24-8-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
၂ဝ၁၇ ခုနှစ် ဧပြီလ ၁ ရက်နေ့မှ သြဂုတ်လ ၃ ရက်နေ့အထိ လေးလတာကာလအတွင်း တာချီလိတ်နယ်စပ်ဝင်ပေါက်မှ နိုင်ငံတကာ ခရီးသွားဧည့်သည်ရှစ်ထောင့်ငါးရာကျော်ဝင်ရောက်လည်ပတ်ခဲ့
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1025
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
စာပေနှင့် အနုပညာ
နှုတ်တစ်ရာစာတစ်လုံး စာအုပ်ဖြန့်ချိ

မြန်မာ စာရေးဆရာ အကျော် အမော်အချို့နဲ့ ကမ္ဘာကျော် စာရေး ဆရာအချို့ ပြောခဲ့တဲ့ စကားတွေ၊ သတင်းစာဂျာနယ်တွေမှာ ဖော်ပြ ထားတဲ့ စကားတွေထဲက ထိထိမိမိရှိ လှတဲ့ စကားတွေကို ရွှေမင်းဝံဦးဘုန်း မြင့်က စုစည်းပြီး ထုတ်ဝေလိုက်တဲ့ စာအုပ်ဖြစ်ပါတယ်။

လူမှုဘဝကို ကျင်လည်ဖြတ် သန်းရာမှာ တန်ဖိုးရှိရှိအသုံးချနိုင်မယ့် အတွေးတွေ၊ နိုင်ငံရေးဆိုင်ရာ၊ ပညာရေးဆိုင်ရာ အမြင်အယူအဆ တွေကို ရှေ့နောက်မြော်မြင်ပြီး ပြတ် ပြတ်သားသား မိန့်ဆိုထားခဲ့တဲ့ စကား တွေလို့လည်း ဆိုနိုင်ပါတယ်။

ကျုပ်က ဘုရင်မှားနေလည်း ပြန် လျှောက်ချင်တဲ့ ဝသီရှိသဗျ ဝန်မင်းတို့ရဲ့။ မင်းတရားကြီး ရွှေစိတ်တော်ညှိုးလို့ရှိလည်း တတ်နိုင်ဘူးဗျာ။ မင်း ပြစ်မင်းဒဏ်ကြောက်နေရင် တိုင်း ပြည် နစ်နာမယ်။ (လှေသင်းအ တွင်းဝန်ဦးချိန်)

 အောင်မြင်မှုဆိုတာကလည်း ဆုံးခန်းတိုင်တာမရှိဘူး။ ဆုံးရှုံးမှုဆိုတာလည်း ထာဝရမဟုတ်ဘူး။ သတ္တိသာပဓာနကျတယ်။ (ဆာဝင်စတန် ချာချီ။ ဗြိတိသျှ နန်းရင်းဝန်ဟောင်း)

ဘူးတစ်လုံးဆောင်အိုတောင် မဆင်းရဲဆိုသော စကားမှာအခါအား လျော်စွာမမှန်ချေ။ မှန်မှန်ကန်ကန်ဟူသော စကားမှာ လူ့တန်ဖိုးအစစ် ဖြစ်၏။ (ပီမိုးနင်း) စတဲ့ မှတ်သားဖွယ် ရာ စကားစုတစ်ရာကျော်ပါဝင်ပြီး တချို့စကားတွေကို အင်္ဂလိပ်ဘာသာ နဲ့ပါ တွဲလျက်ဖော်ပြထားတာကို တွေ့ ရမှာပါ။

ကိုယ်နဲ့မကွာ ဆောင်ယူသွား နိုင်မယ့် အိတ်ဆောင်စာအုပ်ပုံစံမျိုး ဖန်တီးထားပြီး တန်ဖိုး ၁၅ဝဝ ကျပ် နဲ့ ဖြန့်ချိထားပါတယ်။     

ကေတီ

ကေတီ
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.