20-7-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
ကလေးဝမြို့ မြို့တွင်းလမ်းများကို ဇူလိုင်လကုန်အပြီး အဆင့်မြင့်တင်ပြုပြင်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1020
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
စာပေနှင့် အနုပညာ
Weekly Book Review

အောင်ဆန်းစုကြည်ခံစားမှု

မောင်ကိုကို(အမရပူရ)

သူမသည် ငွေပြတ်လတ်သွားသောအခါမျိုးလည်းကြုံရ၏။ ရေချိုး ကန်ဇလားများ ကို ရောင်းပစ်လိုက်ရ၏။ လေအေးစက်ကို ဖြုတ်ပြီးရောင်းလိုက်ရ၏။ အိမ်အပေါ်ထပ် တစ်ခုလုံး၏ ပရိဘောဂများကို ရောင်းလိုက်ရ၏။ NLD အလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေးလုပ်စဉ်က စားပွဲကတော့ သူမထံရှိနေမြဲပင်။ စားပွဲသည် ဒီမိုကရေစီ တိုက်ပွဲ၏ သမိုင်းများကို ဖြတ်သန်းဖူး၏။

အာင်ဆန်းစုကြည်ခံစားမှု အခန်း (၅)ထဲက ကောက်နုတ်ချက် ဖြစ်ပါတယ်။ နေအိမ်အကျယ်ချုပ် စတင်ကျခံခဲ့ရတဲ့ ၁၉၈၉ ဇူလိုင် ၂ဝ ရက်နေ့ကစလို့ အကျယ်ချုပ်နေ့ရက်များကို ဒေါ်အောင်ဆန်းစုကြည် ပြန်လည်အမှတ်ရမိ၊ ပြန်လည်မြင်ယောင် ကြားယောင်မိနေပုံမျိုး 'သူမ'ဆိုတဲ့ နာမ်စားသုံးပြီး ခံစားရေးဖွဲ့ ထားတာ ဖြစ်ပါတယ်။ ၁၉၈၉၊ ဇူလိုင် ၂ဝ နံနက်ခင်း၊ အမှတ် ၅၄၊ တက္ကသိုလ် ရိပ်သာလမ်းနေအိမ်ဝန်းကျင်အနှံ့ စစ် သားတွေ အပြည့်အသိပ်ရောက်လာပုံ မြင်ကွင်း၊ အင်းစိန်ထောင်ကို ပို့လိုက် ရင် အဆင်သင့်ဖြစ်အောင်ဆိုပြီး ဒေါ်အောင်ဆန်းစုကြည် ပြင်ဆင် နေပုံတွေ၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အတွေးတွေ၊ စိတ်ခံစားမှုတွေကို ပေါ်လွင်အောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေရာကဝင်ပြီး ခံစားရေးဖွဲ့ တင်ပြထားတာဖြစ်ပါတယ်။

ဇာတ်လမ်းဆန်ဆန် ပြုလုပ်မှုတွေ မကြိုက်ပေမယ့်၊ ပျော့ပျောင်းတဲ့ နိုင်ငံရေးကိုသာ လိုလားနှစ်ခြိုက်ပြီး သေသည်အထိ အစာငတ်ခံတိုက်ပွဲ ဝင်မယ်တို့ဘာတို့ဆိုတာ မကြိုက်ပေ မယ့် သူမနေအိမ်အကျယ်ချုပ်ကျခံ ရတဲ့နေ့မှာ NLD လူငယ်တွေ အဖမ်း ခံရခြင်းအတွက် လူငယ်တွေကို ပြန်လွှတ်ပေးဖို့၊ လူငယ်တွေကို ညှဉ်းပန်းနှိပ်စက်မှု မပြုဖို့ သူမ (၁၁)ရက်တိတိ အစာငတ်ခံဆန္ဒပြပုံတွေ၊ နေအိမ်အကျယ်ချုပ်ကာလမှာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအတွက် သူမရှင်သန်ဖို့ လိုတယ်ဆိုတဲ့အတွေးနဲ့အတူတူ သူမရဲ့ကိုယ်၊ စိတ်ကျန်းမာနေအောင် သူမပြုမူနေထိုင်ပုံတွေ၊ တွေ့ကြုံရတဲ့ အခက်အခဲတွေကို သူမယုံကြည်ချက်ရဲရဲနဲ့ ကျော်ဖြတ်နိုင်ပုံတွေကို ဘေးနားက ထိုင်ကြည့်နေရသလို မြင် ယောင်လာအောင် ရေးဖွဲ့ထားတာကို တွေ့ရမှာပါ။

 ဒေါ်အောင်ဆန်းစုကြည်ဟာ ငွေကြေးအခက်အခဲဖြစ်လို့ ပရိဘောဂ တွေကို ထုတ်ရောင်းခဲ့ရပေမယ့် NLD အလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေး လုပ်စဉ်က စားပွဲကိုတော့  မရောင်း ခဲ့ဘူး။ ဒီစားပွဲဟာ ဒီမိုကရေစီတိုက်ပွဲ ရဲ့သမိုင်း၊ သူမနဲ့ NLD အဖွဲ့သားတွေ တစ်သားတည်းကျပြီး သူမရဲ့ ဟက်ဟက်ပက်ပက် ရယ်မောသံကို ထိမ်း သိမ်းထားတဲ့စားပွဲ၊ ခါးသီးမှု သင်္ကေတတွေ၊ ချိုမြမှုသင်္ကေတတွေ ရှိနေ တဲ့စားပွဲလို့ ခံစားရေးဖွဲ့ထားပါတယ်။

အခန်း (၆)ကလည်း နေအိမ် အကျယ်ချုပ်ကာလအတွင်း ခံစားခဲ့ရတာတွေ၊ ကမ္ဘာကြီးရဲ့နိုင်ငံရေး အပြောင်းအလဲကို ရေဒီယိုလေးကတစ်ဆင့် နားထောင်ခဲ့ရတာ တွေ၊ စာအုပ်တွေ ဖတ်ဖြစ်ပုံတွေ၊ မြန်မာ နိုင်ငံရဲ့ ဒီမိုကရေစီတိုက်ပွဲမှာ သူမပါဝင်ဖို့ အကြောင်းဖန်လာပုံတွေကို ဒေါ်အောင်ဆန်းစုကြည် ပြန်တွေးနေပုံမျိုး ရေးဖွဲ့ထားတာဖြစ်ပါတယ်။

အကျယ်ချုပ်ကာလဟာတွေးလို့ အကောင်းဆုံး၊ စာဖတ်လို့ အကောင်းဆုံး၊ ကိုယ်ပိုင်ဆုံးဖြတ်ချက်တွေချလို့ အကောင်းဆုံးဖြစ်သလို နားထောင်ခဲ့ရတဲ့ သီချင်းတွေကလည်း သူမ အတွက် အင်အားသတ္တိတွေကို တောက်ပ စေပါသတဲ့။

အားလုံးကောင်းသွားမှာပါ

သင့်အခွင့်အရေးအတွက် နိုးထလော့

ထ ခုထ

သင်တို့ရဲ့အခွင့်အရေးများအတွက်

သင်တို့နိုးထကြလော့။

ထလော့ ထလော့

သင့်တိုက်ပွဲအနေအထားကို

သင်ထိန်းသိမ်းထား

ဆက်လက်ရုန်းကန်

ဆက်လက်တိုက်ပွဲဝင်

ထလော့ထလော့

သင့်လူ့အခွင့်အရေးအတွက်

သင်တိုက်လော့

 နေအိမ် အကျယ်ချုပ်ကာလအတွင်း BOB MARLEY ရဲ့ Stand up for your right သီချင်းလေးကို နားထောင်ရင်း ဒေါ်အောင်ဆန်းစုကြည်ဟာ မိမိကိုယ်မိမိ ယုံကြည်လေး နက်လာမိတယ်လို့ ခံစားရေးဖွဲ့ တင်ပြ ထားပါတယ်။

အခန်း(၁၅)မှာတော့ ဒေါ် အောင်ဆန်းစုကြည်နဲ့ ဦးကြည်မောင် စတင် တွေ့ဆုံခဲ့ပုံ၊ အပြန်အလှန် ချစ်ခင်လေးစားမှုရှိခဲ့ကြပုံတွေကို ဒေါ်အောင်ဆန်းစုကြည်က ဦးကြည်မောင် အကြောင်းပြောပြနေပုံမျိုး၊ ဦးကြည်မောင်က ဒေါ်အောင်ဆန်းစုကြည် အကြောင်းပြန်တွေးနေပုံမျိုး ရေးဖွဲ့တင်ပြရင်း ဒေါ်အောင်ဆန်းစုကြည် ပထမအကြိမ် နေအိမ်အကျယ်ချုပ်က လွတ်မြောက်ခဲ့တဲ့ ၁၉၉၅ ဇူလိုင် ၁ဝ ရက်မြင်ကွင်းကို ပုံဖော်ရေးဖွဲ့ ထားတာ ဖြစ်ပါတယ်။ နေအိမ် အကျယ်ချုပ်ကျနေတဲ့ ကာလတွေ အတွင်း စိတ်ဓာတ်မပြိုလဲဘဲ သံမဏိ လို ခိုင်မာအောင်နေထိုင်နိုင်ခဲ့သူ ဒေါ် အောင်ဆန်းစုကြည်၊ ဒေါ်အောင် ဆန်းစုကြည်ရဲ့ သံမဏိစိတ်ဓာတ်ကို မြင်တွေ့ရတဲ့အတွက် ပျော်ရွှင်နေတဲ့ ဦးကြည်မောင်၊ ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်လာတဲ့အတွက် ပျော်ရွှင်နေတဲ့ ပြည်သူများရဲ့ အပျော်တွေ စာဖတ်သူထံ ကူးစက်လာအောင် ရေးဖွဲ့တင်ပြထားတာကို တွေ့ ရမှာပါ။

အခန်း (၂၂) မှာတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မျက်နှာကို မြင်လို့မဝကြတဲ့ ပြည်သူတွေ အကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသံကို ကြားလို့မဝကြတဲ့ ပြည် သူတွေအကြောင်း၊ ပြည်သူလူထုရဲ့ခံစားမှုကို ကိုယ်စားပြုတဲ့ ဒေါ် အောင်ဆန်းစုကြည်အကြောင်း ရေးဖွဲ့ပြရင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခြံ ရှေ့ဟောပြောပွဲကို အာဏာပိုင်တွေက ပိတ်ပစ်လိုက်တဲ့ ၁၉၉၆ နိုဝင်ဘာ ၈ ရက်နေ့မြင်ကွင်းကို ပုံဖော်ရေးဖွဲ့တာ ဖြစ်ပါတယ်။

'ပြည်သူတွေက ကျွန်မဆီလာလို့ မရရင် ကျမက ပြည်သူတွေဆီ သွား မယ်'ဆိုတဲ့ ဆုံးဖြတ်ချက်နဲ့အတူ ခြံထဲကအထွက် ဦးတင်ဦး၊ ဦးကြည်မောင်၊ ဒေါ်အောင်ဆန်းစုကြည်တို့ပါတဲ့ကားကို အကြမ်းဖက်သမားအသွင်ယူထားတဲ့ လူအင်အား ၃ဝဝ ကျော်က ဝိုင်းဝန်းပိတ်ဆို့ တိုက်ခိုက်ကြတဲ့မြင်ကွင်းကို စာဖတ်သူကိုယ်တိုင် မြင်နေရတဲ့ အလား ရေးဖွဲ့ပြထားတာကို တွေ့ရ မှာပါ။

ဒီစာအုပ်မှာ အခန်း ၂၇ ခန်း ပါဝင်ပြီး ၁၉၈၈ အရေးတော်ပုံကြီးက စလို့ ၂ဝ၁ဝ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည် လုံးဝလွတ်မြောက်လာချိန်ထိ ကာလအတွင်း ဒေါ်အောင်ဆန်းစု ခံစားမှုတွေ၊ ဒေါ်အောင်ဆန်းစုကြည် အပေါ် ပြည်သူတွေရဲ့ ခံစားမှု တွေ၊ဒေါ်အောင်ဆန်းစုကြည် အလေး ထားဆုံး ပုဂ္ဂိုလ်တွေဖြစ်တဲ့ ဦးကြည် မောင်၊ ဦးဝင်းတင်၊ ဦးတင်ဦးတို့ရဲ့ အကြောင်းတွေပါဝင်ပါတယ်။ အများ သိပြီးသား အကြောင်းအရာတွေကိုပဲ သမိုင်းနဲ့တွဲပြီး စာဖတ်သူမြင်လာ အောင်၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရင်ထဲကအသံ၊ ပြည်သူတွေရဲ့ ရင်ထဲက အသံကိုပါ စာဖတ်သူကြားလာအောင်၊ ဒေါ်အောင်ဆန်းစုကြည်အပေါ် ပိုပြီးလေးလေးနက်နက် ခံစားမိအောင်၊ သမိုင်းကို လေးလေးနက်နက်တွေးမိ၊ မြင်မိအောင် ရေးဖွဲ့ တင်ပြထားတာကို တွေ့ရမှာပါ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အတွေး တွေ၊ စိတ်ခံစားမှုတွေကို ဒေါ်အောင် ဆန်းစုကြည် ကိုယ်စား ရေးပြထားတဲ့ စာအုပ်လို့လည်း ဆိုနိုင်ပါတယ်။

 ဈေးကွက်ဂျာနယ်မှာ အပတ်စဉ် ဖော်ပြခဲ့တဲ့ ဆောင်းပါးတွေကို စုစည်း ထားတာဖြစ်ပြီး စာပေခရီးသွားများ စာအုပ်တိုက်ကနေ တန်ဖိုး ၂၅ဝဝ ကျပ်နဲ့ ဖြန့်ချိလိုက်ပါပြီ။

 

မေဝင့်မြင့်ကို ရသချို

ဝတ္ထုတို၊ ဝတ္ထုရှည်စုစည်းမှု

 မေမောင်၊ မဝင့်(မြစ်ငယ်)၊ ဝင်းဝင်းမြင့်(နန်းတော်ရှေ့)၊ မကို တို့ရဲ့ ဝတ္ထုတို၊ ဝတ္ထုရှည်တွေကို စုစည်း ထုတ်ဝေလိုက်တဲ့စာအုပ်ဖြစ်ပါတယ်။

ဆရာမ မေမောင်ရဲ့ ကျေးဇူး ကန်းကောင် မဖတ်ရ ဝတ္ထုကတော့ ဗိုလ်ချုပ်အောင်ဆန်းနှစ်တစ်ရာပြည့် မွေးနေ့ပွဲကျင်းပတဲ့ ဗိုလ်ချုပ်မွေးဖွားရာ နတ်မောက်မြို့ကို သွားရောက်ခဲ့တဲ့ အတွေ့အကြုံခံစားမှုတွေ အကြောင်း ကြည်နူးဖွယ်ရာ အားတက်ဖွယ်ရာ၊ ပျော်စရာကောင်းအောင် ရေးဖွဲ့ထားတာဖြစ်ပါတယ်။ တစ်နိုင်ငံလုံး နေရာအနှံ့က လူတွေလာရောက်ကြတာကြောင့် နတ်မောက်ကို သွားရာလမ်းတစ်လျှောက် ကားတွေဆိုင်ကယ်တွေ ပြည့်ကျပ်နေပေမယ့် ဗိုလ်ချုပ်အိမ်ကို ရောက် ဖူးတော့မယ်ဆိုတဲ့အသိနဲ့ လူတွေပျော်ရွှင်တက်ကြွနေပုံကို ရေးဖွဲ့ထား တာဟာ စာဖတ်သူကိုယ်တိုင် လူပင်လယ်လှိုင်းကြီးထဲ ရောက်သွားရသလို ကြည်နူးပျော်မောနေမိမှာဖြစ်ပါတယ်။စာရေးသူကတော့ ဘဝတစ်လျှောက် ဒီတစ်ခေါက်မှပဲ ရောက်ဖူးတော့တဲ့ မြို့ကလေးကို အားနာနေပါသတဲ့။

''လူ့အန္ဓတွေ၊ လူ့ဗာလတွေက မင်းကိုမှေးမှိန်သေးသိမ်အောင် လုပ်ထားတာနဲ့ပဲ ကိုယ်တို့တွေလည်း မင်း နဲ့ စိမ်းခဲ့ရပါတယ်။ ရင်ထဲမှာတော့ ဗိုလ်ချုပ်နဲ့အတူ တစ်ချိန်လုံး မင်းရှိ နေခဲ့မယ်ဆိုတာ ယုံပါမြို့ကလေး''လို့ နတ်မောက်မြို့ကလေးကို တောင်းပန် ထားပါတယ်။

 ကျေးဇူးကန်းသူတွေ ဘယ်လိုပဲသေအောင်လုပ်လုပ် ကျေးဇူးသိတတ် သူတွေကြောင့် ရှင်သန်နေတဲ့ ဗိုလ်ချုပ် အကြောင်း၊ နတ်မောက်မြို့ကလေးအကြောင်း၊ ဒေါ်အောင်ဆန်းစုကြည် အကြောင်း၊ သမိုင်းကို ကွယ်ဝှက် ချင်သူတွေအကြောင်း  ဖြစ်ပါတယ်။

ဒီစာအုပ်မှာ ခေတ်ကို ထပ်ဟပ် ရေးဖွဲ့ခံစားတင်ပြထားတဲ့ မေမောင်ရဲ့ ဝတ္ထုသုံးပုဒ်၊ မဝင့် (မြစ်ငယ်)ရဲ့ ဝတ္ထု သုံးပုဒ်၊ ဝင်းဝင်းမြင့်(နန်းတော်ရှေ့)ရဲ့ ဝတ္ထုသုံးပုဒ်၊ မကိုရဲ့ဝတ္ထုသုံးပုဒ် ပါဝင်ပြီး ဝတ္ထုတစ်ပုဒ်ချင်းစီကို အင်္ဂလိပ်ဘာသာပြန်ဆိုထားတဲ့ ဆရာဇော် ထွန်းရဲ့ လက်ရာကိုပါ ပုံနှိပ်ဖော်ပြထားပါတယ်။

လင်းလွန်းခင်စာပေကနေ တန်ဖိုး ၆ဝဝဝ ကျပ်နဲ့ ဖြန့်ချိလိုက်ပါပြီ။

ကိုဝိုင်း
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.