16-11-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
မြန်မာ-အိန္ဒိယချစ်ကြည်ရေး လမ်းမကြီးဖြစ်သည့် ကလေးဝ-တမူးလမ်းပိုင်းရှိ တံတား ၆၉ စင်းကို အိန္ဒိယနိုင်ငံမှ အမေရိကန်ဒေါ်လာ သန်း ၆ဝ အကုန်အကျခံတည်ဆောက်ပေးမည်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1037
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
စာပေနှင့် အနုပညာ
ကြေကွဲဖွယ်ပုံရိပ်များ

ဒီဇာတ်ကားဟာ စက်တင်ဘာ ၂၇ ရက်က ရန်ကုန်မြို့၊ နေပြည်တော် ရုပ်ရှင်ရုံမှာ တင်ဆက်ပြသခဲ့တဲ့ ဥရောပရုပ်ရှင်ပွဲတော်မှာ ပြသခဲ့တဲ့ ရုပ်ရှင် ဇာတ်ကားဖြစ်ပါတယ်။

ဒီရုပ်ရှင်ကို အာဏာရှင် ဂျိုးဇက်စတာလင်ရဲ့ နောက်ဆုံးနှစ်ကာလတွေအတွင်းက ပိုလန်နိုင်ငံမှာ ကွန်မြူနစ်ဝါအကြီးရဲ့ အစွန်းရောက်မှုတွေနဲ့အတူ ဇာတ်အိမ်တည်ထားပါတယ်။ ကွန်မြူနစ်ဝါဒကြီးနဲ့ ပန်းချီဆရာကြီးတစ် ယောက်အကြောင်းပါ။ ပိုလန်မော်ဒန်နစ်ဇင်ကို ကိုယ်စားပြုတဲ့ သြဇာအကြီး  မားဆုံး ပုဂ္ဂိုလ်တွေထဲမှာ ပန်းချီဆရာလည်းဖြစ်၊ အနုပညာတက္ကသိုလ်မှာ အနုပညာပါမောက္ခလည်းဖြစ်တဲ့ 'ဗလာဒီဇလော စထရာမင်းစကီး'ဆိုတဲ့  ပုဂ္ဂိုလ်ကြီးလည်း ပါဝင်ပါတယ်။

သူဟာ ကွန်မြူနစ်အစိုးရက အနုပညာရှင်တွေအပေါ် ဖိအားပေးပြဋ္ဌာန်းထားတဲ့ အမြင်ကျဉ်းမြောင်းတဲ့ နိုင်ငံရေးအတွေးအခေါ်တွေ၊ သွန်သင်ချက်တွေကို သူ့ရဲ့အနုပညာ ပိုလန်မော်ဒန်နစ်ဇင်ဝါဒနဲ့ တိုက်ပွဲဝင်သူဖြစ်ပါတယ်။

ကွန်မြူနစ်အစိုးရက ဆိုရှယ်လစ်သရုပ်မှန် အနုပညာကို တောင်းဆိုပါတယ်။ ဆိုလိုတာကတော့ အနုပညာလက်ရာတွေဟာ ကွန်မြူနစ်ဝါဒကို ထင်ဟပ်ပြီး ဆိုရှယ်လစ်တော်လှန်ရေးကို အလုပ်အကျွေးပြုရမယ်။ ပြီးတော့ အလုပ်သမား လူတန်းစားတို့ရဲ့ ဘဝကို ဂုဏ်တင်ရမယ်။ နိုင်ငံတကာမှာ ထွန်း ကားနေတဲ့ မော်ဒန်အနုပညာ အယူအဆတွေကိုလည်း ဘူဇွာလူတန်းစားတို့ရဲ့ အကျင့်ပျက် အနုပညာဖြစ်တဲ့အတွက် ပယ်ပစ်ရမယ်ဆိုပြီး ချိုးနှိမ်ပြောဆိုကြ ပါတယ်။

အနောက်တိုင်း အရင်းရှင်စနစ်ရဲ့ အနုပညာဟာ ဆိုရှယ်လစ်ဝါဒကို သစ္စာဖောက်တယ်ဆိုပြီးတော့ စွပ်စွဲပြောဆိုကြပါတယ်။ ကွန်မြူနစ်အာဏာရှင် တွေက ပြောတာပါ။ နောက်ဆုံးမှာ ဒီအနုပညာဟာ ကွန်မြူနစ်ဝါဒဖြန့်ချိရေးရဲ့ အသုံးချခံပစ္စည်းသက်သက်သာ ဖြစ်သွားပါတော့တယ်။

လီနင်ပြီးတဲ့နောက် ကွန်မြူနစ်ဝါဒကြီးကို ဆက်လက်ကြိုးကိုင်ခဲ့တဲ့၊ ရှေ့ ဆောင်ရှေ့ရွက်ဖြစ်ခဲ့တဲ့ ဆိုဗီယက်ယူနီယံကြီးရဲ့ ခေါင်းဆောင်ကြီး ဂျိုးဇက်စတာလင်ဟာ ဂျော်ဂျီယာနိုင်ငံ၊ ဂိုရီမြို့နယ်ထဲက တောင်ပေါ်ရွာလေးတစ်ရွာ မှာ မွေးဖွားခဲ့ပါတယ်။

ဒါကို ဂျော်ဂျီယာနိုင်ငံသားတွေက အရမ်းကိုပဲ ရင်ကော့ခေါင်းမော့ပြီး ဂုဏ်ယူဝံ့ကြွားလေ့ရှိကြတယ်။ သူ့ရဲ့ ရုပ်တုကြီးကိုလည်း ဂျော်ဂျီယာနိုင်ငံရဲ့ မြို့တော်ဖြစ်တဲ့ 'တီဘလစ်ဆီ' မြို့တော်ရဲ့ အလယ်မှာ ဝံ့ဝံ့မားမား ထုလုပ်ထား ရှိကြပါတယ်။ (ဒါပေမယ့် အခုနှစ်ဆယ့်တစ်ရာစုထဲရောက်တော့ ၂ဝဝ၈ ခုနှစ် သြဂုတ်လတုန်းက ဂျော်ဂျီယာနဲ့ ရုရှားနိုင်ငံတို့ရဲ့ ငါးရက်ကြာကျူးကျော်စစ်မှာ ရုရှားလေယာဉ်တွေရဲ့ ပစ်ခတ်တိုက်ခိုက်မှုကို ခံရပြီး ပြိုကျပျက်စီးသွားပါ တယ်။)

သူတို့ရဲ့ ဂျော်ဂျီယာကို လေး ရာစုလောက်ကတည်းက လွတ်လပ်တဲ့ နိုင်ငံတစ်နိုင်ငံအဖြစ် ဖန်တီးတည် ထောင်ခဲ့ကြသလို အဲဒီလေးရာစု လောက်ကတည်းကပဲ သူတို့တစ်နိုင်ငံလုံး ခရစ်ယာဉ်ဘာသာကို ကိုးကွယ်ခဲ့ကြတယ်။ ၁၂၃၆ ခုနှစ် အရောက် မှာ မွန်ဂိုတပ်တွေရဲ့ အုပ်ချုပ်မှု အောက် ရောက်သွားရပြန်ပါတယ်။

နောက်တူရကီနဲ့ ပါးရှားတို့ စစ်ဖြစ်ကြတော့ ကြားညပ်ပြီး မြေစာပင်စစ်တလင်းဖြစ်ရပြန်ပါတယ်။ တူရကီနဲ့ ပါရှားတို့က ဂျော်ဂျီယားကို ခွဲဝေလိုကြပြန်ပါတယ်။ အဲဒီမှာ ဂျော်ဂျီယာဟာ ရုရှားဘုရင်တွေရဲ့ အောက် ကို ရောက်သွားရပါတယ်။

၁၉၁၇ ခုနှစ် အောက်တိုဘာ တော်လှန်ရေးကြီးဖြစ်ပြီး ဆိုဗီယက် ယူနီယံဆိုတာကြီးပေါ်ပေါက်လာတာ၊ ဂျော်ဂျီယာနိုင်ငံသားဖြစ်တဲ့ ဂျိုးဇက်စတာတလင်က ဆိုဗီယက်ယူနီယံကြီးမှာ ခေါင်းဆောင်အဖြစ် ထင်ရှားကာ အာဏာရလာတဲ့အခါ ဂျော်ဂျီယာ အပါအဝင် အခြားအနီးအနားက နိုင်ငံငယ်တွေနဲ့ ပိုလန်နိုင်ငံကိုပါ ဆိုဗီယက်ယူနီယံအောက် ဆွဲသွင်းပစ်လိုက်ပါတယ်။

အဲဒီလိုနဲ့ စတာလင်ဟာ အာဏာရှင်စနစ်ကို အသုံးချပြီး အရှေ့ဥရောပတစ်ခုလုံးကို ၁၉၅၃ ခုနှစ်အထိ  ရက်စက်စွာအုပ်ချုပ်ခဲ့ပါတယ်။ ဒီလိုနဲ့ နောက်ဆုံးသက်တမ်း ကာလတွေရောက်တော့ သူ့ရဲ့ ကွန်မြူနစ်တွေနဲ့ လောကကြီးရဲ့ အမှန်တရား ပိုလန်မော်ဒန်နစ်ဇင် ပန်းချီဆရာကြီး 'ဗလာဒီဇလော စထရာ မင်းစကီး' နဲ့ ထိပ်တိုက်တွေ့ကြပါလေရော။

ဒီဇာတ်ကားဟာ ဒါရိုက်တာ 'အန်ဂျရေးဗိုက်ဒါ' ရဲ့ နောက်ဆုံး လက်ရာဇာတ်ကားပဲ ဖြစ်ပါတယ်။ ၂ဝ၁၆ ခုနှစ် အောက်တိုဘာလအတွင်း သူ့ရဲ့ အသက် ၉ဝ အရောက် မှာ သေဆုံးသွားခဲ့ပါတယ်။ ဒီဇာတ်ကားကို သူမသေဆုံးခင်လေးအတွင်းမှာ ဒီလောက်အိုကြီးအိုမ အသက် ၉ဝ အရွယ်ကြီးနဲ့ ပြီးစီးအောင်မြင်အောင် ရိုက်ကူးသွားခဲ့ပါတယ်။ သူဟာ ကမ္ဘာကျော်တဲ့ ပိုလန်ဒါရိုက်တာတစ် ယောက်ဖြစ်ပြီး ရိုက်ကူးခဲ့သမျှ ဇာတ်ကားတွေဟာ နိုင်ငံရေးတွေကိုသာ ဇောင်းပေးပြီး ရိုက်ကူးခဲ့တာတွေချည်း တွေ့ရပါတယ်။ အခြားဇာတ်ကားတွေနဲ့ အော်စကာဆုရရှိခဲ့သလို အခု ဒီဇာတ်ကားမှာလည်း ဘာလင်နိုင်ငံ တကာ ရုပ်ရှင်ပွဲတော်မှာ 'ရွှေဝက်ဝံ' ဆုကို ရရှိခဲ့ပါတယ်။

ဒီဇာတ်ကားရဲ့ အဓိက ဇာတ်ကောင်တွေဖြစ်တဲ့ ပိုလန်မော်ဒန်နစ် ဇင်ပန်းချီဆရာကြီး 'ဗလာဒီဇလော စထရာမင်းစကီးနဲ့ သမီးငယ်လေးဖြစ်သူ 'နီကာစထရာမင်စကာ' တို့ သားအဖနှစ်ယောက်အဖြစ် ပိုလန် မင်းသားကြီး Bogulaw Linda နဲ့ ပိုလန်သူ မိန်းကလေး Bronistawa Zamachouska တို့က သရုပ်ဆောင် ပေးထားကြပါတယ်။ ၂ဝ၁၇ မတ်လထဲမှာ ထွက်ရှိခဲ့ပါတယ်။ ပိုလန် နိုင်ငံမှာ ရိုက်ကူးကာ၊ ပိုလန်ဘာသာ စကားပြောဖြစ်ပြီး အင်္ဂလိပ်စာတန်း ထိုးပေးထားပါတယ်။ ပြသမှုကြာမြင့် ချိန်က ၉၈ မိနစ်ပါ။

၁၉၅၃ ခုနှစ်ကာလအတွင်းက ပိုလန်နိုင်ငံဟာ စတာလင်ရဲ့ ရက် စက်တဲ့ အာဏာအောက်က ကွန်မြူ နစ်ဝါဒကြီးအတွင်းမှာ လူတွေက စိုးရိမ်ထိတ်လန့်မှုတွေနဲ့ ကြောက်ရွံ့နေကြရကာ အလိုမတူသဘောမကျပေ မယ့်လည်း စွပ်စွဲပြောဆို အသတ်ခံရ မှာစိုးလို့ လက်သီးလက်မောင်းတန်း ကာ အများကြွေးကြော်ရင် လိုက်အော်ပြီး အများမိုးခါးရေသောက်ရင်လိုက် သောက်နေကြရပါတယ်။

ရုပ်ရှင်ကို စိမ်းလန်းတဲ့ တောင်ကြောတစ်နေရာက ရှုခင်းတွေမှာ ပန်းချီဆရာကြီးဗလာဒီဇလော စထရာမင်းစကီးနဲ့ သူ့ရဲ့တက္ကသိုလ် ကျောင်းသူကျောင်းသားတပည့်တွေ စိတ်လွတ်ကိုယ်လွတ်ပျော်ရွှင်နေကြပုံနဲ့ စတင်ပါတယ်။ လောကအတွင်းက တကယ့်အစစ်အမှန် အနုပညာ သမားတွေဖြစ်ကြတဲ့ ကဗျာဆရာ၊ စာရေးဆရာ၊ ပန်းချီပန်းပုဆရာတွေ ဟာ လောကရဲ့ သမုတိသစ္စာဖြစ်တဲ့ အမှန်တရားကို ရှာဖွေတွေ့ရှိကြတယ်။ ဒါကြောင့်လည်း သူတို့တွေဟာ သာမန်လူတွေ မက်မောလေ့ရှိကြတဲ့ ရာထူးဂုဏ်သိရ် စည်းစိမ်ဥစ္စာဆိုတာ တွေကို သူ့တို့ဦးနှောက်၊ သူတို့အတွေး ထဲမှာ မရှိကြဘူး။

သူတို့ ရှာဖွေတွေ့ရှိတဲ့ အနုပညာအယူအဆတွေကလွဲပြီး အခြားဘာကိုမှ မတွေးတောသူတွေလည်းဖြစ်ကြတယ်။ သူတို့ရဲ့ ရှာဖွေတွေ့ရှိထားတဲ့ အနုပညာမာနကိုလည်း ဘယ်လို အာဏာရှင်မျိုးကမှ ဖျက်ဆီးချိုးနှိမ်တာကို လက်မခံဘူး။ အနုပညာမာနကို ထိပါးလာရင်လည်း ဘယ်လိုဂုဏ် ရှိန်ဂုဏ်ဝါအာဏာရှင်မျိုးကိုမှလည်း ကြောက်ရွံ့စိတ်အညံ့ခံလိုစိတ်မရှိဘူး။ အခု ပန်းချီဆရာကြီး ဗလာဒီဇလော စထရာမင်းစကီးကလည်း အဲဒီ အမျိုးအစားထဲက လူတစ် ယောက်ဖြစ်နေပါတယ်။

သူဟာ ၁၉၅၃ ခုနှစ်ကာလ အတွင်းမှာ သူရှာဖွေတွေ့ရှိတဲ့ မော် ဒန်နစ်ဇင်ဝါဒ အယူအဆနဲ့သာ သူ့ အမှန်တရားလို့ယူဆပြီး သူ့မိသားစုဘဝနဲ့ ပျော်အောင်နေရှာပါတယ်။ သူငယ်ရွယ်နုပျိုစဉ်ကာလတုန်းက အမိတိုင်းပြည်အတွက် သူ့ခန္ဓာကိုယ် ရဲ့ အစိတ်အပိုင်းတွေဖြစ်တဲ့ ဘယ် ဘက်လက်တစ်ဖက်နဲ့ ညာဘက်ခြေ ထောက်တစ်ချောင်းကို စစ်ပွဲမှာ ပေး ဆပ်ခဲ့ရပါတယ်။

နာတာရှည်ရောဂါဝေဒနာကို ပြင်းထန်စွာ ခံစားနေရတဲ့ ဇနီးဖြစ်သူ ပန်းပုဆရာမကြီးက ဆေးရုံပေါ်မှာ ၁၂ နှစ်အရွယ် သမီးကလေးနီကာနဲ့ အတူ ဘဝကို ဖြစ်သလို နေထိုင်ဖြတ် သန်းနေပါတယ်။ သူဟာ သူမြတ်နိုးတဲ့ မော်ဒန်နစ်ဇင်  ပန်းချီကားတွေကိုရေးဆွဲရင်း တက္ကသိုလ်မှာလည်း စာပေသင်ကြားပေးရတဲ့ အနုပညာဆိုင်ရာ ပါမောက္ခလည်း ဖြစ်ပါတယ်။ သူဟာ တည်ကြည်လေးနက်ပြီး သဘောထားပြည့်ဝတဲ့ ဆရာကြီးဖြစ်တဲ့အတွက် သူ့ကို ကျောင်းက တပည့် တွေရော ပတ်ဝန်းကျင်ကပါ ချစ်ခင်ခြင်းကို ခံရပါတယ်။

တစ်နေ့မှာ စတာလင်ကို သဘောကျတဲ့ နောက်လိုက်ငယ်သား လူအုပ်ကြီးဟာ မြို့လယ်ကောင်မှာ စတာလင်ရဲ့ ရုပ်ပုံပိတ်ကားကြီးကို ချိတ်ဆွဲလိုက်ကြပါတယ်။ အဲဒီမှာ ဖြစ်ချင်တော့ အဲဒီပိတ်ကားကြီးဟာ ဆွဲလက်စပန်းချီကားပေါ်မှာ ဈာန်ဝင်နေတဲ့ ပန်းချီဆရာကြီး 'ဗလာဒီ ဇလောစထရာမင်းစကီး' ရဲ့ ပြတင်းပေါက်ကို အမှောင်ပိတ်မိလျက်သား ဖြစ်သွားပါတယ်။ ဒါဟာဘာလဲ ဘယ်အရာလဲဆိုတာမျိုးကို ပန်းချီဆရာကြီးဟာ တွေးမနေတော့ပဲ သူ့ရဲ့ ချိုင်း ထောက်ကိုကောက်ကာ ဒေါသတကြီးနဲ့ အဲဒီပိတ်ကားကြီးကို အစိပ်စိပ် အမြွှာမြွှာထိုးခွဲလိုက်ပါတော့တယ်။

တစ်မြို့လုံးက  ပါးစပ်အဟောင်းသားနဲ့ အံ့သြတုန်လှုပ်သွားကြတယ်။ အာဏာရှင်ကြီးစတာလင်ရဲ့  ရုပ်ပုံကို ထိုးခွဲဖျက်ဆီးရဲတဲ့ သူဆိုတာ ဘယ်သူ များပါလိမ့်ပေါ့။ ဒါနဲ့ ကွန်မြူနစ် အာဏာပိုင်တွေဟာ ထိတ်လန့် တကြား တိုက်တွေပေါ်တက်ရှာကြ တော့ ပန်းချီဆရာကြီးဖြစ်နေတယ်။

သူတို့ ရုတ်တရက် ဘာလုပ်ရ မှန်းမသိဖြစ်သွားတယ်။ အရှေ့ ဥရောပမှာ လူသိများတဲ့ ပန်းချီဆရာ ကြီးလည်းဖြစ်၊ တစ်ချိန်က တိုင်းပြည်အတွက် စစ်ပွဲမှာ ပေးဆပ်ထားဖူတဲ့ သူလည်း ဖြစ်သလို၊ တက္ကသိုလ် ပါမောက္ခကြီးလည်းဖြစ်နေတော့ စွဲချက်တွေတင်ပြီး အပြစ်ပေးသတ်ဖြတ် ပစ်ပို့သေဒဏ်လို အမိန့်ချမှတ်တာမျိုးတွေ သူတို့လုပ်လို့မရဘူးဖြစ်နေတယ်။

နောက်တော့ သူတို့တွေဟာ ပန်းချီဆရာကြီးအပေါ် နည်းမျိုးစုံနဲ့ ရက် စက်ကြပါတော့တယ်။ တက္ကသိုလ်မှာ ပန်းချီအနုပညာ အဓိကဘာသာရပ်နဲ့အတူ စာပေသင်ကြားနေတဲ့ ပါမောက္ခလိုင်စင်ကို ရုတ်သိမ်းလိုက်ကြတယ်။ တက္ကသိုလ်ကြီး တစ်ခုလုံးက ဆရာကြီးကို သူရဲကောင်းအဖြစ် သတ်မှတ်လိုက်ကြတယ်။ သူတို့ ဆရာကြီးအတွက် နည်းအမျိုးမျိုးကို ကြံဆကြတယ်။

ကွန်မြူနစ်တွေဟာ ပန်းချီဆရာကြီးကို တက္ကသိုလ်သင်ကြားခွင့်လိုင် စင်ရုတ်သိမ်းပြီး၊ အနုပညာရှင်များ အသင်းကနေ ထုတ်ပယ်လိုက်ကြပြန် တယ်။ ပြတိုက်တွေ ပြခန်းတွေမှာ ရှိတဲ့ သူ့ရဲ့ လက်ရာအနုပညာတွေကို အကုန်ဖျက်ဆီးပစ်ကြတယ်။ တက္ကသိုလ်က တပည့်တွေက သူတို့ ဆရာကြီး အတွက် ဒီနေ့ကြံဆလိုက်၊ မနက်ဖြန် သူတို့က (ကွန်မြူနစ်တွေက) ဖျက်ဆီးလိုက် အဲသလိုလုပ်ခြင်းကိုခံနေရတယ်။

ဆရာကြီးဟာ ဝင်ငွေမရှိတော့တာမို့ နုံချာတဲ့ ပန်းချီအလုပ်ခန်းတစ်ခု မိတ်ဆွေပန်းချီဆရာတစ်ယောက်ရဲ့ အကူအညီနဲ့ ပန်းချီဆွဲခြင်းအလုပ်ကို ဝင်လုပ်ရပါတယ်။ အဲဒီနောက်တော့ ဆေးရုံမှာ ပန်းပုပညာရှင်ဇနီးလည်း သေသွားရရှာပြီး သူအသက်ရှင်ရပ် တည်ဖို့အတွက် ကြုံရာအလုပ်တွေကိုရှိတဲ့ ခြေတစ်ဖက်လက်တစ်ဖက်နဲ့ လျှောက်လုပ်ရင်း လောကအလယ်မှာ  သမီးကလေးကို ထားရစ်ကာ အဆုပ် ရောဂါနဲ့ သေဆုံးသွားရရှာပါတော့တယ်။ ပန်းချီဆရာကြီး 'ဗလာဒီဇ လော စထရာမင်းစကီး' ဟာ သူသေဆုံးချိန်အထိ သူမယုံကြည်မနှစ်မြို့တဲ့ ကွန်မြူနစ် (အထူးသဖြင့် ဂျိုးဇက် စတာလင်ရဲ့ ပြုမူလုပ်ဆောင်ချက်) ဝါဒအပေါ် သူယုံကြည်တဲ့ အနုပညာ မာနနဲ့ ရင်ဆိုင်တိုက်ခိုက်သွားပါတယ်။

ဝင်းကိုမောင်

ဝင်းကိုမောင်
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.