23-11-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
မြန်မာ-အိန္ဒိယချစ်ကြည်ရေး လမ်းမကြီးဖြစ်သည့် ကလေးဝ-တမူးလမ်းပိုင်းရှိ တံတား ၆၉ စင်းကို အိန္ဒိယနိုင်ငံမှ အမေရိကန်ဒေါ်လာ သန်း ၆ဝ အကုန်အကျခံတည်ဆောက်ပေးမည်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1038
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
စာပေနှင့် အနုပညာ
ထဘီခိုးတော့ ကိုကျော်ဒင်၊ နာမည်ကြီးတော့ ကိုသောကြာ

တွေးတောစဉ်းစားစရာ ဟာသစကားလေး တစ်ခုဖြစ်ပါတယ်။ ထဘီ ခိုးတော့ ကိုကျော်ဒင်၊ နာမည်ကြီး တော့ ကိုသောကြာဆိုတဲ့အတွက် အဲဒီစကားစုရဲ့ အနက်အဓိပ္ပာယ်က ပေါ်လွင်ပြီးသားလို့ ပြောရလိမ့်မယ်။ ဟာသနည်းနည်းဆန်နေတဲ့ အဲဒီ စကားရဲ့ နောက်ကွယ်မှာ အဓိပ္ပာယ် တွေ အများကြီးရှိလိမ့်မယ်။ ရိုးရိုး ကလေးတွေရော၊ နက်နက်တွေးတော စရာကိစ္စတွေပါ ပါရှိလိမ့်မယ်။ အဓိပ္ပာယ်ချဲ့ရင် ချဲ့သလောက် ချဲ့ ကားတွေးတောစရာတွေလည်း အ များကြီးပါ။ ထဘီခိုးတော့ ကိုကျော် ဒင်လို့ ဆိုထားတဲ့အတွက် ကိုယ့် ပစ္စည်း မဟုတ်တဲ့ သူတစ်ပါးရဲ့ ပစ္စည်း ကို ကာယကံရှင်မသိရအောင် ခိုးယူခဲ့ တဲ့ သူက ကိုကျော်ဒင်ဆိုတဲ့သူဖြစ် တယ်ဆိုတာ သိရလိမ့်မယ်။ ဒီစကား ကြောင့် ပြစ်မှုကို ကျူးလွန်ထားတဲ့ သူ မှာတော့ 'ကိုကျော်ဒင်' မဟုတ်တော့ပဲ ကိုသောကြာဖြစ်နေရတော့တယ်။ လောကဇောက်ထိုးဖြစ်တတ်တဲ့ သဘော။
    အခြားတစ်ပါးသူ ပိုင်ဆိုင်တဲ့၊ ပိုင်ဆိုင်ခွင့်ရထားတဲ့ သက်ရှိ၊ သက်မဲ့ ဘယ်ပစ္စည်းကို မဆို ကာယကံရှင်ရဲ့ ခွင့်ပြုမှုမရှိဘဲ ယူငင်တာဟာ ခိုးယူမှုပါ ပဲ။ အကြီးအသေးပဲကွာပါလိမ့်မယ်။ ခိုးမှုရဲ့ အကြီးအသေးအခြေအနေ၊ အဲဒီခိုးမှုနဲ့ ပတ်သက်ယှက်နွယ်ရာက နေ တခြားအမှုကြီးငယ်တွေဟာ လည်း အဲဒီပြစ်မှုကနေ ပတ်သက် ယှက်နွယ်ပေါက်ဖွားလာတယ်။ အမျိုး မျိုး အဖုံဖုံမို့ 'တောမျိုးရယ်စုံ ကုန် နိုင်ပါလေပဲ'ဆိုတဲ့ ဆရာ ဇော်ဂျီရဲ့ ကဗျာတစ်ပုဒ်ထဲက အတိုင်းပါပဲ။ မကုန်မခန်းနိုင်အောင် စုံလင်တတ် ပါတယ်။ ယှက်နွယ်ပေါက်ဖွားလာ တတ်ပါတယ်။
    မူလ ပထမကတော့ ခိုးမှုတစ်ခု တည်းပါပဲ။ ဒါပေမယ့် အဲဒီခိုးမှုနဲ့ ပတ်သက်ယှက်နွယ်လာမယ့် တခြား၊ တခြားသော အမှုတွေလည်း ယှက် နွယ်ပူးပေါင်းပါဝင်လာတတ်တယ်။ ဒီတော့ ထဘီခိုးတဲ့ ကိုကျော်ဒင်ခမျာ မကောင်းတဲ့ တခြားသက်ရောက်မှု တွေလည်း ယှက်နွယ်လာရတော့မှာ အမှန်ပါပဲ။ ဒီအထဲ ထဘီခိုးတာက တခြား နာမည်ကြီးတာက တခြားဆို ရင်တော့ စောစောကပြောသလို ဖြစ် ရတော့မှာ အမှန်ပဲ။ ထဘီခိုးတော့ ကိုကျော်ဒင်ဖြစ်ပေမယ့် နာမည်ကြီး တော့ ကိုသောကြာဖြစ်ရတော့တယ်။ ခိုးတဲ့လူက ကိုကျော်ဒင်ဖြစ်ပေမယ့် အနေအထိုင်မတတ်တဲ့ ကိုသောကြာ ကို ယိုးစွပ်တတ်တယ်။ ယိုးစွပ်တာခံရ ရတတ်တယ်လေ။ ဒါက လောကမှာ တကယ်ဖြစ်ပျက်နေတဲ့ ကိစ္စတွေပါ။ နေရာအနှံ့အပြားမှာ ဖြစ်တတ်ပါ တယ်။
    ထဘီခိုးတဲ့ ကိုကျော်ဒင်ဟာ သူ သူခိုးမှန်းမသိရအောင် ဘယ်လိုနေ ထိုင်ခဲ့သလဲ။ ဘယ်လို အရံအတား အကျိုးအကြောင်းတွေနဲ့ ဖြစ်ရပ်မှန် ကို ဖုံးကွယ်သိုဝှက်ခဲ့သလဲ။ အပြော အဆို အနေအထိုင်မတတ်တဲ့အ တွက် သူခိုးအဖြစ် ယိုးစွပ်ခံရတဲ့ ကိုသောကြာရဲ့ အဖြစ်အပျက်နဲ့ အ နေအထားမျိုးတွေကလည်း လောက မှာ ရှိနေတတ်တယ်။ အဲဒါကြောင့် ဒီလိုဆိုရိုးစကားဟာ လောကမှာ ပေါ် ပေါက်လာရတာဖြစ်တယ်ဆိုတာကို ခေါင်းယမ်းငြင်းဆန်ဖို့ ခက်လိမ့်မယ်။
    ဒီအဖြစ်အပျက်မျိုးတွေ ထပ်ပြီး မပေါ်ပေါက်စေဖို့၊ ဒါမှမဟုတ် ပေါ် ပေါက်ခဲ့ပြီး အနေအထားမှာ ဘယ်သူ က ဘာဆိုတာကို သိသွားဖို့အတွက် ကိုသောကြာကို လူမျိုးတွေက ကြိုး ပမ်းသင့်တယ်။ ဒါမှသာ သူတို့ကို အများက ထင်မြင်နေတဲ့ ထင်မြင် ချက်တွေ မှားယွင်းနေတယ်ဆိုတာကို သက်သေပြနိုင်လိမ့်မယ်။ ကိုကျော် ဒင်လို သူခိုးတွေကို လက်ညှိုးထိုးပြ နိုင်လိမ့်မယ်။ သူတို့ဟာ မဟုတ်တာ မမှန်တာ မလုပ်ခဲ့ပေမယ့် သူတို့လုပ် ခဲ့သယောင် ထင်မြင်နေကြတဲ့ ကိစ္စ တွေကို ချေဖျက်နိုင်လိမ့်မယ်။ အမှန် တကယ် မမှန်မကန် လုပ်ခဲ့တဲ့ ကိုကျော်ဒင်လို လူမျိုးတွေကို ဖော် ထုတ်နိုင်ကြမှာ အမှန်ပဲဖြစ်ပါတယ်။ ထဘီခိုးခဲ့တဲ့ ကိုကျော်ဒင်ရဲ့ ဇာတိ ရပ်တွေကိုလည်း ရှင်းရှင်းလင်းလင်း မြင်သိကြရမှာ သေချာပါတယ်။
    ထဘီခိုးတဲ့ ကိုကျော်ဒင်တွေ ဘယ်၍ဘယ်မျှရှိပြီး ဘာပြစ်မှုကြီး တွေကို ကျူးလွန်ခဲ့တယ်။ သူတို့ဟာ ပြစ်မှုတွေကို ဖုံးဖိကွယ်ဝှက်ပြီး ထားခဲ့တဲ့အတွက် ကိုသောကြာမှာ သူခိုးမဟုတ်ပါဘဲနဲ့ သူခိုးဖြစ်ခဲ့ရတာ ကို မသိကြတာပဲဖြစ်ပါလိမ့်မယ်။ မမှန်ကန်တဲ့ လူတွေဟာ ဟန်ဆောင် လိမ်ညာတတ်ကြတယ်။ သူတို့ အပြစ် တွေကို သူတစ်ပါးရဲ့ အပြစ်တွေဖြစ် သွားအောင် လုပ်လေ့ရှိကြတယ်။ ဒါ ကြောင့် အဲဒီလိုကိစ္စမျိုးတွေကို တိုတို နဲ့ ထိထိမိမိရှိသွားအောင် လူအများစု ကြီးနားလည်သွားရအောင် 'ထဘီခိုး တော့ ကိုကျော်ဒင် နာမည်ကြီးတော့ ကိုသောကြာ'ဖြစ်သွားရတာ။
    တကယ်တော့ ကိုကျော်ဒင်ပဲ ဖြစ်ဖြစ်၊ ကိုသောကြာပဲဖြစ်ဖြစ် တစ် စုံတစ်ရာ နစ်နာကြရတာ အမှန်ပါပဲ။ သူတစ်ပါးရဲ့ ပစ္စည်းကို တကယ်ခိုးယူ ခဲ့တဲ့သူပဲဖြစ်ဖြစ်၊ အမှန်တကယ်ခိုးယူ တာမဟုတ်ဘဲ ခိုးယူသွားတာပါလို့ အစွပ်စွဲခံရတဲ့ သူပဲဖြစ်ဖြစ် အကျိုး သက်ရောက်မှုတော့ ဘယ်လိုမှ  မကောင်းနိုင်ပါဘူး။ ပစ္စည်းအခိုးခံရ ရင် နစ်နာသလို အစွပ်စွဲခံရရင် လည်း နှစ်ဆပိုပြီး နစ်နာစေတာ အမှန်ပါပဲ။ ဘာကြောင့်များ ဒီလို အဖြစ်အပျက်အကြောင်းချင်းရာတွေ လောကမှာ ပေါ်ပေါက်ခဲ့ရသလဲ။ လေးလေးနက်နက် မှန်မှန်ကန်ကန် တော့ လေ့လာကြဖို့ လိုပါပြီ။
    ထဘီမခိုးဘဲ ဘာကြောင့် ထဘီ ခိုးတယ်စွပ်စွဲ ခံရတာလဲ။ အမှန် တကယ်ရော ထဘီခိုးတတ်တဲ့ လူတွေ ဒီလောကမှာ တကယ်ပဲရှိနေလို့လား။ ခိုးရတဲ့ ပစ္စည်းကို လက်ခံမယ့်လူ တကယ်ရှိရဲ့လား။ ရှိခဲ့လို့လား အဲဒီ သတင်းမျိုး ထွက်တာလာနေမှာပေါ့။ တကယ်က အမှန်တကယ် ထဘီခိုး တဲ့ သူမျိုးတွေရှိခဲ့လို့လား ဒီလိုစွပ်စွဲ ပြောဆိုတာဖြစ် ပေလိ့မ်မယ်။ အဲဒီ တော့ လောကမှာ ကိုကျော်ဒင်လို လူတွေတကယ်ရှိမှာ ဖြစ်သလို အစွပ် စွဲခံရတဲ့ ကိုသောကြာလို လူတွေ လည်း အမှန်တကယ်ရှိခဲ့ပါလိမ့်မယ်။
    စူးစမ်းဖို့လိုတာက အမှန် တကယ် ထဘီခိုးတာက 'ကိုကျော် ဒင်' ဖြစ်ဖို့လိုသလို သူကရော တကယ်ပဲ ခိုးခဲ့တာမှန်ရဲ့လား။ တကယ်မခိုးဘဲ ခိုးတယ်လို့ အစွပ်စွဲခံ ရရင် ဘယ်လိုလုပ်မလဲ။ တခြားလူကို လက်ညှိုးထိုးအပြစ်ပုံချတာမျိုးရော မဖြစ်နိုင်ဘူးလား။ ဒီတော့ ဘုန်းကြီး ကျောင်းက ပြန်လာတဲ့ 'ကိုသော ကြာ'ကို လက်ညှိုးထိုးနေတာမျိုးဆို ရင်ကောင်းပါ့မလား။
    တကယ်က ထဘီခိုးတတ်တဲ့ ကိုကျော်ဒင်လို လူမျိုးတွေ အဲဒီ အလုပ်မျိုးတွေ ဆက်မလုပ်ဘဲ နောက် ဆုတ်ဖို့လိုပါလိမ့်မယ်။ မကောင်းတဲ့ဘက်မှာ နာမည်ကြီးသွားရတဲ့ ကို သောကြာကိုလည်း ထိန်းထိန်းသိမ်း သိမ်းနဲ့ မကောင်းတဲ့ ဘက်မှာ နာမည် ထပ်ပြီး မကြီးရလေအောင် ပြောတာ၊ ဆိုတာ၊ လုပ်ကိုင်ဆောင်ရွက်တာတွေ မှန်ကန်ဖို့တော့ လိုလိမ့်မယ်။
    အဲဒီလိုသာ အခြေအနေကြီး တစ်ခုလုံးက ထိန်းညှိလို့ ရသွားမယ် ဆိုရင် အသေအချာပဲ 'ထဘီခိုးတော့ ကိုကျော်ဒင်၊ နာမည်ကြီးတော့ ကိုသောကြာ'ဆိုတာတွေလည်း တဖြည်းဖြည်း ကွယ်ပျောက်သွားပါ လိမ့်မယ်။

ထက်ကျော်
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.