24-8-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
ရင်းနှီးမြှုပ်နှံမှု တိုးတက်နေတဲ့ ဂျာမန် အိမ်ရာဈေးကွက်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1025
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
စာပေနှင့် အနုပညာ
ကလေးများအတွက် လက်ဆောင် လမင်းနှစ်ခု ကလေးကဗျာများဖြန့်ချိ

ကလေးတွေ ခံစားနိုင်မယ့်၊ ကလေးတွေ နားလည်နိုင်မယ့်၊ ကလေးတွေ ပျော်ပျော်ရွှင်ရွှင် ရွတ် နိုင်အောင် အသံချိုချိုနဲ့ ရေးဖွဲ့ထားတဲ့ ဆရာမောင်စန်းသော်ရဲ့ 'လမင်းနှစ်ခု' ကလေးကဗျာများ စာအုပ်ဈေးကွက် ထဲကို ရောက်ရှိလာပါပြီ။

 မြန်မာ့အလှ (ဆယ့်နှစ်လရာသီ တို့မြန်ပြည်)၊ တို့ ခေါင်းဆောင်၊ သား သား၊ အိမ်၊ ကျောင်း၊ သဘာဝ၊ လူ သားဆိုတဲ့ ကဏ္ဍခုနစ်ခုခွဲပြီး သူ့ ကဏ္ဍနဲ့သူ ကဗျာလေးတွေကို ခင်း ကျင်းစုစည်းထားပါတယ်။

 မြန်မာ့အလှကဏ္ဍမှာ ဆယ့်နှစ် လရာသီရဲ့ အလှနဲ့ သဘာဝကို ဖွဲ့ဆို ထားတဲ့ ကဗျာ ၁၂ ပုဒ်၊ တို့ခေါင်း ဆောင်ကဏ္ဍမှာ ကလေးတွေ လေးစား အားကျအတုယူရမယ့် ဗိုလ်ချုပ် အောင်ဆန်း၊ ဆရာတော် ဦးဝိစာရ၊ သခင်ကိုယ်တော်မှိုင်း၊ ဆရာစံ၊ ဗိုလ် အောင်ကျော်၊ အနော်ရထာ၊ ကျန်စစ် သား၊ မဟာဗန္ဓုလ၊ ယောအတွင်းဝန် ဦးဘိုးလှိုင်တို့အကြောင်း ဖွဲ့ဆိုထားတဲ့ ကဗျာ ၉ ပုဒ်၊ သားသားကဏ္ဍမှာ ကလေးတွေရဲ့ ကျန်းမာရေး ပညာ ရေး၊ ယဉ်ကျေးမှုတွေ မြင့်မားစေဖို့၊ နှလုံးလှစေဖို့ရေးဖွဲ့ထားတဲ့ ကဗျာ ၁၄ ပုဒ်၊ အိမ်ကဏ္ဍမှာ ကလေးတွေ နေ့ စဉ်ကြုံတွေ့နေရတာလေးတွေ၊ မိသား စုဘဝတွေ၊ မိဘမေတ္တာတွေအ ကြောင်း ရေးဖွဲ့ထားတဲ့ ကဗျာ ၂၄ ပုဒ်၊ ကျောင်းကဏ္ဍမှာ ကလေးတွေ ကျောင်းကို ချစ်ခင်အောင်၊ ကျောင်း မှာပျော်အောင်၊ ပညာကို မြတ်နိုး တတ်အောင် ဖွဲ့ဆိုထားတဲ့ ကဗျာ ၉ ပုဒ်၊ သဘာဝကဏ္ဍမှာ ကလေးတို့  ပတ်ဝန်းကျင်က သဘာဝလောက အကြောင်း ဖွဲ့ဆိုထားတဲ့ ကဗျာ ၁၉ ပုဒ်၊ လူသားကဏ္ဍမှာ လူသားရဲ့ စွမ်း ရည်နဲ့ လုပ်အားရဲ့ အလှအကြောင်း ဖွဲ့ဆိုတဲ့ ကဗျာ ၁၂ ပုဒ် ပါဝင်ပါတယ်။

ကလေးတွေ ရဲရင့်ဖို့၊ နိုင်ငံနဲ့ လူ မျိုးကို ချစ်တတ်ဖို့၊ အမြော်အမြင်ရှိဖို့၊ စည်းကမ်းရှိဖို့၊ ကလေးတွေ အဘက် ဘက်က တိုးတက်ဖို့ ကလေးကဗျာ လေးတွေ ရေးဖွဲ့ထုတ်ဝေဖြစ်တာလို့ ကဗျာဆရာက ဆိုထားပြီး ဆရာ မောင်စွမ်းရည်ရဲ့ အမှာစာနဲ့အတူ လင်းလွန်းခင် စာပေကနေ တန်ဖိုး ၂ဝဝဝ ကျပ်နဲ့ ထုတ်ဝေဖြန့်ချိလိုက် ပါပြီ။

ကေတီ
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.