုံးဝင်တဲ့ စီးပွားရေး လုပ်ငန်းတစ်ခုကို ဗန်းပြ ပြီး နောက်ကွယ်မှာ ဒုစရိုက်လုပ်ငန်းတွေကို  လုပ်ကိုင်တဲ့ အဖွဲ့ကြီးရဲ့ ဒုတိယ အကြီးအကဲဆိုတဲ့ ရာထူးကြီး၊ နေရာကြီးကို ရယူနိုင်ခဲ့တဲ့အထိ ရောက်လာခဲ့ ပါတယ်။

သူမဟာ ဒီနေရာ၊ ဒီအဆင့်၊ ဒီရာထူးကို ရယူနိုင်ဖို့အတွက် အမျိုးသမီး တစ်ယောက်ရဲ့ စိုးရိမ်ထိတ်လန့်မှုပေါင်းများစွာ၊ ရက်စက်ကြမ်းကြုတ်မှုပေါင်း များစွာနဲ့ ထွက်ပေါက်ကင်းမဲ့လွန်းတဲ့ဘဝ နောက်ဆုံး ရရှိလာမယ့် လူဘဝရဲ့ အဓိပ္ပာယ်၊ လူ့ဘဝရဲ့ အရသာဆိုတာ ငါ့အတွက် သေချာပါမလား၊ ဒါဆိုရင် ငါလုပ်တာတွေဟာ လောကရဲ့ ဘယ်သူ့အတွက်လည်း စတာတွေကို တွေးတောရင်း ရင်ဆိုင်ဖြတ်ကျော်ရတဲ့ ခက်ခဲတဲ့ ဝင်္ကပါကြီးအတွင်းမှာ ရင်တထိတ်ထိတ်ပါပဲ။

သူမဟာ လောကကြီးရဲ့ ကကြိုးကကွက်တွေအတွင်းမှာ လှလှပပ ကစား ပြနိုင်ခဲ့တာဟာ ထောင်ထဲမှာကတည်းကပါ။ ဘာပြုလို့လည်းဆိုတော့ အပြင်ကပါသွားတဲ့ ကိုယ်ဝန်ကိုထောင်ထဲမှာ အခက်အခဲတွေကြားထဲက သားလေးတစ် ယောက်ကို ပီပီပြင်ပြင်မွေးဖွားပေးနိုင်ခဲ့လို့ပါ။ ဒါပေမယ့် အဲဒီသားလေးကတော့  သူမကို မိခင်အဖြစ်နဲ့ မသိရှာပါဘူး။

'ထောင်လွန်းရင်လဲ'၊ 'လည်လွန်းတဲ့ဘီးချေးသင့်'ဆိုတဲ့ စကားတွေလိုပါပဲ။ တစ်နေ့မှာတော့ အဲဒီ တစ်ဦးတည်းသော သားလေးကို ကာကွယ်ပေးရတော့မယ့် ကံကြမ္မာဟာ တစ်ပတ်လည်လာခဲ့ပါတယ်။ သူမမှာ ယောက်ျားတွေ အများကြီးရဲ့ လွှမ်းမိုးမှုကြားက ဒုစရိုက်အမှောင်လောကကြီးအတွင်းမှာ သူမတိုက်ပွဲဝင်နေပုံဟာ အသည်းတထိတ်ထိတ်ရင်တမမပါပဲ။

တစ်ချိန်တုန်းက ပြည့်တန်ဆာဖြစ်ခဲ့ဖူးတဲ့ ယောင်ဂျောင်းဆိုတဲ့ သူမဟာ စီးပွားရေးလုပ်ငန်းကို ဗန်းပြပြီး လုပ်ကိုင်နေတဲ့ ဒုစရိုက်မှောင်ခိုဂိုဏ်းကြီးရဲ့ ဒုတိယအကြီးအကဲ နံပါတ် (၂) အဆင့်ရှိသူအဖြစ်နဲ့ သတိရှိရှိနဲ့ အရာရာကို အလွတ်မပေးပဲ နေရသူပါ။

သူမက လုပ်ပိုင်ခွင့်အရ 'ဆန်းဟွန်း' ဆိုတဲ့ အမျိုးသားတစ်ဦးကို ဂိုဏ်း အတွင်းထိပ်တန်း လူသတ်သမားအဖြစ် ရွေးချယ်ပြီး ဦးစားပေးခဲ့ပါတယ်။ ဆွန်းဟွန်းဟာ မှောင်ခိုကမ္ဘာမှာ ရွံရှာစက်ဆုပ်စရာကောင်းတဲ့ အလုပ်မှန်းသိ ပါလျက်နဲ့ လုပ်နေရတယ်။ အဓိကကတော့ သူမ'ယောင်ဂျောင်း'ကြောင့်ပါပဲ။

အစိုးရရှေ့နေ 'ဒယ်ရှိ'ဆိုတဲ့ ပုဂ္ဂိုလ်ကလည်း ယောင်ဂျောင်းရဲ့ ထောင်ချောက်ဆင်မှုအတွင်းသက်ဆင်းရပြီး ဒီဂိုဏ်းကြီးရဲ့ အကျိုးစီးပွားအတွက် တစ်နည်းတစ်ဖုံနဲ့ ကူညီထောက်ပံ့ပေးနေရပါတယ်။ တစ်ပြိုင်နက်တည်းမှာပဲ လက်တုံ့ပြန်ကာ ရုန်းထွက်ဖို့ကို အမြဲသတိရှိရှိနဲ့ ကြိုးပမ်းနေပါတယ်။

အရာအရာအတွက် လူတိုင်းမှာ အားနည်းချက်ရှိတယ်ဆိုတဲ့ စကားအတိုင်း အခုလည်း အင်မတန်လက် စောင်းထက်ပါတယ်၊ အစွမ်းထက်ပါတယ်၊ ချက်ဆိုနားကွက်က မီးထထောက်ပါတယ်ဆိုတဲ့ သူမမှာ အားနည်းချက်က အနိုင်ယူခံရဖို့ ပေါ် ပေါက်လာပါတယ်။

အဲဒါကတော့ ထောင်ထဲမှာ တိတ်တိတ်ပုန်းမွေးခဲ့ရတဲ့ သားလေး တစ်ယောက်ရှိနေရခြင်းပါ။ သူမကို ဖယ်ရှားချင်သူ၊ ပြိုင်ဆိုင်ရန်ပြုချင်သူ တွေက သားလေးတစ်ယောက်ရှိခဲ့ ခြင်းဆိုတဲ့ အားနည်းချက်ကို သိရှိသွား ကြပါတယ်။ သူမကို အနိုင်ယူလိုသူ၊ ဖယ်ရှားလိုသူတွေဟာ အဲဒီသားလေး ကိုတွေ့အောင် ရှာဖွေနေကြတယ်ဆို တာကို သူမသိလိုက်ရတဲ့ အချိန်မှာ တော့ ရင်ဗလောင်ဆူသွားရပါပြီ။

ထောင်ချောက်ဆင်ခံရတဲ့ ရှေ့ နေနဲ့ သူမကိုယ်တိုင်ရွေးချယ်ကာ နေရာပေးခဲ့တဲ့ လက်ရွေးစဉ် လူသတ်သမား 'ဆန်းဟွန်း' အပါအဝင် ဒီဂိုဏ်းကြီးက ရန်ပြုချင်သူတွေရဲ့ ပစ် မှတ်အဖြစ် သတ်မှတ်ခြင်းကို ခံနေရပါတယ်။

မနာလိုခြင်းဆိုတဲ့ အကုသိုလ် ကြီးရဲ့ လှုံ့ဆော်မှုကြောင့် ထိပ်တန်း လက်ရွေးစဉ်လူသတ်သမား 'ဆန်း ဟွန်း'က ဒီဂိုဏ်းကြီးကို ဖြိုခွဲဖျက်ဆီး ပစ်ဖို့ အစီအစဉ်ကို ရေးဆွဲလိုက်ပြီးတဲ့ နောက် ထောင်ချောက်ဆင်ခံရတဲ့ အစိုးရရှေ့နေကြီး 'ဒယ်ရှိ'နဲ့ ပူးပေါင်း လိုက်ပါတယ်။

ဒီတော့ ဂိုဏ်းကြီးရဲ့ ဒုတိယအကြီးအကဲ ယောင်ဂျောင်းဆိုတဲ့ သူမဟာ လူ့လောကမှာ ငါ့ကိုမွေးတဲ့ အမေဆိုတာ သက်ရှိထင်ရှားရှိနေပါ လားဆိုတာကို မသိတဲ့သားလေးအ တွက် ကာကွယ်ဖို့အစွမ်းကုန်ကြိုးစားရပါတော့တယ်။

 

ဝင်းကိုမောင်

ဝင်းကိုမောင်
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.