14-12-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
မြန်မာ-အိန္ဒိယချစ်ကြည်ရေး လမ်းမကြီးဖြစ်သည့် ကလေးဝ-တမူးလမ်းပိုင်းရှိ တံတား ၆၉ စင်းကို အိန္ဒိယနိုင်ငံမှ အမေရိကန်ဒေါ်လာ သန်း ၆ဝ အကုန်အကျခံတည်ဆောက်ပေးမည်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1041
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
စာပေနှင့် အနုပညာ
Weekly Book Review

ကဗျာလူစာလူ အရပ်ဝတ်အင်္ကျီနဲ့လူ

ဒေါက်တာအောင်ကြီး

အဖွဲ့အစည်းကြီးတွေ၊ ကုမ္ပဏီကြီးတွေထဲမှာ ပြဿနာကြီးကြီးမား မားရှိနေတာ လူတိုင်းလိုလိုသိနေတာပဲ။ သို့ပေမယ့် ဘယ်သူကမှစပြီး ထုတ်မပြောဘူး။ ရန်ဖြစ်ရတာ ပဋိပက္ခဖြစ်ရမှာကြောက်လို့။ သဘောကွဲ လွဲရမှာမရဲလို့။ နို့ပြီး ကိုယ့်ကို ငကြောင်ငပေါ ထင်မှာစိုးလို့။ ပြီးတော့ ကိုယ်ပြောလို့ ဘာမှထူးပြီး ဖြစ်လာမယ်မထင်လို့။ တကယ်ထုတ် ပြောလိုက်တော့ ကိုယ့်လိုလူတွေ တစ်ပုံကြီး။ ရန်ဖြစ်ဖော်တွေ အတူတူ တွေးဖက်တွေပေါ့ဗျာ။ အပြောင်းအလဲ ဖြစ်နိုင်လောက်တဲ့ အခြေအနေ ရောက်ဖို့ကတော့ နည်းနည်း စိတ်ရှည်လိုက်ပါဦး။ ပညာရှင်ဆိုသူတွေ တောင် သူတို့အယူတိမ်းတာကို ၂၅ နှစ်ကြာမှ ပြန်တည့်တာ။

ရန်ဖြစ်တယ်ဆိုတာ အတူတူပြိုင်တွေးကြတာ ဆောင်းပါးထဲက ကောက်နုတ်ချက်ဖြစ်ပါတယ်။ ကမ္ဘာကျော် TED talk ဖိုရမ်မှာ 'ကွဲလွဲရ ခြင်း' ဆိုတဲ့ ခေါင်းစဉ်နဲ့   ဟောပြောခဲ့တဲ့ မာဂရက်ဟက်ဖာနန်ရဲ့ ဟော ပြောချက်ကို အခြေခံပြီး ရေးသားထားတဲ့ ဆောင်းပါးဖြစ်ပါတယ်။ အဲလစ်ဆိုတဲ့ အမျိုးသမီးဆရာဝန် တစ် ယောက်နဲ့ ဆေးပစ္စည်းကိရိယာထုတ် လုပ်ရေးကုမ္ပဏီရဲ့ အမှုဆောင်အရာရှိ 'ဂျိုး'တို့ရဲ့ ကွဲလွဲရဲတဲ့သတ္တိ အကြောင်း တင်ပြထားတာဖြစ်ပါ တယ်။

၁၉၅ဝ တစ်ဝိုက်က တရိပ်ရိပ် တက်နေတဲ့ ကလေးကင်ဆာ ဖြစ်ပွား မှုနှုန်းကို အဲလစ်က အသေအချာ သုတေသန ပြုကြည့်တော့ မိခင်ဝမ်းဗိုက်ထဲမှာရှိနေစဉ် ဓာတ်မှန်အရိုက် ခံရတဲ့ ကလေးတွေမှာ ကင်ဆာအများဆုံး ဖြစ်ပွားတာကို တွေ့ရှိရ တာကြောင့် အဲလစ်က ဒီအချက်ကို တင်ပြလိုက်တယ်။ ဒီကနေ့ခေတ် ကိုယ်ဝန်ဆောင်တိုင်းလိုလို အာထရာဆောင်းရိုက်သလို  အဲဒီခေတ်က ကိုယ်ဝန်ဆောင်တွေမီးဖွားဖို့အရေး ဓာတ်မှန်ရိုက်ပြီး အဆုံးအဖြတ် ပေးနေချိန်မှာ အဲလစ်ရဲ့ တွေ့ရှိချက်က ပညာရှင်တွေ လက်ခံထားတဲ့ အချက်နဲ့ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေပါသတဲ့။ တစ်ပတ်ကို ကလေးတစ် ယောက်နှုန်းသေနေတာ၊ အဲလစ်ကလည်း သူ သုတေသနပြုထားတာကို အချက်အလက်နဲ့တကွ ချပြထားတာတောင် ဆေးလောကပညာရှင်တွေက 'ဒါဟာ အသစ်ဆန်းဆုံးနည်းပညာတစ်ခု၊ လူနာတွေကို ကူညီစောင့်ရှောက်နေတာ'ဆိုပြီး အဲလစ်ရဲ့ အမြင်ကို ပယ်ချခဲ့ပါသတဲ့။

အချက်အလက်တွေ ထင်သာမြင်သာရှိတာတစ်ခုတည်းက လူတွေရဲ့ အတွေးနဲ့အမူအကျင့်တွေကို မပြောင်းစေနိုင်ဘူးလို့ ဆိုထားပြီးအဲလစ်ခမျာ ကျားကုတ်ကျားခဲ တိုက်ပွဲဝင်ခဲ့တာ ၂၅ နှစ်ကြာမှသာ သူ့အမြင် ကို ပညာရှင်တွေက လက်ခံလာကြပုံ အကြောင်း၊ အဲလစ်ရဲ့ တိုက်ပွဲဝင် နည်းလမ်းအကြောင်းတင်ပြထားတာ က စိတ်ဝင်စားစရာပါ။

အဲလစ်က သူ့တွေ့ရှိချက်၊ ကောက်ယူချက်၊ ဆုံးဖြတ်ချက်တွေကို ပြန်လှန်စစ်ဆေးမယ့်၊ မေးခွန်းထုတ်မယ့်၊ အမှားရှာမယ့်လူကို ရအောင် ရှာခဲ့ပါသတဲ့။ သူက အဲလစ်နဲ့လုပ် ငန်းနယ်ပယ်ချင်း၊ စရိုက်သဘာဝချင်း မတူသူဖြစ်ပြီး အပြစ်ရှာရာမှာ အင်မတန်တော်တဲ့သူ။ သူ့အလုပ်က အဲလစ်တွေ့ရှိချက်ကို ခြေဖျက်ဖို့၊ အဲလစ် မှားကြောင်းပြသဖို့။ အဲလစ် မှားယွင်းကြောင်း သက်သေမထူနိုင် ကာမှ အဲလစ်အဆို မှန်ကန်ကြောင်း ပြည့်ပြည့်ဝဝ ပြောနိုင်မှာ ဖြစ်တာကြောင့် အဲဒီလူနဲ့ တွဲလုပ်ပြီး အဲလစ် တိုက်ပွဲဝင်ခဲ့ပါသတဲ့။

စရိုက်သဘာဝ မတူကြသူနှစ်ဦး ပူးပေါင်းအလုပ်လုပ်ကြလေတော့ ပြဿနာကို ချဉ်းကပ်တိုင်း တကျက်ကျက်ဖြစ်လိုက်၊ တစ်ဦးနဲ့တစ်ဦး ထိပ် တိုက်ရင်ဆိုင်လိုက်နဲ့မို့ အများ အမြင်မှာ သူတို့နှစ်ယောက် ရန်ဖြစ်နေတယ်၊ သတ်နေတယ်လို့ ထင်ကြပေ မယ့် သူတို့နှစ်ဦးလုံးကတော့ ဒါဟာ ရန်ဖြစ်တာမဟုတ်ဘူး။ အတူတူ တွေးနေတာလို့ သဘောထားကြပါသတဲ့။ အဲလစ်တို့ အကျိုးရှိရှိ ရန်ဖြစ်လိုက်တာ ၂၅ နှစ်အကြာမှာ အောင် မြင်မှုရခဲ့ပါသတဲ့။

အကျိုးရှိရှိ ရန်ဖြစ်ဖို့အတွက် ကိုယ်နဲ့ မတူကွဲပြားတဲ့ လူမျိုးရှာရမယ်၊ ကိုယ်နဲ့တူတဲ့ လူကို ရွေးပေါင်း တတ်တဲ့ Óဉ်ကို ဆန့်ကျင်ရမယ်။ ကိုယ်နဲ့ နောက်ခံရာဇဝင် မတူသူတွေ၊ အလုပ်မတူသူတွေ၊ တွေးတောပုံ မတူသူတွေရှာရမယ်။ ငြင်းခုန်ရင်း ရန်ဖြစ်ရင်းနဲ့ တစ်ဖက်လူရဲ့အမြင်ကို ကိုယ်သိသွားလို့ ကိုယ့်အမြင်ကို ပြောင်းသင့်ရင်ပြောင်းဖို့ စိတ်ကို ပြင်ဆင်ထားရမယ်လို့ ဆိုပါတယ်။ ကိုယ်နဲ့စိတ်မတူ ကိုယ်မတူ ပညာရှင်နဲ့ တွေ့တိုင်း ကိုယ်က ပိုလို့တွေးဖြစ်တယ်။ အကျိုးရှိရှိရန်ဖြစ်တာဟာ ချစ်ခြင်းမေတ္တာကို ပြသခြင်း ဖြစ်ပြီး စိတ်ရှည်မှု၊ သည်းခံမှုတွေလိုကြောင်း တင်ပြထားပါတယ်။

ဆေးပစ္စည်းကိရိယာထုတ်လုပ်တဲ့ အမှုဆောင်အရာရှိ 'ဂျိုး'ရဲ့ အဖြစ်ကလည်း သူတို့လုပ်တဲ့ ကိရိယာဟာ ရှုပ်ထွေးပွေလီလှတာကြောင့် တကယ်သုံးကြည့်တဲ့အခါ လူနာတွေအတွက် အန္တရာယ်ရှိနိုင်တယ်လို့ ထင်မြင်မိပေမယ့် ထုတ်မပြောရဲဖြစ်နေပုံ၊ နောက်ဆုံး လုပ်ဖော်ကိုင်ဖက်တွေကို ဖွင့်ပြောလိုက်တဲ့အခါ သူ့လိုပဲ သံသယရှိနေကြပုံ၊ စားပွဲဝိုင်းမှာ ဝိုင်းထိုင်ပြီး ငြင်းကြခုန်ကြ၊ ရန်ဖြစ်ကြရင်း ကိရိယာကို ပြန်ပြင်ခွင့်ရသွားပုံ အကြောင်း ဖြစ်ပါတယ်။

ပြဿနာတစ်ခုခုကို ဖွင့်ပြောလိုက်ရင် ငကြောင်လို့ အထင်ခံရမှာထက်၊ ဖွင့်ပြောလိုက်တဲ့ ပြဿနာနဲ့ ဆက်နွယ်ပြီး ဖြစ်ပေါ်လာမယ့် ပဋိပက္ခကို ကြောက်တာထက် ဆိတ် ဆိတ်နေခြင်းကို ပိုကြောက်သင့်တယ်လို့ ဆိုထားပါတယ်။

မြင်ခဲ့တွေ့ခဲ့ ကြုံခဲ့ရတဲ့ အန္တရာယ်တွေ၊ ပျက်စီးဆုံးရှုံးမှု ကြီးကြီးမားမားတွေဟာ ကိုယ်မသိလိုက်ရတဲ့ လျှို့ဝှက်သတင်းအချက်အလက်တွေပေါ်မှာ အခြေမခံဘူး။ လွယ်လွယ် သိနိုင်တဲ့ အချက်အလက်တွေပေါ်မှာ အရင်းခံတယ်။ တမင်မျက်စိမှိတ်ထား သူတွေ၊ သူတို့ကြောင့် ဖြစ်လာမယ့် ပဋိပက္ခကို ရှင်းနိုင်မယ်မထင်၊ မရှင်းချင် သူတွေကြောင့်သာ ဖြစ်ပါသတဲ့။

အမှန်ကို သိသွားရုံ၊ သိထားရုံနဲ့ မလွတ်မြောက်စေနိုင်ဘူး၊ အမှန် တရားကို သုံးတတ်အောင် ကျွမ်းကျင် လိမ္မာမှု၊ အကျင့်ဓလေ့၊ စွမ်းရည်နဲ့ စိတ်ဓာတ်ခိုင်ကျည်မှုတွေ ဖွံ့ဖြိုး အားကောင်းလာအောင် လုပ်နိုင်မှ လွတ်မြောက်မှုကိုရမှာ။ ပွင့်လင်း မြင် သာမှုက အဆုံးမဟုတ်သေးဘူး။အစ။ လူများစုက အချက်အလက်တွေကို ကိုယ့်ရှေ့မှာ တည့်တည့်ကြီး ချထားပြီး မျက်စိစုံမှိတ်ထားတာ၊ တိတ်တိတ် ဆိတ်ဆိတ်နေတာကို ရှောင်ရမယ်။ ဒါကိုဖြိုခွဲပြီး ကျွမ်းကျွမ်းကျင်ကျင် ရန်ဖြစ်တတ်ဖို့လိုတယ်လို့ ဆိုထားပါ တယ်။

အိုဘယ့် ဆရာဝန်လား၊ အိုပယ်ဆရာဝန်လား ဆောင်းပါးကတော့ ဆရာဝန်တွေ ဆေးကုတာ၊ ခွဲစိတ်တာ ဘယ်တော့နားမလဲ၊ ဘယ်အသက် အရွယ်ရောက်ရင် ဆေးကုသခြင်း အမှုကြီးကို စွန့်ခွာသင့်သလဲ ဆိုတာ ကို ဆွေးနွေးတင်ပြထားတာပါ။

အသက် ၈ဝ ကျော် နာမည်ကြီးနှလုံးခွဲစိတ်ဆရာဝန်ကြီးဟာ လူနာတစ်ဦးကို ခွဲစိတ်ကုသပြီး အိမ်ပြန်အရောက်မှာ လူနာရှိတာကို မေ့သွားပြီး အပန်းဖြေခရီး ထွက်သွားတာကြောင့် သူမရှိခိုက် လူနာအသက် ဆုံးရှုံးသွားပုံ၊ သမားအိုတစ်ဦး လူနာ အခန်းရှာရင်း သူ့ရုံထဲ လမ်းပျောက်နေပုံ၊ သူငယ်ပြန်ရောဂါ စဖြစ်နေတဲ့ အထွေထွေ ခွဲစိတ်ဆရာဝန်တစ်ဦးဟာ ခွဲစိတ်ခန်းလာလာပြီး ဝင်ကူလုပ်နေတာကို အတူလုပ်ဖော်ကိုင်ဖက် ဆရာဝန်တွေ ခမျာ မလာနဲ့လို့ မပြော ရက်ရှာပုံ၊ ၂ဝဝ၆ ခုနှစ် အစီရင်ခံစာတစ်ခု အဆိုအရ ခက်ခဲရှုပ်ထွေးတဲ့ ခွဲစိတ်မှုတွေကို အသက် ၆ဝ ကျော် ဆရာဝန်ကြီးတွေလုပ်တာဟာ လူငယ်ဆရာဝန်တွေလုပ်တာထက် လူနာအဖိတ်အစဉ် ပိုများပုံ စတဲ့ သမားအိုတွေရဲ့ ခြေအနေကို နိုင်ငံတကာက ဆေးရုံတချို့ရဲ့ ဆေးကုသ ခွင့် စံသတ်မှတ်ချက် အသက်အရွယ် တွေနဲ့တကွ တင်ပြထားပါတယ်။

အိုမင်းပေမယ့် စွမ်းတဲ့ဆရာဝန်တွေရှိသလို အိုမင်းမစွမ်းဆရာဝန် တွေကလည်း တစ်ပုံတစ်ပင်။ ကိုယ်မစွမ်းတော့တာ မသိတဲ့ဆရာဝန်တွေ ကလည်း မနည်းမနော။ အဲဒီဆရာ ဝန်မျိုးတွေကိုနားဖို့ရာ ဘယ်သူ နားချမလဲ။ လေယာဉ်မောင်းသူတွေ ဟာ အသက် ၄ဝ ပြည့်ရင် ဆေးစစ်တာ လုပ်ရပြီး ၆၅ နှစ်မှာ အငြိမ်းစားယူရ၊ ဆက်လုပ်ချင်လို့မရ။ အက်ဖ်ဘီအိုင် အမှုထမ်းက အသက် ၅၇ မှာ အနားယူရ။ ဆရာဝန်လောကမှာ ဒါတွေမရှိ။ ဆေးစစ်တာမရှိ။ အနားယူရမယ့် ဥပဒေသတ်မှတ်ထားတာမရှိ။ လူနာကို ဆေးကုသဖို့၊ ခွဲစိတ်ဖို့ စွမ်းရည် သူတို့မှာ ရှိသေးလား၊ မရှိသေးလား ဆန်းစစ်တာ မရှိလို့ ဆိုထား ပါတယ်။

ဆရာဝန်ဆိုတာကလည်း ဇရာရဲ့ ရိုက်ချက်က မလွတ်နိုင်တာကြောင့် သူငယ်ပြန်ရောဂါ၊ မေ့လျော့ခြင်းရောဂါ၊ အာရုံကြောစွမ်းရည် လျော့ရဲလာခြင်း ရောဂါစတဲ့ ဇရာလက္ခဏာပြ ဆရာဝန်တွေဟာ သူတို့ရောဂါသူတို့ မသိဘဲကုသ၊ ခွဲစိတ်နေမယ်ဆိုရင် လူနာတွေအတွက် အန္တရာယ်များပုံအကြောင်း၊ ဆရာဝန်ငယ်တွေခမျာ ဆရာဝန်အကြီးတွေ မှားရေးတာ၊ မှားပြောတာကို နောက်ကလိုက်ပြီး မသိမသာ ထောက်ပေး၊ ပြင်ပေးရပုံအကြောင်း၊ အချင်းချင်း အားနာပြီး ဆရာဝန်အိုကြီးတွေ ဆေးကုနေတာကို လုပ်ဖော်ကိုင်ဖက်ချင်းမို့၊ တစ်ချိန်ကတော်တဲ့တတ်တဲ့ ဆရာဝန် တစ်ဦးမို့ဆိုပြီး မသိချင်အောင် ဆောင်နေရပုံတွေဟာအပြစ်မကင်းသလို ဖြစ်နေပုံအကြောင်းတွေကို နိုင်ငံတကာက ဆေးရုံကြီးတွေ၊ ဇရာအို ဆရာဝန်တွေရဲ့ အကြောင်းတွေနဲ့ ယှဉ်ပြီး ချိန်ဆ တွေးပြထားတာ ဖြစ်ပါတယ်။

'လုပ်ဖော်ကိုင်ဖက် အချင်းချင်းသစ္စာရှိတာ၊ စောင့်ရှောက်တာ မင်္ဂလာတစ်ပါးဆိုတာ အငြင်းပွားဖွယ်မရှိပါ။ သို့သော် လူနာအကျိုး စီးပွားနှင့် စပ်ယှဉ်လာခဲ့သော် လူနာ အကျိုးစီးပွားကိုသာ ဦးထိပ်ထားရမည်ဖြစ်ကြောင်း ဘောအိုအချင်း ဆရာဝန်တစ်သင်းတို့ရေ' လို့ စာရေး သူက သတိပေးထားပါတယ်။

ဒီစာအုပ်မှာ စာဖတ်သူရဲ့ အတွေးအမြင်ကို လင်းလက်သွားစေမယ့် ဆောင်းပါး ၃၈ ပုဒ် ပါဝင်ပါတယ်။ ကဗျာလူစာလူ အရပ်ဝတ် အင်္ကျီနဲ့လူလို့ စာအုပ်အမည်ကို ပေးထားတဲ့အတိုင်း ဘဝအတွေး အမြင်၊ နိုင်ငံရေး အတွေးအမြင်၊ စာတွေ ကဗျာတွေကတစ်ဆင့်ရရှိတဲ့ ရသအတွေးအမြင်တွေကို ဖတ်ရှုခံစား အတွေးပွားရမှာ ဖြစ်ပါတယ်။

စာပေလောက စာအုပ်တိုက်က တန်ဖိုး ၃ဝဝဝကျပ်နဲ့ ဖြန့်ချိလိုက်ပါပြီ။

ကိုဝိုင်း
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.