16-11-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
မြန်မာ-အိန္ဒိယချစ်ကြည်ရေး လမ်းမကြီးဖြစ်သည့် ကလေးဝ-တမူးလမ်းပိုင်းရှိ တံတား ၆၉ စင်းကို အိန္ဒိယနိုင်ငံမှ အမေရိကန်ဒေါ်လာ သန်း ၆ဝ အကုန်အကျခံတည်ဆောက်ပေးမည်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1037
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
စာပေနှင့် အနုပညာ
ဘုရားသခင်ရှေ့မှောက်မှ ဖြောင့်ချက်

ဒီဇာတ်ကားက ၂ဝ၁၆၊ မတ် ၁၈ ရက်က ထွက်ရှိခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားပါ။ ရိုးရိုးရှင်းရှင်းလေးနဲ့ မိသားစုတစ်စုအကြောင်း ရိုက်ကူးတင်ပြထားပါတယ်။ ထူးခြားချက်တစ်ခုကတော့ အက်ရှက်ဇာတ်ကားတွေဖြစ်တဲ့ အထိုးအကြိတ် အသတ်အဖြတ်နဲ့ လျှို့ဝှက်သည်းဖိုတွေ ရိုက်ကူးလေ့ရှိ၊ သရုပ်ဆောင်လေ့ရှိတဲ့ မင်းသား 'ကလစ်ဗ်အိုဝင်' (Clive Owen) ဟာ ဒီဇာတ်ကားမှာ အလွန်နူးညံ့ရိုးသားတဲ့ လက်မှုပညာရှင် ဖခင်ကောင်းတစ်ဦးအဖြစ် သရုပ်ဆောင်ထားခြင်းပါပဲ။ မိသားစုလေးယောက်ကို မူတည်ထားတဲ့ဇာတ်ပါ။

'ဝေါ့တ်' ဆိုတဲ့ ယောက်ျားကို အရက်တွေ အလွန်အကျွံသောက်လို့ဆိုတဲ့  စွတ်စွဲချက်နဲ့ တရားဝင်ကွာရှင်းပြီး ဇနီးဖြစ်သူ 'ဘွန်နီ'က ရိုးသားပြီး ငွေကြေးရှာ ဖွေတတ်သူ 'ကားလ်' ဆိုတဲ့ သူနဲ့ လက်ထပ်လိုက်တယ်။ ဆယ်နှစ်ဆယ့်တစ်နှစ် အရွယ် ချစ်စရာကောင်းပြီး လိမ္မာတဲ့သားလေး 'အန်တိုနီ'ကိုတော့ မိခင်ဖြစ်သူ ဘွန်နီက တရားဝင်ပြုစုပျိုးထောင်ခွင့်နဲ့ ရယူထားလိုက်တယ်။ အဲဒီတော့ 'ဝေါ့တ်'က အခြားတစ်နေရာမှာ တစ်ယောက်တည်း အိမ်ငှားနေပြီး လက်သမား အလုပ်လုပ်ကာရတဲ့ငွေနဲ့ အရက်သောက်ပြီး သူ့ဘဝကို  သူပျော်အောင်နေတယ်။ သားလေးနဲ့တွေ့ချင်၊ အတူနေချင်တဲ့အခါ ဇနီးဟောင်း 'ဘွန်နီ' ရဲ့ ခွင့်ပြုချက်နဲ့ တစ်ပတ်တစ်ခါ ကျောင်းပိတ်ရက်မျိုးမှာ သွားခေါ်ပြီး အတူနေ ခွင့်ရတယ်။

ဒီဇာတ်ကားကို ဒါရိုက်တာ Bob Nelson က ရိုက်ကူးခဲ့တာဖြစ်ပြီး ၁ နာရီနဲ့ ၄၁ မိနစ်ကြာမြင့်ပါတယ်။ မင်းသား Clive Owen ရယ်၊ မင်းသမီး Maria Bello ရယ်တို့က အဓိက ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ ရုပ်ရှင်ကို ဘုရားကျောင်းထဲက 'ဖာသာ' ရဲ့ ရှေ့မှာ ဆယ့်တစ်နှစ်အရွယ် ကောင်လေး 'အန်တိုနီ' တစ်ယောက်ဟာ ဖြူစင်သန့်ရှင်းတဲ့ ကလေးတစ်ယောက်ဖြစ်သလို အပြင်လောကရဲ့ လူတွေပြုမူလုပ်ရှားကြတာကိုလည်း မသိတတ်သေးတော့ ဘုန်းတော်ကြီးဖာသာရဲ့ လူတစ်ယောက်အတွက် မှားနိုင်တဲ့အရာတွေကို မေးခွန်းကို လျှောက်မေးသမျှ အန်တိုနီက ဘာမှမသိ။ သူဘာမှမလုပ်ခဲ့တာမို့ ဘာကို ဝန်ခံရမှန်းမသိ၊ မိခင်က သားဖြစ်သူ အကျင့်ရအောင် ဘုရားကျောင်းကို စတင်တက်ခိုင်းလို့သာလိုက်လာရတာ။ နောက်ဆုံး ဘုန်းတော်ကြီးက တစ်ခုခုတော့ စဉ်းစားကြည့်ကွာဆိုတာနဲ့ အဆုံးသတ်လိုက်ရပုံမျိုး ရုပ်ရှင်ကို စတင်ပါတယ်။

ဘုရားကျောင်းရဲ့ အပြင်ဘက်လမ်းပေါ်မှာ မိခင်ဖြစ်သူ 'ဘွန်နီ'က ယောက်ျားဟောင်း 'ဝေါ့တ်' နဲ့ ရပ်ပြီးစကားပြောနေကြပါတယ်။ သူမက သူ့လက်ရှိ ယောက်ျား 'ကားလ်' နဲ့ တစ်နေရာကို နှစ်ပတ်လောက် ခရီးသွားမှာမို့ သားဖြစ်သူကို 'ဝေါ့တ်' လက်ထဲထားခဲ့မှာဖြစ်ပါတယ်။ အဖေအရင်းဆိုပေမယ့် စိတ်မချလို့  ဒီအတောအတွင်း အရက်မသောက်ဖို့ ကတိတောင်းခံနေပါတယ်။ ဟိုကလည်း သားဖြစ်သူ ဒုက္ခမဖြစ်စေလိုသလို လက်ရှိလည်း အရက်သိပ်မ သောက်ဖြစ်တော့တာကြောင့် ကတိပေးစရာမလိုတဲ့အကြောင်းပြောပြီး ဘုရားကျောင်းထဲက ထွက်လာတဲ့ သားကို ခေါ်ကာပြန်လာခဲ့ပါတယ်။

လမ်းမှာကားခဏရပ်ပြီး အရက်ဆိုင်ထဲဝင် အရက်ဝယ်သောက်တယ်။ သားကို ကားပေါ်က အောက်မဆင်းဖို့မှာခဲ့တာ။ သားက စတိုးဆိုင်ထဲသွားပြီး မုန့်ဝယ်စား၊ အဖေမသိအောင်ကားပေါ်ပြန်နေ။ သူအလုပ်လုပ်နေတဲ့ ကားပေါ်က လက်သမား သေတ္တာလူခိုးခံလိုက်ရတယ်။ သားရောအဖေပါ မသိသေးဘူး။ ငှားနေတဲ့ အိမ်ကိုရောက်တော့ အိမ်က တံခါးပိတ်ပြီး စာကပ်ထားတာတွေ့ လိုက်ရတယ်။

အဲဒီအတွက် ဝေါ့တ်ဟာ သားဖြစ်ကို မတင်ပေးပြီး ပြတင်းပေါက်က ဝင်ခိုင်းတယ်။ သူ့အဝတ်အထည် တချို့ရယ်၊ သူစုထားတဲ့ ဘူးနဲ့ထည့်ထားတဲ့ အကြွေတချို့ရယ်၊ ပြီးတော့ အရက်ပုလင်းပါ ယူခိုင်းရာ သားဖြစ်သူ အန်တိုနီက အရက်ပုလင်းပြားကို တစ်နေရာရွှေ့ဖွက်လိုက်ပြီး မတွေ့ဘူးလို့ လိမ်ပြောလိုက်တယ်။ လမ်းမှာကားရပ်ပြီး သူဆောက်ခဲ့တဲ့ အိမ်သစ်တစ်အိမ်ကို သားကို ပြချင်ဇောနဲ့ ခြံထဲဝင်မိတာ ခြံထဲက အိမ်ပိုင်ရှင်အမျိုးသမီးကြီးက သူ့ကိုမမှတ်မိဘဲ ခွေးနဲ့ရှူးတိုက်လွှတ်ပြီး ရဲကိုအကြောင်းကြားလို့ သားအဖနှစ်ယောက်ရဲကို လိမ်ခဲ့ရသေးတယ်။

သားဖြစ်သူက အဖေ ဒါဆို ဘယ်မှာသွားနေမှာလဲဆိုတော့ ခရီးထွက်သွားတဲ့ သားအမေတို့ ပြန်မလာခင်အထိ မင်းအမေအိမ်မှာ ခဏနေရမှာပေါ့ဆိုပြီး နေကြတုန်း အလုပ်အပ်မယ့်သူက ဖုန်းဆက်လို့ ကားပေါ်က လက်သမားသေတ္တာကို ခုမှသတိရတော့ သေတ္တာက မရှိတော့ဘူး။

သူတို့ သားအဖနဲ့ မိတ်ဆွေ အရင်းအချာဖြစ်တဲ့ လက်သမား အဘိုးကြီး 'အော်တို' ဆီသွားပြီး လက်သမား ပစ္စည်းသွားငှား။ အဘိုးကြီးက လွန်ခဲ့တဲ့ ဆယ်နှစ်လောက်ကတည်းက သူ့လက်သမားပစ္စည်းတွေ ရောင်းပစ်လိုက်ပြီ။ ဒါပေမယ့် အဘိုးကြီးက တစ်ခုညွှန်လိုက်တယ်။ သူညွှန်လိုက်တာကတော့ အဲဒီအခိုးခံရတဲ့ လက်သမား သေတ္တာပြန်ရဖို့ 'ဗန်'ဆိုတဲ့ လူဆီကိုသွားပါ။ သူဟာ အခုလူကောင်းဖြစ်နေပေမယ့် အရင်တုန်းက ဒီလိုမျိုးခိုးတဲ့ အလုပ်လုပ်ခဲ့တဲ့ သူဖြစ်လို့ ဒီနယ်တစ်ဝိုက် အဲဒီလို လူတွေကို သူအကုန်သိတယ်ဆိုပြီး ညွှန်လိုက်လို့ရောက်တော့ 'ဗန်'က 'ဒရိတ်' ဆိုတဲ့ ရဲဆီကို ညွှန်ပြန်တယ်။ ရဲဆီရောက်တော့ ရဲက အကူအညီတော့ပေးပါတယ်။ ဒါပေမယ့် သူစာရင်း အရလိုက်တဲ့ လူတွေက အင်ဂျင်နီ ယာတို့၊ ဆရာဝန်တို့ဖြစ်နေတယ်။ ကံကောင်းလို့ သေနတ်နဲ့ ပစ်သတ်မ ခံရတယ်။

ဒီလိုနဲ့ အိမ်ပြန်ရောက်တော့ သားဖြစ်သူ 'အန်တိုနီ'က အရက်ပုလင်းတွေ ဝှက်ထားတာကြောင့် အရက်မသောက်ရတော့ သားကိုငဲ့ပြီး အရက်ဖြတ်ဖို့ စိတ်ကူးလိုက်တယ်။ ကယောင်ကတမ်းတွေဖြစ်၊ ချွေးစေးချွေးပေါက်တွေကျပြီး နောက်တော့ လဲကျအိပ်ပျော်သွားတယ်။ အဲဒီကစ နောက်နေ့တွေမှာ 'ဝေါ့တ်' အရက်မ သောက်ဖြစ်တော့ပါဘူး။

နောက်သားအဖနှစ်ယောက် အတူနေရင်းက 'ဝေါ့တ်' ဟာ အိမ်ဟာ သူနဲ့မဆိုင်တော့တဲ့  အိမ်ဖြစ်ပေမယ့် သူ့မျက်စိထဲမှာ မြင်နေရတဲ့ အပျက်အစီးတွေကို ပြင်ပေးချင်စိတ် ပေါ်လာတယ်။ ဒါကြောင့် သားအဖနှစ်ယောက် မီးဖိုချောင် တံခါးအပါအဝင်  ပျက်နေတာတွေ လိုက်ပြင်လိုက်တော့ အိမ်ဟာ လှပတဲ့ အိမ်တစ်လုံး ပြန်ဖြစ်သွားတယ်။ ပြီးတော့ 'ဗန်' ဆီ ပြန်သွားပြီး ထိုးမယ်ကြိတ်မယ် လုပ် ကာ ခြိမ်းခြောက်လိုက်တော့ ဗန်က 'ရော်ဂျာ' ယူပြီး ပေါင်လိုက်ကြောင်း ပြောလို့ 'ရော်ဂျာ' ဆီလာပြန်တော့ ပေါင်လို့ရတဲ့ ဒေါ်လာ ၂ဝဝ သုံးမိလို့ကုန်ပြီ။ လိပ်စာပေးခဲ့ပါ ပြန်ဆပ်ပါမယ်ဆိုတော့ ဝေါ့တ်ကထားလိုက်တော့ဆိုပြီး သားကို လက်ဆွဲကာ ပြန်ထွက်လာကာ အဲဒီအပေါင်ဆိုင်သွားရှင်းပြ။ ဆိုင်ရှင်က လက်မခံ အတိုက်အခံပြောနေတုန်း သားဖြစ်သူက လက်သမားသေတ္တာကြီးမယူပြီး ကား ရှိရာ ထွက်ပြေးတော့ အဖေကိုဝိုင်း  ပြီး ထိုးကြကြိတ်ကြလို့ ပြန်ထားခဲ့ရ တယ်။

ခရီးထွက်သွားတဲ့ အမေနဲ့ ပထွေးပြန်ရောက်လာတယ်။ သားက မိခင်ဆီက ဒေါ်လာသုံးရာတောင်းပြီး သူ့အဖေဝေါ့တ်ရဲ့ လက်သမားသေတ္တာကို ပြန်ရွေးဖို့လုပ်တယ်။ အဲဒီမှာ သူတို့သားအဖ အဲဒီဆိုင်ပြန်သွား လို့ မဖြစ်နိုင်တော့ ဗန်ရဲ့သား 'အယ်လန်' ကို အကူအညီတောင်းတော့ 'အယ်လန်' က ပိုက်ဆံမကုန်စေဘဲ ရအောင် ပြန်ယူပေးတယ်။

ဒီတစ်ခါတော့ ဘုရားကျောင်းထဲက ဘုန်းတော်ကြီး ဖာသာဆိုသူထံမှာ ကောင်လေး 'အန်တိုနီ' တစ်ယောက် အပြစ်တွေ ဝန်ခံနေပါပြီ။ သူဟာ ဒီအတောအတွင်း အမေနဲ့အဖေကို လိမ်ညာခဲ့တယ်ဆိုတာရယ်၊ လမ်းပေါ်က ရဲမေကို လိမ်ညာခဲ့တယ်ဆို တာရယ်၊ အဖေရဲ့ အရက်ပုလင်းကို ဝှက်ထားခဲ့မိတယ်ဆိုတာရယ် အပြစ် တွေအားလုံး ဝန်ခံစရာတွေ့သွားပါတယ်။ ဒီလိုနဲ့ ဝေါ့တ်ဟာ သားဖြစ်သူကို သူ့အမေအိမ်ရှေ့ပြန်ပို့ပြီး သားအဖေနှစ်ယောက် မခွဲချင်ခွဲချင်နဲ့ခွဲပြီး သားကိုထားခဲ့ရကာ ကားမောင်းထွက်လာရင်း နောက်ဆန် တင်းနေပုံမျိုးနဲ့ ရုပ်ရှင်ကို အဆုံး သတ်ထားပါတယ်။

ဒီဇာတ်ကားက တစ်ချိန်က နာမည်ကြီးခဲ့တဲ့ ကမ္ဘာကျော် အီတလီ ရုပ်ရှင်ဇာတ်ကားဖြစ်တဲ့ 'စက်ဘီးသူခိုး' ဆိုတဲ့ကားကို ပြန်မှီးပြီး ရိုက် ကူးထားတာဖြစ်ပါတယ်။ 'စက်ဘီး သူခိုး' ကို မကြည့်ဖူးတဲ့ ပရိသတ်တွေ အတွက်တော့ ဒီဇာတ်ကားဟာ အရမ်းကောင်းတဲ့ ဇာတ်ကားတစ်ကား ဖြစ်ပါလိမ့်မယ်။ စက်ဘီးသူခိုးကို ကြည့်ဖူးတဲ့ ပရိသတ်အတွက်တော့ အနည်းငယ် ပေါ့ပျက်ပျက်နိုင်သလို ခံစားရပါလိမ့်မယ်။

ဒါပေမယ့် သူတို့ကတော့ အီတလီရုပ်ရှင်ရဲ့ ကမ္ဘာကျော်ဇာတ်ကား 'စက်ဘီးသူခိုး' ကို မှီးပါတယ်လို့ ဝန် ခံချက်ပေးထားတာ မတွေ့ရပါဘူး။

 

ဝင်းကိုမောင်

ဝင်းကိုမောင်
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.