24-8-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
၂ဝ၁၇ ခုနှစ် ဧပြီလ ၁ ရက်နေ့မှ သြဂုတ်လ ၃ ရက်နေ့အထိ လေးလတာကာလအတွင်း တာချီလိတ်နယ်စပ်ဝင်ပေါက်မှ နိုင်ငံတကာ ခရီးသွားဧည့်သည်ရှစ်ထောင့်ငါးရာကျော်ဝင်ရောက်လည်ပတ်ခဲ့
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1025
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
စာပေနှင့် အနုပညာ
ဝ ၀ကလေး ၀ိုင်းဝိုင်းရေး

သင့်ရဲ့အောင်မြင်မှုနဲ့ ပျော်ရွှင်မှုဟာ သင့်အပေါ်မှာမူတည်ပါတယ်။ တခြားကိစ္စတွေကတော့ မတော်တဆတိုက်ဆိုင်မှုတွေပါ။

ဟယ်လင်ကဲလား

  တစ်စုံတစ်ယောက်သောပုဂ္ဂိုလ်က အောင်မြင်မှုဆိုတာ ကံကောင်းခြင်း တစ်ရပ်ပဲလို့ ဆိုလာခဲ့ရင် ကျွန် တော့်အနေနဲ့ကတော့ အံ့သြထိတ် လန့်မိမှာအမှန်ပဲ။

လူတစ်ယောက်ဟာ သူ့ရဲ့ဝင်ငွေတစ်ဝက်လောက်ကို ကစားဝိုင်းမှာ ဖြုန်းတီးပစ်လိုက်မယ်။ အိမ်ထောင်ရှင်မတစ်ယောက်ကလည်း သူ့ရဲ့ သာမန်အဆင့်အတန်းမျိုးကနေ၊ ချမ်းသာလာနိုးနဲ့ နှစ်လုံးသုံးလုံးချဲထီ လောင်းကစားတာမျိုးလုပ်မယ်။ ဒီလိုပါပဲ။ မိဘတွေမရှိကြတော့တဲ့နောက် ကျန်ရစ်ခဲ့ကြတဲ့ သားသမီး၊ ညီအစ်ကို မောင်နှစ်မတွေကလည်း မိဘရဲ့ အမွေရလိုမှုနဲ့ ရုံးတော်မှာ တရားရင် ဆိုင်ကြမယ်။

ဒီနည်းနဲ့ လူအတော်များများကအောင်မြင်မှုဆိုတာ ကံတရား ထောက်ပံ့မှုကြောင့် ရရှိလာတဲ့ ဆု လာဘ်အဖြစ် ယူဆနေကြပါတယ်။

လူတစ်ထောင်မှာတစ်ယောက်၊ လူတစ်သိန်းမှတစ်ယောက်ဆိုသလို တချို့သော ပုဂ္ဂိုလ်ကြီးများမှာ ကျိကျိတက် ချမ်းသာကြွယ်ဝလာတာမျိုး ရှိ တတ်ပါတယ်။

 ''သူတို့ဘာကြောင့် ဒါလောက်ကံကောင်းရတာလဲ''လို့ မေးကောင်း မေးကြပါလိမ့်မယ်။

ဒီနေရာမှာ မတရားနည်းနဲ့ စီးပွားရှာတဲ့ လူ၊ ကိုယ်ကျိုးကြည့် ခေါင်းပုံဖြတ် အမြတ်ထုတ်ပြီး ရာထူးအာဏာအရှိန်အဝါနဲ့ ချမ်းသာနေတဲ့ လူစားမျိုးကို  ထည့်သွင်းစဉ်းစားဖော်ပြမှာမဟုတ်ပါ။ သမ္မာအာဇီဝ နည်းလမ်းတကျနဲ့ ဘုရားကြိုက်နည်းလမ်းနဲ့ ကောင်းမွန်စွာကုန်သွယ်အလုပ်လုပ်၊ စီးပွားဖြစ်ထွန်း၊ အောင်မြင် ချမ်းသာကြသူများကိုသာ ဂုဏ်ယူ ဖော်ပြလိုရင်းဖြစ်ပါတယ်။

 တကယ်တော့ သူတို့ကံကောင်းကြခြင်းမဟုတ်ပါ။ အလုပ်ကောင်းကြ ခြင်းပဲဖြစ်ပါတယ်။

''စေတနာ ဟံဘိက္ခဝေ ကမ္မဝဒါ မိ'' လို့ မြတ်စွာဘုရားရှင်က ဟော ပြဆိုဆုံးမခဲ့ပါတယ်။ စေတနာဟာ 'ကံ'။  စေတနာကောင်းရင် ကံ ကောင်းပါတယ်။ တကယ်တော့ 'ကံ' ဆိုတာလည်း 'ကမ္မ' အလုပ်ကိုပဲ ညွှန်း တာမဟုတ်ပါလား။

ထူးချွန်စွာ အောင်မြင်ချမ်းသာလာခဲ့ကြသူတွေကို ချဉ်းကပ်လေ့လာ ကြည့်မယ်ဆိုရင် သူတို့ဟာ အလုပ်ကိုအလုပ်နဲ့တူအောင်၊ အဆင်းရဲအပင် ပန်းခံကြိုးစား၊ စွန့်လွှတ်မှုစွန့်စားမှုတွေကို အရင်းတည်၊ နှစ်ရှည်လများ မျှော်လင့်စိတ်ကူးခဲ့တဲ့ အနာဂတ်အိပ်မက်တွေကို အကောင်အထည် ဖော်ဆောင်ခဲ့ကြသူတွေဖြစ်နေတာကိုတွေ့ရပါမယ်။

 သူတို့ရဲ့ အောင်မြင်မှုထဲမှာ မိမိကိုယ်တိုင်နဲ့ တခြားသောအောင်မြင် သူမအောင်မြင်သူတို့ရဲ့ ဘဝတွေထဲက အတုယူစရာ ရှောင်ရန်ဆောင်ရန် တွေကို ပေါင်းချုပ်သုံးသပ်ရာက ရရှိ လာတဲ့ အောင်မြင်မှုများသာဖြစ် ပါတယ်။

ထိပ်ဆုံးကိုရောက်ရှိလာတဲ့ လူအများစုဟာ အောက်ခြေကလေ့လာ သင်ကြားခဲ့ကြရတာချည်းဖြစ်ပါတယ်။ ဝလုံးရေးတတ်အောင် မသင်ကြားခဲ့ရ ဖူးပဲနဲ့ ဘယ်ပုဂ္ဂိုလ်ကြီးမှ ပါရဂူမဖြစ် လာနိုင်ပါ။

အောင်မြင်မှုရဲ့ လျှို့ဝှက်ချက်

လူအများစုကြီးက အောင်မြင်မှုရဲ့လျှို့ဝှက်ချက်ကို မနားမနေရှာဖွေ နေခဲ့ကြပါတယ်။

ကမ္ဘာကျော် သန်းကြွယ်သူဌေးကြီးလည်းဖြစ်၊ အမေရိကန်မှာ သြဇာ အကြီးမားဆုံးနဲ့ ကမ္ဘာ့အရောင်းရဆုံး စာအုပ် ၁ဝ အုပ်ကို ရေးသားခဲ့သူ လည်းဖြစ်တဲ့ အဒက်စတာရာဂါကတော့ 'အောင်မြင်မှုအတွက် လျှို့ဝှက်ချက်မရှိပါ'လို့ ပြောခဲ့ပါတယ်။ ချမ်းသာကြွယ်ဝဖို့အတွက်လည်းဖော်နည်းကားမရှိပါ''လို့ သူက ဆက်ပြီးပြောခဲ့ပြန်ပါတယ်။

  မှန်ပါတယ်။ ကျွန်တော်တို့ လုပ်နိုင်တာက ချမ်းသာကြွယ်ဝသူတွေ၊ အောင်မြင်ကျော်ကြားသူတွေ၊ ထူးချွန် ထက်မြက်သူတွေရဲ့ ဘဝအတွေ့အကြုံကို နည်းလမ်း၊ ပညာသင်ခန်းစာ ယူဖို့ လေ့လာနိုင်ဖို့ ရိုးသားစွာမျှဝေ ခြင်းပဲဖြစ်ပါတယ်။ ဘယ်ပုဂ္ဂိုလ်ဘယ် လိုလူစားမျိုးကိုမှအောင်မြင်မှုရဲ့ လျှို့ဝှက်ချက်တွေ ချမ်းသြာ<ွကယ်ဝမှုအ တွက် ဖော်နည်းကားတွေမပေးနိုင်ပါ။

လူတစ်ယောက် အောင်မြင်ချမ်းသာဖို့ဆိုတာ ကံ၊ ဥာဏ်၊ ဝီရိယ သုံး ပါးမျှဖို့လိုပါတယ်။ မိမိဘဝအတွက် အကျိုးရှိဖြစ်ထွန်းစေမယ့် နည်းလမ်းတွေ၊ အကြံÓဏ်တွေ၊ ဆောင်ရန် ရှောင်ရန်တွေကို မျှဝေသိရှိစေဖို့ ဖြစ် ပါတယ်။ ဘယ်သူ့ကိုမှ 'အပ်ချ လောင်း'ဆိုပြီး ချမ်းသာကြွယ်ဝသွားအောင် လုပ်မပေးနိုင်ပါ။ ဘယ်သူ့ကို မှ 'ဥုံဖွ ဆိုပြီး' ဂါထာမန္တန်ရွတ်ကာအောင်မြင်သူအဖြစ် ဘွားခနဲပေါ် လာအောင်လုပ်မပေးနိုင်ပါ။ အောင်မြင်ချမ်းသာရေးနည်းပညာများသည် အသင့်ဖော်စပ်ပြီး ဆေးဝါးလည်းမဟုတ်ပါ။ ရယ်ဒီမိတ် အစားအစာ လည်း မဟုတ်ပါ။

ပညာရေးဆိုတာ လူတစ်ယောက်ရဲ့ ကိုယ်ပိုင်အရည်အသွေး ဖြစ်ပါတယ်။ ဒီအတွက် တစ်စုံတစ်ယောက်က သူ့ကိုဆုလာဘ်အဖြစ် မချီးမြှင့်နိုင်သလို တန်ခိုးရှင်လိုလည်း ကူညီစောင်မလို့ မရနိုင်ပါ။

ကျွန်တော်တို့ဟာ သူငယ်တန်းကစပြီး ဝ ဝကလေးဝိုင်းဝိုင်းရေးခဲ့သလို၊ အောက်ခြေကစပြီး အောင်မြင်ခြင်းအတွက် အခြေခံနည်းလမ်းတွေကို ရှာဖွေရမှာဖြစ်ပါတယ်။ လေ့လာရမှာဖြစ်ပါတယ်။ ဝလုံးမလေ့ကျင့်ဖူးပဲ၊ ဘယ်ပါမောက္ခကြီးမှ ပညာရှင်ဖြစ်မလာနိုင်ပါ။ ပါရဂူဘွဲ့ရဖို့ ဝလုံးတန်းကစပြီး ပညာသင်ယူဖို့လိုသလို ထိပ်တန်းရောက်အောင်မြင်ချမ်းသာသူ ဖြစ်ဖို့အတွက်လည်း အခြေခံကစပြီး လေ့လာသင်ယူရမှာဖြစ်ပါတယ်။

ရိုးရှင်းတဲ့ အမှန်တရားကိုပြောပြပါဆိုရင် အောင်မြင်ခြင်းဆိုတာ မိမိရဲ့ တစ်စုံတစ်ခုသောအိပ်မက်ကိုတစ်စုံတစ်ရာ ကြိုးစားလုပ်ဆောင်ခြင်းဖြင့် အကောင်အထည်ဖော်ခြင်း ပဲဖြစ်ပါတယ်။

အောင်သစ်

အောင်သစ်
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.