16-11-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
မြန်မာ-အိန္ဒိယချစ်ကြည်ရေး လမ်းမကြီးဖြစ်သည့် ကလေးဝ-တမူးလမ်းပိုင်းရှိ တံတား ၆၉ စင်းကို အိန္ဒိယနိုင်ငံမှ အမေရိကန်ဒေါ်လာ သန်း ၆ဝ အကုန်အကျခံတည်ဆောက်ပေးမည်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1037
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
စာပေနှင့် အနုပညာ
Weekly Book Review

ငါး သို့မဟုတ်

အမှန်တရားတစ်ခုခု

ထွန်းဝေမြင့်

 

ခါးသီးမှုအားလုံးကို

စားစရာအဖြစ် ဆေးဝါးအဖြစ်

ငါပြောင်းလဲရယူတယ်။

အဆိုးလောကဓံဟာ ငါ့အတွက် ဆေးခါးကြီးပဲ

အဆိုးလောကဓံကြောင့် ငါ ပိုကောင်းလာခဲ့တယ်။

ခါးခါးသီးသီး ကဗျာထဲက ကောက်နုတ်ချက် ဖြစ်ပါတယ်။ လူတိုင်းကြုံတွေ့ကြရတဲ့ လောကဓံ အမျိုးမျိုးကို ကြုံခဲ့ရသူ ကဗျာဆရာရဲ့ လောကဓံကို ရင်ဆိုင်ပုံ၊ လောကဓံကို ဘဝရဲ့အဟာရအဖြစ်၊ ဆေးဝါးအဖြစ် ပြောင်းလဲရယူပုံ၊ ဘဝကို ချစ်မက်မြတ်နိုးပုံကို တွေ့ရမယ့်၊ ကဗျာဖတ်သူကို ခွန်အားဖြစ်စေမယ့် သို့မဟုတ် ကဗျာရဲ့ အတွေးအလှဓာတ်ကတစ်ဆင့် ကဗျာဆရာရဲ့ ဖြတ်သန်းပုံကို ကြည်နူးနှစ်သက်မိစေမယ့် ရိုးရှင်းလှပ တဲ့ ကဗျာတစ်ပုဒ် ဖြစ်ပါတယ်။

ဒီကဗျာစာအုပ်မှာ ကဗျာဆရာ ထွန်းဝေမြင့်ရဲ့ ၂ဝဝ၁ ခုနှစ်က စလို့ ၂ဝ၁၅ ထိ ရေးခဲ့တဲ့ကဗျာ ၁၉၉ ပုဒ်ပါဝင်ပါတယ်။ ကဗျာကို ခုံမင်မြတ်နိုးသူ၊ ကဗျာကို ရူးသွပ်သူတွေအတွက်တော့ ကဗျာဆရာထွန်းဝေမြင့်ရဲ့ ကဗျာတွေကို အထူးမိတ်ဆက်ပေးစရာလိုမည် မထင်ပါ။ သူ့ရဲ့ဟန်အတိုင်း အတွေးလှလှလေးတွေနဲ့ စကားပြေဆန်ဆန် ရေးဖွဲ့တတ်တာ၊ စကားလုံးစတန့်တွေမသုံး၊ စကားလုံးတွေကိုမကစားဘဲ ရိုးရိုးရှင်းရှင်းရေးဖွဲ့ထားတာ တွေ့ရမှာဖြစ်သလို ဘဝကို ချစ်မက်မြတ်နိုးတဲ့၊ မပြည့်စုံတဲ့ လောကသဘာဝကြီးထဲမှာ မကောင်းမြင် စိတ်တွေကို ဖယ်ထုတ်ပစ်ချင်တဲ့၊ ဘဝအလှတရား စိတ်အလှတရားတွေနဲ့သာ ရှင်သန်ချင်တဲ့၊ အပိုအလုပ်တွေ အတွက် ခေါင်းရှုပ်မခံချင်တဲ့၊ စတဲ့ စတဲ့ ငြိမ်းငြိမ်း ချမ်းချမ်းနဲ့ ဘဝကိုဖြတ်သန်းချင်သူ ကဗျာဆရာရဲ့ ခံစားမှုတွေကို ကဗျာအားလုံးလိုလိုမှာ တွေ့ရမှာပါ။

လမ်းတစ်လျှောက် ကဗျာမှာဆိုရင် -

'လမ်းတစ်လျှောက်

လူအထင်ကြီးခံရတာနဲ့ လူအထင်သေးခံရတာ

ဒီနှစ်မျိုးလုံးကို ဥပေက္ခာပြုတယ်။

ဒါတွေကို ခံစားနေရတာ အချိန်တွေ များလွန်းတယ်'

လို့ ရေးဖွဲ့ထားပုံက ဘဝမှာ ဘာမဟုတ်တဲ့ အတွေးတွေနဲ့၊ ဘာမဟုတ်တဲ့ အကြောင်းအရာတွေနဲ့ ကျွန်တော်တို့ရဲ့ အကျိုးရှိရှိအချိန်တွေ ကုန်ဆုံးကုန်တာ၊ ကျွန်တော်တို့ရဲ့ ဖြောင့်ဖြောင့်လျှောက်မယ့်လမ်းတွေ ကွေ့ကောက်ကုန်တာ၊ ဘဝကို ငြီးငွေ့စိတ်ပျက်ကုန်တာတွေကို တွေးမိစေမယ့် ကဗျာဖြစ်ပါတယ်။ ဘဝလှပဖို့၊ ကိုယ်ရည်ရွယ်ရာ ကောင်းမြတ်သောလမ်းတွေ ဖြူစင်နေဖို့အတွက်-

'လမ်းတစ်လျှောက်

မလွမ်းလောက်တာတွေကို လွမ်းမနေတော့' လို့ ကဗျာဆရာ က ဖွဲ့ဆိုထားပါတယ်။

မာယာများတဲ့လောက၊ တရားမမျှတတဲ့လောက၊ အကျည်းတန်အရုပ်ဆိုးမှုတွေနဲ့လောကအကြောင်း ဘဝ ဖြတ်သန်းခဲ့သူ လူသားတစ် ယောက်ပီပီ သူ့ကဗျာတွေထဲ မှာ အရိပ်အငွေ့မျှတွေ့ရမှာဖြစ်ပေမယ့် အဲဒီလောကကြီးကို မုန်းတီးမှု၊ နာကြည်းမှု၊ ငြီးငွေ့မှုတွေကိုတော့ သူ့ကဗျာ တွေထဲမှာ တွေ့ရမှာ မဟုတ်ပါဘူး။ မလှမပမှုတွေထဲကနေ လှပအောင် ရုန်းကန်ရှင်သန်နေတဲ့ ကဗျာတွေလို့ ဆိုချင် ပါတယ်။

စိတ်ကူးချိုချို အနုပညာကနေ တန်ဖိုး ၂၇ဝဝ ကျပ်နဲ့ ဖြန့်ချိလိုက်ပါပြီ။

 

ထရန့်ဘောဂဗေဒနှင့် မျက်မှောက် စီးပွားရေးရာ

မင်းအောင်မင်း

စီးပွားရေးရပ်တန့်သည့် ရီဆက်ရှင်းသည် သမိုင်းတွင် များစွာဖြစ်ခဲ့သလို ယင်းရီဆက်ရှင်းတို့သည် မသေချာမှုများ၊ စိုးရွံ့မှုများကိုလည်း ဖြစ်ပေါ်စေခဲ့သည်။ သို့သော် (ရီဆက်ရှင်း) စီးပွားရေးရပ်တန့်မှုသည် ပုံမှန်အားဖြင့် စီးပွားရေး စက်ဝန်းတစ်ခု၌ ဖြစ်ပေါ်လေ့ရှိသည့်အရာ ဖြစ်သည်။ ရီဆက်ရှင်းတို့နှင့်ပတ်သက်၍လည်း ဈေးကွက်စက်ဝန်းထဲမှာ ပုံပြင်ဒဏ္ဍာရီလို ဖြစ်နေတာကလည်း မကောင်းပေ။ ရီဆက်ရှင်း အစီအစဉ်တကျဖြစ်လာပုံကို နားလည်ဖို့ ပုံပြင် ဒဏ္ဍာရီတို့ကို ကျော်လွန်ပြီး မြင်အောင်ကြည့်နိုင်ဖို့လိုသည်။ ရီဆက်ရှင်း (ရပ်တန့်မှု) နှင့် ကျဆင်းမှု (ဒီပရက်ရှင်း)တို့ သဘောသဘာဝနှင့် အဓိပ္ပာယ်ကို ရင်းနှီးမြှုပ်နှံသူတို့ နားလည်ဖို့ လိုပါသည်။

စီးပွားရေးရပ်တန့်မှုနှင့်ကျဆင်းမှု ဆောင်းပါးထဲက ကောက်နုတ်ချက်ဖြစ်ပါတယ်။ Recession စီးပွားရေး ရပ်တန့်မှုကာလနဲ့ Depression စီးပွားရေးကျဆင်းမှု သဘောသဘာဝတွေကို ရှင်းပြထားပြီး စီးပွားရေးရပ်တန့်မှုနဲ့ ကျဆင်းမှုတွေဖြစ်နေတဲ့ ကာလတွေမှာ မိမိရဲ့စီးပွားရေး ရှင်သန်နိုင်အောင် သတိပြုရမယ့်အချက်တွေကို တင်ပြထားတာပါ။

စီးပွားရေး ရပ်တန့်မှုကာလ ဆိုတာ ဘယ်လို အခြေအနေမျိုးကို ခေါ်တာလဲ၊ စီးပွားရေး ရပ်တန့်မှုတွေ  ဘယ်လိုဖြစ်လာတာလဲဆိုတဲ့ အကြောင်းတွေနဲ့ စီးပွားရေး ရပ်တန့်မှု ဖြစ်ပေါ်ခဲ့တဲ့ သမိုင်းနမူနာတွေကို တင်ပြထားပါတယ်။ အလားတူ စီးပွားရေးကျဆင်းကာလ ဖြစ်ပေါ်ရခြင်း အကြောင်းအရင်းနဲ့ စီးပွားရေးကျဆင်းမှုသမိုင်း နမူနာတွေကိုလည်း ဖတ်ရှုရမှာပါ။ ရီဆက်ရှင်းနဲ့ ဒီပရက်ရှင်းတို့ ဖြစ်ပေါ်လာတဲ့အခါ ဖြစ်ပေါ်လာနိုင်တဲ့ ဆိုးကျိုး၊ကောင်းကျိုး တွေ ကိုလည်း အချက်အလက်တွေနဲ့ တကွ ရှင်းလင်းတင်ပြထားပါတယ်။

စီးပွားရေး ရီဆက်ရှင်းနဲ့ ဒီပရက်ရှင်းတို့ဟာ ဆိုးကျိုးရောကောင်းကျိုးပါ ဖြစ်စေနိုင်တာကြောင့် ယင်းတို့ရဲ့ သဘောသဘာဝနဲ့ တကွ ဖြစ်ပျက်ပုံတွေကို သဘောပေါက် နားလည်ထားမယ်ဆိုရင် အဲဒီ ကာလ တွေနဲ့ ထိပ်တိုက်ရင်ဆိုင်ရတဲ့အခါ ဘယ်လိုရုန်းကန်ရမယ်ဆိုတာ သိနိုင်မယ်လို့ ဆိုပါတယ်။ 'ရီဆက်ရှင်း၊ ဒီပရက်ရှင်းကာလမှာ ရှင်သန်အောင်၊ ပိုမိုကြွယ်ဝအောင် လုပ်နိုင်ဖို့ကတော့ ပတ်ဝန်းကျင်ရဲ့ လိုအပ်ချက်တွေကို နားလည်ရမယ်၊ ဖြစ်ပေါ်လာတဲ့ အကြောင်းတရားတွေကို နားလည်ရမယ်၊ အဲဒီ အကြောင်းအရင်းတွေက ပဲ စီးပွားရေးလောကတစ်ခုလုံးကို ကောင်းကျိုးရော ဆိုးကျိုးပါ သက်ရောက်အောင် ဖန်တီးပေးနေတာ ဖြစ်တယ်' လို့ သုံးသပ်ထားပါတယ်။

ခေတ်ရိုးမသွားသော စားသောက် ကုန် ဆောင်းပါးမှာတော့ ကမ္ဘာ့စီးပွားရေး အခြေအနေ၊ တိုင်းပြည် စီးပွားရေး အခြေအနေ ကျဆင်းနေချိန်မှာ ဘယ်လုပ်ငန်းလုပ်မလဲဆိုတာ ရွေးချယ်တတ်ဖို့ လိုကြောင်း ရှင်းပြထားပြီး ဘယ်တော့မှ ရိုးမသွားတဲ့ စားသောက်ကုန်လုပ်ငန်းရဲ့ အောင်မြင် နိုင်ပုံအကြောင်းတွေကို အောက်ခြေ အဆင့်ကတက်လာတဲ့ ကမ္ဘာ့နာမည်ကြီး စားသောက်ကုန် လုပ်ငန်း တွေနဲ့ ယှဉ်ပြီး တင်ပြထားပါတယ်။

စားသောက်ကုန်တွေဟာ နိုင်ငံ တကာ ဈေးကွက်ထိ အောင်မြင်မှု ရလွယ်၊ တန်းဝင်လွယ်တဲ့ အခြေအနေမျိုး ရှိတာတွေ့ရပြီး အစားအသောက် ကုမ္ပဏီတွေကို ကြည့်လိုက်ရင် အောင် မြင်မှုတွေရခဲ့ကြသလို ရှေ့ဆက်ပြီးလည်း မျှော်လင့်ချက်အလားအလာ အများကြီးကို ပိုင်ဆိုင်ထားကြတာကြောင့် နိုင်ငံတကာဈေးကွက်တွေမှာတောင် စားသောက်ကုန်ပစ္စည်းတွေ အပေါ် ရင်းနှီးမြှုပ်နှံလိုသူတွေ များကြတယ်လို့ ဆိုထားပါတယ်။

ဒေါ်နယ်ထရန့်နဲ့ အာရှစီးပွားရေးကို အကျိုးသက်ရောက်မယ့် အချက်ငါးချက် ဆောင်းပါးမှာတော့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ရဲ့ စီးပွားရေးမူဝါဒတွေ၊ နိုင်ငံခြားရေး ပေါ်လစီတွေကြောင့် အာရှဒေသတွင်း ဖြစ်ပေါ်လာနိုင်တဲ့ စီးပွားရေး အခြေအနေတွေကို တင်ပြထားပါ တယ်။ ဒေါ်လာဈေး မတည်မငြိမ်ဖြစ် မှုတွေ၊ ကမ္ဘာ့စီးပွားရေးကျဆင်းမှုနဲ့ အတူ အာရှအပေါ် ရိုက်ခတ်လာနိုင် တဲ့ ဂရက်တွေ၊ တန်ဖိုးမြင့် အိမ်ခြံမြေဈေးကွက် ထိခိုက်နိုင်မယ်ဆိုတဲ့ အကြောင်းတွေ၊ ထရန့်ရဲ့ ဂလိုဘယ် လိုက်ဇေးရှင်းဆန့်ကျင်မှု သဘော ထား တွေကြောင့် အာရှနဲ့အမေရိကန် ရဲ့ ဆက်ဆံရေး ပျက်ပြားနိုင်ပုံတွေ၊ စီးပွားရေးဆိုင်ရာ အိမ်ခြံမြေဈေး ကွက် ထိခိုက်နိုင်ပုံတွေ အကြောင်း နိုင်ငံတကာ ပညာရှင်တွေရဲ့ သုံးသပ် မှုတွေနဲ့အတူ ဖော်ပြထားပါတယ်။

အမေရိကန်စီးပွားရေး ပေါ်လစီနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများ ရင်ဆိုင်ရတော့မယ့် ကြွေးမြီအခက်အခဲ ဆောင်းပါးမှာတော့ ဗဟိုဘဏ်တွေကို ဘဏ်တိုးနှုန်းတွေ မြင့်ရမယ်ဆိုတဲ့ ထရန့်ရဲ့ အစီအစဉ်ဟာ နိုင်ငံခြား ငွေ ကြေးတွေ အမေရိကားဆီ ပြန်လည် စီးဝင်လာပြီး ဒေါ်လာဈေးတက်နိုင် ကြောင်း၊ ကုန်သွယ်ရေး မညီမမျှ ဖြစ်နိုင်ကြောင်းတွေ အပါအဝင် ဒေါ်လာဈေး မတက်ခင်က ချေးယူထားကြတဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေအဖို့ ပြည်တွင်း ငွေကြေးဈေးကျ၊ ဒေါ်လာဈေးတက် ဖြစ်ရပ်ကြောင့် ဘက်ပေါင်းစုံမှာ ပြဿနာ တွေ ဖြစ်နိုင်ကြောင်းကို သုံးသပ်တင် ပြထားတာ ဖြစ်ပါတယ်။

ဒီစာအုပ်မှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ရဲ့ စီးပွားရေးပေါ်လစီကြောင့် ဖြစ်လာနိုင်တဲ့ စီးပွားရေး ဟန်ချက်ပျက်ယွင်းမှုတွေအကြောင်းနဲ့အတူ စီးပွားရေးဟန်ချက် ပျက်ယွင်းမှုတွေကို ကာကွယ်ဖို့ ဘာတွေ သိထားသင့်သလဲဆိုတဲ့ နိုင်ငံတကာ စီးပွားရေးပညာရှင်တွေရဲ့ အမြင်တွေကို အပိုင်း ခြောက်ပိုင်းခွဲပြီး ကိုးကား တင်ပြထားပါတယ်။

စိတ်ကူးချိုချို အနုပညာ ကနေ တန်ဖိုး ၂၅ဝဝ ကျပ်နဲ့ ဖြန့်ချိ လိုက်ပါပြီ။

ကိုဝိုင်း
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.