16-11-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
မြန်မာ-အိန္ဒိယချစ်ကြည်ရေး လမ်းမကြီးဖြစ်သည့် ကလေးဝ-တမူးလမ်းပိုင်းရှိ တံတား ၆၉ စင်းကို အိန္ဒိယနိုင်ငံမှ အမေရိကန်ဒေါ်လာ သန်း ၆ဝ အကုန်အကျခံတည်ဆောက်ပေးမည်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1037
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
စာပေနှင့် အနုပညာ
ယုံကြည်ချက်နှင့် သံယောဇဉ်

ဒီဇာတ်ကားက ၂ဝ၁၇ ခုနှစ်၊ ဇူလိုင်လဆန်းပိုင်းလောက်ကမှ ထွက်ရှိပြီး အိန္ဒိယနဲ့ တခြားနိုင်ငံတွေမှာ ရုံတင်ပြသနေဆဲ အိန္ဒိယရုပ်ရှင်ဇာတ်ကားသစ် တစ်ကားဖြစ်ပါတယ်။

ဟိုတုန်းက တရုတ်နယ်စပ်နဲ့နီးတဲ့ အိန္ဒိယပိုင်နယ်နိမိတ်ထဲက 'ဂျာဂတ်' ဆိုတဲ့ မြို့ကလေးမှာ လူတွေဖြစ်ကြ ပျက်ကြရတဲ့ အကြောင်းလေးပါ။

အစိမ်းရောင်သန်းတဲ့တောင်ကြောကြီးတွေကြားက အရမ်းသေးငယ်ပြီး အရမ်းလှပတဲ့ ဂျာဂတ်မြို့လေးမှာ အဖေ အမေ မရှိတော့တဲ့ နောက်ပိုင်း ဦးလေးဖြစ်သူက တာဝန်ယူထိန်းကျောင်း ကျွေးမွေးပြုစုထားခဲ့ရတဲ့ 'လက်ရှ်မန်း ဆင်းဒစ်ရှ်'နဲ့ 'ဘာရတ်' ဆိုတဲ့ အလွန်ချစ်ကြတဲ့ ညီအစ်ကိုနှစ်ယောက်ရဲ့ ဝမ်းနည်းဝမ်းသာ ကြေကွဲစရာအကြောင်းလေးကို ရိုက်ကူးထားတာဖြစ်ပါ တယ်။

ဒါရိုက်တာ Kabir Khan ရဲ့ လက်ရာဖြစ်ပြီး၊ အဓိကဇာတ်ကောင်ဖြစ်တဲ့ 'လက်ရှ်မန်းဆင်းဒစ်ရှ်' နေရာမှာ Salaman Khan က သရုပ်ဆောင်ထားပါတယ်။

ဒီဇာတ်ကားမှာ ဧည့်သည် သရုပ်ဆောင်အဖြစ်နဲ့ မင်းသား Shah Rukh က ပါဝင်အားဖြည့်ထားသလို တရုတ်မင်းသမီး Zhu Zhu ကလည်း ပါဝင်အားဖြည့်ထားတဲ့အတွက် တစ်မျိုးတော့ ထူးခြားနေပါတယ်။

တကယ်တော့ ဒီဇာတ်ကားဟာ သူတို့အိန္ဒိယရဲ့ တကယ့်မူပိုင် ဇာတ်လမ်းမဟုတ်ဘဲ ၂ဝ၁၅ ခုနှစ်မှာ အမေရိကန်နိုင်ငံ ဟောလိဝုဒ်က ထွက်ရှိခဲ့တဲ့ Little Boy ဆိုတဲ့ ဇာတ်ကားကို ပြန်လည်ရိုက်ထားတာဖြစ်နေပါတယ်။

ဟောလိဝုဒ်က ရိုက်ကူးတဲ့ အင်္ဂလိပ်ဇာတ်ကားမှာ ဆယ်နှစ်အရွယ်သားငယ်နဲ့ စစ်တိုက်ထွက်သွားရတဲ့ ဖခင်ကို ဇာတ်ကောင်တွေအဖြစ် အဓိက ယူထားပါတယ်။

အခု အိန္ဒိယကပြန်ရိုက်တဲ့ ဇာတ်ကားမှာတော့ ဥာဏ်မမီသူရိုးအတဲ့ အစ်ကိုနဲ့ စစ်တိုက်ထွက်သွားရတဲ့ ညီဖြစ်သူတို့အကြောင်း ဇာတ်ကောင် တည်ထားပါတယ်။

ရုပ်ရှင်ကို အိန္ဒိယနဲ့ တရုတ်နယ်နိမိတ်အကြားမှာရှိတဲ့ တောင်ကြောကြီးတွေရဲ့ အစိမ်းရောင်သန်းနေတဲ့ကြားက မြို့ကလေးမှာ ကလေးငယ်တစ်ယောက်ရဲ့ နောက်ခံစကားပြော စာတမ်းနဲ့ စတင်ပါတယ်။

အချိန်ကာလက နှစ်ပေါင်း ၄ဝဝ နီးပါး ကျွန်ဖြစ်လာခဲ့ရတဲ့ အိန္ဒိယပြည်ကို အင်္ဂလိပ်လက် အောက်ကနေ ရုန်းထွက်ပြီး လွတ်လပ်ရေးရဖို့ ကြိုးစားနေရတဲ့ အချိန်ကာလဖြစ်ပါတယ်။

တောင်ကြောတွေကြားမှာ အရမ်းသေးငယ်ပေမယ့် အလွန်လှပတဲ့ ဒီ 'ဂျာဂတ်' ဆိုတဲ့ တောမြို့လေးကို ခရစ်ယာန်သာသနာပြု ဖာသာ'ပက်ထရစ်' ဆိုသူက လာရောက်သာသနာပြုနေလို့ မြို့လေးတစ်မြို့လုံးနီးပါး အိန္ဒိယလူမျိုးတွေ ခရစ်ယာန်တွေဖြစ်ကုန်ကြပါတယ်။ ဒီဖာသာ ပက်ထရစ်ဟာ အင်္ဂလန်က လာခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် အင်္ဂလန်ရဲ့ ဘယ်နေရာမှာနေတယ် ဆိုတာကိုတော့ မပြောပါဘူး။

အဲဒီ ဂျာဂတ်မြို့ကလေးမှာ ထွန်းညှိတဲ့ မီးချောင်းတွေဟာ လျှပ်စစ်ဓာတ်အား မလုံလောက်တဲ့ နေရာဖြစ်တဲ့အတွက်ကြောင့် ခလုတ်ဖွင့် လိုက်ပေမယ့် ချက်ချင်းလင်းမလာဘဲ အချိန်ခဏကြာအောင် စောင့်ရပါ တယ်။

ဒီမြို့လေးမှာ အဖေရော အမေပါ ရှေ့ဆင့်နောက်ဆင့် သေဆုံးသွားလို့ ဦးလေးဖြစ်သူက တာဝန်ယူစောင့် ရှောက်ကျွေးမွေးထားရတဲ့ ညီအစ်ကို နှစ်ယောက်ရှိကြတယ်။ အစ်ကိုဖြစ်သူ နာမည်က 'လက်ရှ်မန်းဆင်းဒစ်ရှ်' ညီ ဖြစ်သူနာမည်က 'ဘာရတ်'။ ညီအစ် ကိုနှစ်ယောက်ဟာ စားစားသွားသွား ဘယ်နေရာဖြစ်ဖြစ်၊ အတူမခွဲတမ်း အရမ်းချစ်ကြတယ်။ အစ်ကိုဖြစ်သူ 'လက်ရှ်မန်းဆင်းဒစ်ရှ်'က Óဏ်ရည် မမှီသူ။ သူတစ်ပါးတို့ရဲ့ ဆုံးဖြတ်ချက်နောက်ကိုပဲ လိုက်နေရတယ်။ သူများ ဒီအရာမကောင်းဘူးဆိုရင် သူလည်း မကောင်းဘူးလုပ်လိုက်။ ကောင်းတယ်လို့ သူများကပြောရင်လည်း သူများပြောတဲ့အတိုင်း ကောင်းတယ် ပဲ။

သူတို့မြို့ကလေးကို ဂန္ဓီကြီးလည်း မကြာခဏရောက်လာလေ့ရှိတယ်။ အဟောအပြောကောင်းတဲ့ ဂန္ဓီဟာ လူတိုင်းရဲ့ ရင်ထဲမှာ အမြဲရှိ နေကြတယ်။

''သစ္စာတရားရဲ့ စွမ်းအင်ဟာ ဘာလဲ၊ အမြဲတမ်း မှတ်ထားကြ အဲဒါဟာ နှလုံးသားထဲမှာရှိတယ်'' ဆိုတဲ့ စကားကို အဲဒီနေ့ကစပြီး တစ်မြို့လုံးက လူတွေဟာ ဂန္ဓီရဲ့ စကားကို ဘဝ လမ်းညွှန်အဖြစ် သတ်မှတ်လိုက်ကြတယ်။

ဒီလိုနဲ့ နောက်ကာလအတန် ကြာတော့ အိန္ဒိယဟာ လွတ်လပ်ရေးရခဲ့ပြီး ပါကစ္စတန်နဲ့ နှစ်ပိုင်းကွဲသွားတယ်။ မြို့ကလေးမှာ သာသနာပြုနေခဲ့တဲ့ ဖာသာ 'ပက်ထရစ်'လည်း အင်္ဂလန်ကို ပြန်သွားတယ်။ ဂန္ဓီကြီးလည်း လုပ်ကြံခံရပြီး သေဆုံးခဲ့ရတယ်။ ဒီလိုနဲ့ အိန္ဒိယလူမျိုးတို့ရဲ့ လောကကြီးဟာ အရမ်းပြောင်းလဲသွားတယ်။ လက်ရှ်မန်းတို့ ညီအစ်ကို နှစ်ယောက်ကတော့ မခွဲအတူ ချစ်နေ ကြလျက်ပါပဲ။

မရှေးမနှောင်းကာလမှာပဲ  လက်ရှ်မန်းတို့ လူလားမြောက် အရွယ်ရောက်လာ တဲ့အချိန်မှာ အိန္ဒိယဟာ အိမ်နီးချင်း တရုတ်နဲ့ စစ်ဖြစ်ရ ပြန်ပါတယ်။ ဒီအချိန်မှာ အရွယ် ရောက်သူတိုင်း အိန္ဒိယ စစ်တပ်ထဲ ဝင်ပြီး စစ်တိုက်ပေးဖို့ အမိန့်ထုတ် ထားပါတယ်။

ညီဖြစ်သူ စစ်ထဲဝင်ပြီး စစ်တိုက်ထွက်သွားရတဲ့နေ့ကစပြီး 'လက်ရှ် မန်း' တစ်ယောက် မပျော်တော့ပါဘူး။ တရုတ်နဲ့ စစ်တိုက်ရတယ်ဆိုလို့ သူ့မျက်စိထဲမှာ တရုတ်မြင်သမျှ ရန် သူထင်နေပါတယ်။ သူဟာ မပျော်တော့ဘဲ စက်ဘီးတစ်စီးနဲ့ လျှောက်သွားနေချိန် သူတို့မြို့ကလေးကို နယူး ဒေလီက မျက်လှည့်ဆရာ (ရှရွတ်ခန်း) ရောက်လာပါတယ်။

အဲဒီမှာ ပရိသတ်ထဲကနေ မျက်လှည့်ဆရာ (ရှရွတ်ခန်း)က လက်ရှ်မန်းကို စင်ပေါ်ခေါ်ယူပြီး၊ စားပွဲပေါ်က ပုလင်းကို အမြင်အာရုံနဲ့ လက်နှစ်ဖက်ရှေ့ထုတ်ပြီး ဆွဲယူရွေ့လျား လာအောင် လုပ်ပြစေပါတယ်။ တစ် မြို့လုံးက လူတွေ စင်အောက်ကနေ ဝိုင်းလှောင်နေချိန်မှာ လက်ရှ်မန်းဟာ ကြောက်ကြောက်နဲ့ မျက်လှည့်ဆရာ ပြောတဲ့အတိုင်း အာရုံနဲ့ ဆွဲယူပြလိုက် နိုင်ပါတယ်။

သူလျှောက်သွားနေရင်း မြို့အစွန်းတောင်ကြောတစ်နေရာမှာ တရုတ်သားအမိ နှစ်ယောက်နေတဲ့ အိမ်ကိုတွေ့တော့ ရန်သူပဲဆိုပြီး အိမ်ကို မီးနဲ့ရှို့ဖို့လုပ်မိတယ်။ နောက်တော့ တရုတ်လူမျိုး သားအမိနှစ်ယောက်နဲ့ ခင်မင်သွားကြတယ်။ တရုတ်အမျိုး သမီးလေးက ပြောတယ်။ သူ့အဖေနဲ့ သူယောက်ျားလည်း ဒီစစ်ပွဲကြောင့် အဖမ်းခံထားရတယ်။ သူ့ယောက်ျားရော၊ သူရော အိန္ဒိယမြေပေါ်မှာ မွေး ဖွားခဲ့တယ်လို့ ပြောပြပါတယ်။ တကယ်တော့ အိန္ဒိယဆိုတာလည်း မရှိသလို တရုတ်ဆိုတာလည်း မရှိ ဘူးလို့ ပြောပြပါတယ်။ လူဆိုတာပဲရှိ တယ်ပေါ့လေ။

လက်ရှ်မန်းဟာ အလှောင်အပြောင်ခံရင်းနဲ့ အစ်ကိုတစ်ယောက်ရဲ့ စိတ်အာရုံမပြောင်းဘဲ ငါ့ညီ မသေရ ဘူးကွဆိုတဲ့ အစွဲအလမ်းဟာ မှန်ကန်သလိုဖြစ်သွားပြီး တစ်နေ့မှာ ဒဏ်ရာ တွေနဲ့ ညီဖြစ်သူ ဘာရတ်ကို အသက်ရှင်လျက်ပြန်ရှာတွေ့ခဲ့ရပါတယ်။

 

ဝင်းကိုမောင်

ဝင်းကိုမောင်
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.