27-7-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
အလုပ်အကိုင်လိုနေသည့် ရခိုင်လူငယ်များ ရွှေကျား ရက်ကန်းထည်လုပ်ငန်း အလုပ်ရုံတွင် လာရောက်လျှောက်ထားနိုင်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1021
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
စာပေနှင့် အနုပညာ
အိုင်အိုဂျီးမားမှ ပေးစာများ

 

အသက် ၇၆ နှစ်ကျော်ခဲ့ပြီဖြစ်ပေမယ့်၊ ပါးရေနားရေတွေတွန့်ပြီး ဆံပင်တွေ ဖွေးဖွေးဖြူနေပြီဖြစ်ပေမယ့် ခုခေတ်လူငယ်ဒါရိုက်တာတွေ ထက်ပိုပြီး သွက်လက်ဖျတ်လတ် နေဆဲကောင်းဘွိုင်မင်းသားကြီး 'ကလင့်အိတ်စ်ဝုဒ်' ရဲ့ ဒါရိုက်တာ လက်ရာတစ်ခုဖြစ်တဲ့ အိုင်အိုဂျီးမားမှ ပေးစာများ ဇာတ်ကားကို ခံစားရေးပြပါရစေ။

သူအဓိက ရိုက်ကူးတင်ပြချင်နေတာကတော့ အများပြည်သူတွေ သိပ် မသိသေးတဲ့ ၁၉၄၅ ခုနှစ်လောက်က သမိုင်းဖြစ်ရပ်တစ်ခုဖြစ်ပါတယ်။            အဲဒီ ၁၉၄၅ ခုနှစ်လောက်က အိုင်အိုဂျီမားမှပေးစာများအတွက် အိုင်အိုဂျီမားကျွန်းပေါ်မှာ တပ်စွဲထားတဲ့ ဂျပန်စစ်သားနှစ်သောင်းကျော်ဟာ အင်မတန် အင်အားကြီးမားလှတဲ့ အမေရိကန် မရိန်းတပ်သားတွေကို ခုခံတွန်းလှန်ရင်း အသက်ပေးသွားကြရတာကို ကလင့်အိတ်စ်ဝုဒ်က မှတ်တမ်းတင် ရိုက်ကူး ပြတာဖြစ်ပါတယ်။

စုစုပေါင်း ဒေါ်လာ သန်း ၂ဝ သာ (အဲဒီနှစ်တုန်းက) သုံးစွဲပြီး ရက် ပေါင်း ၄ဝ အတွင်း အပြီးရိုက်ပြခဲ့တာဖြစ်ပါတယ်။ သာမန်အမြင်အရဆိုရင် ဒီနေရာမျိုးကို လွယ်လွယ်နဲ့ ဒီလောက်အချိန်တိုနဲ့ ရိုက်ကူးနိုင်ဖို့ မလွယ်ကူကြောင်း အားလုံးသိကြပါတယ်။ အခုထိထိမိမိ လွယ်လွယ်ကူကူ ရိုက်ကူးပြလိုက်တာဟာ အဘိုးကြီး (ကောင်းဘွိုင်ကြီး)ရဲ့ ကျော်စောမှုကို ထပ်ဆင့်ပေး လိုက်တာပဲဖြစ်တယ်လို့ ဆိုနေကြပါတယ်။

သူ့ရဲ့ပင်ကိုစွမ်းရည်နဲ့ မဖြစ်မနေလုပ်တတ်တဲ့ စိတ်ကြောင့်လို့လည်း တချို့က ပြောဆိုကြပါတယ်။ ဇာတ်လမ်းနဲ့ကိုက်ညီမယ့် ဇာတ်ကောင်တွေကို မှန်မှန်ကန်ကန် ရွေးချယ်အသုံးချပြီး ရိုက်ကူးတင်ပြနိုင်တာဖြစ်ပါတယ်။ ဒီ ဇာတ်လမ်းရဲ့ တစ်ဝက်လောက်မှာ အဓိက ဇာတ်ကောင်ဖြစ်တဲ့ ဂျပန်ဒုတိယ ဗိုလ်ချုပ်ကြီးတာဒါမိချီ ကူရီဘာရာချီ (ဂျပန် မင်းသားကြီး ကင်ဝါတာနာဘေး) ကို ဧည့်ခံပွဲတစ်ခုမှာ ပစ္စတိုသေနတ် တစ်လက်ကို အမေရိကန် မိတ်ဆွေ တွေက လက်ဆောင်ပေးနေပုံကို ရိုက်ကူးပြခဲ့ပါတယ်။

အဲဒီအချိန်တုန်းက အမေရိကန်နဲ့ ဂျပန်တို့စစ်မဖြစ်ကြသေးတဲ့ ဒုတိယကမ္ဘာစစ်ရဲ့ ခပ်စောစောပိုင်းက ကာလတစ်ခုဖြစ်ပါတယ်။ အမေရိကန်ဂျပန်ဆိုင်ရာ သံတမန်အဖြစ်နဲ့ ရောက်နေရတဲ့ 'ကူရီဘာရာချီ'ကို ဝင့်ထည်ခမ်းနားလှတဲ့ ဧည့်ခံပွဲတစ်ခုမှာ ခင်မင်ရင်းနှီးစွာ ဆက်ဆံပြီး သေနတ်ကို လက်ဆောင်ပေးခဲ့တာဖြစ်ပါတယ်။ ဒီအခန်းကို တကယ်တမ်း အသားပေး ထားတာ မဟုတ်ပေမယ့် ဒါကတော့ ဂျပန်ဗိုလ်ချုပ်ကြီး ကူရီဘာရာချီရဲ့ အတိတ်ကိုပြန်ပြီး သတိတရ အသိဝင် ပြန်မြင်ယောင်လာစေတဲ့ အကြောင်း တစ်ခုပဲဖြစ်ပါတယ်။

 'ကလင့်အိတ်စ်ဝုဒ်' ဟာ ဂျပန် နောက်ခံဇာတ်ကားတွေ မရိုက်ခဲ့ဖူးပါဘူး။ အခုလို ဒီဇာတ်ကား ရိုက်ဖြစ်သွားတာဟာလည်း အကြောင်းရှိပါတယ်။ ဒုတိယကမ္ဘာစစ်ပြီးခါနီး ဂျပန်စစ်ရှုံးတော့ မယ်ဆိုတာသိနေတဲ့အချိန်၊ နောက်ဆုံးကျန်တဲ့ ဂျပန်တပ်တွေ တပ်စွဲထားတဲ့ အဲဒီအိုင်အိုဂျီမား ကျွန်းဟာလည်း မကြာခင်မှာ သိမ်းလိုက်ရခံတော့မယ် ဆိုတာသိနေတဲ့အချိန် ဘာကြောင့် အမေရိကန်တွေက ဒီကျွန်းကိုသိမ်းပိုက်ဖို့လနဲ့ချီပြီး စီစဉ်ခဲ့ကြသလဲဆိုတဲ့ ပဟေဠိကို 'ကလင့်အိတ်စ်ဝုဒ်'က အဖြေထုတ် ကြည့်တာဖြစ်ပါတယ်။ ဒါကြောင့် အိုင်အိုဂျီးမားကပေးစာ များဆိုတဲ့ ဇာတ်ကားပေါ်ပေါက်လာ ရတာပဲဖြစ်ပါတယ်။

ဂျပန်တွေရဲ့ အိုင်အိုဂျီမားခံစစ်ကို ခက်ခက်ခဲခဲထိုးဖောက်နိုင်အောင် အမေရိကန်တပ်တွေ ဘာကြောင့် ကြိုးပမ်းရသလဲဆိုတာကို စိတ်ဝင်စားခဲ့ပါတယ်။ အမေရိကန် စစ်ဗိုလ်ချုပ် ဟောင်းတစ်ဦးဖြစ်တဲ့ ဟော်လန်စမစ်က အိုင်အိုဂျီမားစစ်ပွဲမှာ စမတ် အကျဆုံး ဂျပန်စစ်ဗိုလ်ချုပ်ကြီး 'ကူရီ ဘာရာရှိ' ဆိုတာရှိခဲ့ဖူးတဲ့အကြောင်း ကလင့်အိတ်စ်ဝုဒ်ကို ပြောပြပါတယ်။ အဲဒီကစပြီး ဂျပန်စစ်ဗိုလ်ချုပ်ကြီး ကူရီဘာရာရှိကို စိတ်ဝင်စားသွားပြီး ရနိုင်သမျှ ဂျပန်စစ်သမိုင်းကြောင်း စာအုပ်တွေကို မြေလှန်ရှာပြီး ဖတ် မှတ်လေ့လာပါတော့တယ်။

ဒီဇာတ်ကားကိုရိုက်ဖို့ အိုင်အိုဂျီမားကျွန်းကို လေယာဉ်နဲ့ရောက်လာတဲ့ မင်းသားကြီး ဝါတာနာဘေးဟာ ကျွန်းကို လေယာဉ်ပေါ်ကနေ လှမ်းမြင်လိုက်တယ်ဆိုရင်ပဲ ရင်ထဲမှာ စိတ်ထိခိုက်လှုပ်ရှားလွန်းပြီး မျက်ရည် မဆည်နိုင်ဖြစ်ခဲ့ရတယ်လို့ ဆိုပါ တယ်။

လွန်ခဲ့သော ၆၂ နှစ်ကျော် လောက်က ဒီကျွန်းပေါ်မှာ ဂျပန်စစ် သား ၂ဝဝဝဝ ကျော်ဟာ အမေရိ ကန်တွေရဲ့ အင်အားကြီးမားလှတဲ့  အလုံးအရင်းနဲ့ ထိုးစစ်ကြာင့် သွေးမြေကျကာ သေပွဲဝင်ခဲ့ကြရတာတွေ ကို ပြန်တွေးမိပြီး ဂျပန်မင်းသားကြီး ဝါတာနာဘေးရဲ့ စိတ်ထဲမှာ ကြေကွဲ စရာခံစားချက်တွေဖြစ်ပေါ်လာခဲ့ပါ တယ်။

 ဝါတာနာဘေးဟာ အိုင်အိုဂျီမား ဂျပန်စစ်သားနှစ်သောင်းကျော်ရဲ့ အုပ်ချုပ်သူတပ်မှူးကြီး 'ကူရီဘာရာရှိ' အဖြစ် သရုပ်ဆောင်ဖို့ ရောက်လာခဲ့တာပါ။ အိုင်အိုဂျီမားကျွန်းပေါ်မှာ ရှိနေတဲ့ ဂျပန်စစ်သားနှစ်သောင်း ကျော်နဲ့ တပ်မှူးကြီးကူရီဘာရာရှိဟာ အင်အားများပြားလှတဲ့ အမေရိကန် တပ်တွေကို ခုခံဖို့ ပြင်ဆင်ရပါတယ်။

မီးတောင်ချော်မြေတွေဖြစ်တဲ့ ကျွန်းပေါ်မှာ စုစုပေါင်း ၁၈ မိုင် အရှည်ရှိတဲ့ ဥမင်လိုဏ်ခေါင်းတွေတူး ကြတယ်။ ခံကတုပ်ဝပ်ကျင်း ဂူပေါင်း ငါးထောင်လောက်နဲ့ ကွန်ကရစ် ကတုပ်ကျင်းပေါင်းများစွာကို တည် ဆောက်ကြရပါတယ်။

 ဒီဇာတ်ကားပေါ်မလာခင် အိုင်အိုဂျီမားနဲ့ပတ်သက်ပြီး လူတွေမသိကြဘူး။ အဲသလိုပဲ ဂျပန်လူငယ်တော် တော်များများလည်း မသိကြပါဘူး။ ခုခံကာကွယ်ခဲ့ရတဲ့ ဗိုလ်ချုပ်ကြီးကူရီ ဘာရာရှိဟာ ၁၉၂ဝ နဲ့ ၁၉၃ဝ ဝန်း ကျင် ဂျပန်သံအရာရှိကြီး တစ်ဦးအဖြစ် အမေရိကန်မှာ နေထိုင်ခဲ့၊ သံ အရာရှိအဖြစ် အမေရိကန် ပြည်တွင်း မှာ လှည့်လည်ရင်း သူ့ရဲ့အတွေ့အကြုံတွေကိုရော၊ ခံစားချက်တွေကိုရော စာရေးပြီး မိသားစုရှိရာနေရာကို အမြဲမပြတ်ပို့ပေးခဲ့ပါတယ်။ နောက်ခံသမိုင်းနဲ့ သူ့မိသားစုရဲ့ ဘဝကို မသိ ရပေမယ့် သူရေးသားတဲ့ စာတွေကို ကြည့်ခြင်းအားဖြင့် အရမ်းတော်တဲ့ လူကြီးလူကောင်းတစ်ယောက်ဆိုတာ သိနိုင်ပါတယ်။

ဂျပန်ဘုရင့်တပ်မတော် ရဲ့ စစ်အရာရှိကြီးတစ်ဦးဖြစ်တဲ့အ တွက်ရော၊ အိုင်အိုဂျီမားက စစ်သား နှစ်သောင်းကျော်ရဲ့ ကံကြမ္မာအတွက် အဆုံးအဖြတ်ပေးမယ့် ဒီစစ်ပွဲအ တွက် အင်အားချင်းမမျှတဲ့ ရန်သူကို ရင်ဆိုင်ရတဲ့အခါ သေခြင်းတရားကို ရဲရဲဝံ့ဝံ့ရင်ဆိုင်ကြရတဲ့ စစ်သားဘဝ ကို ဒီဇာတ်ကားမှာ အပီပြင်ဆုံး သရုပ်ဆောင်သွားနိုင်သူကတော့ ဂျပန်မင်းသားကြီး ဝါတာနာဘေးပဲ ဖြစ်ပါတယ်။

 ဝင်းကိုမောင်

ဝင်းကိုမောင်
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.