6 - 4 - 2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
အင်းလေးကန်အတွင်း ရေပေါ်ဈေးသစ် တစ်ဈေး မေလတွင် စတင် အကောင်အထည်ဖော်ရန် စီစဉ်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1008
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
စာပေနှင့် အနုပညာ
ချုပ်ရိုးကပြေစပြုလာတဲ့ ဥရောပသမဂ္ဂ  

မားစထရိမြို့ရဲ့ လမ်းသွားလမ်းလာ ပြုံကျနေချိန်ဖြစ်ပါတယ်။ လမ်း ဘေးတစ်နေရာမှာ လွန်ခဲ့တဲ့ ၂၅ နှစ် က ဥရောပကို အပြောင်းလဲ ကြီး ပြောင်းလဲစေခဲ့တဲ့ စာချုပ်တစ်ခုချုပ် ဆိုဖြစ်ခဲ့တဲ့ အမှတ်တရ အထိမ်းအမှတ် တစ်ခုရှိတယ်။ လူတွေက ဒီအ ထိမ်း အမှတ်ဘေး ကနေ ဖြတ်ဖြတ် လျှောက်လှမ်းနေကြပေမယ့် ဘယ်သူ ကမှ လှည့်တောင်မကြည့်ကြဘူး။

အသက် ၃၆ နှစ်ရှိပြီး အလုပ် လက်မဲ့ဖြစ်နေတဲ့ Van Cihan ဟာ အလုပ်သမားရုံးက အပြန်မှာ ဒီ အထိမ်းအမှတ်ဘေးကနေ ဖြတ် လျှောက်သွားတယ်။ သူက အထိမ်း အမှတ်ကို မျက်စိတစ်ချက်စောင်း ကြည့်လိုက်တယ်။ သူ့အတွက် ဒါက ဂုဏ်ယူစရာကောင်းတဲ့ အထိမ်းအ မှတ် မဟုတ်ပါဘူး။ ဥရောပရဲ့ မဟာ အမှားကြီးကို ဖော်ညွှန်းတဲ့ သင်္ကေတ တစ်ခုသာ ဖြစ်တယ်လို့ သူကမြင် တယ်။

ဥရောပမှာ ၂ဝဝ၂ ခုနှစ်က ယူရို euro ငွေကြေးကို စတင်သုံးစွဲခဲ့ ပြီးတဲ့ နောက်ပိုင်း ငွေကြေး ဖောင်းပွမှု က မြင့်တက်လာခဲ့တယ်။ အစိုးရရဲ့ အိမ်ရာ အဆောက်အအုံတွေဟာ ပြည်သူများအတွက် မဟုတ်ဘဲ နိုင်ငံ ခြားမှ ရွှေ့ပြောင်းအခြေချ နေထိုင် လာကြသူများ အတွက် ဖြစ်နေတယ်။ ဒတ်ခ်ျ Dutch ရဲ့ ပြည်သူ့ အခွန် ဘဏ္ဍာနဲ့ ဂရိနိုင်ငံရဲ့ စီးပွားရေးကို ထောက်ကူကယ်တင်ပေးတယ်။ ဒီ လုပ်ရပ်တွေ အားလုံးဟာ အမှားကြီး မှားနေတယ်လို့ Van Cihan က ရှုမြင် တယ်။ အစိုးရဆိုတာက မိမိနိုင်ငံရဲ့ အများပြည်သူ ကောင်းကျိုးအတွက် သယ်ပိုးလုပ်ဆောင်ကြရမှာ မဟုတ် လား။

ဒီနှစ်ကတော့ မားစထရိ စာချုပ် Maastricht Treaty ချုပ်ဆိုခဲ့တဲ့ ၂၅ နှစ်မြောက် မွေးနေ့ဖြစ်တယ်။ ပြီး တော့ ရောမစာချုပ် Treaty of Rome ချုပ်ဆိုဖြစ်ခဲ့တဲ့ ၆ဝ ကြိမ် မြောက် နှစ်ပတ်လည်လည်း ဖြစ်ပါ တယ်။ ဒီစာချုပ်များက ဥရောပ ပေါင်းစည်းရေး အိပ်မက်ကို ရုပ်လုံး ပေါ်လာအောင် အကောင်အထည် ဖော်ဆောင်ပေးခဲ့ကြတယ်။ တစ်နည်း ပြောရင်တော့ ဒီစာချုပ်များက ကမ္ဘာ ပေါ်မှာ ဘယ်တုန်းကမှ မရှိခဲ့ဖူးသေး တဲ့ အမျိုးသားရေးလွန် Supranational အုပ်စုတစ်ခုကို ဖန်တီးဖော်ထုတ် ပေးခဲ့တယ်။ ဥရောပ သမဂ္ဂ European Union -EU ဟာ အဖွဲ့ဝင် ၂၈ နိုင်ငံပါဝင်လာတဲ့အထိ ဥရောပ တစ်နံတစ်လျားမှာ ချဲ့ကားလာနိုင်ခဲ့ တယ်။ အီးယူရဲ့ ကြိုးပမ်းဆောင်ရွက် မှုများကို အသိအမှတ်ပြုတဲ့အနေနဲ့ နိုဘယ်ဆုချီးမြှင့်ရေးအဖွဲ့က ၂ဝ၁၂ ခုနှစ်မှာ ဥရောပ သမဂ္ဂကို ငြိမ်းချမ်း ရေး နိုဘယ်ဆု ချီးမြှင့်ပေးခဲ့တယ်။ တကယ်တော့ အီးယူဟာ စီးပွား ရေးအရ  ပူးပေါင်းဆောင်ရွက်မှုသာမ က ဥရောပနိုင်ငံများ အချင်းချင်း ဟိုး ရှေး တုန်း ကလို စစ်မက်မဖြစ်ပွားရ အောင်လည်း တားဆီးနိုင်ခဲ့ပါတယ်။

ဒါပေမယ့် ဖြစ်ချင်တော့ ဥရောပသမဂ္ဂဟာ အဖွဲ့ဝင်နိုင်ငံများမှ ပြည်သူများကို အကူအညီပေးဖို့အ တွက် ဖွဲ့စည်းခဲ့ပေမယ့် အကူအညီ ပေးဖို့ လိုအပ်ချိန်မှာ လိုအပ်သလို အကူအညီအထောက်အပံ့မပေးနိုင်ခဲ့ ပါဘူး။ ဒါကြောင့် ဥရောပ ပြည်သူ တွေဟာ ဥရောပသမဂ္ဂ အပေါ် သိပ် ပြီး ရွှင်ရွှင်ပျပျ ကြိုဆိုလက်ခံတာတွေ အခုတော့ လျော့နည်းသွားခဲ့ပါပြီ။ ဥရောပသမဂ္ဂရဲ့ အခြေခံ အုတ်မြစ် တောင် ဖက်ဒရယ်ဝါဒီ ဆန့်ကျင်တဲ့ ပြည်သူ့ဝါဒလှိုင်း ပြင်းထန်စွာ ရိုက် ခတ်မှုကြောင့် ခပ်လှုပ်လှုပ်ဖြစ်လာခဲ့ ပါပြီ။

ဒီကနေ့ ဥရောပရဲ့ ပြဿနာများ ဟာ ၂ဝဝ၈ ခုနှစ်က အမေရိကန် နိုင်ငံက စတင်ခဲ့တဲ့ ဂလိုဘယ်ဘဏ္ဍာ ရေး အရည်ပျော် ကျမှုကြီးပြီးနောက် ၂ဝဝ၉ ခုနှစ်မှာ စတင်ခဲ့တယ်။ ဒီ ဂလိုဘယ် ဘဏ္ဍာရေး အရည်ပျော် ကျမှုကြီးကြောင့် ယူရိုဇုန် (euro zone) မှာ ပထမဆုံးပြဿနာတက် လာတယ်။ ယူရိုဇုန်အတွင်း ချမ်းသာ တဲ့ မြောက်ပိုင်းအဖွဲ့ဝင်နိုင်ငံများနဲ့ ဆင်းရဲတဲ့ တောင်ပိုင်းအဖွဲ့ဝင် နိုင်ငံ များအကြား ကြီးကြီးမားမား ကွာဟ မှုကြီးက လူအများမြင်သာအောင် ဘွားခနဲ ပေါ်ထွက်လာခဲ့တယ်။

အဲဒီနောက်ပိုင်း ကြွေးပိနေကြ တဲ့ တောင်ပိုင်းဆင်းရဲတဲ့ နိုင်ငံတွေ ဟာ ဂျာမနီနိုင်ငံရဲ့ အဓိက ဖိအား ပေးမှုကြောင့် ခြိုးခြံချွေတာရေး austerity အစီအစဉ်များကို မလွဲမ ရှောင်သာ လုပ်ကိုင်ခဲ့ကြရတယ်။

ဒါ ကြောင့် အဲဒီနိုင်ငံတွေမှာ ဖွံ့ဖြိုးတိုး တက်မှု ဆိတ်သုဉ်းသွားခဲ့တယ်။ အ လုပ်လက်မဲ့နှုန်းမိုးထိုးအောင် မြင့် တက်သွားတယ်။ အီတလီ၊ ဂရိနဲ့ စပိန်နိုင်ငံတွေက ပြည်သူတွေဟာ ဒေါသတကြီးြေ<ွကးကြော်ဆန္ဒပြခဲ့ကြ တယ်။ ဥရောပ သမဂ္ဂအတွင်း စိတ် ဝမ်းကွဲပြားမှုတွေ ပေါ်ထွက်လာ တယ်။

ဒီလို သမဂ္ဂအတွင်း စိတ် သဘောထားမတိုက်ဆိုင်မှုတွေ မြင့် မြင့်မားမား ထွက်ပေါ်နေချိန်မှာ ၂ဝ၁၅ ခုနှစ်က နိုင်ငံခြားမှ ရွှေ့ ပြောင်းအခြေချနေထိုင်လာကြသူများ ပြဿနာတက်လာပြန်တယ်။ အခြေအနေပိုပြီး ဆိုးရွားသွားတယ်။ ဂျာမနီ နိုင်ငံက ဥရောပ သမဂ္ဂ အဖွဲ့ဝင်နိုင်ငံ များကို ရွှေ့ပြောင်းလာသူများကို လက်ခံကြဖို့ ဖိအားပေးတယ်။ ခွဲတမ်း ချတယ်။ ဒီတော့ ဥရောပ အရှေ့ပိုင်း နဲ့ အလယ်ပိုင်း အဖွဲ့ဝင်နိုင်ငံများက အီးယူရဲ့ အမိန့်ကို ပြောင်ပြောင်တင်း တင်း ဆန့်ကျင်ခဲ့ကြတယ်။ နိုင်ငံခြား မှ ရွှေ့ပြောင်း အခြေချနေထိုင်ဖို့ လာ ရောက်ကြသူများကို လက်မခံနိုင် ကြောင်း ယတိပြတ် ပြောဆိုခဲ့ကြ တယ်။ တစ်ချိန်တည်းမှာပဲ ပြင်သစ် နဲ့ ဘယ်လ်ဂျီယံနိုင်ငံများမှာ အစ္စ လာမ်မစ် အကြမ်းဖက် တိုက်ခိုက်မှု  လုပ်ရပ်တွေကြောင့် ဥရောပ တစ်ခွင် တစ်ပြင်မှာ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေး ပျက်ပြားသွားခဲ့တယ်။

ဒီလိုဖြစ်ရပ်တွေကြောင့် ဥရောပ သားများဟာ ဥရောပ သမဂ္ဂမှ ခွဲခွာ ဖို့ စတင်လုပ်ဆောင်ခဲ့ကြတယ်။ ၂ဝ၁၆ ခုနှစ် ဇွန်လအတွင်းက ပြု လုပ်ခဲ့တဲ့ လူထုသဘောထားစစ်တမ်း တစ်ခုအရ အဖွဲ့ဝင်နိုင်ငံ ၁ဝ နိုင်ငံမှ ပြည်သူ ၅၁ ရာခိုင်နှုန်းက ဥရောပ သမဂ္ဂဖြစ်တည်မှုကို ထောက်ခံအား ပေးခဲ့ကြတယ်လို့ ဖော်ပြခဲ့တယ်။ ဒါ ပေမယ့် ပြင်သစ်နိုင်ငံမှာ အီးယူ ထောက်ခံသူ ၁၇ ပွိုင့်ကျဆင်းသွားခဲ့ ပြီး ဂျာမနီနိုင်ငံမှာတောင် ၈ ပွိုင့် လောက်အောက်ကို ပြုတ်ကျသွားခဲ့ တယ်။ အဲဒီ ဇွန်လအတွင်းမှာပဲ ယူ နိုက်တက်ကင်းဒန်း U.K က အီးယူမှ ထွက်ခွာဖို့ ဆန္ဒမဲပေးခဲ့ကြတယ်။

ဒီနှစ် ၂ဝ၁၇ ဟာ ဥရောပ သမဂ္ဂအတွက် အတော်အရေးပါ တယ်။ ပြင်သစ်မှာ သမ္မတရွေး ကောက်ပွဲများကို ဧပြီလ ၂၃ ရက်နဲ့ မေလ ၇ ရက်နေ့များမှာ ကျင်းပဖို့ရှိ တယ်။ ရွေးကောက်ပွဲများအတွက် လူကြိုက်များပြီး ရှေ့က ပြေးနေသူက တော့ အမျိုးသား တပ်ဦးပါတီ National Front-FN  ခေါင်းဆောင် Marine Le Pen ဖြစ်တယ်။ Le Pen က သူမသာ သမ္မတဖြစ်လာခဲ့ရင် လူထု ဆန္ဒခံယူပွဲ ကျင်းပပြီး လူထု ထောက်ခံမှုရရင် ဥရောပ သမဂ္ဂမှ နုတ်ထွက်မယ်လို့ ပြောဆိုနေတယ်။ ပြီးတော့ ယူရိုငွေကို အသုံးမပြုတော့ ဘဲ အရင်ကလို ပြင်သစ်ပြည်တွင်း အမျိုးသား ငွေကြေးဖြစ်တဲ့ ဖရန့် Franc ကို ပြန်လည်သုံးစွဲမယ်လို့ ဆို တယ်။ Le Pen က ပြင်သစ် ဟာ ပြင် သစ် လူမျိုးအတွက် ဖြစ်တယ်ဆိုတဲ့ အမျိုးသားရေးဝါဒကို ကိုင်စွဲထား တယ်။

''ဥရောပမှာ လက်ရှိ အာဏာရ ပါတီများက လွဲရင် ကျန်ပါတီများက လက်ယာစွန်း ဒါမှမဟုတ် လက်ဝဲစွန်း ပါတီတွေ များပြားလာ တယ်။ ဒါ ကြောင့် ဥရောပသမဂ္ဂအနေနဲ့ လက် ရှိမူဝါဒများကို ဆက်လက်ကိုင်စွဲထား မယ်ဆိုရင် ဥရောပ စည်းလုံးညီညွတ် ရေးဟာ တစ်စတစ်စ ဆုတ်ယုတ် ပျက်ပြားသွားနိုင်တယ်။ လွန်ခဲ့တဲ့ ၁ဝ နှစ် ၁၅ နှစ်လောက်စပြီး ဥရောပမှာ ပြဿနာတွေပဲ တက်နေတယ်။ ရွှေ့ ပြောင်းဝင်ရောက်လာသူများ ပြဿနာ၊ ဘတ်ဂျက်ဆိုင်ရာ ပြဿနာ၊ ပြီးတော့ ဘဏ္ဍာရေး ပြဿနာ။ ပြဿနာတစ်ခုပြီးတစ်ခု တက်နေတယ်။ ဒါကြောင့် အခု ပြောင်းလဲဖို့  လိုနေပါပြီ။ ဥရောပဟာ အိပ်မက်သစ်တစ်ခု တည်ဆောက်ဖို့ လိုနေပါပြီ''လို့ တစ်လောက ဘယ်လ် ဂျီယံ ဝန်ကြီးချုပ် Charles Michel က ပြောကြားခဲ့ပါသေးတယ်။

ဒီတော့ အတိတ်ကာလက ဥရောပရဲ့ အိပ်မက်က ဘာလဲသိဖို့ လိုတယ်။  ၁၉၅၇ ခုနှစ် မတ်လ ၂၅ ရက်နေ့က ရောမမြို့မှာ ဘယ်လ်ဂျီယံ၊ နယ်သာလင်၊ ပြင်သစ်၊ အနောက် ဂျာမနီ၊ အီတလီနဲ့ လူဇင်းဘတ် ခြောက်နိုင်ငံဟာ ဥရောပဘုံဈေး European Economic Community ကို ခက်ခက်ခဲခဲနဲ့ ထူထောင်ခဲ့ကြ တယ်။ ဘာကြောင့် ခက်ခက်ခဲခဲလို့ ပြောရသလဲဆိုတော့ ဒုတိယ ကမ္ဘာ စစ်ကြီးပြီးစီးခဲ့တာ ဆယ်စုနှစ်တစ်ခု ကျော်ကာလပဲရှိသေးတယ်။ ဂျာမနီ က နာဇီ၊ အီတလီက ဖက်ဆစ်။ စစ် ကို စတင်ခဲ့ကြတဲ့ နိုင်ငံတွေ။ ကျန် နိုင်ငံတွေက စစ်အတွင်းက ကျူးကျော် ခံခဲ့ရတဲ့ နိုင်ငံတွေ။သူတို့ကြားမှာ စေ့ စပ်ညှိနှိုင်းပြီး ဘုံဈေးတစ်ခုကို ဖော် ဆောင်နိုင်ခဲ့တာ တကယ်ပဲ အံ့သြ စရာကောင်းတယ်။

ရည်ရွယ်ချက်ကတော့ တစ်ဖက် က ကုန်သွယ်ရေးလုပ်ရင်း အခြား တစ်ဖက်က ဥရောပ နိုင်ငံအချင်း ချင်းကြားမှာ  နောက်ထပ် စစ်မဖြစ် ရေးကို ရှေ့ရှုတယ်။ ရောမမြို့မှာ ချုပ် ဆိုခဲ့ကြတဲ့ ရောမ စာချုပ်က ဥရောပ ပေါင်းစည်းရေးကို ဦးတည်တယ်။

၁၉၉၂ ဖေဖော်ဝါရီလ ၇ ရက်နေ့ ချုပ်ဆိုခဲ့တဲ့ မားထရစ် စာချုပ်က ဥရောပ ပေါင်းစည်းရေးကို အကောင်အထည်ဖော်ခဲ့တယ်။

 ငွေကြေးကလည်း တစ်ခုတည်း။ နိုင်ငံခြားရေး မူဝါဒကလည်း တစ်ခု တည်း။ ဥရောပအတွင်း လူတိုင်းက လွတ်လွတ်လပ် သွားလာနိုင်တယ်။ ဥရောပသမဂ္ဂဟာ တကယ့်ကို အောင်မြင်ခဲ့ပါ တယ်။

 နှစ်ဆယ့်ငါးနှစ်လောက် ကြာ လာတော့ ဥရောပ အိပ်မက်ဟာ ပျောက်ကွယ်သွားသလိုဖြစ်သွားခဲ့ တယ်။ ဥရောပဗျူရိုကရက်တွေဟာ အောက်ခြေအဆင့်မှာ ဘာတွေဖြစ် နေသလဲဆိုတာ မကြည့်ဘဲ မူဝါဒတွေ ကိုပဲ တစ်ခုပြီးတစ်ခု ချမှတ်ခဲ့ကြ တယ်။ အမျိုးသားနိုင်ငံ အဆင့်မှာ မကျေနပ်ချက်တွေ ဗလောင်ဆူလာ တယ်။ ဥရောပရဲ့ ထိပ်ပိုင်းခေါင်း ဆောင်တွေက ဖြစ်ရပ်မှန်ကို သိမြင် လာတဲ့အချိန်မှာ အခြေအနေက အ တော်ဆိုးရွားနေပြီ။

''ဥရောပ သမဂ္ဂနဲ့ ကော်မရှင်က ပုဂ္ဂိုလ်တွေဟာ အစစအရာရာကို ချုပ်ကိုင်ဖို့ ကြိုးစားတာဟာ မှားယွင်း တယ်။ ကျွန်တော်တို့ အနေနဲ့ အမျိုး သား အဆင့်၊ဒေသအဆင့်၊ လုပ်သင့် တာတွေကို အာဏာ လွှဲပေးခဲ့သင့် တယ်''လို့ ဥရောပကော်မရှင် ဥက္ကဋ္ဌ Jean-Claude Juncker က ဆိုခဲ့ တယ်။

အခုတော့ ဥရောပ ဗျူရိုကရက် တွေက သူတို့ရဲ့ မူဝါဒတွေကို ပြုပြင် ပြောင်းလဲဖို့ လုပ်ဆောင်နေကြပါပြီ။ ဒါပေမယ့် ခုလို ပြဿနာတွေ တစ်ပုံ တစ်ခေါင်းကြီးနဲ့ ပြုပြင်ပြောင်းမှုတွေ လုပ်တာ လွယ်ကူမှာတော့ မဟုတ်ပါ ဘူး။ ဥရောပရဲ့ အဓိက ပြဿနာက ဘာလဲဆိုတော့ စီးပွားရေးအရ ပေါင်း စည်းမှု ပြုလုပ်နိုင်ကြပေမယ့် နိုင်ငံ ရေးအရ ပေါင်းစည်းမှုကို အလိုက် အဖက်ညီအောင် မလုပ်နိုင်ကြဘူး ဖြစ်နေတယ်။ တစ်နည်းပြောရင်တော့  အမျိုးသားရေးအဆင့်ကို မကျော်လွှား နိုင်ကြဘူး ဖြစ်နေတယ်။

ဥရောပသမဂ္ဂ အဖွဲ့ဝင်အတော် များများဟာ ဥရောပသားအဆင့်ကို မတက်လှမ်းနိုင်ကြသေးဘဲ ပြင်သစ် လူမျိုး၊ ဂျာမန်လူမျိုး စသည်ဖြင့် လူမျိုးရေးနယ်ထဲက ရုန်းမထွက်နိုင် ဖြစ်နေကြတယ်။

ဒီတော့  ကနဦး မျှော်လင့်ချက် ဖြစ်တဲ့ အမေရိကန် ပြည်ထောင်စုကို 'ဥရောပပြည်ထောင်စု' တည်ဆောက် ရေးဟာ ပြယ်လွင့်ပျောက် ကွယ် သွားဖို့ သေချာသလောက် ဖြစ်နေပါပြီ။ ဘာကြောင့်လဲဆိုတော့ ခုတောင် စပ်ဟပ်ဖွဲ့စည်းထားတဲ့ ချုပ်ရိုးက ပြေစပြုလာပြီ မဟုတ်လား။

Ref; "Ever more divided Union" by Charlotte Mc Donald Gibson, TIME,Mar 20,2017.

မင်းရွှေမောင်
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: zaygwet1997@gmail.com Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.