7-12-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
မြန်မာ-အိန္ဒိယချစ်ကြည်ရေး လမ်းမကြီးဖြစ်သည့် ကလေးဝ-တမူးလမ်းပိုင်းရှိ တံတား ၆၉ စင်းကို အိန္ဒိယနိုင်ငံမှ အမေရိကန်ဒေါ်လာ သန်း ၆ဝ အကုန်အကျခံတည်ဆောက်ပေးမည်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1040
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
စာပေနှင့် အနုပညာ
လူလိမ်တစ်ယောက်ရဲ့ အချိုးအကွေ့

အမေရိကန်နိုင်ငံမှာ တစ်ဦးတည်းသော သားလေးနဲ့အတူ နေထိုင်ဖြတ်သန်းကြတဲ့ မိသားစု သုံးယောက်ရဲ့ စုပေါင်းတဲ့ စရိုက်လက္ခဏာတွေကနေ နောက်ဆုံးတစ်ဦးတည်းသော သားလေးဆီ စုပေါင်းစီးဆင်းသွားပြီး အဲဒီအလွန် ရုပ်ရည်ချောမောပြီး ချစ်စရာကောင်းတဲ့ သားလေးဟာ နောက်ဆုံး အမေရိကန် နိုင်ငံရဲ့သမိုင်းမှာ အသက်အငယ်ဆုံးနဲ့ အရဲရင့်ဆုံး လူလိမ်တစ်ယောက်အဖြစ် သတ်မှတ်ခြင်းခံလိုက်ရတဲ့အထိဖြစ်သွားပါတယ်။ အဲဒီလိုသတ်မှတ်ခြင်းခံ လိုက်ရတာကလည်း ဂုဏ်ပြုခြင်းတစ်မျိုးလိုဖြစ်သွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီလူလိမ်လူငယ်လေးဟာ သူ့ဘဝရဲ့နောက်ပိုင်း အချိန်တွေကို နိုင်ငံအတွက်  အသုံးချသွားလို့ပါပဲ။

ဒီဇာတ်ကားဟာ တကယ့်အဖြစ်အပျက်ကို ရိုက်ကူးတင်ပြထားတာပါ။ အမေရိကန်နိုင်ငံသား 'ဖရန့်ဝီလျံအက်ဘနေး' ဆိုတဲ့ တကယ်ရှိတဲ့ လူ ငယ်တစ်ယောက်အကြောင်းပါ။ ဒါကို နာမည်ကျော် ဒါရိုက်တာကြီး 'စတီဗင်စပီးလ်ဘတ်' က အဓိက ဇာတ်ကောင်နှစ်ယောက်အဖြစ် 'လီယိုနာဒို' နဲ့ 'တွန်ဟန့်ခ်'တို့ကို သရုပ်ဆောင်ခိုင်းပြီး ရိုက်ကူးခဲ့တာဖြစ်ပါတယ်။ အမေရိ ကန်ဒေါ်လာ  ၅၂ သန်းသာ ကုန်ကျပြီး သန်းပေါင်း ၄ဝဝ နီးပါး ပြန်ရတဲ့အထိ ဝင်ငွေကောင်းခဲ့တဲ့ နာမည်ကျော် ရုပ်ရှင်ဇာတ်ကား လည်း ဖြစ်ပါတယ်။

ဇာတ်လမ်းကို ၁၉၆၄ ခုနှစ်ကနေ ၁၉၆၇ ခုနှစ်အတွင်း အမေရိကန်နိုင်ငံမှာဖြစ်ခဲ့တဲ့ အဖြစ်အပျက်တစ်ခုဆိုပြီး ဦးတည်ထားပါတယ်။

ဖရန့်ဝီလျံအက်ဘနေး (စီနီယာ)ဆိုတဲ့ပုဂ္ဂိုလ်ဟာ ပြင်ဆင်စစ်မြေပြင်မှာ တာဝန်ထမ်းဆောင် ရင်း ပြင်သစ်သူအမျိုးသမီး 'ပေါ်လာအက်ဘနေး' နဲ့ ချစ်ကြိုက်ပြီး အိမ်ထောင်ကျခဲ့ကာ တစ်ဦးတည်းသော သားလေး 'ဖရန့် ဝီလျံအက်ဘနေး (ဂျူနီယာ) ကို မွေးဖွားခဲ့ကြပါတယ်။

 ဒီလိုနဲ့ သားလေး 'ဖရန့်' ဆယ့်ခြောက်နှစ်အရွယ်ရောက်လာတယ်။ အဖေရော အမေရော သားလေးဖရန့်ကို သူငယ်ချင်းလို သဘောထားပြီး ဆက်ဆံကြတယ်။ သားဖြစ်သူကလည်း လိမ္မာပါတယ်။ ဖခင်ဖြစ်သူဟာ သွားလေရာ နေရာအတော်များများကို သားဖြစ်သူကို သူငယ်ချင်းအဖြစ် ခေါ်သွားတတ်တယ်။ မျက်နှာထား ရွှင်ရွှင်နဲ့ လူတွေကို အတည်ပေါက်လှည့်စားပြီး စတိုးဆိုင်က ပစ္စည်းတို့ငွေကြေးတို့ကို အလွယ်နည်းနဲ့ လိမ်လည်လှည့်စားတတ်တယ်။ ဒါကို သားဖြစ်သူက မြင်ပါများတော့တတ်လာတယ်။

သူ့သားဖရန့်ကို မကြာခဏပြောလေ့ရှိတဲ့စကားက 'နို့ပုံးထဲကို ကျသွားတဲ့ ကြွက်နှစ်ကောင်မှာ တစ်ကောင်က ကြောက်လန့်ပြီး နို့ရည်ထဲမှာ နစ်သေသွားတယ်။ ကျန်တဲ့ တစ်ကောင်ကတော့ ကြံစည်အားထုတ်ကူးခပ်ရင်း နို့တွေဟာထောပတ်အဖြစ် ပြောင်းသွားပြီး အသက်ရှင်ကျန်ခဲ့တယ်။ အဲဒီတော့ မှတ်ထား၊ ငါတို့သားအဖတွေဟာ ဒုတိယမြောက်ကြွက်တစ်ကောင်ပဲဖြစ်ရမယ်'' လို့ ပြောတဲ့စကားကိုလည်း သားဖြစ်သူကသဘောကျတဲ့ မျက်နှာလေးနဲ့ မော့ကြည့်ပြီးမှတ်သားလေ့ရှိ တယ်။

သားဖြစ်သူ 'ဖရန့်' ရဲ့  ကံကြမ္မာ စတင်ပြောင်းလဲစေတဲ့နေ့ကတော့ သူတို့လင်မယား ကွာရှင်းတဲ့နေ့ပဲဖြစ်ပါတယ်။  အဲဒီနောက် အဖေနဲ့နေမလား၊ အမေနဲ့နေမလားဆိုတဲ့ မေးခွန်းတွေကြားကနေ စိတ်ထွက်ပေါက်ရှာ ထွက်ပြေးရင်းနဲ့ လူလိမ်အယောင် ဆောင်သမားရဲ့ ဘဝကို စတင်ခဲ့ရပါတော့တယ်။

လေယာဉ်ကွင်းမှာရှိတဲ့ ကားအငှားဌာနတွေဟာ တာဝန်ချိန်ပြီးကြတဲ့အခါမှာ တစ်နေ့တာ ရရှိခဲ့တဲ့ ငွေကြေးတွေနဲ့ လက်ခံဖြတ်ပိုင်းတွေကို ကုမ္ပဏီက သတ်မှတ်ပေးထားတဲ့ အိတ်တွေနဲ့ ထည့်ပြီး သတ်မှတ်ထားတဲ့ အံဝှက်သေတ္တာလို ပုံးကြီးထဲကို  လာထည့်ကြရတယ်။ အမှတ်မထင် ဒါကိုမြင်ပြီးချက်ချင်းအတွေးတစ်ခုရသွားတဲ့ 'ဖရန့်'ဟာ လုံခြုံရေး ဝတ်စုံအတုကိုဝတ်ပြီး အဲဒီအပေါက်နားမှာ သွားရပ်နေလိုက်တယ်။ ပြီးတော့ စာတစ်ခုကို အမြန်ရေးလိုက်တယ်။ ''စက်ပျက်နေပါသဖြင့် ငွေအိတ်တွေကို သက်ဆိုင်ရာ လုံခြုံရေးဆီမှာ အပ်နှံခဲ့ပါ''လို့ ရေပြီး စာရွက်ခေါက်ကို ပုံး ကြီးပေါ်မှာ ထောင်ထားလိုက်တယ်။

တာဝန်နဲ့ ငွေထုပ်ကိုသယ်လာတဲ့ လူတွေက ရုတ်တရက်စာကို တွေ့တော့ ဘာမှမစဉ်းစားမိဘဲ သူ့အနားကို ချပြီးထွက်သွားကြတယ်။ အဲဒီနေ့ကစပြီးစစချင်း 'ဖရန့်'တစ်ယောက် ငွေတွေ အများကြီးရသွားတယ်။

 နောက်တစ်ခါ ဟိုတယ်တစ်ခုကနေ လေကြောင်းပို့ဆောင်ရေး ကုမ္ပဏီ တစ်ခုဆီကို လှမ်းပြီး ဖုန်းဆက်တယ်။ သူဟာ လေယာဉ်ပိုင်းလော့ တစ်ယောက်ဖြစ်ပါတယ်။ ဟိုတယ်မှာ အဝတ်လျှော်ဖို့ လုပ်တုန်းမှာ ဝတ်စုံပျောက်သွားလို့ ဝတ်စုံ(ယူနီဖောင်း) တစ်စုံအရေးပေါ်အမြန်ပို့ပေးပါဆိုပြီး လှမ်းတောင်းကာ အဲဒီဝတ်စုံအတုနဲ့ ပြည်ထောင်စု လေကြောင်းပို့ဆောင်ရေးကွပ်ကဲမှု ဦးစီးဌာနက ထုတ်ပေးထားတဲ့ ပိုင်းလော့မှတ်ပုံတင်ကတ်ပြားကို အတုလုပ်ပြီး လေယာဉ်ကို အခမဲ့ စီးလို့ရအောင် လုပ်တယ်။

 ပြီးတော့ ဒီကတ်ကိုပြလိုက်ရင် ဘယ်နေရာသွားသွား လေယာဉ်အခမဲ့စီးရသလို ရောက်တဲ့ အရပ်က ဟိုတယ်တိုင်းမှာလည်း အခမဲ့တည်းခိုခွင့်၊ အခမဲ့စားသောက်ခွင့်တွေရပါတယ်။ ပြီးတော့ ချက်လက်မှတ်အတုနဲ့လစာကို ပုံမှန်ထုတ်ယူပါတယ်။ အဲဒီလို့နဲ့ ဖရန့်ဟာ အသက် ၁၆ နှစ် ကနေ ၁၈ နှစ်မပြည့်ခင်အတွင်းလေးမှာပဲ ပျံသန်းမှုအကြိမ်ရေပေါင်း ၂၅ဝ နဲ့ နိုင်ငံပေါင်း ၂၆ နိုင်ငံကို ရောက်ရှိ ခဲ့ပါတယ်။ အဲဒီခရီးအကွာအဝေးအကြိမ်ရေကို မိုင်နဲ့တွက်ရင် မိုင်ပေါင်းနှစ်သန်းကျော်ဖြစ်ပါတယ်။

အဲဒီကနေ ချက်လက်မှတ်အတုတွေ လုပ်တတ်သွားပြီး အမေရိကန်ပြည်နယ် ၅ဝ နဲ့ အခြားနိုင်ငံပေါင်း ၂၁ နိုင်ငံမှာ ဒေါ်လာငွေပေါင်း ၄ သန်းကျော်ကို ချက်လက်မှတ်အတုတွေနဲ့ ထုတ်ယူခဲ့ပါတယ်။ နောက် ဂျော်ဂျီယာပြည်နယ်က ဆေးရုံတစ်ရုံမှာ အလုပ်သင်ဌာနမှူး ဆရာဝန်ဆို ပြီး အယောင်ဆောင်လုပ်ကိုင်စား သောက်နိုင်ခဲ့သလို၊ လူဝီဇီယန်နာ ပြည်နယ်မှာ လက်ထောက်ပြည်နယ် ရှေ့နေအဖြစ်လည်း အယောင်ဆောင်ပြီး အမှုတွေလိုက်ကာ နေထိုင်စား သောက်နိုင်ခဲ့ပြန်ပါတယ်။

အဲဒီမှာ ဆရာဝန်အဖြစ် အယောင်ဆောင်ရင်းနဲ့ 'ဘရင်ဒါ' ဆိုတဲ့ အမျိုးသမီးလေးနဲ့ အမှန်တကယ် ချစ်မိသွားပြီး စေ့စပ်ကြောင်းလမ်းတဲ့ပွဲလုပ်တဲ့နေ့မှာ သူ့ကိုမသင်္ကာလို့ ခြေရာခံလိုက်နေတဲ့ FBI စုံထောက် တစ်ယောက်ဖြစ်တဲ့ 'ကားလ်' (မင်း သားကြီး တွမ်ဟန့်ခ်) ရဲ့ အန္တရာယ်ကို ရိပ်မိပြီးထွက်ပြေးပေမယ့် ပြင်သစ်နိုင်ငံမှာ ငွေစက္ကူအတုလုပ်တဲ့ စက်လို အမျိုးအစားဖြစ်တဲ့ ချက်လက်မှတ်အတုလုပ်တဲ့ စက်ကြီးနဲ့အတူ ဖမ်းမိသွားပြီး ထောင်ဒဏ် ၁၂ နှစ်ကျသွား ပါတယ်။

ဖရန့်ထောင်ကျနေတဲ့ နေရာကို ဝေးလံတဲ့ နေရာကနေ FBI စုံထောက်ကြီး 'ကားလ်' ဟာ ထောင်ဝင်စာ မကြာခဏလာတွေ့ရပါတယ်။ လာရခြင်းက အကြောင်းနှစ်မျိုးပါ။ တစ်ခုက ဖရန့်ဆိုတဲ့ လူငယ်လေးအပေါ် သံယောဇဉ်တွယ်မိလို့။ နောက်တစ်ခုကတော့ သူတို့အဖွဲ့ရဲ့ ဥာဏ်ရည်ဗဟုသုတတွေနဲ့ မဖြေရှင်းနိုင်တဲ့ ပြဿနာချက်လက်မှတ်အတု တွေကို ယူလာပြီး ဖရန့်ကို ပြရတာပါ။ အဲဒီမှာ ဖရန့်က ဒီချက်လက်မှတ်က ဘယ်လိုမျိုး အတုလုပ်ထားတာဖြစ်တယ်။ ဒါဟာ ဘယ်သူတွေရဲ့ လက်ချက်ဖြစ်နိုင်တယ်ဆိုတဲ့ အဖြေမျိုးတွေကို ထောင်ထဲကနေရှင်းပြရင်း အကူအညီပေးရပါတယ်။

 ကားလ်ဟာ ပြဿနာကြုံတိုင်း ဒီလောက်ဝေးလွန်းတဲ့ ထောင်ထဲကို မကြာခဏ လာရလွန်းတော့ မတတ် နိုင်ဖြစ်ပြီး မိမိတို့ FBI အဖွဲ့အစည်းကို တင်ပြတယ်။ တရားခံဖရန့်ဆိုတဲ့ လူငယ်ရဲ့ ကျန်သေးတဲ့ ပြစ်ဒဏ်ကို FBI အဖွဲ့ချုပ်ရဲ့ ဌာနချုပ်ကြီးအတွင်းက အချုပ်ခန်းမှာပဲ ထားရှိနိုင်ဖို့ တရားဥပဒေရဲ့ ဘောင်ထဲကနေ သူတို့တောင်းဆိုယူတဲ့အခါ ထောင်အကြီးအကဲတွေက ခွင့်ပြုလိုက်ကြရတယ်။ နောက်တော့ တဖြည်းဖြည်းလျှော့ရက်တွေနဲ့ သတ်မှတ်ချိန်စောပြီး ဖရန့်ဟာ လွတ်လာခဲ့ပါတယ်။

 ဒါပေမယ့် လွတ်မြောက်သွားတဲ့ ဖရန့်ကို အခြားကိုမသွားစေဘဲ သူတို့ FBI ဌာနချုပ်မှာပဲ ပါဝင်ကာ တာဝန်ထမ်းဆောင်ပြီး ကားလ်နဲ့အတူ အလုပ်တွဲလုပ်ဖို့ပြောတဲ့အခါ ပထမတော့ ဒေါကန်ပြီး ငြင်းပါတယ်။ ဒါပေမယ့် နောက်တော့ သဘောတူလိုက်ပြီး အဲဒီ FBI တာဝန်ရှိပုဂ္ဂိုလ်အဖြစ် တာဝန်ထမ်းဆောင်ပေးလိုက်ပါတော့တယ်။ ဖရန့်ရဲ့ ကောင်းကျိုးကြောင့် ချက်အတုတွေရဲ့ သဘော သဘာဝတွေကို သိရှိရပြီး ဘဏ်တွေမှာ အတုမလုပ်နိုင်အောင် ချက်လက်မှတ်တွေကို ဘယ်လိုပုံနှိပ်မယ်ဆိုတဲ့ သဘောတရားတွေ သင်ပေးနိုင်ခဲ့ပါတယ်။ ကမ္ဘာ့အကြီးမားဆုံး ငွေစက္ကူ အတုလုပ်သူနဲ့ ချက်အတုလုပ်သူတွေကို မိအောင်ဖမ်းပေးနိုင်ခဲ့ပြီး ရုပ်ရှင်လည်းပြီးဆုံးသွားပါတယ်။

ဝင်းကိုမောင်

ဝင်းကိုမောင်
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.