22-6-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
ရခိုင်ကမ်းရိုးတန်းတွင် ငါးဖမ်းဆီးရရှိမှုနည်းပါးလာသည့်အတွက် ငါးဖမ်းကိရိယာများ ပြောင်းလဲသုံးစွဲလာကြ
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1016
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
စာပေနှင့် အနုပညာ
မနေ့ကခွေး ဒီနေ့သူဌေး

မျက်စိအောက်မှာပင် တစ်နေ့ တခြားကြီးပွားလာသူတွေ၊ နေ့ချင်း ညချင်း အကြီးအကျယ် သူဌေးကြီး တွေဖြစ်လာကြသူတွေ မြင်နေကြရ သည်။ ''မနေ့တစ်နေ့က ခွေး၊ ဒီနေ့ သူဌေးကြီးတွေ'' ဖြစ်လာနေကြသည် မှာ အဘယ်ကြောင့်ပါနည်း။ မုန် လယ် ဆရာတော်ကြီး စကားနှင့် ပြောရလျှင် ဆန်းစစ်ဖို့ မကောင်းဘူး လား။

ကျွန်တော့် အမြင်၊ ကျွန်တော့် ဆန်းစစ်ချက်ကို တင်ပြလိုပါသည်။ လူတွေသည် စားဝတ်နေရေး ဆင်းရဲ ခြင်းမှ လွတ်ကင်းအောင် နည်းမျိုးစုံ ဖြင့် ရုန်းကန်နေကြရသည်။ အောက် ခြေဆင်းရဲသားများသည် သမာ အာဇီဝနည်းဖြင့် စားဝတ်နေရေး မပြေလည်သည့် အခါ အဓမ္မနည်းကို သုံးလာကြသည်။ ထိုအခါတွင် ရာဇ ဝတ်မှုများ ထူပြောလာသည်မှာ အား လုံးအသိပင်ဖြစ်ပါသည်။ ကမ္ဘာတွင် ရာဇဝတ်မှုအနည်းဆုံးသော နိုင်ငံများ ကို လေ့လာကြည့်လျှင် အချက်နှစ် ချက်တွေ့ရသည်။ ပထမအချက်မှာ အခြေခံစားကုန် ဖူလုံသည်။ (သက် သက်သာသာနှင့် ရသည်။) ဒုတိယ အချက်မှာ ခိုးဆိုးလုယက်တိုက်ခိုက် လျှင်၊ ဖမ်းမမိသည်မရှိ။ ဖမ်းမိသည် သာဖြစ်သည်။ ထို့ကြောင့် ထိုနိုင်ငံ များတွင် ရာဇဝတ်မှုအလွန်နည်း သည်။

ရာဇဝတ်မှုထူပြောသော နိုင်ငံ များကိုကြည့်လျှင် ကုန်ဈေးနှုန်း အလွန်ကြီးသည်။ အခြေခံစားကုန် ဈေးကြီးမြင့်သည်။ စားဝတ်နေရေး အ တွက် ကြက်ယက်သကဲ့သို့ ယက်ရှာ နေကြရသည်။ ထိုသို့ရှာသော်လည်း နပ်မှန်အောင် စားနိုင်ရန် အခက်အ ခဲရှိတတ်သည်။ သို့သော် လူချင်း အတူတူ၊ လူတစ်စုမှာမူ ငွေတွေ၊ ရွှေ တွေ၊ တိုက်တွေ၊ ကားတွေ၊ မြေတွေ၊ ပိုင်ဆိုင်မှုတွေ ထားစရာမရှိအောင် ပေါများနေသည်။

သူတို့ဘာကြောင့် ဤမျှချမ်းသာ နေကြသနည်း။ နေ့ချင်းညချင်း ကြီး ပွားလာရသနည်း။ ဘာကြောင့် မနေ့ တစ်နေ့က ခွေး၊ ယနေ့ သူဌေးကြီး တွေဖြစ်နေကြသနည်း။ ဘယ်ပုံဘယ် နည်း တစ်မုဟုတ်ချင်း ချမ်းသာလာ ကြသနည်း။

၅-၃-၂ဝ၁၇ နေ့ထုတ် FLOWER NEWS ဂျာနယ်တွင် ဆောင်းပါးရှင်  ညီထူးရေးသော ဆောင်းပါးတစ်ပုဒ် ဖတ်ရသည်။ ''မြန်မာနိုင်ငံ က မူးယစ် ဆေးဝါးများ ဖြန့်ဖြူးရာ ဗဟိုချက် ဖြစ်လာပြီလား''ဟူသော ခေါင်းစဉ် ဖြင့် အချက်အလက် ပြည့်ပြည့်စုံစုံ၊ အထောက် အထားပြည့်ပြည့် စုံစုံဖြင့် ဖော်ပြထားသည်။ သူ၏ ဖော်ပြချက် များမှ အချို့ကို ကောက်နုတ်ဖော်ပြရ လျှင် ''အက်ဒမန်ပင်လယ်ပြင်မှ တစ်ဆင့် နိုင်ငံတကာ မူးယစ်ဆေးဝါး ဈေးကွက်သို့ တင်ပို့ရောင်းဝယ်နေ သော နိုင်ငံခြားသားများပါဝင်သည့် မူးယစ်ဆေးဝါးဂိုဏ်း တစ်ခုကို ယမန် နှစ် နိုဝင်ဘာလက ရန်ကုန်အပြည် ပြည်ဆိုင်ရာ လေဆိပ်တွင် တရုတ် နိုင်ငံသားတစ်ဦးကို မူးယစ်ဆေးဝါး အချို့ဖြင့် ဖမ်းဆီးရမိရာမှ ငွေကျပ် သန်းပေါင်း ၄၃၃ဝဝ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ တရုတ် နိုင်ငံသား ငါးဦး၊ မြန်မာနိုင်ငံသား လေးဦးကို ဖမ်းဆီးရမိသည်။ ဖမ်းမိသူ များတွင် ကုမ္ပဏီပိုင်ရှင်တစ်ဦး၊ မူး ယစ်ဆေးဝါးပွဲစားများ၊ သယ်ဆောင် ပေးသူများ ပါဝင်သည်။ ထို့ပြင် တရုတ်နိုင်ငံသား ငါးဦး၊ ထိုင်းနိုင်ငံ သားတစ်ဦး၊ မြန်မာနိုင်ငံသား ဆယ်ဦး တို့ကိုလည်း ဖမ်းဆီးရမိရေး နိုင်ငံ တကာနှင့် ပူးပေါင်းဆောင်ရွက်နေပြီး ဖြစ်ကြောင်း'' ဖော်ပြထားသည်။ ဤ သည်မှာ မြန်မာနိုင်ငံတွင် ပိုင်ရှင်မဲ့ ဖမ်းမိသည့် အကြိမ်များများထဲမှ ဤ တစ်ကြိမ်သာ အထိုက်အလျောက် ဖော်ထုတ်နိုင်ခဲ့ခြင်းဖြစ်သည်ဟု ဆို နိုင်သည်။ သို့သော် ပင်ရင်းမူးယစ် ရာဇာကြီးများကို ဖမ်းမိဖော်ပြနိုင်ခြင်း မရှိသေးပါ။

ထို့ပြင် ဆက်တိုက်ဆိုသလို ဖမ်းမိရသမျှ မူးယစ်ဆေးဝါးများကို စာရင်းချကြည့်ပါက ကြောက်ခမန်း လိလိဖြစ်ပါသည်။ ''မောင်းတော မြို့ နယ်အတွင်းက ရွှေဗဟို ဘုန်းကြီး ကျောင်းတိုက်တွင် WY စာသားပါ စိတ်ကြွဆေးပြား ၄၂ သိန်းကျော် ဖမ်း မိရာတွင် ရခိုင်က ရဲတပ်ဖွဲ့ဝင်များ မပါ ဘဲ၊ နေပြည်တော်မှ အထူးတပ်ဖွဲ့များ ကို ကိုယ်တိုင်ဆင်းပြီး ဆောင်ရွက်မှု ကြောင့် ဖမ်းဆီးရမိခြင်းဖြစ်သည်။ ထို့ပြင် ရခိုင်ပြည်နယ် တောင်ကုတ် ဘက်သို့ ပို့ဆောင်မည့် စိတ်ကြွဆေး ပြား အရေအတွက် ၁၄ သန်းကျော် ဖမ်းမိရာတွင် ကာလတန်ဖိုး ကျပ် သန်းပေါင်း ခုနစ်သောင်းကျော်တန်ဖိုး ရှိသည်။ ဤသို့သော စိတ်ကြွမူးယစ် ဆေးပြားများသည် ရှမ်းပြည်နယ်၊ ယိုးဒယားနယ်စပ်ဘက်မှနေ၍ ရခိုင် အထိ သယ်လာနိုင်သည်ကို စဉ်းစား ကြည့်ဖို့ကောင်းသည်။ ဤမျှပမာဏ ကြီးကြီး၊ ဤမျှ မိုင်ဝေးဝေးသို့ သယ် လာနိုင်သည်မှာ အဘယ်ကြောင့်ပါ နည်း။

ထို့ပြင် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ဒုတိယ ရဲမှူးကြီး ကျော်ကျော်မင်းက မြန်မာနိုင်ငံတွင်ဘိန်းစိုက်ပျိုးထုတ် လုပ်မှုနှင့် စိတ်ကြွဆေးများ ထုတ်လုပ် မှုများမှာ ယခင်ထက်ပိုတိုးလာသည် ဟု ဝန်ခံထားသည်။ ထို့ပြင် တပ်မ တော် ကာကွယ်ရေး ဦးစီးချုပ်ရုံး၏  ထုတ်ပြန်ချက် တွင် ''၂ဝ၁၆ ခုနှစ်ထဲ တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ မှုမှာ စိတ်ကြွဆေးပြား ၄၃ သန်း ကျော်၊ ကာလတန်ဖိုးအားဖြင့် ကျပ် ငွေ ၁၆၃ ဘီလီယံကျော်၊ ဘိန်းဖြူ ၁၆၃၃ ဒသမ ၃၆၈ ကီလိုဂရမ်၊ ဘိန်း စိမ်း ၃၇၂ ဒသမ ၂၉၇ ကီလိုဂရမ်၊ ဘိန်းမည်း ၁ဝ ဒသမ ၄၅၈ ကီလို ဂရမ်နှင့် ဆေးခြောက် ၆၅၃ ကီလို ဂရမ်တို့'' ဖမ်းဆီးရမိကြောင်း ဖော်ပြ ထားသည်။ ထို့ပြင် မင်္ဂလာဒုံစက်မှု ဇုန်နားတွင် မူးယစ်ဆေးထရပ်ကား ကြီးတစ်စင်းလုံးလိုက် ဖမ်းမိလိုက် သော်လည်း ယနေ့ထိ ပင်ရင်းကို မဖော်ထုတ်နိုင်သေးကြောင်း တွေ့ရ သည်။

ထို့ပြင် ရန်ကုန်တွင် သစ်တန် ချိန်တစ်ထောင်ကျော် ဖမ်းမိသည့် ကိစ္စ၊ မွန်ပြည်နယ်သို့ သယ်ယူကာ ပင်လယ်ရေကြောင်းမှ ပို့ရန် စီစဉ် သည့် သစ်တန်ချိန် ၁၈ဝ ကျော် ကိစ္စ၊ အထက်မြန်မာနိုင်ငံတွင် ကျောက် စိမ်းများ ကားစင်းလုံးလိုက် သယ်လာ သည့် ကိစ္စတို့မှာ ကိုင်းဖျားကိုင်းနား သာ ဖော်ထုတ်နိုင်လျက်ရှိသည်ကို တွေ့ရသည်။ တစ်နေ့က င်္ခေနဘသသု ပေါ်တွင် အလွန်ကောင်းသည့် ဟာ သတစ်ပုဒ်ကို ဖတ်လိုက်ရသည်။ အဆင့်မြင့် ကိုကင်းများ လိပ်စာမှား ရောက်လာသည်ဆိုသော ကိစ္စဖြစ် သည်။ ဤသည်ကို Facebook စာ မျက်နှာတွင် ဤသို့ သရော်ထား သည်။ ''ရဲဌာနကပါလား ခင်ဗျာ။ ဟုတ်ပါတယ်။ ဘာကိစ္စရှိလို့ပါလဲ။ ကျွန်တော့်အိမ် အင်္ဂလန် က ဘောလုံး သမား ရွန်းနီ Rooney လိပ်စာမှားပြီး ရောက်လာတာ တိုင်ချင်လို့ပါခင်ဗျာ။ ဟေ့ကောင် ဒါရဲဌာနနော်၊ ပြောင် စရာနောက်စရာဟုတ်ဘူးကွ။ မဟုတ် မဟတ်တွေ လာမပြောနဲ့။ ဟုတ်ပါ တယ်ခင်ဗျ။ အမှန်ပါခင်ဗျ။ ဟေ့ ကောင် မင်းစကား ခွေးသွားပြော တောင် ခွေးကရယ်လိမ့်မယ်။ မင်း ဘယ်လိုကောင်လဲ။ ဒါဖြင့် ကျွန်တော် တစ်ခု မေးပါရစေခင်ဗျာ။ ရန်ကုန် ဆိပ်ကမ်း ကို အဆင့်မြင့် ကိုကင်းတွေ လိပ် စာမှားရောက်လာတယ်ဆိုတာ တော့ ဟုတ်ပါသလားခင်ဗျား။ ဟုတ် တယ်လေ၊ ခင်ဗျားစကား ခွေးသွား ပြောတောင်ခွေးကရယ်လိမ့်မယ်'' ဟူ၍ သရော်ထားတာကို ဖတ်လိုက်ရ ပါသည်။

အနှစ်ချုပ်ရလျှင် မနေ့တစ်နေ့ က ခွေး၊ ယနေ့သူဌေးကြီးတွေ ဖြစ်နေ ကြသည်။ ဘာကြောင့်ပါလဲ။ ရှင်းပါ သည်။ အတင့်ရဲစွာ ဗြောင်ကျကျ အထည်ကြီးချနေကြသော်လည်း အများစုမှာ ပိုင်ရှင်မဲ့ဖြစ်နေသည်။ ပင်ရင်းကို မမိဘဲ ကိုင်းဖျားကိုင်းနား လေးများသာ ဖော်ထုတ်နိုင်သည်။ သေဒဏ်မရှိဘဲ နှစ်ရှည်ရှည်ထောင် ကျသည်ဆိုသော်လည်း ထောင်ထဲ တွင် ကောင်းစွာနေနိုင်သည်။ မကြာ မကြာ လွတ်ငြိမ်းချမ်းသာခွင့်နှင့် ကြုံ ရသည်။ ထို့ကြောင့် တစ်ယောက် နှစ်ယောက်၊ သုံး၊ လေးယောက် လောက် ထောင်ကျခံရုံဖြင့် ဆယ် သက်စားမကုန်အောင်၊ ထားစရာမရှိ အောင် ချမ်းသာလာကြသည်။ ထို့ ကြောင့် အတုမြင် အတတ်သင်ကာ ကောင်းရောင်းကောင်း ဝယ် လုပ်မစား ကြတော့ဘဲ မူးယစ်ရာဇာများ တိုးပွား လာနေခြင်း ဖြစ်ပါသည်။ ရာဇဝတ်မှု အလွန်နည်းသော နိုင်ငံများတွင် အ ခြေခံစားကုန် ဖူလုံခြင်း၊ ပြစ်မှုပြစ်ဒဏ် ကျူးလွန်လျှင် ဖမ်းမမိဟူသည်မရှိ ခြင်း၊ သို့သော် ကျွန်တော်တို့နိုင်ငံတွင် ကုန်ဈေးနှုန်းအလွန်ကြီးနေသည်။ ရာဇဝတ်မှုကြီးများ ဖမ်းဆီးရမိမှုနည်း သည်။ မူးယစ်၊ သစ်၊ ကျောက်စိမ်းတို့ ကို အကြီးအကျယ်လုပ်နေသော် လည်း ပိုင်ရှင်မဲ့ဖြစ်နေသည်။

ထို့ကြောင့်ပင် မနေ့တစ်နေ့က ခွေးဝဲစား၊ သူတောင်းစားများသည် ယနေ့ လူကုံထံ၊ သူဌေးအကောင်း စားကြီး (အချို့)၊ ခရိုနီကြီး (အချို့)၊ နေ့ချင်းညချင်း ပေါ်ပေါက်လာကြ ခြင်း ဖြစ်ပါတော့သည်။

စိုးဝင်း (ချောက်)
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.