25-5-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
ကလေး ခရိုင်အတွင်း ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်အတွင်း သစ်ထုတ်လုပ်ခွင့်ပြုမည်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1012
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
စာပေနှင့် အနုပညာ
စာဖတ်သင်စ မူလတန်းအရွယ်ကလေးငယ်များအတွက် စိတ်ဝင်စားဖွယ်ပုံပြင်များ

၂ဝ၁၇ ခုနှစ်အတွင်းမှာ နိုင်ငံတော်ရဲ့ အစီအစဉ်နဲ့ ကလေးလူငယ် စာပေပွဲတော်များကို ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ မော်လမြိုင် အပါအဝင် မြို့ကြီးတွေမှာ ကျင်းပ ပေးနေချိန်မှာ ဓူဝံစာပေကလည်း ကလေးလေးတွေ အရုပ်ကြည့်ရင်း ပုံပြင်ဖတ်ရင်း စာဖတ် ဝါသနာ ပါလာစေဖို့ ရည်ရွယ်တဲ့ ရုပ်ပြပုံပြင်တွေ ထုတ်ဝေဖြန့်ချိထားပါတယ်။

 နွေကျောင်းပိတ်ရက်မှာ ကလေးငယ်တွေ ပျော်ပျော် ရွှင်ရွှင် ဖတ်ရှုနိုင်ဖို့ မိတ်ဆက်ပေးချင်တာက ဆရာ ခင် မောင်တိုး (မိုးမိတ်) ဘာသာပြန်တဲ့ စူးစမ်းလေ့လာသူ ဒိုနယ် နဲ့ အိပ်ရာဝင် ပုံပြင်များဆိုတဲ့ ရောင်စုံ စာအုပ်ငယ်လေးပါ။

ဒိုနယ်ဆိုတဲ့ ဘဲကလေးက စိတ်ကူးယဉ်တတ်တယ်။ စူးစမ်းလေ့ လာတတ်တယ်၊ သူက ပင်ဂွင်းငှက် ကလေးတွေကို အနီးကပ်မြင်ဖူးချင် နေတယ်။         

ဒီတော့ ဥာဏ်နီဥာဏ်နက်မျိုးစုံနဲ့ အကြံထုတ်တယ်။ ဒါပေမယ့် နောက် ဆုံးမှာ ပင်ဂွင်းငှက်ကလေးကို ဖမ်းမရ ဘဲ သူသာ ပင်ဂွင်းငှက်ကလေးတွေရဲ့ လှောင်ပြောင်မှုကိုသာ ခံလိုက်ရတဲ့ အကြောင်း ရယ်ရယ်မောမောဖတ်ရှု ကြရမှာဖြစ်ပါတယ်။

ဒီပုံပြင်နဲ့အတူ ဒေါ်ကောက်ကဲ ရဲ့ ပြောင်းဖူး၊ အထီးကျန်မြင်းထီး ကလေး၊ ဦးလေးရီမှူး၊ ဂေါ့ဖီးရဲ့ မြှုပ် ထားတဲ့ ရတနာ၊ ဂျော်နီနဲ့ ပန်းသီးစေ့ များဆိုတဲ့ ပုံပြင်တွေလည်း ပါဝင်ပါ သေးတယ်။ တန်ဖိုး ၁၅ဝဝ ကျပ်   ပါ။

မောင်ဘစီ
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: zaygwet1997@gmail.com Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.