25-5-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
ပိန်းရိုးခြောက်များ ကိုရီးယားနိုင်ငံသို့ တင်ပို့
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1012
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
စာပေနှင့် အနုပညာ
ပြာသောကြယ်ကို ဂုဏ်ပြုခြင်း - ၃

၁၉၃၉။

ဝင်းတင်၏ မိဘများသည် အင်း စိန်သို့ ပြောင်းရွှေ့ကြ၏။

"မင်းလည်း အင်းစိန်ကနေ မြို့မ ကျောင်းကို ရထားနဲ့ တက်ကွာ"

အဖေက ပြောသည်။

ဝင်းတင်က အဆော့သန်သည်။

လက်ဝှေ့ထိုးလည်း သင်ထား၏။

 ဘောလုံးလည်း ကန်၏။ အား ကစားမှာ ထူးချွန်လွန်းလှသည်တော့ မဟုတ်ပါ။ သို့သော် ဝင်းတင်သည် အငြိမ်မနေတတ်။ ပြေးလွှားဆော့ ကစားနေတတ်၏။

သူသည် အိမ်မှာ ဆော့သည်။ ကျောင်းမှာ အားလပ်ချိန်ဆိုလျှင် ကစားသည်။

အင်းစိန်ကနေ မြို့မကျောင်းကို ရထားနှင့် တက်ဆိုတော့လည်း တက် ပေါ့။

ရထားစီးလျှင် သူက အငြိမ်မနေ။

ရထားမထွက်ခင်လည်း ဟိုတွဲ သည်တွဲ တက်လိုက်ဆင်းလိုက် ရထားထွက်ခါစမှာလည်း ဟိုတွဲမှ သည်တွဲ ခုန်ကူးသေး၏။ အမြဲ လုပ် နေကျ။ အမြဲခုန်ကူးနေကျ။ တစ်ရက် တွင် သူသည် ခုန်အကူးမှာ ခြေချော် သွား၏။ လူက ပလက်ဖောင်းနှင့် ရထားတွဲ အကြား အစပ်ကလေးပေါ် သို့ လိမ့်ကျသွား၏။

 "ကောင်လေး ကျသွားပြီ"

"ကျောင်းသားလေး လိမ့်ကျသွား ပြီ"

လူတို့သည် အော်ကြ၊ ဟစ်ကြ။ ဆူညံသွား၏။

သူလိမ့်ကျ၍ လူအများက အော် ဟစ်ကြသော်လည်း ရထားသည် ခုတ်မောင်းဆဲ၊ အရှိန်သတ်၍ မရ။

သူသည် ပက်လက်လန်လျက် ကလေးကျသွား၏။ သူ၏ လက်တစ် ဖက်က မီးရထားသံလမ်းပေါ် ရောက် သွား၏။ ကြိတ်တော့မည်။ သို့သော် ရထားဘီးက ရောက်မလာသေး။ သူ သတိရှိသွား၏။ ငါသေလို့ မဖြစ်သေး ဘူး။ ရထားသံလမ်းပေါ် ကျနေသော သူ၏ လက်ကို အမြန်ရုပ်သိမ်းလိုက် သည်။

သူသည် ငြိမ်ငြိမ်သက်သက်နေ ပေးလိုက်၏။ ရထားကြီးက သူ့ကိုယ် အပေါ်က ပွတ်ရုံလေးမျှ ခုတ်မောင်း သွားနေ၏။

"သေပြီ"

 "သေပြီ"

လူတို့၏ အော်သံများ၊ ရထားတွဲ များ တစ်တွဲပြီး တစ်တွဲ။ သူ့ကိုယ် အထက်မှာ သူ့မျက်နှာအပေါ်ဘက် မှာ တဂျုန်းဂျုန်း တဂျက်ဂျက် ဖြတ် သန်းလျက်။

ရထားသည် သူနှင့် တော်တော် လေး ဝေးသွားမှသာ အရှိန်သတ်၍ ရသွား၏။

ဇလီဖားတုံးများအပေါ်မှ ကျောက်ခဲများအပေါ်မှ သူကုန်း၍ ထသည်။

သူ့ထမင်းချိုင့်သူဆွဲသူ့လွယ် အိတ်ကလေး သူလွယ် ဖုတ်ဖက်ခါ၍ ထလာ၏။

"ဟာ"

"ကောင်လေး မသေဘူး"

လူတွေက အလွန်အံ့အားသင့် နေကြသည်။

လူများသည် သူ့ကို ဘူတာရုံပိုင် ကြီးဆီသို့ ခေါ်သွားကြ၏။

"ကျောင်းသားလေးကွာ မသေ ကောင်း မပျောက်ကောင်း"

ရုံပိုင်ကြီးက သူ့မိဘထံသို့ အ ကြောင်းကြားပေး၏။

အမေက အလွန်စိုးရိမ်နေသည်။

"မဖြစ်ဘူး မဖြစ်ဘူး ငါ့သားလေး ကိုတော့ ကျောင်းအဝေးကြီးထားလို့ မဖြစ်ဘူး။ ဒီရထားကို ထပ်စီးရင် ဒီလိုပဲ ထပ်ဆော့မှာပဲ၊ ဒီလိုပဲ ထပ် လိမ့်ကျမှာပဲ။ ဒီတစ်ခါလိမ့်ကျရင် အမေရင်ကျိုးရချည့်ရဲ့။ တော်ပြီ နီးနီး နားနား အင်းစိန်ကျောင်းမှာပဲ နေ တော့"

ဝင်းတင်သည် အင်းစိန်ကျောင်း သို့ ရောက်သွားရ၏။

ဝင်းတင်သည် ရန်ကုန်မြို့ထဲမှာ နေစဉ်က တရုတ်များနှင့် နီးကပ်ခဲ့ဖူး သည်။ ကုလားများရှိသော အရပ်မှာ လည်း နေဖူး၏။ လူမျိုးခြားများဟု ဝင်းတင်က ခံစားရသည်။

ယခုတော့ သူ့ကျောင်းမှာ ကရင် တိုင်းရင်းသားတွေ အများကြီး။

"ကရင်ဆိုတာက ငါတို့ရဲ့ ပြည် ထောင်စုဖွား တိုင်းရင်းသားတွေပဲ"

ဝင်းတင်က တွေးမိသည်။

"ကရင်ဆိုတာ ငါတို့ဗမာတွေနဲ့ ရုပ်ရည်ချင်း မတူဘူး။ အသားအ ရောင် မတူဘူး။ စကားတွေ မတူ ဘူး။ ဒါပေမယ့် ဒီကရင်ဆိုတဲ့ လူတွေ ဟာလည်း ငါတို့ရဲ့ တိုင်းရင်းသားတွေ ပဲ။ ငါတို့ ချစ်ချစ်ခင်ခင် ပေါင်းသင်း နေထိုင်ရမယ်"

ဝင်းတင်သည် ထိုသို့တွေးတော မိ၏။ တိုင်းရင်းသားအချင်းချင်း ချစ် ခင်ရမည်ဆိုသော အသိတရားက အင်းစိန်ကျောင်းက စတင်ရခဲ့သည်။

ဝင်းတင်၏ မိခင်ဘက်က အမျိုး တွေထဲမှာ မီးသတ်ဦးလှကျော်ဆိုတာ ရှိသည်။

မီးသတ်ဦးလှကျော်၏ညီ ကိုစော လွင်ဆိုသူလည်း ရှိသေး၏။ (ကိုစောလွင်သည် နောင်သောအခါ ရဲဘော် သုံးကျိပ်ဝင် ဗိုလ်မင်းခေါင်ဖြစ်လာ ၏။)

ကိုစောလွင်သည် သူ့အစ်ကို ဦးလှကျော်နေသော မြို့တော်ခန်းမက အခန်းတစ်ခုမှာ နေထိုင်၏။

ကိုစောလွင်ကို ဝင်းတင်၏ အဒေါ်များက ဒကိုကိုစောဒဟု ခေါ် ၏။

ဝင်းတင်ကလည်း ကိုစောလွင် ကို ဒကိုကိုစောဒ ဟုပင် ခေါ်သည်။

ကိုကိုစောထံသို့ နိုင်ငံရေးသမား များက လာလေ့ရှိ၏။ ညအိပ်ညနေ လည်း လာကြသည်။ ဝင်းတင်လည်း ကိုကိုစောထံသို့ အလည်သွားတတ် ၏။

ကြို့ပင်ကောက်မြို့သား ကိုအေးကြည်က အများဆုံးလာ၏။ (နောက်ပိုင်းတွင် ရဲဘော်ဖြူ၏ မြောက်ပိုင်း တိုင်းမှူးဖြစ်သွား သည်။ တောထဲမှာ ကျဆုံးကောင်း ကျဆုံးနိုင်သည်။)

ဝင်းတင်သည် ကိုစောလွင်တို့ ကိုအေးကြည်တို့ထံမှ နိုင်ငံရေး စကား များ ကြားနာခွင့်ရ၏။

"ဟေ့ကောင် မင်းငါတို့ပြောတာ တွေ နားထောင်ချင်ရင် အလကား မရဘူး။ ငါ့ခြေထောက်ကို နှိပ်ပေး"

ကိုကိုစောက ခိုင်း၏။

 ဝင်းတင်ကတော့ ကိုကိုစောတို့ ကိုအေးကြည်တို့ အပါးမှ ခွာထွက် မသွားချင်။ ကိုကိုစော၏ ခြေသလုံး ကို နှိပ်ပေး၏။

ဝင်းတင်သည် နိုင်ငံရေးစကား များကို ကြားနာခွင့်ရ၏။ အရသာတွေ့ နေသည်။

ဝင်းတင်က ၁ဝ နှစ်သား။

ကိုကိုစောက အသက် ၂ဝ။

 ဝင်းတင်နိုင်ငံရေးကို စတင်စိတ် ဝင်စားခြင်း။

 ထ    ထ    ထ

ဝင်းတင်တစ်ယောက် ကဗျာ စာပေကို မည်သည့် အချိန်က စတင် စိတ်ဝင်စားခဲ့ပါလိမ့်။

ဝင်းတင်၏ ဖခင်သည် အင်းစိန် သို့ ရောက်သောအခါ နာမည်အလွန် ကြီးသော ဝိပဿနာဂိုဏ်းနှင့် တွဲမိ သွား၏။

အိမ်က နည်းနည်းကျယ်သည်။

အဖေက သူ့အိမ်မှာ တရားပွဲ မကြာမကြာ ပြုလုပ်၏။

ဝိပဿနာတရားကို အဖေက တိမ်းညွတ်သည်။ အိမ်မှာ တရားပွဲ လုပ်လျှင် အဖေက တက်ကြွနေ၏။ အဖေကိုယ်တိုင် ဆနွင်းမကင်းဖုတ် သည်။ ကျောက်ကျောလုပ်သည်။ စမူဆာကြော်သည်။ ပလာတာရိုက် သည်။ ဝိပဿနာတရားကို လာ ရောက်ကြားနာသူများအား အဖေက ထိုမုန့်များဖြင့် ဧည့်ခံ၏။

အဖေသည် ဝင်းတင်ကို လယ် တီဆရာတော်ဘုရား၏ ပဋိစ္စသမုပ္ပာဒ် လင်္ကာကြီးကို ကျက်ခိုင်း၏။

အဖေက သူ၏ တရားမိတ်ဆွေ များကို မုန့်များဖြင့် ဧည့်ခံကျွေးမွေး သည်။ ဝင်းတင်ကို သူ့မိတ်ဆွေများ ရှေ့မှောက်၌  ပဋိစ္စသမုပ္ပာဒ်လင်္ကာ ကြီးထဲမှ စာသားများကို တစ်ပိုဒ် ချင်းတစ်ပိုဒ်ချင်း ရွတ်ဆိုစေ၏။

ဝင်းတင်သည် စာတစ်လုံးချင်း ရွတ်၏။ အသံနေ အသံထားမှန် အောင်၊ အဖြတ်အတောက်မှန်အောင် ရွတ်ဆိုရ၏။

"ကောင်းတယ်ကွ။ ပါရမီရှိတဲ့ ကောင်လေးပဲ။ တရားဘာဝနာနဲ့ နီး စပ်တယ်"

အဖေ့မိတ်ဆွေများက ချီးကျူး ကြသည်။

ဝင်းတင်သည် ထိုစကားလုံးများ ကို ရွတ်ဖတ်နေရခြင်းမှာ အရသာ တွေ့နေ၏။ အခြားလူကြီးများက ချီး ကျူးပြန်တော့ မိမိကိုယ်မိမိကျေနပ်ရ ပြန်၏။

ဝင်းတင်သည် ၁ဝ နှစ်သား အရွယ်ဖြစ်သည်။

စာတွေကို ကုန်းကုန်းကျက်ရန်၊ စာတွေကို အော်အော်ကျက်ရန် အ လွန်ထက်သန်နေသော အရွယ်ဖြစ် သည်။

ကဗျာဖြစ်စေ၊ လင်္ကာဖြစ်စေ၊ ပဋိပစ္စသမုပ္ပာဒ် တရားတော်ဖြစ်စေ၊ စာလုံးများရှိနေလျှင် ဝင်းတင်သည် ထိုစာလုံးများကို အော်ပြီးရွတ်ဆိုရန် ဝန်မလေးခဲ့ပါ။

အဖေကလည်း သူရွတ်စေချင် သော တရားတော်ကို ဝင်းတင်က အော်ရွတ်တာ၊ အလွတ်ရသည်အထိ ရွတ်တာတွေကို သဘောကျနေ သည်။

ဝင်းတင်က ပဋိစ္စသမုပ္ပာဒ်လင်္ကာ ကို အော်ရွတ်လေ၊ အဖေက ဆနွင်းမကင်းကို မွှေးနေအောင် သင်းပျံ့နေ အောင်ဖုတ်လေဖြစ်သည်။

ဝင်းတင်သည် တရား၏ သဘော၊ ဖြစ်ခြင်း၊ ပျက်ခြင်း၏ သဘောကို ဆင်ခြင်နိုင်သည်တော့ မဟုတ်ပါ။ စာ သားတွေမှာ အသံသာသည်၊ အနုပညာ ပါသည်ဟု စိတ်ထဲက ခံစားမိ၏။ ရွတ်ဆို၍ ကောင်းနေသည်။ ထို့ ကြောင့် ရွတ်ဆိုခြင်းဖြစ်သည်။

ဝင်းတင်ပြန်တွေးကြည့်သည်။ သူ့ဘဝသည် ကိုကိုစောထံသို့ သွား လည်ရင်း နိုင်ငံရေး အငွေ့အသက် နိုင်ငံရေး စကားလုံးများနှင့် နီးစပ်ခဲ့ ၏။ နိုင်ငံရေး၏ အသံကို ဝင်းတင် ကြိုက်ခဲ့၏။

အဖေ ကျက်ခိုင်းသော ပဋိစ္စ သမုပ္ပာဒ် လင်္ကာတော်ကြီးကို အလွတ် ရအောင် ကုန်းကျက်ရင်းနှင့် သူသည် ကဗျာနှင့် နီးစပ်ခဲ့ပြန်၏။

ကဗျာ၏ အငွေ့အသက် ကဗျာ ၏ အသံကို ဝင်းတင်သည် ကြိုက်ခဲ့ ပြန်၏။

၁၉၄၁။ မြန်မာနိုင်ငံသို့ ကမ္ဘာ့ စစ်မီးသည် ကူးစက်လာခဲ့ပြီ။

ဝင်းတင်တို့သည် ရန်ကုန်မှာ နေ ထိုင်၍ မဖြစ်နိုင်တော့။ အများနည်း တူပင် ရန်ကုန်ကို စွန့်ခွာပြီး ဝင်းတင် တို့  ပြေးကြရ၏။ ဝင်းတင်သည် ရထား ခေါင်းမိုးပေါ်မှာ တိုးတိုးခွေ့ခွေ့စီးရ၏။ လူတွေကများလွန်းလှ၏။ ပြွတ်သိပ် နေသည်။ လူပဒေသာပင်ကြီး သီးနေ သည်။ သို့သော် ပျော်ရွှင်ဖွယ်ရာပွဲ တော် မဟုတ်ပါ။

ရန်ကုန်မှာ စစ်မီးတွေ လောင် နေပြီမို့ အဘိုးအဘွားများရှိရာ ကြို့ပင်ကောက်မြို့သို့ ထွက်ပြေးရခြင်း ဖြစ်ပါသည်။ အိုးခွက် ပန်းကန်တွေ အ ကုန်ပါလာသည်။

ရန်ကုန်က အိမ်ကို ပစ်ထားခဲ့ရ သည်။

ကစားစရာ အရုပ်တွေ မှန်သမျှ သည် ရန်ကုန်အိမ်မှာ ကျန်ရစ်ခဲ့လေ ပြီ။

မောင်ကိုကို (အမရပူရ)
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: zaygwet1997@gmail.com Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.