27-7-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
အလုပ်အကိုင်လိုနေသည့် ရခိုင်လူငယ်များ ရွှေကျား ရက်ကန်းထည်လုပ်ငန်း အလုပ်ရုံတွင် လာရောက်လျှောက်ထားနိုင်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1021
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
စာပေနှင့် အနုပညာ
Googbye Mr Chips (ဆရာချစ် )

ဒီတစ်ပတ်အတွင်း ဖေ့စ်ဘုတ်စာမျက်နှာမှာ အသီးသီးဆယ်တန်းအောင်ကြသူတို့ရဲ့ ချီးကျူးဂုဏ်ယူဝမ်းမြောက်ကြတဲ့ အသံတွေနဲ့အတူ ကျောင်းဖွင့်စရာသီအတွင်းမှာ ကျောင်းဆရာကောင်းတစ်ဦးရဲ့ဂုဏ်ရည်ကိုရိုက်ကူးထားတဲ့ ဂန္ထဝင်ဇာတ်ကားတစ်ကားကို ပြန်ကြည့်ဖြစ်ပါတယ်။ ကြည့်မိပြီးပြန်တော့လည်း ဒီရုပ်ရှင်ရဲ့ ပေးစွမ်းတဲ့ရသခံစားမှုကို ပြန်လည်ရေးသားတင်ပြချင်စိတ်ပေါ် လာပြန်ပါတယ်။

နာမည်ကျော် အင်္ဂလိပ်စာရေး ဆရာကြီး 'ဂျိမ်းစ်ဟယ်လ်တွန်'ရဲ့ ဝတ္ထုကိုဒါရိုက်တာ San Wood က ၁၉၃၉ ခုနှစ်က ရိုက်ကူးခဲ့သလို၊ ဒါရိုက်တာ Hetbert Rossn က ၁၉၆၉ ခုနှစ်မှာ ဒုတိယမြောက် ရုပ်ရှင်ဇာတ်ကားအဖြစ် ရိုက်ကူးခဲ့ပြီး ဒါရိုက်တာ Sluart Orme က ၂ဝဝ၂ ခုနှစ်မှာ တတိယဗားရှင်း အဖြစ်နဲ့ ရိုက်ကူးခဲ့ကြပါတယ်။

ပထမဆုံးကားက အဖြူအမည်းဖြစ်ပြီး နောက်နှစ်ကားက ဆေးရောင်စုံပါ။ အခု ၂ဝဝ၂ ခုနှစ်က ဒါရိုက်တာ Sluart Orme ရဲ့ ဇာတ်ကားကို ခံစားတင်ပြပါ့မယ်။ ခရစ်နှစ် ၁၉၂၄ ခုနှစ် ကာလတွေတုန်းက တကယ်ရှိခဲ့ဖူးတဲ့ ကျောင်းဆရာတစ်ယောက်အကြောင်းကို ရိုက်ကူးတင်ပြထားတာဖြစ်ပါတယ်။

လူတော်တော်များများ သိထားကြသလို ကျောင်းဆရာဆိုတာများသောအားဖြင့် ရိုးတယ်။ အေးတယ်။ တစ်ခါတစ်ခါမှာ နုံတယ်၊ အတယ်။ အဲသလိုမှမဟုတ်ဘဲ လူလည်တစ်ယောက်ဆိုလို့ရှိရင်တော့ ကျောင်းဆရာအစစ်လို့ သူ့ကိုခေါ်တွင်ဖို့ ခက်ခဲသွားပါလိမ့်မယ်။

သူကျောင်းဆရာအလုပ်နဲ့ အရိုးထုတ်မယ်ဆိုပြီး စိတ်ကူးဆုံးဖြတ်ထားတဲ့သူ ဘယ်နည်းနဲ့မှမဖြစ်နိုင်ဘူး။ 'သူဟာ လမ်းကြုံလို့ဖုန်တိုက်တယ်' ဆိုတဲ့ ဗမာစကားပုံလိုမလွှဲသာလို့ အရိပ်တစ်ခုကို ဝင်ခိုသူတစ်ယောက်သာ ဖြစ်လိမ့်မယ်။

 ကျောင်းဆရာဆိုတဲ့စိတ် တကယ်ရှိသူအတွက်တော့ သူ့စိတ်ကူးထဲမှာ နောက်အလုပ် အကိုင်တစ်မျိုးလုံးဝမရှိပါ။ ရှိတယ်ဆိုဦးတော့ အဲဒီအလုပ်ဟာ မပီပြင်တဲ့ အလုပ်တစ်ခုသာပါပဲဖြစ်ပါလိမ့်မယ်။ ကျောင်းဆရာစိတ် တကယ်ရှိ ပြီး တကယ်ဆုံးဖြတ်ထားတဲ့သူရဲ့ စိတ်ထဲမှာ ကျောင်းသားကို စာသင်ပေးခြင်းနဲ့သာ ကျေနပ်ကြည်နူးနေပါတယ်။

သူဟာ နေ့တိုင်းကျောင်းကိုသွားမယ်။ စာပြမယ်၊ တစ်နှစ်ကုန်တဲ့အခါ အတန်းတက် သွားပြီးနောက် အုပ်စုတစ်စု မိမိပိုင်အတန်းကိုရောက်လာမယ်။ ကျောင်းဆရာဆိုတဲ့ မိမိအတွက်တော့ ဘာမျှအပြောင်းအလဲမရှိ။ သင်ခန်းစာလည်းဒါပါပဲ။ ဒီလိုနဲ့သာ သူ့ခမျာမှာ တဖြည်းဖြည်း ကျောက်တုံးကြီးတစ်တုံး နဲ့ တူလာသလိုပါပဲ။

ဒီဇာတ်ကားထဲမှာကြည့်ရင်း အတုယူစရာ၊ အားရကျေနပ်စရာတွေ အများကြီးနဲ့ စိတ်ချမ်းသာမှုကိုရယူသွားတဲ့ လူတစ်ယောက်။ လူ့ဘဝကြီးမှာ မိမိကိုယ်မိမိ ဘာကောင်မှ မဟုတ်ဘူးဆိုပြီး သာမန်လူတစ်ယောက်အဖြစ်နဲ့ အသက်ရှစ်ဆယ်ကျော်အောင် နေထိုင်သွားတဲ့ ကျောင်းဆရာ မစ္စတာချစ်ဆိုတဲ့ ပုဂ္ဂိုလ်ကြီးကို တွေ့မြင်ကြရမှာပါ။

 ကြည့်နေရင်း ချစ်ခင်ကြည်ညို စိတ်တွေဝင်လာတယ်။ သနားစိတ်တွေ ဝင်လာတယ်။ မိမိကိုယ်မိမိ ကျော်စောထင်ရှားချင်လို့၊ ကမ္ဘာကျော်ချင်လို့ တမင်သက်သက် အပင်ပန်းခံစွန့်စား ကြတဲ့ သူတွေရဲ့ ဘဝနဲ့ တောမြို့က နယ်ကျောင်းလေးထဲမှာ ကျောင်းသားလေးတွေကို စာသင်ပေးရင်း အသက် ၆ဝ ကျော်လို့ ပင်စင်ယူလိုက်ရတာတောင်မှ ဒီကျောင်းကို သံယောဇဉ် မဖြတ်နိုင်လို့ အဲဒီစာသင်ကျောင်းအနီးမှာ အိမ်ကလေးဆောက်ပြီး အသက် ၈ဝ အထိနေသွားတဲ့ ဆရာ ချစ်ရဲ့ဘဝကို စိတ်ထဲကနေ နှိုင်းယှဉ်ကြည့်နေမိပါတယ်။

အသက်ရှည်တဲ့ ကျောင်းဆရာကြီး မစ္စတာချစ်ဟာ သူ့ရဲ့လုပ်ဖော်ကိုင်ဖက်တွေ မရှိတော့ပေမယ့်လည်း သူကရှိနေခဲ့ပါတယ်။

 ခေတ်အဆက်ဆက် နှစ်ကာလသက်တမ်းတွေအလိုက် ကျောင်းဆရာတွေ ပြောင်းလဲသွားခဲ့ကြတယ်။ သူကရှိနေဆဲ။ သူ့ရဲ့ သင်ကြားမှုတွေဟာ ခေတ်နဲ့မညီ ခေတ်နောက်ကျနေ ခဲ့ပြီဆိုတာအားလုံးက သိနေကြပါတယ်။ ဒါပေမယ့်လည်း သူ့ကို ချစ်ကြတဲ့စိတ်နဲ့ အဲဒီခေတ်နောက်ကျနေတဲ့ သင်ကြားမှုကို ကျေကျေနပ်နပ် ကြီး ခံယူကြပါတယ်။

အသက် ၆၅ နှစ်ကျော်မှ မိမိသဘောနဲ့ မိမိအငြိမ်းစားယူလိုက်ပါတယ်။ ကျောင်းကို သံယောဇဉ်မဖြတ်နိုင်လို့ ကျောင်းနဲ့မျက်နှာချင်းဆိုင်မှာအိမ်ဆောက်ပြီး ကျောင်းက ခေါင်း လောင်းသံကို နားစွင့်ကာ ပက်လက်ကုလားထိုင်ပေါ်မှာ ထိုင်ရင်းရှေး ဟောင်းနှောင်းဖြစ်တွေကို တွေးတော နေတတ်ပါတယ်။

 ကျောင်းသားတွေကိုဖိတ်ပြီး လက်ဖက်ရည်တိုက်ကာ စကားစမြည်အပျင်းပြေပြောရရှာပါ တယ်။ ပထမကမ္ဘာစစ်ကြီးဖြစ်တော့ ကျောင်းဆရာတွေ စစ်ထဲဝင်သွားကြရလို့ ကျောင်းမှာ အခက်အခဲကြုံရတော့ အုပ်ချုပ်ရေးအဖွဲ့ရဲ့ တောင်းပန်ချက်အရ မလွှဲမရှောင်သာ ကျောင်းဆရာ ကြီးအဖြစ်ကို တာဝန်ယူရပြန်တယ်။

မစ္စတာချစ်တစ်ယောက်ဟာ ကောင်းကင်မှာ ရန်သူရဲ့လေယာဉ်တွေ ဗုံးကြဲနေတဲ့ကြားထဲမှာ လုံးဝစာသင်မပျက်ဘူး။ အနီးအနားမှာ ဗုံးဆန်ကျလို့ ကျောင်းအဆောက်အအုံကြီး တုန်လှုပ်သွားတော့ ကျောင်းသားအားလုံးက ကြောက်ရွံ့နေပါတယ်။ ဒါကို မြင်တော့ ဆရာချစ်က ဒီအ ဆောက်အအုံအကြောင်းသူကောင်း ကောင်းသိခဲ့တယ်။ သူဟာ ဗုံးခိုကျင်း တစ်ခုလိုခိုင်ခန့်တယ် မကြောက်ကြ နဲ့ဆိုပြီး စာကိုပဲဆက်သင်နေပါတယ်။

 ကြောက်ရွံ့နေတဲ့ 'ရောဘတ်ဆန်' ဆိုတဲ့ ကျောင်းသားတစ်ယောက်ကို သူပြောလိုက်တဲ့ စကား ဟာ အင်မတန်မှတ်သားစရာကောင်း ပါတယ်။

''အခုဖြစ်ပျက်နေတဲ့ဟာတွေက မင်းရဲ့စိတ်ထဲမှာ လွန်ခဲ့တဲ့အနှစ်နှစ် ထောင်က ရောမစစ် ဘုရင်ကြီး ဂျူးလိယက်ဆီဇာရဲ့ စစ်ပွဲထက် ပိုအရေး ကြီးတယ်လို့ ထင်ချင်ထင်နေလိမ့်မယ်။ မဟုတ်ပါဘူးကွာ။ ကိစ္စတစ်ခုဟာ အသံကျယ်တာလောက်နဲ့ အရေးပါအရာရောက်တယ်လို့ မပြောနိုင်ပါဘူး။ ဟိုးနှစ်ပေါင်းများစွာက အရေးပါအရာရောက်ခဲ့တဲ့ အရာတွေကို သိပံ္ပဆရာ တစ်ယောက်ယောက်က တီထွင်ပေးလိုက်တဲ့ မကောင်းကျိုးပေးတဲ့ လက်နက်ကလေးတစ်ခု လောက်နဲ့ ဖျောက်ဖျက်ပစ်ချင်လို့ ဘယ်ရပါ့မလဲကွာ''တဲ့။

 ရှေးအစဉ်အလာကို အလွန်လေးစားတဲ့ ကျောင်းဆရာ သက်တော်ရှည်ကြီး မစ္စတာချစ်ဟာ အသက်ကြီးလာ လေလေလောကကြီးနဲ့ ဆန့်ကျင်ဘက်မရှိအောင်နေထိုင်လေ။ သူ့စိတ်ဆန္ဒတွေ ဟာလည်း သူ့ကို ဒုက္ခမ ပေးတော့ဘဲ နေလေလေပါပဲ။

တစ်ရက်မှာ ပြဇာတ်သွားကြည့် ရင်း 'ကလပ်ခ်' ဆိုတဲ့ အမျိုးသမီးနဲ့ ဆုံစည်းရင်း မစ္စတာချစ်ကို သနား ချစ်ချစ်သွားတယ်။ ချက်ချင်းဆိုသလို မကြာမတင် လက်ထပ်လိုက်ကြတယ်။ ဇနီးဖြစ်သူ အမျိုးသမီးက အဆိုအကအဖွဲ့က ပညာရှင်တစ်ဦး။အသွင်မတူကြပေမယ့်လည်း သူတို့ နှစ်ယောက်ရဲ့ အိမ်ထောင်ရေးဟာ အဆင်ပြေချောမွေ့ကြပါတယ်။

ဇနီးသည် 'ကလပ်ခ်'က ဖော်ရွေပြီး သူ့ယောက်ျားအင်မတန်ချစ်တဲ့ ကျောင်းကြီးပေါ်က ကျောင်းသားတွေနဲ့ ဆရာတွေကိုပါ ခင်မင်အောင်ပေါင်းပြီး နေထိုင်ပါတယ်။ ယောက်ျားဖြစ်သူ မစ္စတာချစ်ရဲ့ လိုအပ်ချက် မှန်သမျှတွေအတွက်လည်း အကူအညီအများကြီးပေးပါတယ်။ ကျောင်း ကပွဲမှာ ကျောင်းသားတွေကိုစုစည်းပြီး အဆိုအကအဖွဲ့တစ်ခုဖြစ်အောင် ပြောင်ပြောင် မြောက်မြောက်ဖွဲ့စည်း ပေးခဲ့ပါတယ်။ သူ့ရဲ့ ချစ်ဇနီးကိုယ်တိုင်ပါဝင်လုပ်ဆောင်မှုကို မစ္စတာက ကြည့်ပြီး ကျေနပ်နေပါတယ်။

အဲဒီလိုနဲ့ အချိန်ကာလတွေထဲက တစ်ရက်မှာတော့ သူ့ကိုနှုတ်ဆက်ပြီး မြို့ထဲထွက်သွားတဲ့ ဇနီးသည် 'ကလပ်ခ်' ကားတိုက်ခံရပြီး ဆုံးသွားတော့၊ မျက်ရည်လည်ကာ ဝမ်းနည်းနေပေမယ့် စာသင်တော့ မပျက်ဘူး။ တစ်ခေါင်းလုံး ဖွေးဖွေးဖြူကာ အိုမင်းရင့်ရော်ပြီး အထီးကျန်နေတဲ့ ကျောင်း ဆရာအဘိုး ကြီးအိုတစ်ယောက် ပက်လက်ကုလားထိုင်ပေါ်ကနေ ကျောင်းတက်ခေါင်း လောင်းသံကို နားစွင့်ရင်းပြုံးနေပါတော့တယ်။

သူ့ဝေဒနာ၊ သူ့ပီတိ၊ သူ့အသိ၊ သူ့အဆွေး၊ သူ့အတွေးတွေကိုအားကျရင်း သင်ကော ကျောင်းဆရာကောင်း တစ်ယောက်ဆိုတာ ဒါလားလို့ တွေးမိနေမှာ သေချာပါတယ်။                                          

ဝင်းကိုမောင်

ဝင်းကိုမောင်
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.