24-8-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
၂ဝ၁၇ ခုနှစ် ဧပြီလ ၁ ရက်နေ့မှ သြဂုတ်လ ၃ ရက်နေ့အထိ လေးလတာကာလအတွင်း တာချီလိတ်နယ်စပ်ဝင်ပေါက်မှ နိုင်ငံတကာ ခရီးသွားဧည့်သည်ရှစ်ထောင့်ငါးရာကျော်ဝင်ရောက်လည်ပတ်ခဲ့
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1025
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
စာပေနှင့် အနုပညာ
နှလုံးသားမှ တေးသံ

ဟိုရှေးရှေးအခါတုန်းက ကြီးကျယ်မြင့်မြတ်သော ပုဂ္ဂိုလ်ကြီးတစ် ဦးရှိလေသည်။ ထိုပုဂ္ဂိုလ်ကြီးသည် သူ့စိတ်ကူးပုံဖော် စဉ်းစား ထားသော အမျိုးသမီးတစ်ဦးနှင့် တွေ့၍ လက် ထပ်လိုက်သည်။ သူတို့နှစ်ယောက် တွင် ချစ်စရာကောင်းသော သမီး မိန်းကလေး တစ်ယောက်ကို မွေးဖွားခဲ့ လေသည်။ ထိုသမီးလေးမှာ ချက် ချက်ချာချာနှင့် အလွန်တရာမှ ချစ်စရာကောင်းသူလေးဖြစ်သဖြင့် ထိုပုဂ္ဂိုလ်ကြီး သည်းသည်းလှုပ်မျှ ချစ် မြတ်နိုးလေသည်။

ငယ်ငယ်ရွယ်ရွယ်ကလေး မလေးကို ဖခင်ကြီးက ပွေ့ချီပြီး အ ခန်းထဲတွင် လှည့်ပတ်ကာ ကလေ့ရှိ သည်။ ပြီးတော့ တတွတ်တွတ်နှင့် ပြောလေသည်။

''သိပ်ချစ်ရတဲ့ သမီးငယ်လေး''

ကလေးမလေးမှာ တဖြည်းဖြည်း နှင့် အရွယ်ရောက်ကြီးပြင်းလာခဲ့ သော်လည်း ထိုသမီးလေးကို ပွေ့ဖက်၍ ဖခင်ကြီးက ပြောမြဲပြောလေ့ ရှိ သည်။

''သိပ်ချစ်စရာကောင်းတဲ့ သမီး ငယ်လေး''

ထိုအခါ ကလေးမလေးက နှုတ်  ခမ်းစူပြီး မကျေမနပ်နှင့် ဖခင်ကြီး အား ပြန်ပြောလေသည်။

''သမီးက ငယ်ငယ်ရွယ်ရွယ် မဟုတ်တော့ဘူး''    

''သမီးရယ် ဖေဖေအတွက်တော့ သမီးငယ်ကလေးပါပဲ''

ထိုကလေးမလေးသည် အရွယ် ရောက်လာသည့်အခါ အိမ်မှ ထွက် လာခဲ့လေသည်။ အပြင်လောကထဲ ရောက်လာသည့်အခါ ထိုကလေးမ လေးသည် ကိုယ့်ကိုယ်ကိုယ် သိလာခဲ့ သည်။ သူ့ဖခင်ကြီးအကြောင်းကို လည်း ပို၍ သိနားလည်ခဲ့လေသည်။ သူ့ဖခင်ကြီးမှာ ခွန်အားဗလနှင့် ပြည့် စုံပြီးသူတစ်ယောက် ဖြစ်သည်ကို သိရှိရပြီး သူ့အနေဖြင့် အားကိုးအား ထားရသူဖြစ်ကြောင်း နားလည်ခဲ့လေ သည်။ တကယ်တော့ မိသားအပေါ် သူ၏  ချစ်ခင်မြတ်နိုးမှုမှာ တန်ဖိုး ထားစရာဖြစ်သည်။ အပြင်လောက ထဲရောက်သွားသော သမီးငယ် ကလေးကို ဖခင်ကြီးအနေဖြင့် ''ချစ် စရာကောင်းတဲ့ သမီးငယ်လေးရေ'' ဟု ပြောဆိုတမ်းတနေဆဲ ဖြစ်သည်။

အရွယ်ရောက်လာပြီဖြစ်သော ထိုမိန်းကလေးသည် တစ်နေ့တွင် သတင်းတစ်ခုကို တယ်လီဖုန်းမှ ကြား လိုက်ရသည်။

ဖခင်ကြီး နေထိုင် မကောင်းဖြစ် နေသည်တဲ့။ ဖခင်ကြီးမှာ လေဖြတ် သွားခြင်းဖြစ်ပြီး ခံစားမှုကင်းမဲ့နေပြီ ဖြစ်သည်။ စကားလည်း မပြောနိုင် တော့။ သူ့အား ပြောခဲ့သည့်များကိုလည်း မသိတော့။ ပြုံးရယ်ခြင်းလည်းမရှိတော့။ လမ်းလည်းမလျှောက်နိုင်။ ပွေ့ဖက်ခြင်း လည်း မပြုနိုင်။ အရင်က လို သမီးလေးကိုလည်း ချစ်မြတ်နိုး သည့် အကြောင်း မပြောနိုင်တော့။

သမီးငယ်လေးသည် ဖခင်ကြီးရှိရာ အခန်းထဲသို့ ရောက်သွားသည်။ ဖခင်ကြီးအား တွေ့လိုက်ရသည့်အခါ ဖခင်ကြီးမှာ အရိုးပေါ် အရေတင်ဖြစ်ကာ သတိကင်းလွတ်နေပြီဖြစ်သည်။ သမီးငယ်လေးကို လှမ်းကြည့်နေပြီး စကားပြောရန် ကြိုးစားသေးသည်။ သို့သော် နှုတ်မှ စကားတစ်လုံးမှ ထွက်မလာတော့။

သမီးငယ်ကလေးသည် သူလုပ် နိုင်စရာတစ်ခုပဲရှိသည်။ ဖခင်ကြီး လဲလျောင်းနေသော ခုတင်ပေါ်တက်လိုက်သည်။ နှစ်ယောက်စလုံး ၏  မျက်လုံးအိမ်ထဲမှာ မျက်ရည်များ စီးဆင်းကျလာလေသည်။ သမီးငယ် လေးက လှုပ်ရှား၍ မရတော့သော ဖခင်ကြီး၏ လက်ကို ဆွဲဖက်လိုက် လေသည်။

သူ့ဦးခေါင်းကို ဖခင်ကြီး၏ ရင်ခွင်ထက်မှာ တင်ထားလိုက်ပြီး အမှတ်ရစရာများကို ပြန်တွေးနေမိသည်။ ဖခင်ကြီးနှင့် အတူရှိနေစဉ် အခါများကို အမှတ်ရသည်။ ဖခင်ကြီးအပေါ် နွဲ့ဆိုးဆိုးခဲ့သည်များကို ပြန်သတိရသည်။ ဆုံးရှုံးရတော့အချိန်ကို တွေးမိပြီး ပူဆွေးသောက ရောက်နေလေ သည်။

ထိုအခါတွင် ဖခင်ကြီး၏ ရင်ခုန်သံကို သတိထားမိလိုက်သည်။ ဖခင်ကြီး၏ နှလုံးသားမှ ရင်ခုန်သံသည်  တေးဂီတဖြစ်သည်။ စကားလုံးများ ဖြစ်သည်။ ဖခင်ကြီး ခန္ဓာကိုယ်မှာ ယိုယွင်းနေပြီဖြစ်သော်လည်း နှလုံးသားမှ ရန်ခုန်သံကိုတော့ မှန်မှန်ကြားနေရ သည်။ ဖခင်ကြီး၏ ရင်ခုန်သံကို ဂရုတစိုက်နှင့် နားထောင်လိုက်သော အခါ သမီးငယ်လေး အံ့သြစရာ တစ်ခုကို သတိထားမိ လိုက်သည်။

ဖခင်ကြီး၏ နှုတ်မှ မပြောနိုင် တော့သော်လည်း နှလုံးမှ ရင်ခုန်သံ သည် စကားလုံးများအဖြစ် ထွက်လာ ခဲ့သည်။

''သိပ်ချစ်ရတဲ့ သမီးငယ်လေး ရယ်''တဲ့။

တင်ဆွေမိုး
Heart Song by Patty Hanser ကို ဆီလျော်အောင် ပြန်ဆိုသည်။

တင်ဆွေမိုး
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.