29-6-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
ရခိုင်ကမ်းရိုးတန်းတွင် ငါးဖမ်းဆီးရရှိမှုနည်းပါးလာသည့်အတွက် ငါးဖမ်းကိရိယာများ ပြောင်းလဲသုံးစွဲလာကြ
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1017
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
စာပေနှင့် အနုပညာ
မှားယွင်းတဲ့တဇောက်ကန်းအမိန့်

လွန်ခဲ့တဲ့ ၂ဝ၁၆ ဒီဇင်ဘာလလောက်က ဆရာထက်မြက်ရဲ့ 'ကျွန်တော် လေးစားချစ်ခင်ရသူများ'ဆိုတဲ့ ဆောင်းပါးပေါင်းချုပ် စာအုပ်ကြီး လက်ဆောင် ရလို့ ဖတ်နေရင်း နိုင်ငံရေးရာ အယူအဆနဲ့ ပတ်သက်တဲ့ ဆောင်းပါး တစ်ပုဒ်မှာ ''ကျွန်တော်ကတော့ ကိုယ့်တပ်ကိုယ်အမြှောက်နဲ့ ပြန်ပစ်ရတဲ့ အယူအဆကို မလွှဲမရှောင်သာ ကျင့်သုံးရတော့မှာပဲ''လို့ ရေးတာကို ဖတ်လိုက် ရပြီး ခေါင်းထဲမှာ စွဲနေပါတယ်။ အောက်ခြေမှတ်စု ဖွင့်ဆိုချက်လည်းမပါ။ ဘယ်လိုအယူအဆများပါလိမ့်ဆိုပြီးတော့ပေါ့။

ဒီလို နဲ့ နေလာခဲ့ပြီး မြို့ထဲက အပြန်ဘားလမ်းကနေ ရုပ်ရှင်ကားဟောင်း တစ်ကားဝယ်လာခဲ့ပြီး ကြည့်မိတော့မှ သြော် ဆရာထက်မြက်ပြောခဲ့တဲ့ စကား က ဒီအကြောင်းကြီးပါလား''ဆိုတာ သိလိုက်ရပါတယ်။

ဟိုတုန်းက နာမည်ကျော် ဒါရိုက်တာကြီး စတန်လီကူးဘရစ် (Stanley Kubrick) ရိုက်ကူးပြီး မင်းသားကြီး Adolphe Menjou နဲ့ မင်းသားကြီး Kirk Douglas (ပန်းချီဆရာကြီး ဗင်းဆင့်ဗန်ဂိုးအဖြစ် သရုပ်ဆောင်ခဲ့သူ) တို့က အဓိက သရုပ်ဆောင်ထားကြ ပါတယ်။

ပထမကမ္ဘာစစ်အတွင်းကာလမှာ ဂျာမနီနဲ့ ပြင်သစ်တို့စစ်ဖြစ်ကြပါတယ်။ ရက်စွဲအရကတော့ ၃-၈-၁၉၁၄ မှာ စတင်တာဖြစ် ပါတယ်။ စစ်မြေပြင်က မျက်နှာချင်းဆိုင်ဖြစ်ပြီး ကတုတ်ကျင်းတွေနဲ့ ကျားထိုးပြီး တက်တိုက်ကြရတာ ဖြစ်ပါတယ်။ ပြင်သစ် တို့ရဲ့ ရှေ့တည့်တည့် စစ်မျက်နှာဖွင့်ရာ အရပ်မှာ 'ပုရွက် ဆိတ်ကုန်း' လို့ အမည်ရတဲ့ တောင်ကုန်းတွေကို ဂျာမန်တွေက လက်ဦးမှုရယူ ပြီး တပ်စွဲထားကြပါတယ်။ စစ်ဗျူဟာအရ ဂျာမန်တို့က အသာစီးက နေရာယူထားတာဖြစ်လို့ တက်တိုက်သမျှ ပြင်သစ်စစ်တပ်တွေဟာ အတုံးအရုံး ကျဆုံးမှုတွေနဲ့သာ ရင်ဆိုင်ကြရပါတယ်။

ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် ဒီတောင်ကုန်းကို ပြင်သစ်တွေကရအောင် ပြန် သိမ်းကိုသိမ်းရမှာဖြစ်ပါတယ်။ ဒါပေမယ့် ထွက်တိုက်မိ သမျှ အသေချည့်ပဲမို့ ပြင်သစ် စစ်သားတွေ ကတုတ်ကျင်းထဲက မထွက်ရဲ လောက်အောင်ဖြစ်နေကြ ရပါတယ်။

အဲဒီလိုနဲ့ နှစ်နှစ်လောက်ကြာခဲ့ ပြီးတဲ့အချိန် ၁၉၁၆ မှာ ပြင်သစ် စစ်ရုံးချုပ်က ဗိုလ်ချုပ်ကြီး ဘရောင်းလတ်ဟာ သူရဲ့ လက်အောက်ခံ ရုံးဖြစ်တဲ့ ဗိုလ်ချုပ်ကြီး 'မီရူး' ရဲ့ ရုံးကိုရောက်လာပြီး ပုရွက်ဆိတ်ကုန်းကို အပိုင်သိမ်းဖို့ တိုက်တွန်းတာမှာ မီရူးကငြင်းပါတယ်။ ဒီကုန်းကိုရရင် ခင်ဗျား မုချရာထူးတက် မှာနော်''လို့လည်း ပြောလိုက်ရော မီရူးစိတ်ပြောင်းသွားပါတယ်။

ဗိုလ်ချုပ်ကြီး မီရူးက သူ့အထက်က အရာရှိဗိုလ်ချုပ်ကြီး ဘရောင်း လတ်ရဲ့ စကားကိုကြားပြီး နောက်ရက်တွေမှာ ပုရွက်ဆိတ် ကုန်း (ရန်သူ့ တောင်ကုန်း) နဲ့ မျက်နှာချင်းဆိုင်မှာရှိတဲ့ စစ်မြေပြင်ပေါ်က ပြင်သစ် စစ် တပ် အမှတ် (၇ဝ၁) ကိုလာပြီး စစ်ဆေး တာတွေလုပ်ပါတယ်။ အဲဒီမှာ ဗိုလ်မှူးကြီး 'ဒက်စ်' (မင်းသားကြီး ကစ်ဒေါက်ကာလာ့စ်) နဲ့ ဆွေးနွေး ပါတယ်။

ဗိုလ်မှူးဒက်စ်က အခုလို အချိန် မှာ ချက်ချင်းဆုံးဖြတ်ချက်နဲ့ ဒီတောင် ကုန်းကို အကုန်ရဖို့ကြိုးစားရင် ပြင် သစ်တပ်မတော်ကြီး ကုန်သွားလိမ့် မယ်လို့ ပြောပေမယ့်လည်း မရဘူး။ ဗိုလ်ချုပ်ကြီး မီရူးဟာ သူရာထူးတက် ဖို့ သူ့အတ္တအတွက်သာ ခေါင်းထဲမှာ စွဲနေပြီး ချက်ချင်းတိုက်ရမယ်လို့ အမိန့်ပေးသွားခဲ့ပါတယ်။

ထင်တဲ့အတိုင်းပဲ ထွက်တိုက်သ မျှ အကုန်သေတာမို့ ဗိုလ်မှူးဒက်စ် ဘယ်လိုပင်အမိန့်ပေး၊ ချော့ပြော၊ ချောက်ပြော ဘယ်လိုမှ မရ။ ပြင် သစ် စစ်သားတွေ မိမိတို့ရဲ့ ကတုတ် ကျင်းထဲက တစ်ယောက်မှ မထွက် ကြ။ စစ်ဆင်ရေးတွေ မအောင်မြင်တဲ့ အတွက် ဗိုလ်ချုပ်ကြီး မီရူးက ဒေါသ ဖြစ်ပြီး ပြင်သစ်စစ်သားတစ်ရာကို သူရဲဘောကြောင်မှုနဲ့ စစ်ခုရုံးတင်မယ် လို့ ဗိုလ်မှူး ဒက်စ်ကို ပြောလိုက်ပါ တယ်။

''ကျုပ်ရဲဘော်တွေကို စစ်ခုံရုံး တင်မယ့်အစား ကျုပ်တစ်ယောက် တည်းကိုသာ တင်လိုက်ပါ''လို့ ချက် ချင်းတုံ့ပြန်ပါတယ်။ ဗိုလ်ချုပ်မီရူးက ဒါကိုတော့ လက်မခံပါဘူး။

 နောက်တပ်ခွဲတစ်ခွဲကို သုံး ယောက်နှုန်းရွေးပြီး သေဒဏ်ပေးခြင်း ခံရပါတယ်။ ကတုတ်ကျင်းထဲက မထွက်တဲ့တပ်ကို ထွက်အောင်ဆိုပြီး ဗိုလ်ချုပ်ကြီး ဘရောင်းလတ်က ဗိုလ်ချုပ်ကြီးမီရူးကို ကိုယ့်တပ်ကိုယ်ပြန်ပြီး အမြောက်နဲ့ပစ်ဖို့ အမိန့်ပေး လိုက်ပါ တယ်။ မီရူးဟာ ချက်ချင်းအခန်းထဲ က ထွက်သွားပါတယ်။ ဒီလိုအမိန့် ပေးတာဟာ ဗိုလ်ချုပ်ကြီး ဘရောင်း လတ်က ဗိုလ်မှူးဒက်စ်ရဲ့ သတ္တိရှိခြင်း ရိုးဖြောင့်မှန်ကန်ခြင်းတွေကို သိလို့ မီရူးနေရာမှာ အစားပေးဖို့လုပ်တာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒက်စ်က လက်မခံပါဘူး။

''ဒီလိုမျိုး အမိန့်တွေ၊ ဒီလိုမျိုး အပြုအမူတွေကို ကျုပ်က အလွန့် အလွန်ကိုပဲ ရွံရှာမုန်းတီးပါတယ်။ တကယ်တမ်းကျတော့ တပ်ခွဲတစ်ခွဲ ကို သုံးယောက်နှုန်းနဲ့ သေဒဏ်ပေး တာဟာ အဲဒီစစ်သားတွေအပေါ်မှာ အမြင်ကတ်ပုဒ်မနဲ့ တမင်သက်သက် လုပ်တာကို ကျုပ်သိတယ်။ ကိုယ့် ရဲဘော်ကို ကိုယ်ပြန်ပြီး လက်ပစ်ဗုံးနဲ့ ပစ်တဲ့ စစ်ဗိုလ်ကလည်းတစ်မျိုး၊ အကုန်လုံး သောက်ရူးတွေချည့်ပဲဗျာ'' ဆိုပြီး ဗိုလ်မှူး ဒက်စ် (မင်းသားကြီး ကစ်ဒေါက်ကလာ့စ်) ဟာ ဗိုလ်ချုပ် ကြီး ဘရောင်းလတ်ရဲ့ ရုံးခန်းထဲကနေ ထွက်လာခဲ့ပါတော့တယ်။ ရုပ်ရှင်ကို လည်း အဲဒီမှာပဲ အဆုံးသတ်လိုက် ပါတယ်။

အဲဒီတော့ လူနဲ့လုပ်ပိုင်ခွင့် အမိန့်အာဏာဆိုတာကို မှန်ကန်တဲ့ နည်းလမ်းနဲ့ အများအကျိုးအတွက် ကိုယ်ချင်းစာ တရားပြည့်ဝစွာ အသုံး ချမှသာ မိမိအတွက်ရော၊ လူအများ အတွက်ပါ အောင်မြင်အထမြောက် ကြရမှာဖြစ်ပါတယ်လို့ ဒီရုပ်ရှင်က ပြောပြလိုက် တာဖြစ်ပါတယ်။ သေ ဒဏ်ပေးလို့ စစ်သားတွေ သေခဲ့ရပြီး ၁၉ နှစ်ကြာတော့ ဒီစစ်သားတွေမှာ ဘာအပြစ်မှ မရှိပါဘူးဆိုပြီး ရုံး တော်က အမိန့်စာထုတ်ပြန်ပေးလိုက် ပါတယ်။ သူတို့အဖို့တော့ စာရွက်ပေါ် မှာ အမှားအမှန်ကို ကောက်ခြစ်လိုက် ရုံ လွယ်လွယ်ကလေးပေမယ့် ပေး ဆပ်လိုက်ရသူတွေနဲ့ မိသားစုတွေအ တွက်တော့ ...

ဝင်းကိုမောင်
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.