25-5-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
ကလေး ခရိုင်အတွင်း ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်အတွင်း သစ်ထုတ်လုပ်ခွင့်ပြုမည်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1012
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
စာပေနှင့် အနုပညာ
Weekly Book Review

ဘီလျံဒေါ်လာစပိုင်
အေးထွန်းမင်း

ဆိုဗီယက်မူဝါဒနှင့် ဆိုဗီယက် လူနေမှုဘဝကို သူက စက်ဆုပ်မုန်း တီးသည်။ ရုရှား၏ နိုင်ငံရေး၊ စာပေ နှင့် ဒဿနတို့သည် သီလကြောင် နိုင် ငံရေးသမားတို့နှင့် မလွှဲမရှောင်သာ ပတ်သက်ညစ်နွမ်းခဲ့ရသည်။ သဘော တရားရေး ဗလာကျည်ဆန်များကို သူ ရှောင်ကွင်းနေခဲ့သည်။ သူနှစ်သက် သော ဂန္ထဝင်နှင့် ခေတ်ပြိုင် ပြဇာတ် တို့မှာလည်း မထော်မနန်းသဘော တရားရေးများနှင့် ပေပွနေသည်။ ကိုယ့်ဂုဏ်ကိုယ်မြှောက် လေလုံးထွား သည့် ကြေညာစာတမ်းများသည် ဘူ တာရုံနဖူးစည်း၊ စက်ရုံဂိတ်ဝ ကျောက် သားပေါ်တွင် ထွင်းထုနေရာယူထား ကြသည်။ ဧရာမ တံခွန်ကြီးများ တလူ လူလွှင့်ကာ ဟန်ရေးပြကြသည်။

ဒီဝတ္ထုထဲက အဓိက ဇာတ် ကောင် ဆိုဗီယက်နိုင်ငံသား တိုလ် ကာချက် ရဲ့ ဆိုဗီယက်နိုင်ငံ စနစ်ဆိုး အပေါ် နာကြည်းမုန်းတီးနေတဲ့ ခံစား ချက်တွေအကြောင်း၊ ဆိုဗီယက်စစ် ဘက်ဌာနရဲ့ အရေးတကြီးလျှို့ဝှက် ချက်တွေကို ဖွင့်ချတဲ့ အမေရိကန် စပိုင်အဖြစ် သူဘာကြောင့် ရွေးချယ် ခဲ့ပုံအကြောင်း ရေးဖွဲ့ထားတဲ့ စာပိုဒ် ထဲက ကောက်နုတ်ချက်ဖြစ်ပါတယ်။

ဒီစာအုပ်ဟာ ပူလစ်ဇာဆုရ စာ ရေးဆရာ ဒေးဗစ်ဟော့ဖ်မင်းရေးတဲ့ The Billion Dollar SPY စာအုပ်ကို ဆရာ အေးထွန်းမင်းက ဘာသာပြန် ဆိုထားတာပါ။ ဆိုဗီယက်နဲ့ စစ်အေး တိုက်ပွဲဆင်နွှဲရာမှာ အဓိကပါဝင်ခဲ့တဲ့ အမေရိကန်စီအိုင်အေဌာနချုပ်က ကြေးနန်းတွေ၊ အဖြစ်အပျက်မှာ ပါ ဝင်ခဲ့သူတွေနဲ့ တွေ့ဆုံမေးမြန်းချက် တွေကို အခြေခံရေးသားထားတဲ့ ဖြစ် ရပ်မှန် စွန့်စားခန်း စာအုပ်တစ်အုပ် ဖြစ်ပါတယ်။

 ပြည်သူတွေရဲ့ ဆေးဝါးကုသမှု၊ ပညာသင်ကြားရေး၊ သယ်ယူပို့ဆောင် ရေးနဲ့ အလုပ်အကိုင်တွေကို ကွန်မြူ နစ်သဘောတရားအရ နိုင်ငံတော်က ဖန်တီးဖော်ဆောင်ပေးရမှာ ဖြစ်ပေ မယ့် တစ်ခုမှ မည်မည်ရရ မရှိဘဲ စစ် အသုံးစရိတ်အတွက်၊ စစ်လက်နက် ဖွံ့ဖြိုးရေးအတွက်ပဲ အားစိုက်နေတာ ကြောင့် အတွင်းလှိုက်ပြိုကျနေတဲ့ ဆို ဗီယက်စနစ်အကြောင်း၊ အခြေခံ စား ကုန်သောက်ကုန်၊ လူသုံးကုန်ပစ္စည်း တွေကအစ ရှားပါးတာကြောင့် မှောင် ခိုဈေးကို အားကိုးနေရပေမယ့် အလျဉ်မမီတာကြောင့် ငတ်ပြတ်နေ ရရှာတဲ့ ဆိုဗီယက်ပြည်သူတွေ အကြောင်း၊ ဆိုဗီယက်မှာ ငွေရှိပေ မယ့် ဝယ်စရာပစ္စည်းမရှိတာကြောင့် ရုရှားတွေဟာ 'ဝယ်သည်(to buy)'ဆို တဲ့ ဝေါဟာရကိုအသုံးနည်းပြီး 'ရသည်(to get)ဆိုတဲ့ ဝေါဟာရကို သာ အသုံးများပုံအကြောင်း၊ ပစ္စည်း တစ်ခုကို ရခြင်း ဟာ ငွေကြေးအပေါ် မူမတည်ဘဲ အဆက်အသွယ်နဲ့ ကံ ကောင်းထောက်မခြင်း အကြောင်း တိုက်ဆိုင်ခြင်းအပေါ်မှာသာ မူတည် ပုံအကြောင်း၊ ကိုယ့်ဂုဏ်ကိုယ် မြှောက် နေတဲ့ ပါတီနိုင်ငံတော်ကြီးဟာ ပြည် သူတွေအတွက် တဖြည်းဖြည်း လော က ငရဲ ဖြစ်လာပုံအကြောင်း၊ လူထု ဟာ ကွန်မြူနစ်စနစ်ကို ရွံရှာမုန်းတီး ကြပေမယ့် လူသိရှင်ကြား မဝေဖန်ရဲ ဘဲ အချင်းချင်းကြား တီးတိုး တီးတိုး သဖန်းပိုးလုပ်ပြီး အစိုးရကို အပုပ်ချ ကြပုံအကြောင်း၊ ဆိုဗီယက်ရဲ့ စနစ် တစ်ခုလုံး အလဲလဲအကွဲကွဲဖြစ်ဖို့ အတွက် ထိုးနှက်ကြံစည်မယ်ဆိုသူ အမေရိကန်ကို သတင်းပေးတဲ့ ဆိုဗီ ယက်နိုင်ငံသားစပိုင်တွေပေါ်ထွက် လာပုံအကြောင်း၊ စပိုင်တွေရဲ့ နောက် ခံသမိုင်းကြောင်းနဲ့ အသက်နဲ့ရင်းပြီး လှုပ်ရှားရတဲ့ စပိုင်တွေရဲ့ လှုပ်ရှားမှု တွေအကြောင်း တင်ပြထားတဲ့ စာ အုပ်ဖြစ် ပါတယ်။

အပြစ်တစ်စုံတစ်ရာ ခြေခြေမြစ် မြစ် မရှိဘဲ သံသယမှု၊ မသင်္ကာမှု တစ်ခုတည်းနဲ့ ဝန်ထမ်းတွေကို အလုပ်ဖြုတ်၊ ထောင်ချ၊ သေဒဏ်ပေး စတဲ့ ပြစ်မှုတွေ ကျူးလွန်သူ ဆိုဗီ ယက် အစိုးရကို အမှုန့်ခြေပစ်လိုစိတ် တွေနဲ့ အမေရိကန်အတွက် စပိုင် အဖြစ် အလုပ်လုပ်ပေးသူ ကေဂျီ အရာရှိတွေ ၊ ဆိုဗီယက်ထောက်လှမ်း ရေးက အရာရှိတွေရဲ့ သက်စွန့်ဆံ ဖျား လှုပ်ရှားမှုတွေ အကြောင်း ကို လည်း ဒီစာအုပ်မှာ တွေ့ရမှာပါ။

ဆိုဗီယက်စနစ်ကို ဆန့်ကျင်သူ လို့ သံသယရှိသူ မှန်သမျှကို ၁၉၃၆ ခုနှစ်ကနေ ၁၉၃၈ ခုနှစ်အတွင်း ဖမ်း ဆီးပြီး ပြည်သူ သုံးသိန်းကျော်ကို ရက် ရက်စက်စက် သတ်ဖြတ်ခဲ့သူ၊ ပြည် သူတချို့ကို အလုပ်ကြမ်းစခန်းပို့ခဲ့သူ စတာလင်ရဲ့ ဖြုတ်ထုတ်သတ်ပွဲ ကြီး က အစပြုလို့ ၁၉၈ဝ ကျော်ကာများ အထိ ဆိုဗီယက်စနစ်ရဲ့ ယိုယွင်း ဖောက်ပြန်မှုတွေအကြောင်း၊ အမေရိ ကန်သတင်းပေး ဆိုဗီယက်စစ်ဘက် က အရာရှိတွေအကြောင်း တင်ပြ ရင်း ၁၉၇ဝ ကျော်လကစပြီး အမေရိ ကန်အတွက် စပိုင်တာဝန်ကို နှစ်ပေါင်း များစွာ ထမ်းဆောင်ခဲ့သူ တိုလ်ကာချက်ရဲ့ ဘဝနဲ့ သူ့ရဲ့စွန့်စား မှုတွေအကြောင်း အလေးပေး ရေး သား တင်ပြထားပါတယ်။

တိုလ်ကာချက်ဟာ တိုက်လေ ယာဉ် အင်ဂျင် ဒီဇိုင်းရေးဆွဲသူ အင်ဂျင်နီယာဖြစ်တာကြောင့် သူ့ ဆီကရတဲ့ လျှို့ဝှက် သတင်းတွေဟာ အမေရိကန်အစိုးရအတွက် ဒေါ်လာ ဘီလျံနဲ့ချီပြီး တန်ဖိုးရှိတဲ့ သတင်းတွေ လို့ ဆိုထားပါတယ်။ သူ့ဆီက ရရှိတဲ့ ရှုပ်ထွေးတဲ့ ဒီဇိုင်းတွေ၊ နည်းပညာ အချက်အလက်တွေ၊ လျှပ်စီးပတ် လမ်းဘုတ်ပြားတွေဟာ ဆိုဗီယက် လေကြောင်း တိုက်ခိုက်ရေးနဲ့ ကာ ကွယ်ရေးစနစ်ရဲ့ အနာဂတ် နှစ် ပေါင်းများစွာအတွက် စီစဉ်ထားမှုတွေ ကို ဖော်ပြနေတာကြောင့် အမေရိ ကန် အစိုးရက အဲဒီလျှို့ဝှက်ချက်တွေ ကို အသုံးပြုပြီး ရုရှားထက် နှာတစ် ဖျား သာအောင် တိုက်လေယာဉ်တွေ ထုတ်လုပ်နိုင်ခဲ့ပုံအကြောင်း၊ ဆိုဗီ ယက်ရဲ့ စီမံကိန်းတွေ ပျက်ပြား အောင် စွမ်းဆောင်နိုင်ခဲ့ပုံတွေ အ ကြောင်း ဖတ်ရမှာဖြစ်ပါတယ်။ စစ် အေးတိုက်ပွဲကာလအတွင်း တစ်နိုင်ငံ နဲ့ တစ်နိုင်ငံ အသာစီးရဖို့ လုပ်ဆောင် ကြတဲ့ ကမ္ဘာ့နိုင်ငံရေး အခင်းအကျင်း တွေအကြောင်း၊ ကိုယ့်အဖွဲ့အစည်းကို ဘယ်လိုလူတွေက သစ္စာဖောက်နိုင် သလဲ ဆိုတဲ့အကြောင်းတွေကိုလည်း  ဆင်ခြင်သုံးသပ်မိစေမယ့် စာအုပ် ဖြစ်ပါတယ်။

 ကေဂျီဘီတွေ၊ ထောက်လှမ်းရေး တွေ ခြေချင်းလိမ်နေတဲ့ကြားက ဆို ဗီယက်လေတပ်ရဲ့ တည်ဆောက်ပုံ လျှို့ဝှက်ချက်တွေ၊ ဆိုဗီယက်စစ်တပ် ရဲ့ စီမံကိန်းတွေကို စွန့်စွန့်စားစား ခိုး ထုတ်ပြီး အမေရိကန်အတွက် စပိုင် လုပ်သူ တိုလ်ကာချက်ရဲ့ လှုပ်ရှားမှု တွေ၊ စီအိုင်အေရဲ့ မော်စကိုမြို့တွင်း လှုပ်ရှားမှုတွေ၊ ကေဂျီဘီရဲ့ ထောက် လှမ်းရေးနည်းစနစ်တွေ အားပြိုင်မှု တွေ အကြောင်း အသည်းတထိတ် ထိတ် ဖတ်ရမယ့်စာအုပ်ဖြစ်ပါတယ်။

စပိုင်တစ်ယောက်ရဲ့ ဘဝဖြစ်စဉ် နဲ့ ခံစားချက်တွေကိုသာမက ထောက် လှမ်းရေးအဖွဲ့အစည်းတစ်ခုရဲ့ ရှုပ်ထွေး နက်နဲပုံတွေ၊ အန္တရာယ်များတဲ့ နည်း စနစ်တွေကို ဖော်ပြထားတဲ့အပြင် ဆိုဗီယက်ရဲ့ သမိုင်းခေတ် တစ်ခေတ် နဲ့ အမေရိကန် စီအိုင်အေရဲ့ သမိုင်း ခေတ် တစ်ခေတ်ကို မှတ်တမ်းပြုထား တဲ့ စာအုပ်လို့လည်း ဆိုနိုင်ပါတယ်။

ဘီလျံဒေါ်လာစပိုင် လို့ စာအုပ် အမည်ကို ပေးထားတဲ့အတိုင်း တိုလ် ကာချက်ရဲ့ ဒေါ်လာ ဘီလျံချီတန်ဖိုး ရှိတဲ့ လှုပ်ရှားမှုတွေ အကြောင်း လက် က မချချင်အောင် ဖတ်ရှုရမယ့် စာ အုပ်ဖြစ်ပါတယ်။

the book house စာအုပ်တိုက် ကနေ တန်ဖိုး ၃၅ဝဝ ကျပ်နဲ့ ဖြန့်ချိ လိုက်ပါပြီ။

ရင်ပြင်နီကို ဂုဏ်ပြုခြင်း
အောင်စိုးဦး

မန္တလေးဆောင်၊ သဟာယနှင့် စာဖတ်အသင်းက ထုတ်ဝေတဲ့ ရင် ပြင်နီခြောက်လမြောက် အထူးစာ စောင် ကို ဂုဏ်ပြုတဲ့အနေနဲ့၊ နာမည် ကျော် ဆဲဗင်းဇူလိုင်နောက်ခံ ရင်ပြင် နီကို လွမ်းဆွတ်ဝမ်းနည်း ကြေကွဲတဲ့ အနေနဲ့၊ ရင်ပြင်နီရဲ့သမိုင်းကြောင်းနဲ့ အတူ ရင်ပြင်နီအထူးစာစောင်မှာ ပါတဲ့ ကဗျာတွေ၊ စာတွေကို ဆရာ အောင်စိုးဦးက ဂုဏ်ပြုခံစား တင်ပြ ထားတဲ့ စာအုပ်ဖြစ်ပါတယ်။

ရင်ပြင်နီစာစောင်ပါ ကဗျာတွေ၊ ခံစားမှုစာညွှန့်လေးတွေကို ရေးခဲ့တဲ့ သူတွေကို မဆိုထားနဲ့ ရင်ပြင်နီ စာ အုပ် လက်ဝယ် ကိုင်ဆောင် သူတွေကို တောင် ဖမ်းဆီးထောင်ချအပြစ်ပေးခဲ့ တဲ့ အမှောင်ခေတ်ကာလ တစ်ခု အကြောင်း၊ သွေးနီးသူအချင်းချင်း တိုး တိုး တိတ်တိတ် ကွယ်ဝှက်ဖတ်ခဲ့ရတဲ့ ရင်ပြင်နီစာအုပ်အကြောင်း၊ စစ်အာ ဏာရှင်စနစ်ကို အမြစ်ပြတ်အောင် တော်လှန်ဖို့ မျိုးစေ့ချပေး ခဲ့တဲ့၊ လက် ဆင့်ကမ်းပေးခဲ့တဲ့ ကျောင်းသား သမိုင်းမှတ်တိုင် စာအုပ်တစ်အုပ် အကြောင်း ပြန်လည်ဖော်ထုတ် ဂုဏ် ပြုမှတ်တမ်း တင်ပေးတဲ့ စာအုပ်လို့ လည်း ဆိုနိုင်ပါတယ်။

စာအုပ်ရဲ့ ပထမပိုင်းမှာ ရင်ပြင် နီကို ဂုဏ်ပြုခြင်းဆိုတဲ့ ခေါင်းစဉ်နဲ့ တက္ကသိုလ်ကျောင်းသား သမဂ္ဂသမိုင်း မှတ်တိုင် ရင်ပြင်နီရဲ့ အရေးပါပုံ အကြောင်း၊ အာဏာသိမ်း စစ်အစိုးရ ရဲ့ လက်ချက်ကြောင့် တက္ကသိုလ် ကျောင်းသား သမဂ္ဂအဆောက်အအုံ ကြီးနဲ့အတူ ကျောင်းသားတွေရဲ့ သွေး တွေ မြေကျခဲ့ရပုံအကြောင်းတွေကို ဆရာအောင်စိုးဦးက ကြေကွဲလွမ်း ဆွတ် မြင်ယောင်ခံစားရေးဖွဲ့ရင်း ရင် ပြင်နီမှာပါတဲ့ ကဗျာတစ်ပုဒ်ချင်း၊ စာ တစ်ပုဒ်ချင်းစီကို ဖွင့်ဆိုခံစားတင်ပြ ထားတာကို တွေ့ရမှာပါ။ စာအုပ်ရဲ့ ဒုတိယပိုင်းမှာတော့ ရင်ပြင်နီ စာ စောင် တစ်အုပ်လုံးကို မူရင်းအပြင် အဆင်အတိုင်း အရသာမပျက် ဖတ် နိုင်အောင် ပုံနှိပ်ဖော်ပြထားပါတယ်။ ရင်ပြင်နီအရေးအခင်းမှာပါခဲ့တဲ့၊ ရင်ပြင်နီအရေးအခင်းကို မျက်မြင် ကြုံတွေ့ခံစားခဲ့ရတဲ့ ကျောင်းသားတွေရဲ့ ခံစားချက်ရင်ဖွင့်သံတွေ ကို ဖတ် ရင်း ကျောင်းသားအရေးအခင်း မြင် ကွင်းတွေကို ပြန်လည်မြင်ယောင် လာမိစေမှာပါ။

 ကျောင်းသား သမဂ္ဂသမိုင်းနဲ့ အတူ မော်ကွန်းထိုးရမယ့် စာအုပ် တစ်အုပ် ဖြစ်ပါတယ်။

'ကျောင်းသားသမိုင်းနှင့် ဆက် စပ်စာအုပ်များအကြောင်း ပြောကြ မည်ဆိုလျှင် ဤရင်ပြင်နီကို ချန်လှပ် မကျန်ခဲ့စေလိုပါ။ ကာလရှည် အမှောင်ခေတ်ကြီး တစ်လျှောက် ပိတ်ဆို့ကာရံ အမေ့လျော့ခံ ရင်ပြင် နီသည် ယခု အလင်းတောက်ချိန် တန်ပြီထင့်' လို့ မင်းကိုနိုင်က အမှာ စကားဆိုထားပါတယ်။

အလင်းရှင် စာပေတိုက်က ထုတ် ဝေပြီး ယဉ်မျိုးစာပေကနေ တန်ဖိုး ၂ဝဝဝ ကျပ်နဲ့ ဖြန့်ချိလိုက်ပါပြီ။

ကိုဝိုင်း
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: zaygwet1997@gmail.com Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.