22-6-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
ရခိုင်ကမ်းရိုးတန်းတွင် ငါးဖမ်းဆီးရရှိမှုနည်းပါးလာသည့်အတွက် ငါးဖမ်းကိရိယာများ ပြောင်းလဲသုံးစွဲလာကြ
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1016
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
စာပေနှင့် အနုပညာ
မော်တော်ဆိုင်ကယ် စီးနိုင်ပြီဆိုကာမှ သေဘေးမှ ရင်မဆိုင်ရရေး သတိပြု ဆင်ခြင်ရဦးမည်

မြန်မာနိုင်ငံတွင် အဖိုးနှုန်း အ တန်အသင့်သာရှိသော တရုတ်နိုင်ငံ လုပ် မော်တော်ဆိုင်ကယ်များ အသုံး ပြုမှု တွင်ကျယ်နေသည်။ တရုတ် နိုင်ငံကလည်း မြန်မာနိုင်ငံ ကျေး လက်သားများ ဝယ်ယူအသုံးပြုနိုင် သည့် ဈေးနှုန်းအထိ တွက်ချက်ပြီး အဖိုးနည်းဝန်ပါ မော်တော်ဆိုင်ကယ် များကို ထုတ်လုပ်တင်ပို့နေသည်။ မြန်မာနိုင်ငံအဖို့ လက်ရှိကာလသည် သယ်ယူပို့ဆောင်ရေးနှင့် ပြည်သူ အများ ခရီးတိုသွားလာရေးတွင် မော်တော်ဆိုင်ကယ် အသုံးပြုမှု အ တွင်ကျယ်ဆုံးအခြေအနေသို့ ရောက် ရှိနေသည့် အချိန်ဟုလည်း ပြောနိုင် သည်။

 ခြေနင်းစက်ဘီးများကား တဖြည်းဖြည်းဖြင့် ကွယ်ပျောက်စပြု လာနေသည်။ အနယ်နယ် အရပ်ရပ် တွင်လည်း စက်ဘီးအသုံးပြုမှု လျော့ ကျသွားပြီဟု သိရသည်။ ထို့ကြောင့် စက်ဘီးရောင်းဝယ်မှု ဈေးကွက်သည် လည်း မကြာမီ ကွယ်ပျောက်သွား တော့မည့် အနေ အထားရောက်နေ သည်။ စက်ဘီးဈေးကွက် ကွယ် ပျောက်တော့မည့်နည်းတူ လက်လုပ် လက်စားသမား စက်ဘီးပြင်ဆိုင် ကလေးများနေရာတွင် မော်တော်ဆိုင်ကယ်ပြုပြင်ရေး၊ ရေဆေးဆီထိုး ဆိုင်များကား နေရာဝင်ယူတော့မည် ဖြစ်သည်။ မော်တော် ဆိုင်ကယ် ပြု ပြင်ရောင်းဝယ် ဖြန့်ချိရေးနှင့် ဆိုင် ကယ်အပိုပစ္စည်းရောင်းဝယ်ရေး ဈေး ကွက်လည်း ကျယ်ပြန့်သထက် ကျယ် ပြန့်လာနေသည်။

ယင်းသည် မြန်မာ နိုင်ငံအတွက်တော့ တိုးတက်သော ပြောင်းလဲမှုတစ်ခုဟု ဆိုနိုင်သည်။ ယခုပင်လျှင် မြန်မာနိုင်ငံသို့ တရုတ် နိုင်ငံ ထုတ် မော်တော်ဆိုင်ကယ်များ အလုံးအရင်းဖြင့် ဝင်ရောက်နေသည့် သတင်းကို ကြားသိရသည်။ အစိုးရ သစ် လက်ထက် ခုနစ်လတာအတွင်း အစီးရေ သုံးသိန်းခွဲကျော် တင်သွင်း ပြီးဖြစ်သည်ဟု ဆိုသည်။

မူဆယ် ၁ဝ၅ မိုင် ကုန်သွယ်ရေး ဇုန်မှ တရုတ်နိုင်ငံထုတ် မော်တော် ဆိုင်ကယ် တရားဝင် တင်သွင်းမှုများ ပြားလာပြီး အစိုးရသစ် လက်ထက် ခုနစ်လတာအတွင်း ဒေါ်လာသန်း ၁၂ဝ ခန့် တန်ဖိုးရှိသော ဆိုင်ကယ် အစီးရေ ၃၆၇ဝဝဝ ကျော် တင်သွင်း ခဲ့ကြောင်း မူဆယ် ၁ဝ၅ မိုင် ကုန် သွယ်ရေးဇုန်သွင်းကုန်လုပ်ငန်းဌာန ခွဲ၏ ထုတ်ပြန်ချက်အရ သိရသည်။ မူဆယ် ၁ဝ၅ မိုင်ကုန်သွယ်ရေးဇုန် သည် စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေး ဝန်ကြီးဌာန၊ စီမံခန့်ခွဲရေး ကော်မတီ၏ ခွင့်ပြုချက်အရ ၂ဝ၁၆ ခုနှစ် အောက်တိုဘာ ၆ ရက်ကစပြီး မော်တော်ဆိုင်ကယ်တင်သွင်းရန် သွင်းကုန်လိုင်စင် လျှောက်ထားမှုများ ကို လုပ်ထုံးလုပ်နည်းနှင့်အညီ စိစစ် ပြီး မှန်ကန်မှုရှိပါက ရုံးချုပ်၏ ခွင့်ပြု ချက်အား စောင့်ဆိုင်းရန် မလိုဘဲ စခန်း တာဝန်ခံ၏ ခွင့်ပြုချက်ဖြင့် နေ့ချင်းပြီး နေရာပိုင်းအတွင်း သွင်း ကုန်လိုင်စင်အား Auto Licence ဖြင့် ခွင့်ပြုထုတ်ပေးခဲ့သည်ဟု ဆိုသည်။

ယင်းသို့ မော်တော်ဆိုင်ကယ် တင်သွင်းမည့် လုပ်ငန်းရှင်များအ တွက် သွင်းကုန်လိုင်စင်ခွင့်ပြုသည့် အပိုင်းတွင် လွယ်ကူ လျင်မြန်အောင် ဆောင်ရွက်ပေးနေသဖြင့် သွင်းကုန် လိုင်စင် လျှောက်ထားသည့် အရေ အတွက်သည် ယခင်ကထက် ပိုမိုများ ပြားလာပြီး ဆိုင်ကယ်တင်သွင်းမှု အစီးရေမှာလည်း ၂ဝ၁၆ ခုနှစ် အောက်တိုဘာမှ ၂ဝ၁၇ ခုနှစ် ဧပြီ လကုန်အထိ ခုနစ်လအတွင်း အစီး ရေ ၃၆၇၈၉၉ စီး၊ တန်ဖိုးဒေါ်လာ ၁၁၉ ဒသမ ၉၉၂ သန်းဖိုးအထိ တရားဝင် တင်သွင်းခဲ့ကြောင်း စာရင်း များက ဖော်ပြထား သည်။

ထို့ပြင် မြန်မာနိုင်ငံသို့ အများဆုံး တင်သွင်းနေသော တရုတ်ဆိုင်ကယ် အမျိုးအစားများကိုလည်း ဖော်ပြထား Kenbo, Canda, Toyomax, Dayang, Yunde, Sha Yan, Follow me, Super Anbo, Taryan, Felling, New Zhineng, Lougia တို့ ဖြစ် သည်။ ထိုသို့ အများဆုံး တင်သွင်း နေသည့် တရုတ်ဆိုင်ကယ်များ၏ လက်ရှိအတည်ပြုလိုင်စင် ခွင့်ပြုဈေး နှုန်းများအပေါ် Modle Year, Brand Name နှင့် Engine Power အလိုက် မော်တော်ဆိုင်ကယ် တစ်စီးချင်းအ ပေါ်နိုင်ငံတော်သို့ ပေးသွင်းရန်ကျ သင့်သည့် အခွန်နှုန်းထားများကို မော် တော်ဆိုင်ကယ် တင်သွင်းလိုသည့် လုပ်ငန်းရှင်များ ကြိုတင်သိရှိနိုင်ရန် လည်း ထုတ်ပြန်ထားပြီးဖြစ်သည်။ အခွန်ကျသင့်ငွေမှာ အနည်းဆုံး ကျပ် ၄ဝဝဝဝ ကျော်မှ အများဆုံး ကျပ် ၈ဝဝဝဝ ကျော် အကြားသာ ကျသင့် မည်ဟု ဆိုသည်။ ထိုသို့ ကျသင့်အ ခွန်ပေးဆောင်ပြီးမှသာ ကုန်းလမ်းပို့ ဆောင်ရေး ညွှန့်ကြားမှု ဦးစီးဌာနတွင် တရားဝင်လိုင်စင်ပြုလုပ်ခွင့်ရရှိမည် ဟုလည်း ဖော်ပြထားပါသေးသည်။

 မြန်မာနိုင်ငံတွင်းသို့ ခုနစ်လအ တွင်း ဆိုင်ကယ်အစီးရေပေါင်း သုံး သိန်းခွဲကျော် လေးသိန်းနီးပါး တင် သွင်းထားခြင်းမှာ တရုတ်လုပ် ဆိုင် ကယ်များသာဖြစ်ပြီး တရားဝင်ကုန် သွယ်ရေး လမ်းကြောင်းမှ တင်သွင်း ထားခြင်းဖြစ်သည်။

 မြန်မာနိုင်ငံသို့ ဝင်လာသမျှ ဆိုင်ကယ်များထဲတွင် တရားမဝင် လမ်းကြောင်းဖြင့် ခိုးသွင်းလာသော တရုတ်လုပ် ဆိုင်ကယ်များလည်း ရှိ သေးသည်။ ထို့ပြင် ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်း ဒေသကြီးဘက်တွင် နယ်စပ် ကုန်သွယ်ရေးဖြင့် တင်သွင်းနေ ကြသော ထိုင်းနိုင်ငံလုပ် ဆိုင်ကယ်များ၊ ဂျပန် နိုင်ငံထုတ် ဆိုင်ကယ်များလည်း ရှိ သေးသည်။ မြဝတီ-မဲဆောက်နှင့် ကော့သောင်း-ရနောင်း နယ်စပ်ကုန် သွယ်ရေး လမ်းကြောင်းတစ်လျှောက် တွင်လည်း တရားမဝင်ခိုးသွင်းလာ သော ဆိုင်ကယ်များလည်း ရှိနေသည် ဟု သိရသည်။ ထိုဒေသများဘက်တွင် ဒေသခံများသည် တရုတ်လုပ်ဆိုင် ကယ်များ အစီးနည်းကြပြီး ထိုင်းနိုင်ငံ တွင် ထုတ်လုပ်သော ဂျပန်တံဆိပ် ဟွန်ဒါ၊ ယာမဟာဆိုင်ကယ်များ အစီး များကြသည်ကို တွေ့မြင်ခဲ့ရဖူးသည်။

ထို့ကြောင့် တရားမဝင်လမ်း ကြောင်းများမှ တင်သွင်းလာသော ဆိုင်ကယ်များ အစီးရေအားလုံး ထည့် ပေါင်းမည်ဆိုလျှင် မြန်မာနိုင်ငံ တွင် ဆိုင်ကယ်ဝင်ရောက်မှု အစီးရေပေါင်း တစ်နှစ်တစ်နှစ် ငါးသိန်းကျော်အထိ ပင် ရှိနိုင်မည်ဟု ခန့်မှန်းနိုင်သည်။ ယင်းသို့ ဆိုင်ကယ် စီးရေ အရေအ တွက် တိုးတက်များပြားလာခြင်းနှင့် အတူ ဆိုင်ကယ်ကို မဆင်မခြင်စီးနင်း ခြင်းကြောင်း လမ်းစည်းကမ်း၊ ယာဉ် စည်းကမ်း မလိုက်နာခြင်းကြောင့် ဖြစ် ပေါ်ရသည့် ဆိုင်ကယ်မတော်တဆ ထိခိုက်မှုများကလည်း စိုးရိမ်ရေမှတ် အခြေအနေသို့ ဆိုက်ရောက်လာနေ ပြီဖြစ်သည်။

 မြန်မာနိုင်ငံ၏  အစိုးရ၊ ပုဂ္ဂလိ က မီဒီယာများတွင် ဆိုင်ကယ်မှောက် ခြင်း၊ ဆိုင်ကယ်တိုက်ခြင်း၊ ဆိုင်ကယ် မတော်တဆဖြစ်ခြင်း သတင်းများ မပါသည် မရှိသလောက်အထိ ဆိုင်ကယ်နှင့် ပတ်သက်သည့် အဖြစ်ဆိုး များက နေ့စဉ် ပေါ်ပေါက်နေသည်။ ယခုပင်လျှင် ပို့ဆောင်ရေးနှင့် ဆက် သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးသန့်စင်မောင်ပြောကြား သော ဆိုင်ကယ်နှင့် ပတ်သက်သည့် မတော်တဆဖြစ်မှုများကို ကောက် နုတ်မှတ်သားနေမိသည်။

 မေ ၈ ရက် က နေပြည်တော်ရှိ သင်္ဂဟဟိုတယ်၌ ကဏ္ဍစုံ ယာဉ် အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်း ရေး အလုပ်ရုံ ဆွေးနွေးပွဲ တစ်ရပ် ကျင်းပခဲ့သည်။ ယင်းဆွေးနွေးပွဲတွင် ဝန်ကြီး ဦးသန့်စင်မောင်က ၂ဝ၁၆ ခုနှစ် တစ်နှစ်လုံး စာရင်းများအရ ယာဉ်မတော် တဆမှုပေါင်း ၁၇၃၈၄ မှု ဖြစ်ပွားခဲ့ရာတွင် မော်တော်ဆိုင် ကယ်ကြောင့် ဖြစ်သည့် အမှု ၈၆၄၁ မှုရှိကြောင်း၊ သေဆုံးသူ စုစုပေါင်းမှာ လည်း ၄၈၈၇ ဦး ရှိသည့်အနက် ၂ဝ၉၃ ဦးသည် ဆိုင်ကယ် စီးနင်းသူ များဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့ပြင် မြန်မာနိုင်ငံတွင် ယာဉ်မတော် တဆမှု လျော့ကျစေရန် သက်ဆိုင်ရာ ကဏ္ဍအလိုက် ဆောင်ရွက်နေကြ သော်လည်း သိသိသာသာ ကျဆင်း ခြင်း မရှိသေးကြောင်း၊ ယာဉ်စီးရေ များပြားလာသည်နှင့်အမျှ မတော် တဆမှုများလည်း ပိုများလာကြောင်း၊ ယာဉ်စည်းကမ်း လမ်း စည်းကမ်းနှင့် ပတ်သက်ပြီး ပြည်သူကို အသိပညာ ပေးသည့် လုပ်ငန်းများကို မြို့နေ လူထုသာမက ကျေးလက်ပြည်သူများ ပါ နားလည်ပြီး ပူးပေါင်းပါဝင်လာစေ ရန် ဝေးလံသည့် ကျေးလက်ဒေသ များအထိ သွားရောက်ကာ အသိ ပညာပေးခြင်း လုပ်ငန်းများ ဆောင် ရွက်ရန် ပြင်ဆင်နေကြောင်း၊ ထို့ပြင် ဆိုင်ကယ်နှင့် ပတ်သက်၍လည်း အ ရောင်းပြခန်းများက ဆိုင်ကယ်တစ်စီး ရောင်းချတိုင်း ဆိုင်ကယ်စီး ဦးထုပ် နှစ်လုံးကိုတစ်ပါတည်း ထည့်သွင်းပေး ရေးအတွက် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး  ဝန်ကြီးဌာနက ညွှန် ကြားချက် ထုတ်ပြန်ပေးရန် အမျိုး သား ယာဉ်အန္တရာယ် လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီ (NRSC) က အကြောင်းကြားစာ ပေးပို့ထား ကြောင်း ပြောကြားခဲ့သည်။

 မော်တော်ဆိုင်ကယ် အရောင်း ဆိုင်များအနေဖြင့် ဆိုင်ကယ်ရောင်း ချသည့် အခါတိုင်း ဆိုင်ကယ်စီး ဦးထုပ်များ အခမဲ့ ဖြန့်ဝေရေး အတွက်  ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန(ကညန)၏ တိုင်းဒေသ ကြီးနှင့် ပြည်နယ်ရုံးများအား ဆိုင်ကယ် အရောင်း ဆိုင် များနှင့် ညှိနှိုင်း ဆောင်ရွက်စေရေး ညွှန်ကြားထား သည်ဟုလည်း ဆိုသည်။ ဆိုင်ကယ် စီးဦးထုပ်များ အခမဲ့ တွဲပေးမည့် အစီ အစဉ်သည် မှန်ကန်သော အစီအ စဉ်ဖြစ်သည်။ သို့သော် ဆိုင်ကယ်စီး ဦးထုပ်ဆောင်းထားရုံဖြင့် မောင်းနှင် သူရော စီးနင်းသူပါ အန္တရာယ်ကင်း ပြီဟု မဆိုနိုင်။ ဆိုင်ကယ်မတော် တဆမှု အန္တရာယ် ကင်းရှင်းရေးသည် ဆိုင်ကယ်မောင်းနှင်သူ၏ သတိပြု ဆင်ခြင်မှု အမြဲရှိနေမှုအပေါ်တွင် မူ တည်နေသည်။ ဆိုင်ကယ်မောင်းနှင် သူက အသိမဲ့စွာ မဆင်မခြင် အပျော် အပျက် သို့မဟုတ် စိတ်လိုက် မာန်ပါ ဖြင့် မောင်းနှင်လျှင် အသက်ပေး လိုက်ရသည်အထိ အန္တရာယ်ရှိနေ သည်။ ထို့ကြောင့် ဆိုင်ကယ်စီးရေ တိုးတက် များပြား လာနေသော မြန်မာ နိုင်ငံတွင် ဆိုင်ကယ်ကြောင့် သေဆုံးရ မှုများလည်း တစ်နေ့တခြား တိုးပွား လာနေသဖြင့် ဆိုင်ကယ်စီးနိုင်ကာမှ အသေဆိုးဖြင့် သေသွားရသည့် ဦးရေ တိုးပွားမလာရေးအတွက် ဆိုင်ကယ် မဆင်မခြင်မောင်းနှင်သူများ၊ လမ်း စည်းကမ်း ယာဉ်စည်းကမ်းဖောက် ဖျက်သူများအား ထိရောက်ပြင်းထန် သော အရေးယူမှုများ ပြုလုပ်ဖို့လိုနေ ပြီဖြစ်ကြောင်း နှိုးဆော်ရေးသား တင် ပြလိုက်ရပါသည်။

မောင်လွင်ပြင်
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.