21-9-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
မန္တလေးတိုင်းဒေသကြီးတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ သန်း ၇ဝဝ ကျော်ရှိ
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1029
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
စာပေနှင့် အနုပညာ
သင်္ကြန်မှာ သင် ရွာပြန်ဖြစ်သလား

''ရွာပြန်မယ်

 ရွာပြန်မယ်

 သင်္ကြန်အမီ ရွာပြန်မယ်'' ဟု ဤအချိန်ဆိုလျှင် လူတွေက ပြော ပြောနေကြ၏။

''ရွာပြန်မယ်''

အရသာရှိလှပါသည်။ သို့သော် ကျွန်တော့်မှာ ပြန်စရာ ရွာမရှိပါ။

 ပြန်စရာ ရွာမှာ အိမ်မရှိပါ။

သင်္ကြန် ရုံးပိတ်ရက်မှာ လူငယ် များသည် မြို့ပြဆီမှ နယ်သို့၊ ရွာသို့၊ အိမ်သို့ ပြန်ကြသည်။

ကျွန်တော် ငယ်စဉ်ကတော့ ကျွန်တော့်မှာ ရွာတစ်ရွာ ရှိခဲ့ဖူး သည်။ ထိုရွာမှာ ကျွန်တော်၏ ကလေးဘဝဖြတ်သန်းခဲ့ဖူးသည်။

 ကျွန်တော်၏ ရွာသည် မန္တလေး မြို့ကြီးနှင့် ခုနစ်မိုင်မျှ ဝေးကွာ၏။

သင်္ကြန်ကာလသို့ ရောက်ပြီဆို လျှင် ကျွန်တော်တို့ကလေးများမှာ ကိုယ်ရေပက်ရမည့် လူက ခပ်ရှားရှား ပါ။

ကျွန်တော့်အဖေက ကြေးနှင့်ပြု လုပ်သော ရြေ>ွပတ်ဝယ်ပေးထား၏။ကျွန်တော်တို့က ကြေြး>ွပတ်ဟု ခေါ် ကြသည်။

အိမ်အနားမှာ ဥပုသ်ဇရပ်ရှိ သည်။ ရွာထဲမှ ဥပုသ်စောင့်မည့် သူများသည် မနက်ခင်း ၈ နာရီနှင့် ၉ နာရီအကြားမှာ ဥပုသ်ဇရပ်ပေါ် သို့ တက်ကြ၏၊

ဥပုသ်သည်ကို ရေမပက်ရ။

ကျွန်တော်သည် မိဘများနှင့် အတူ ဥပုသ်ဇရပ်ပေါ်သို့ တက် လိုက်သွား၏။ သစ်သားဖြင့် ဆောက် လုပ်ထားသော ဥပုသ်ဇရပ်သည် အမြင့်ဖြစ်ပါသည်။

 ရွာဦး ဘုန်းကြီးကျောင်းမှ ဘုန်း တော်ကြီးသည် ပင့်လျှောက်ထား သောအချိန်တွင် ဇရပ်ပေါ်သို့ ကြွချီ လာ၏။

''ဘုန်းကြီး ကြွလာပြီ''

ဇရပ်ပေါ်မှာ ဘုန်းကြီးမကြွမီက  အမျိုးသမီးများ စကားပြောနေကြ၏။ ဆရာတော်ကြွလာသည်နှင့် အသံ တိတ်သွားပါ၏။

ဆရာတော်က သီလပေးပါ သည်။ လူကြီးများက ရှစ်ပါးသီလခံ ယူသည်။ ကျွန်တော်တို့ ကလေးတွေ က ငါးပါးသီလခံယူ၏။ ဆရာတော် က ရေစက်ချပြီးနောက် တရားတွေ  ဘာတွေ ဟောမနေတော့ပါ။ ပြန်ကြွ သွား၏။ ကျွန်တော်တို့ ကလေးများက တရား မဟောတာကို ကြိုက်၏။

ဆရာတော်သည် ဇရပ်ပေါ်က ဆင်းသွားပြီ။ သီလပွဲ အလှူရှင်က မုန့်များကမ်း၏။ ဇရပ်ပေါ်က ကမ်း သော မုန့်ကို ကျွန်တော်တို့ ကလေး များက ပျော်ရွှင်စွာယူ၏။

အိမ်ပြန်ရောက်တော့ အိမ်ရှေ့ ကနေ ရေပုံး၊ ရေခွက်၊ အဖေဝယ်ပေး သော ကြေြး>ွပတ်ကြီးဖြင့် စောင့်ရ၏။ တစ်ခါတစ်ရံမှ လူဖြတ် ၏။ စက်ဘီး စီးဖြတ်သူကိုတော့ အမြန်မိအောင် ပက်ရ၏။ သူကလည်း တအားနင်း သည်။ ရွာဆိုတော့ လမ်းသွားလမ်း လာက အလွန်နည်းသည်။

 ရွာဦးရွာထိပ် ကျော်လွန်လျှင် မော်တော်ကားလမ်းရှိ၏။ မန္တလေးမှ စစ်ကိုင်းသို့ သွားသော လမ်းဖြစ်ပါ ၏။

အဲဒီ ကျောက်လမ်း (ကားလမ်း) ပေါ် ထွက်ပက်ကြသည်။ ရွာထဲမှ အပျိုပေါက်များ လူပျိုပေါက်များက ဦးဆောင်၏။ နောက်က ကပ်လိုက် သွား၏။ ကားလမ်းပေါ်မှာတော့ ရေ ပက်စရာ ကားများ ဖြတ်သန်းပါ သည်။ ရေပက်ခံကားများလည်း ဖြတ် သန်း၏။

ကျွန်တော်တို့သည် တချို့သော ရက်မှာတော့ အခါတွင်းတွင် ဘုန်း ကြီးကျောင်းကြီးပေါ် တက်သွားကြ၏။ ဘုန်းကြီးနှင့် ကိုရင်လေး များ ဘုန်းပေးပြီးပါက လူတွေအလှည့်ဖြစ် ပါ၏။ ဒုလ္လရဟန်းများကိုလည်း တွေ့ ရတတ်၏။ ကပ္ပိယများလည်းရှိ၏။ ဘုန်းကြီးကျောင်း မှာ အခါတွင်းဆို တော့ တစ်ရွာလုံးက လောင်းလှူထား သော ဆွမ်းများ၊ ဟင်းများမှာ ပေါများ လိုက်သည့်ဖြစ်ခြင်း။ ဝက်သား၊ ကြက် သား၊ ဘဲဥကြော်၊ ငါးကြော်၊ ငါးဟင်း၊ ကုလားပဲဟင်း၊ စွန်တာနီပဲကြော် စုံလှ ပါသည်။

ကျွန်တော်တို့သည် နေ့လယ်စာ ကို ဘုန်းကြီးကျောင်းမှာ အားရပါးရ လွေးကြတော့၏။ စားပြီးလျှင် ဟင်း ခွက်များကို ဆေးကြော သန့်စင်ပေးရ ပါသည်။ ကျောင်းကြီးပေါ်မှာ တံမြက် စည်းလေးဘာလေး လှဲကျင်းပေးကြ သည်။

ကျွန်တော်တို့ ရွာထဲမှာ ထို အချိန်က ဂျစ်ကားတစ်စီးသာရှိ၏။  ထိုကားသည် မန္တလေးသို့ ရေပက်ခံ ထွက်၏။ ကျွန်တော်တို့လည်း ကျ သင့်ငွေကို ထည့်ဝင်ပြီး ဂျစ်ကားအ မိုးဖွင့်နှင့် လိုက်ကြ၏။

 ရေပက်မဏ္ဍပ်များက ထိုအခါ ကတည်းက ပိုက်လုံးကြီးများနှင့် ပက် နေကြပါပြီ။ ကြမ်းတမ်းစွာ ပက်ကြ ၏။ သီချင်းများ ဖွင့်ထား၏။ ကျွန် တော်တို့လည်းရောယောင် သီဆိုကြ၏။ မန္တလေးတောင်ခြေမှာ နေ့ခင်းဆိုလျှင် နားကြ၏။ မြနန္ဒာ သီချင်းသံသည် လွမ်းဖို့ကောင်း၏။ ထိုအခါက ဦးပိန်တံတားမှာ လူဒီလောက် မစည် သေးပါ။ ယခုတော့ မယ်ဇယ်ပင် သစ်ရိပ်များရှိသော ဦးပိန်တံတား ဝန်း ကျင်သို့ မန္တလေးက ရေပက်ခံကား များက နေ့ခင်းမှာ နားနေ ခိုလှုံကြ၏။ မန္တလေးတောင်ခြေထက် ဦးပိန်တံ  တား ဝန်းကျင်က ပိုမိုအေးမြ၏။ ဘူး သီးကြော်၊ ပုစွန်ကြော်များ ဝယ်စား စရာ ဆိုင်ကနားတွေကလည်း ဦးပိန် တံတား ဝန်းကျင်မှာ ပေါလှ၏။ များ လှ၏။

ညတွင်မူ မန္တလေး၏ အလှ မဏ္ဍပ်များ၊ အကမဏ္ဍပ်များသည် မီး ရောင်စုံ လင်းထိန်အောင် ထွန်းညှိ ထား၏။ တေးသံများက စုံလှသည်။ အသင်း အဖွဲ့အသီးသီးသည် ကား ကြီးများကို အလှဆုံး တန်ဆာဆင် ထားကြ၏။

အပြန်အလှန် ယဉ်ကျေးပျူငှာ စွာ ပြောဆိုကြ၏။ မဏ္ဍပ်ပေါ်မှ သီ ဆိုသည်။ သင်္ကြန်ကားကြီးများပေါ်မှ လည်း တုံ့ပြန် သီဆို ဧည့်ခံဖျော်ဖြေ ၏။

 ဟေး

 ငွေငန်းမြို့မ လာနေပြီ။

 ငွေငန်းမြို့မ လာနေပြီ။

မီးများ ထိန်နေအောင် လင်း သည်။ ငွေငန်းကြီးက ငွားငွားစွင့်စွင့်၊ ဝင့်ဝင့်ြ<ွကာြး<ွကားရှိလာ၏။

 ကောင်းကင်သို့ ထိုးထွက်နေ သော ငွေငန်းကြီးဖြစ်ပါသည်။

မြို့မငြိမ်း သီချင်းကို တူရိယာ မျိုးစုံ တီးမှုတ်လျက် သီဆိုကြ၏။ မြို့မကားကြီးသည် မန္တလေးတွင် အခမ်းနားဆုံး အထည်ဝါဆုံးဖြစ်ပါ သည်။ မြို့မကားကြီးပေါ်တွင် ရုပ်ရှင် မင်းသားဝင်းဦး ပါဝင်သော နှစ်များ သည် မန္တလေးတွင် အတောက်ပဆုံး  အစည်ကား ဆုံးဖြစ်ပါသည်။

မန္တလေးတွင် ညဥ့်နက်ထိအောင် သီဆိုဖျော်ဖြေကြပါသည်။

သင်္ကြန်၏ အရသာသည် မန္တလေးမှာ အပြည့်စုံဆုံးဖြစ်ပါ၏။

ကျွန်တော်တို့ အဖွဲ့၏ ဂျစ်ကား ကလေးသည်လည်း မန္တလေး ညများ တွင် သင်္ကြန်မဏ္ဍန်များ ရှေ့၌ ရပ်ခွင့် ရသမျှ အချိန်အတွင်းမှာ ကဲကြ၊ ဟဲ ကြ၏။ အလှကားကြီးမဟုတ်၍ ဖြတ် သန်းနေစဉ်လေးမှာ ကဲကြ ဟဲကြ ခြင်း ဖြစ်ပါသည်။ ကျွန်တော်တို့ သည် အပျော်သမားများဖြစ်ပါသည်။

 နှစ်ဆန်းတစ်ရက်နေ့မှာတော့ ရွာထဲက စေတီပုထိုးများကို ရွာရှိ ကာလသား ကာလသမီးများနှင့် အတူ ရေသပ္ပာယ်ကြပါသည်။ ဘုန်းတော် ကြီးကျောင်းပေါ်က ဘုရားစာတိုက် များ ရှေးဟောင်းရုပ်ပွားတော်များကို ရေသပ္ပာယ်ကြပါသည်။ လူကြီး သူကြီးများ၊ သက်ကြီး ရွယ်အိုများကို ပူဇော်ကန်တော့ပွဲများ၊ ခေါင်းလျှော် သန့်စင်ပေးခြင်းများလည်း ရှိပါ၏။ နှစ်ဆန်းတစ်ရက်နေ့မှာ ဘုရား ရေ သပ္ပာယ်ပြီးသည်နှင့် အပျို၊ လူပျိုများ သည် ရေပုံးများဖြင့် တစ်ဦးနှင့်တစ်ဦး တဗွမ်းဗွမ်းလောင်းပက်ကြတော့၏။ ထိုသို့ ရေကစား ပြီးသည်နှင့်  စတုဒီ သာ ကျွေးသောနေရာမှာ ဝင်လွေးကြ ၏။ ကျွန်တော်တို့ကတော့ တွေ့သမျှ လူကို ရေလောင်း၊ ရေပက်ကြ၏။

 နေမင်းသည် တစ်နေရာမှ တစ် နေရာသို့ ကူးပြောင်းသော အခါသမ ယ ဖြစ်ပါ၏။

တန်ခူးလတွင် ဖက်ဆွတ်မိုးရွာ၏။ သင်္ကြန်မိုး ရွာသွန်း၏။ သင်္ကြန် ဆေးမိုးဟု ခေါ်၏။ တောအနှံ့တောင် အနှံ့ကြွေသော ရွက်ကြွေများ ကို မိုးရေ သည် တွန်းတိုက်ဖြတ်သန်းခဲ့ရသော ကြောင့် နီသော အဆင်းရှိ၏။

 မြစ်ထဲမှာ ဖက်ဆွတ်မိုးရေ တိုး ဝင်လေပြီ။ အညစ်အကြေးမှန်သမျှ ကို ရေက သန့်စင်လိုက်လေပြီ။ သကြားမင်းကြီး ဆင်းခဲ့ပြီ။ ကံ့ကော် ပန်း၊ ရင်ခတ်ပန်း၊ ပိတောက်ပန်းတို့ ပွင့်လန်ဝေဆာသော သင်္ကြန်အခါ သမယ ဖြစ်ပါသတည်း။

မောင်ကိုကို (အမရပူရ)
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.