19-10-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
စက်တင်ဘာလမှ ဒီဇင်ဘာလအထိ ၄ လတာ ကာလအတွင်း နိုင်ငံတကာ ခရီးသွားဧည့်သည် တစ်သန်းကျော် လာရောက်လည်ပတ်ရန် ခန့်မှန်းထား
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1033
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
စာပေနှင့် အနုပညာ
အမျိုးသမီး စစ်သူကြီးနှင့် ကုန်သည်

ခေါင်းစဉ်ပေးထားတဲ့ နာမည်အရ 'မဟာတံတိုင်းကြီး' ဆိုတဲ့အတွက် ကြောင့် အဲဒီမဟာတံတိုင်းကြီးနဲ့ ပတ်သက်တာကို အရင်ပြောပြမှ ပြည့်စုံလိမ့် မယ်ထင်ပါတယ်။ တရုတ်ပြည်သူ့ သမ္မတနိုင်ငံရဲ့ မြောက်ပိုင်းမှာရှိတဲ့ တံတိုင်းကြီးတစ်ခုပါ။ တရုတ်လူမျိုးတွေရဲ့ မကြာခဏ ခိုင်းနှိုင်းလေ့ရှိတဲ့ စကားအရ မိုင်တစ်သောင်းကျော်ရှည်လျားတဲ့ အုတ်နံရံကြီးလို့ ခေါ်ကြပါတယ်။

လက်ရှိရောက်တဲ့ ကာလကနေ ခန့်မှန်းရင် လွန်ခဲ့သော နှစ်ပေါင်း ၂၃ဝဝ ကျော်လောက်က စတင်တည် ဆောက်ခဲ့တယ်လို့ ဆိုပါတယ်။ ဒီမဟာတံတိုင်းကြီးကို တရုတ်မင်းဆက်တွေက တရုတ်ပိုးချည်တွေကို တရားမဝင် ကူးသန်းရောင်းဝယ်ကြတဲ့ အခြားနိုင်ငံတွေက ကျူးကျော်သူတွေကို ကာကွယ်ဖို့ ခေတ်အဆက်ဆက် တည်ဆောက်ပြီး ပြန်လည်မွမ်းမံခဲ့ကြပါတယ်။

သမိုင်းမှတ်တမ်းတွေအရ ကနဦးစစ်ပွဲကာလမှာ 'ချီ' တိုင်းပြည် က ဘီစီ ၆၅၆ မှာ တောင်ပိုင်းက 'ချူ' တိုင်းပြည်ရဲ့ ကျူးကျော်စစ်ကို ကာကွယ်ဖို့ မဟာတံတိုင်းကြီး တည်ဆောက်ဖို့ အမိန့်ထုတ်ခဲ့ပြီး တံတိုင်းကြီးကို အဓိက အားဖြင့် ကျောက်တုံးကြီးတွေနဲ့ တည်ဆောက်ခဲ့ပါတယ်။

တရုတ်တိုင်းပြည် သုံးခုက ရှင်ဘုရင်တွေဟာ မိမိတို့ရဲ့ တိုင်းပြည်နယ်မြေ တွေကို ကာကွယ်ဖို့အတွက် တံတိုင်းကြီး သုံးခုကို ဆက်လက်တည်ဆောက်ခဲ့ကြပါတယ်။ အဲဒီအထဲက 'ချင်' မင်းဆက်တည်ဆောက်ခဲ့တဲ့ မဟာတံတိုင်းကြီးဟာ အလျားအားဖြင့် မိုင်ပေါင်း ၅ဝဝဝ ကျော်ရှည် လျားပြီး ယခုခေတ်အခါမှာ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရနေကြတဲ့ မွန်ဂိုလီးယားနဲ့ မြောက်ကိုရီးယားဒေသ တို့အထိ ဖြစ်ပါတယ်။

တရုတ်ပြည်ရဲ့ နောက်ဆုံးမင်း ဆက်ဖြစ်တဲ့ 'ချင်' မင်းဆက် နောက်ဆုံးဘုရင် 'ပုယီ'ရဲ့ လက်ထက် (၁၆၄၄ မှ ၁၉၁၁) ရောက်တဲ့အခါမှာတော့ ဒီမဟာတံတိုင်းကြီးကို ဆက်လက်တည်ဆောက်ခြင်းနဲ့ ပြုပြင်မွမ်းမံခြင်းတွေကို လုံးဝမလုပ်ဆောင်တော့ပါဘူး။ သူ့အရင် 'ချင်' မင်းဆက်ရဲ့ ဒုတိယအင်ပါ ယာ 'ကန်ရှီဘုရင်' က ''ဒီတံတိုင်းကြီးတွေ တည်ဆောက်ခဲ့ရလို့ ငွေအင်အား တွေ၊ လူအင်အားတွေ မခန့်မှန်းနိုင်လောက်အောင် ဆုံးရှုံးမှုတွေ၊ ကုန်ကျမှုတွေ များခဲ့ပြီး တရုတ်ပြည်ကို ဘယ်ရန်သူရဲ့ ဘေးက ကင်းလွတ်အောင် အမှန် တကယ်မကာကွယ်ပါဘူး''လို့ ပြောခဲ့ပြီး တံတိုင်းကြီး ဆက်လက်တည် ဆောက် တဲ့ခေတ် ကုန်ဆုံးပြီလို့ သတ်မှတ်ကာ ဒီအတိုင်း ပစ်ထားလိုက်ပါတယ်။

အဲဒီလို့နဲ့ နှစ်ပေါင်း ၃ဝဝ ကျော် ဥပေက္ခာပြုခြင်းခံထားခဲ့ရတဲ့ ဒီမဟာ တံတိုင်းကြီးကို တရုတ်ပြည်သူ့ သမ္မတနိုင်ငံတော်ရဲ့ ကွန်မြူနစ်စနစ်ရဲ့  ခေါင်းဆောင်ကြီး မော်စီတုန်းခေတ်ရောက်တော့မှ ပြန်လည်မွမ်းမံထိန်းသိမ်း ခဲ့ကြပါတယ်။ ပြီးတော့ မော်စီတုန်းက ''မဟာတံတိုင်းကြီးရှိတဲ့ အရပ်ကို မရောက်ဖူးတဲ့သူဟာ စစ်မှန်တဲ့လူ မဟုတ်သေးဘူး''ဆိုတဲ့ စကားကို ဟစ်ကြွေးလိုက်ပါတယ်။ ဒီစကားကြောင့်ပဲ တစ်ကမ္ဘာလုံးမှာရှိတဲ့ လူတွေဟာ ဒီမဟာတံတိုင်းကြီးကို အာရုံစိုက်လာကြပြီး ခရီးသွားနေရာ တစ်ခုဖြစ်လာ ခဲ့ပါတယ်။

အဲဒီ ရှည်လျားလွန်းလှတဲ့ တရုတ်ပြည်သူ့ သမ္မတနိုင်ငံကြီးရဲ့ မဟာ တံတိုင်းကြီးကို အပိုင်းလိုက်၊ အပိုင်းလိုက်ခွဲခြားပြီး အမည်တပ်ကာခေါ်တွင် လာခဲ့ကြပါတယ်။ ပေကျင်းမြို့တော်ကနေ ၄၅ မိုင်ကွာဝေးတဲ့ အဓိကစံပြအပိုင်းကြီးအဖြစ် သတ်မှတ်ပြီး ထူးခြားတဲ့ ခံတပ်ဒီဇိုင်းတွေနဲ့ မြောက် မြားလှစွာသော မီးပြတိုက်တွေတည် ရှိတဲ့အတွက် သူ့ကို  Mutianya လို့ ခေါ်ပါတယ်။ ဒါကြောင့် အဲဒီအပိုင်း ကို ခရီးသွားနိုင်ငံခြားသား အများစုတွေက ပိုပြီးစိတ်ဝင်စားကြတယ်။

Jinshanling လို့ အမည်ပေးထားတဲ့ ဒုတိယအပိုင်းကိုတော့ ခြေ လျင်တောင်တက် ခရီးကို နှစ်သက် တဲ့ သူတွေက အကောင်းဆုံးနေရာ တစ်ခုအဖြစ် သတ်မှတ်ထားကြတယ်။ တစ်ပိုင်းတစ်စပြန်လည်မွမ်းမံထားပြီး မင်မင်းဆက်ခေတ်က တည်းကရှိခဲ့တဲ့ ဗိသုကာ လက်ရာတွေကို တွေ့မြင်ကြ ရမှာဖြစ်ပါတယ်။ တောင်ကုန်းတွေ ပေါ်မှာတည်ရှိတဲ့အတွက်ကြောင့် တောင်တက်တဲ့ သူတွေနဲ့ ဓာတ်ပုံရိုက် ဝါသနာရှင်တွေကြားမှာ အလွန်နာ မည်ကြီးလှပါတယ်။ ရှုခင်းတွေ ကြောင့် မဟာတံတိုင်းကြီးရဲ့ အလှဆုံး အပိုင်းလို့လည်း ပြောကြပါတယ်။

တတိယအပိုင်းဖြစ်တဲ့ နောက်တစ်ပိုင်းကတော့ သူ့ကို Jonkuo လို့ အမည်ပေးထားကြပါတယ်။ ပေကျင်း မြို့တော်နဲ့ ၆၂ မိုင်ကွာဝေးပြီး အလည်အပတ်သွားရောက်ဖို့အတွက် အန္တရာယ်အများဆုံးအပိုင်းဖြစ်ပါတယ်။ သဘာဝဘေးအန္တရာယ်တွေ ကြောင့် ပျက်စီယိုယွင်းမှုတွေ စတင် ဖြစ်ပေါ်လာနေပြီလို့ဆိုပါတယ်။ မတ်စောက်တဲ့ တောင်စောင်းတွေ ပေါ်မှာ နဂိုမူလအတိုင်းပါပဲ။ ပြန် လည်ထိန်းသိမ်းနိုင်မှုပြုလုပ်ဖို့ အလွန်ခက်ခဲနေတယ်လို့ ဆိုပါတယ်။

အားလုံးပေါင်း အပိုင်းခြောက်ပိုင်းနဲ့ မဟာတံတိုင်းကြီးဖြစ်ပါတယ်။  ဒါရိုက်တာ Zhang Yimou က ဒီ ဇာတ်ကားမှာ အဓိကဇာတ်ကောင် နှစ်ယောက်အဖြစ် ဟောလိဝုဒ်က နာမည်ကြီးမင်းသား Matt Damon နဲ့ မင်းသား Pedro Pascal တို့ကို တရုတ်မင်းသမီးချော Jing Tiam နဲ့ တွဲဖက်ပြီး ရိုက်ကူးထားပါတယ်။

ဇာတ်လမ်းက တရုတ်ပြည်ကြီးရဲ့ မဟာတံတိုင်းကြီးပေါ်က ယန္တရားတွေနဲ့ တည်ထောင်ထားတဲ့ တရုတ် အမျိုးသမီး လူစွမ်းကောင်းများစွာ ပါဝင်ထားတဲ့ တရုတ်ခံတပ်ကြီးဟာ ရှင်ဘုရင်နဲ့တကွ ပြည်သူအားလုံးကို ဒုက္ခပေးတဲ့ ရှေးဟောင်းသတ္တဝါ အုပ်စုကြီးတွေကို တိုက်ခိုက်နှိမ်နှင်းရပုံ အကြောင်းဖြစ်ပေမယ့် ဒီဇာတ်လမ်းရဲ့အဓိက အရာကတော့ တရုတ်နိုင်ငံမှာ ယမ်းမှုန့်ဆိုတဲ့ အမျိုးအစား ဖန်တီးတီထွင်ထားတယ်ဆိုတာကို အနောက်နိုင်ငံက လူလည်တွေ အခြား ကုန်သည်တွေက တစ်ဆင့်အနံ့ရပြီးယူဖို့ သက်စွန့်ဆံဖျားလာရောက်ခဲ့ကြ ပုံအကြောင်းပါ။

ပြီးတော့ ကမ္ဘာကြီးမှာ လေးမြားလက်နက်တွေသာ အသုံးပြုနေကြတဲ့ စစ်ပွဲတွေမှာ ယမ်းမှုန့်ဆိုတာကို ကမ္ဘာမှာ ပထမဆုံး တီထွင်နိုင်ခဲ့ပြီး သေနတ်ဆိုတာကိုလည်း ကမ္ဘာမှာ ပထမဆုံး တီထွင်နိုင်ခဲ့တဲ့ တရုတ်လူမျိုးတို့ရဲ့ သမိုင်းကို အနာဂတ်လူသားတွေ ပြန်လည်သတိရနိုင်ဖို့ ဒီအကြောင်းကို ကမ္ဘာကို ချပြတဲ့ သဘောလည်းပါပါတယ်။

အနောက်နိုင်ငံသားတွေဖြစ်တဲ့ 'ဝီလျံ' Matt Damon နဲ့ 'တိုဗာ' Pedro Pascal တို့နှစ်ယောက် ဦး ဆောင်တဲ့ လူအယောက် ၂ဝ ကျော်တို့ဟာ မြင်းကိုယ်စီနဲ့ သဲကန္တာရကြီး ကိုဖြတ်ပြီး တရုတ်နိုင်ငံထဲကို ခိုးဝင်ဖို့လာခဲ့ကြပါတယ်။ သူတို့ဟာ တစ်နိုင်ငံပြီးတစ်နိုင်ငံ တောတွေ၊ တောင် တွေကို ဖြတ်ကျော်ပြီး သဲကန္တာရကြီးမှာ ခရီးနှင်လာခဲ့တာဟာ ခြောက်လကျော်လာတဲ့အခါ လမ်းခရီးမှာ ရန်သူအမျိုးမျိုးတွေကို တိုက်ခိုက်ရင်း ဖြေရှင်းလာခဲ့တာ လူအယောက် ၂ဝ ကို ဆုံးရှုံးသွားကြရတယ်။ ပြင်းထန် တဲ့ ဒဏ်ရာတွေနဲ့ သေလူအဖြစ် ကျောခိုင်းထားခဲ့ရတာတွေလည်း ရှိ တယ်။

ပါလာတဲ့ ရိက္ခာတွေလည်းကုန်၊ လူငါးယောက်လောက်ပဲ ကျန်တဲ့အချိန်မှာ စိတ်ဝမ်းကွဲစကားတွေ ပြောလာတယ်။ တချို့က နောက်ကြောင်းပြန်တော့မယ်ဆိုတဲ့ စကားတွေပြောတယ်။

ကျန်တဲ့ လူကိုစုပြီး မီးဖိုအနားယူနေ ချိန်၊ ထူးဆန်းတဲ့ သတ္တဝါကြီးက ဝင်ရောက်တိုက်ခိုက်လို့ ဝီလျံနဲ့ တိုဗာတို့ နှစ်ယောက်က သတ္တိရှိရှိ ပြန်တိုက် ခိုက်ရာမှာ သူတို့ရဲ့ ဓားချက်ကြောင့် သတ္တဝါကြီးရဲ့ လက်တစ်ဖက် ပြတ် ကျန်ရစ်ပြီး ထွက်ပြေးသွားပါတယ်။ အဲဒီသတ္တဝါကြီးရဲ့ လက်တစ်ဖက် သက်သေအဖြစ် ယူဆောင်ခဲ့ပြီး အနက်ရောင် ယမ်းမှုန့်သိုလှောင်ထားရှိရာ မဟာတံတိုင်းကြီးဆီကို ခရီး ဆက်ခဲ့ကြပါတယ်။ တဖြည်းဖြည်းလာခဲ့ကြရင်း ဝီလျံနဲ့တိုဗာနှစ် ယောက်တည်း ကျန်တဲ့အချိန်မှာ တံတိုင်းကြီးပေါ်က တရုတ်စစ်သည် တော်များရဲ့ ဖမ်းဆီးခြင်းကို ခံလိုက်ရ ပါတယ်။

သူတို့နှစ်ယောက်ကို မသတ်သေးဘဲ အချုပ်ခန်းထဲထည့်ထားတဲ့အချိန်မှာ လွန်ခဲ့တဲ့ အနှစ် ၂ဝ လောက်ကတည်းက သူတို့အရင်စောပြီး အဖမ်းခံထားရတဲ့ အနောက် နိုင်ငံသား 'ဘားလော့ဒ်'နဲ့ တွေ့တဲ့အခါ စကားပြောဖြစ်ကြတော့ သူတို့အားလုံး အနက်ရောင်ယမ်းမှုန့်ကို သယ်ဆောင်ဖို့လာခဲ့ကြတဲ့ ရည်ရွယ်ချက်တွေ တူညီနေတယ်။ အမည်းရောင် ယမ်းမှုန့်တွေထားတဲ့နေရာကို 'ဘားလော့ဒ်'က သိထားပေမယ့် ဒီ နေရာက လွတ်အောင်ထွက်ပြေးနိုင် ဖို့ မလွယ်ကူတဲ့အတွက် အခုလို အနှစ် ၂ဝ လောက်ကြာနေခဲ့တာလို့ ပြောပါတယ်။

ဝီလျံနဲ့ တိုဗာတို့နှစ်ယောက် တိုက်ခိုက်လို့ လက်ပြတ်ကျန်ခဲ့တဲ့ သတ္တဝါကြီးရဲ့ အမည်က 'တောက် တေး' လို့ ခေါ်တယ်ဆိုတာကို အချုပ်ခန်းထဲကို ရောက်မှ သိခွင့်ရကြပါ တယ်။ အဲဒီသတ္တဝါကြီးက မသေဘဲ ပြန်သွားပြီး သူ့အဖော်တွေကို စုဆောင်းကာ ရာပေါင်းများစွာသော တောက်တေးအုပ်ကြီးနဲ့ ချီတက်တိုက် ခိုက်တာကို မဟာတံတိုင်း တရုတ်စစ်သည်တော်တွေ မရှုမလှခံကြရပါ တယ်။ အဲဒီမှာ ဝီလျံနဲ့တိုဗာတို့ နှစ်ယောက်က အချုပ်ခန်းထဲကထွက်ပြီး သူတို့တတ်ကျွမ်းတဲ့ မြားအတတ်နဲ့ ကူပြီးတိုက်ခိုက်ပေးလို့ သူတို့ကို ယုံကြည်မှုရပြီး မသတ်ဘဲ အသက်ချမ်း သာပေးလိုက်ကြပါတယ်။ သူတို့နှစ် ယောက်ရဲ့ အပြန်ခရီးဟာ သာယာပေမယ့် သူတို့လိုချင်တဲ့ အမည်းရောင် ယမ်းမှုန့်တွေတော့ ရမသွားကြပါဘူး။

 

ဝင်းကိုမောင်

ဝင်းကိုမောင်
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.