21-9-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
မန္တလေးတိုင်းဒေသကြီးတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ သန်း ၇ဝဝ ကျော်ရှိ
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1029
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
စာပေနှင့် အနုပညာ
Weekly Book Reviwe

ကောက်သစ်ပေါ်ဦး

ဒဂုန်တာရာ

ကျွန်တော်က ခေတ်တစ်ခေတ်ကို ထူထောင်သူမဟုတ်။ ကျွန်တော်က နိုင်ငံရေးသမားမဟုတ်။ ကြိုးဆက်သည့်အလုပ်လောက်တော့ လုပ်ချင်သည်။ အတိတ်ကြိုးဆက်နှင့် ပစ္စုပ္ပန်ကြိုးဆက်။ အတိတ်မှ ပစ္စုပ္ပန်သို့ရောက်၍ ပစ္စုပ္ပန်မှ အနာဂတ်သို့ ရောက်မည်။ သည်ကြိုးမှာ တစ်ဆက်တည်း ဖြစ်သည်။ ဆက်ထုံး မရှိရ။ အတိတ်ကောင်းမှ ပစ္စုပ္ပန်ကောင်းမည်။ ပစ္စုပ္ပန်ကောင်းမှ အနာဂတ် ကောင်းမည်။ ပဒိုင်းပင် မျိုးစေ့ကြဲပြီး ပန်းခူးချိန်တွင် နှင်းဆီပန်းခူးချင်၍ ရမည်မဟုတ်ပေ။ မျိုးဆက်ဆိုသည် မှာ မျိုးစေ့။ ငှက်ကလေး တစ်ကောင် က အပွင့်ကိုချီ၍ တောတောင် မြစ် ချောင်း ကျော်ကာ ကြဲချ၍ မျိုးစေ့ ပွားသွားခြင်း မဟုတ်လား။

ပျိုးခင်းကိုဝင် ဆောင်ပါးထဲက ကောက်နုတ်ချက်ဖြစ်ပါတယ်။ ဆရာကြီးက သူရေးတဲ့စာတွေဟာ မျိုးဆက်သစ်လူငယ်တွေ ဖတ်စေချင်လို့ ဓမ္မဓိဋ္ဌာန်အားဖြင့် ရည်မှန်းပြီး ရေးခဲ့တယ်၊ မျိုးဆက်ကွာဟမှုကို ဆက်ပေးချင်လို့ ဖြစ်တယ်လို့ နိဒါန်းချီရေးသားရင်း အတိတ်ပစ္စုပ္ပန်အနာဂတ် ဆက်စပ်မှုတွေအကြောင်း၊ အတိတ်လူငယ်၊ ပစ္စုပ္ပန်လူငယ်နဲ့ အနာဂတ်လူငယ် ဆက်နွှယ်မှုတွေအကြောင်း တွေးပြ ထားတာ ဖြစ်ပါတယ်။

ကြိုးဆက်သူဟာ အတိတ်ကြိုးနဲ့ ပစ္စုပ္ပန်ကြိုးစတို့ရဲ့ အင်အားနဲ့ အမျိုးအစားတို့ကို လေ့လာ စစ်ဆေးရမယ်။ သံမဏိကြိုးနဲ့ အပ်ချည်စကို ဆက်ပေးလို့ ရမှာမဟုတ်သလို ခိုင်မှာလည်း မဟုတ်။ ကြိုးဆက်သူဟာ တောက်ပတဲ့အတိတ်ကို ဖော်ရတယ်။ အတိတ် သံမဏိကြိုးကို ရှာရတယ်လို့ ဆရာကြီးက ဆိုထားပါတယ်။

အတိတ်သံမဏိ ကြိုးဆက်နဲ့  ပစ္စုပ္ပန်သံမဏိကြိုးစတို့ကိုသာ ဆက် ပေးချင်တဲ့ ဆရာကြီး ဒဂုန်တာရာက လူငယ်တွေ အတိတ်ကိုသိဖို့အတွက် အတိတ်အကြောင်း ပြန်ပြောရာမှာ အနော်ရထာမင်းစောခေတ်၊ ဝံသာနုခေတ်တို့လို သူမမီတဲ့ခေတ်ကို မပြောဘဲ သူမီတဲ့၊ သူ့လူငယ်ဘဝ တွေ့ကြုံခဲ့ရတဲ့ ကိုလိုနီဆန့်ကျင်ရေးလှုပ်ရှားမှုခေတ်၊ ဒီမိုကရေစီ လူထုလှုပ်ရှားမှု ခေတ်တို့ကိုသာ ပြောတယ်။ လူကြီးဖြစ်တဲ့သူဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅ဝ ကျော် သူလူငယ်ဘဝ တွေ့ကြုံခဲ့တဲ့ အတွေ့အကြုံတွေကိုသာ လူငယ်တွေကို ပြန်လည်ဝေငှတယ်၊ လူငယ်လူငယ်ချင်းမှ စာနာနိုင်မှာ ဖြစ်တာကြောင့် သူ့လူငယ်ဘဝကိုပဲ ပြန်ပြောတယ်လို့ ဆိုပါတယ်။

မနေ့ကဆိုတဲ့ အတိတ်သမိုင်းမျိုး မျိုးစေ့။ ယနေ့ပစ္စုပ္ပန်မျိုးဆက်။ မနက်ဖြန်ဆိုတဲ့ အနာဂတ်မျိုးစေ့တွေ အကြောင်း ဆက်စပ်တင်ပြသွားတာပါ။ မျိုးစေ့မှန်ရမယ်၊ ကောင်းရမယ်။ ဒါပေမယ့် မျိုးဆက်ထဲမှာ အဖြုန်းကလေးတွေ၊ စုန်းပြူးကလေးတွေတော့ ကြားညှပ်ပါတတ်သေးတာကို သတိပြုမှဖြစ်မယ်။ ပျိုးထောင်မှု ပေါင်း သင်မှုကောင်းမှ မျိုးဆက်ကောင်း မယ်၊ အသီးအပွင့်လှမယ်လို့ ဆိုထားပါတယ်။

မိုးခေါ်လို့ဆင်း ဆောင်းပါးမှာတော့ မျိုးဆက်ဆိုတာဘာလဲ၊ မျိုး ဆက်အစဉ်အလာဆိုတာ ဘာလဲဆိုတာကို ရှင်းလင်းတင်ပြထားပါတယ်။ မျိုးဆက်နဲ့ မျိုးဆက်အစဉ်အလာ ဆိုရာမှာလည်း လူပုဂ္ဂိုလ်တစ်ယောက်၊ ဆွေမျိုးတစ်စုရဲ့ အစဉ်အလာကို ဆိုလိုခြင်းမဟုတ်ဘဲ အများပြည်သူနဲ့ သက်ဆိုင်တဲ့ ကောင်းမြတ်တဲ့ အစဉ်အလာကို ဆိုလိုခြင်းဖြစ်တယ်လို့ ဖွင့်ဆိုထားပါတယ်။ ဒီကနေ့ ကမ္ဘာ့အဆင့်ကို ရောက်ရှိနေတဲ့ လူ့ယဉ်ကျေးမှု၊ လူ့ တိုးတက်မှုတွေဟာ ခေတ်အသီးသီး တစ်လျှောက် မျိုးဆက် အဆက် အဆက်တို့ ဆင့်ပွားဖန်တီးခဲ့တဲ့ ရလဒ်လို့ဆိုထားပြီး ခေတ်တိုင်း ခေတ်တိုင်းမှာ မျိုးဆက်ကောင်း ရှိသလို မကောင်းတဲ့ မျိုးဆက်လည်း ဒွန်တွဲ တည်ရှိနိုင်တာကြောင့် မျိုး ဆက်ကောင်း၊ အစဉ်အလာကောင်းတွေကိုသာ ဆက်ခံကြရမယ်လို့ သုံးသပ်တင်ပြထားပါတယ်။

မျိုးဆက်သစ် လူငယ်၊ မျိုးဆက် သစ်လူငယ်လို့ ပြောနေရေးနေကြတဲ့ နေရာမှာ မကောင်းတဲ့မျိုးဆက်ကို ဆက်ခံမယ့်လူငယ်ကို ဆိုလိုခြင်းမဟုတ်၊ ကောင်းတဲ့မျိုးဆက်ကို ဆက်ခံမယ့်လူငယ်ကိုသာ ဆိုလိုခြင်းဖြစ်ပြီး မကောင်းတဲ့ လူငယ်ကို မျိုးဆက်သစ်လို့ သဘောထားဖို့မလို၊ လူပင်ငယ်ပေမယ့် အသစ်မဟုတ် အဟောင်းဖြစ်တာကြောင့် အကောင်းကိုပယ်ရမယ်။ အနာဂတ်အတွက် ပျိုးခင်းထဲမှာ မျိုးဆက်သစ်တွေကိုသာ ပြုစု ပျိုးထောင်ရမယ်၊ ပျိုးခင်းဟာ မျိုးဆက်သစ်တွေအတွက်ပဲ ဖြစ်ရမယ်လို့ ဆိုထားပါတယ်။

ကောက်ရိတ်ချိန် ဆောင်းပါးကတော့ မျိုးဆက်ကွာဟခြင်း ပြဿနာ အကြောင်းသုံးသပ်တင်ပြထားတာပါ။ အထူးသဖြင့် မျိုးဆက်ကွာဟနေပြီလို့ ပြောနေတဲ့ လူကြီးတွေအပေါ် ဆရာကြီး ဒဂုန်တာရာက လူငယ်တွေဘက်ကရပ်ပြီး မျိုးဆက်ကွာဟခြင်းဆိုတဲ့ သဘောသဘာဝကို ရှင်းလင်းတင်ပြထားတဲ့ ဆောင်းပါးလို့ ဆိုနိုင်ပါတယ်။

'ခုခေတ်လူငယ်တွေကြည့်လိုက်ရင် ဒီလိုပဲဟေ့'၊ 'တို့ခေတ်နဲ့များ ကွာပါ့ကွာ၊ ညံ့လိုက်တဲ့ကောင်တွေ' စတဲ့ သူ့ရှုထောင့်နဲ့သူ၊ သူ့ခံစားမှုနဲ့သူ လူငယ်တွေအပေါ် ပြောနေကြတဲ့ လူကြီးတွေနဲ့ အောက်လိုက်တာ၊ ခေတ်မမီလိုက်တာလို့ လူကြီးတွေအပေါ် မြင်နေတဲ့ လူငယ်တွေ ဖတ်သင့်တဲ့ ဆောင်းပါးဖြစ်ပါတယ်။

လူကြီးလူငယ် ပြဿနာပေါ်လာရခြင်းဟာ နှစ်ဖက် နားလည်မှုမရှိကြလို့ဖြစ်ပြီး နှစ်ဖက်နားလည်မှု ရအောင် ဖြတ်သန်းခဲ့တဲ့ သမိုင်းတွေ ကို လေ့လာရမယ်လို့ ဆိုထားပါ တယ်။ သမိုင်းကြောင်းအရ လူငယ်တွေ ကြီးပြင်းလာတယ်၊ သမိုင်းကို နားလည်မှ မျိုးဆက်အချင်းချင်းနားလည်မယ်၊ ဒီကနေ့ လူကြီးဖြစ်နေသူတွေ လူငယ်ဘဝက ဖြတ်သန်းခဲ့တဲ့သမိုင်းကြောင်းနဲ့ ဒီကနေ့လူငယ်တွေ ဖြတ်သန်းနေတဲ့သမိုင်းကြောင်း မတူဘူးဆိုတာကို နားလည်ရမယ်၊ သတိရှိရမယ်လို့ ဆိုပါတယ်။ မျိုးဆက်ကွာဟ ခြင်းကို ဆက်စပ်ဖို့အတွက် လူငယ်တွေကို ဝေဖန်ပြစ်တင်မှု မလုပ်ဘဲ လူငယ်တွေ ပညာဗဟုသုတအင်အား ကောင်းလာအောင် လုပ်ဆောင်ပေးရမယ်၊ လူငယ်တွေရဲ့ သဘာဝကို နားလည်အောင် ကြိုးစားရမယ်၊ ဒါဆိုရင် မျိုးဆက်ကွာဟမှုဆိုတာ မရှိတော့ဘဲ ကောက်ရိတ်သိမ်းချိန်ရောက်လာမယ်လို့ ဆိုထားပါတယ်။

ဒီစာအုပ်မှာ လူငယ်နဲ့ မျိုးဆက်သစ်ဆိုင်ရာ အတွေးအမြင်၊ စာပေ အနုပညာဆိုင်ရာအတွေးအမြင် ဆောင်းပါး ၁၇ ပုဒ်ပါဝင်ပါတယ်။ မျိုးဆက်သစ် လူငယ်တွေအတွက် ရည်ရွယ်လုပ်ဆောင်နေတာပါလို့ ဆိုသူ ယနေ့လူလတ်ပိုင်း လူကြီးပိုင်းတွေ ဖတ်ရမယ့် စာတစ်အုပ်ဖြစ်ပါတယ်။

'ကျွန်တော်တို့ စိုက်ပျိုးခဲ့သော မျိုးစေ့တို့သည် ချက်ချင်းထ၍ သီးကြ ပွင့်ကြသည်မဟုတ်။ နှစ်ပေါင်းများစွာ သမိုင်းခေတ်များစွာ မျိုးဆက်များစွာ ကို ဖြတ်သန်းကြပြီးသောအခါမှ သီး ကြပွင့်ကြသည်ကို ကျွန်တော် ခံစားမိ ပေသည်'လို့ ဆရာကြီးဒဂုန်တာရာက အမှာစာမှာ ရေးသားခဲ့ပါတယ်။

ဇွန်ပွင့်စာအုပ်တိုက်ကနေ ဒုတိယအကြိမ်အဖြစ် တန်ဖိုး ၂ဝဝဝ ကျပ်နဲ့ ဖြန်ချိလိုက်ပါပြီ။

 

မည်းမှောင်သော တိမ်တိုက်တိုင်းမှာ

ငွေရောင်အနားကွပ်ရှိသည်

ခင်စောတင့်

       ဘဝရဲ့စမ်းသပ်ချက်တွေက

      သင့်ကို ပြိုကွဲစေဖို့ မဟုတ်ပါဘူး

      လူသစ်စိတ်သစ်

      ပြောင်းလဲစေဖို့ဖြစ်တယ်။

      Norman Vincent Peale

ကမ္ဘာမှာ ထင်ရှားကျော်ကြားသူ နိုင်ငံတကာက လူပုဂ္ဂိုလ်တွေ၊ ပညာရှင်တွေရဲ့ မှတ်သားစရာ၊ ဘဝ ခွန်အားဆိုင်ရာ အဆိုအမိန့်တွေကို စုစည်းပြီး ဆရာမကြီး ခင်စောတင့် ဘာသာပြန်ဆိုထားတဲ့  စာအုပ်ဖြစ်ပါ တယ်။

အထက်မှာ နမူနာထုတ်နုတ် တင်ပြထားတဲ့ အဆိုအမိန့်ကလေးကို ကြည့်ရင် ဘဝမှာ လောကဓံရဲ့ ထိုးနှက်ချက်တွေ၊ ဆုံးရှုံးမှုဒဏ်ရာ ဒဏ်ချက်တွေ ခံစားနေရသူတွေအတွက် ခွန်အားဖြစ်စေမယ့် အလင်းရောင်တစ်စ ရစေမယ့် စကားတစ်ခွန်းဖြစ် တယ်ဆိုတာကို တွေ့ရမှာပါ။

       'လူတွေကိုသာ

      ဝေဖန်ပိုင်းခြားနေမယ်ဆိုရင်

      သူတို့ကို ချစ်ခင်ဖို့

      အချိန်ရှိမှာ မဟုတ်ပါဘူး' ဆိုတဲ့ Mother Teres ရဲ့ အဆိုအမိန့်ကတော့ လူအချင်းချင်း အပြစ်မြင်မနေဘဲ ချစ်ခင်နေကြဖို့၊ ကမ္ဘာမှာ လူအချင်းချင်း အပြစ်မြင်မနေဘဲ ချစ်ခင်နေကြဖို့၊ ကမ္ဘာမှာ မေတ္တာတရားတွေ ထွန်းကားဖို့၊ စာဖတ်သူ သင့်ရင်ထဲမှာ ချစ်ခြင်းမေတ္တာတွေ အမြဲတမ်း ဖူးပွင့်မွှေးမြနေဖို့ မိတ်ဆွေကောင်း ဆရာသမားကောင်း တစ်ယောက်လို သတိပေးနေမှာ ဖြစ်ပါတယ်။

ဒီစာအုပ်ထဲမှာပါတဲ့ အဆိုအမိန့်တွေ၊ အတွေးအမြင်စကားစုလေးတွေဟာ ဘဝအောင်မြင်မှုအတွက် ရည်မှန်းချက်တွေ ချမှတ်ရာမှာ တွေဝေနေသူတွေ၊ ဘယ်လမ်းကိုရွေးမလဲလို့ ဒွိဟ ဖြစ်နေသူတွေ အတွက်၊ တွေ့ကြုံရတဲ့ ဘဝရဲ့သင်ခန်းစာ ဆိုးတွေကြောင့် ကိုယ့်ကိုယ်ကိုယ် အပါအဝင် ပတ်ဝန်းကျင်ကို မကောင်းမြင် စိတ်တွေသာ ကြီးထွားနေသူတွေအတွက်၊ ဘဝရဲ့ အဆိုးသံသရာထဲက ရုန်းမထွက်နိုင် လို့ စိတ်ဓာတ်ကျနေသူတွေအတွက် ခွန်အားဖြစ်စေမယ့်၊ အလင်းရောင်ကို တွေ့ရှိစေမယ့် စာစုလေးတွေ ဖြစ်တယ်ဆိုတာကို တွေ့ရမှာပါ။ အထူးသဖြင့် ကြုံတွေ့နေရတဲ့ အဆိုး လောကဓံတစ်ခုခုအတွက် အားတက်စရာ အဆိုအမိန့်တွေ ဖြစ်ပါတယ်။

မည်ကဲ့သို့သော လောကဓံဖြစ်စေ ဖြေစရာတစ်ခု၊ ပြေလည်စရာတစ်ခု၊ အကောင်းတစ်ခုရှိရမည်သာ ဖြစ်ပါသည်။ မည်သို့သော စိတ်မချမ်း မြေ့စရာနှင့် ကြုံတွေ့နေကြပါစေ၊ ယခုစာအုပ်လေးကို ဖတ်ကြည့်လျှင် အားတက်စရာ၊ လိုက်နာကျင့်သုံးစရာများကို တွေ့ရပါလိမ့်မည်။ စာဖတ်သူများအတွက် မည်ကဲ့သို့ အချိန်မှာပင်ဖတ်ဖတ် အသုံးဝင်တန်ဖိုးရှိမှာ ဖြစ် ပါသည်'' လို့ ဘာသာပြန်ဆိုသူ ဆရာ မကြီး ခင်စောတင့်က အမှာစကား ဆိုထားပါတယ်။

အဆိုအမိန့် တစ်ရာကျော်ပါဝင် ပြီး မျိုးဆက်သစ်စာပေကနေ တန်ဖိုး ၂ဝဝဝ ကျပ်နဲ့ ဖြန့်ချိလိုက်ပါပြီ။

ကိုဝိုင်း
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.