27-7-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
ချင်းတွင်းမြစ်ရေကြီးမှုကြောင့် ကလေးခရိုင်အတွင်း စပါးစိုက်ခင်း ဧက ၄ဝဝ ကျော် ရေဝင်ပျက်စီး
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1021
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
စာပေနှင့် အနုပညာ
သူတို့ဆီက သင်္ကြန်

ခရစ်ယာန်ဘာသာဝင်တို့ ၏ ခရစ်တော် ထမြောက်ခြင်း ပွဲတော် အီစတာ တနင်္ဂနွေနေ့သည် မတ်လ (သို့) ဧပြီလ၏ တနင်္ဂနွေနေ့တွင် ကျင်းပကြသည်။
    နေ့ထူးနေ့မြတ် ဖြစ်သည်နှင့်အညီ အချို့နိုင်ငံများတွင် ရုံးပိတ်ရက် အဖြစ် သတ်မှတ်ပေးထားသည်။ လှည့်လည်ပွဲများ ပြုလုပ်ကြသည်။  နောက်တစ်နေ့ ဖြစ်သည့် တနင်္လာနေ့သည် အီစတာ တနင်္လာနေ့ ဖြစ် သည်။ (Wet Monday) ဟုလည်း ခေါ်ကြသည်။ ထိုနေ့တွင် အရှေ့ ဥရောပ နိုင်ငံများ ဖြစ်သည့် ပိုလန်၊ ချက်ကိုစလိုဗေးကီးယားနှင့် ရုရှားမှ ခွဲထွက်သွားသော ယူကရိန်းတို့တွင် ရေကစားကြသော အလေ့အထ ရှေးပဝေသဏီကပင် ရှိခဲ့သည်။
    အေးမြစေကြောင်း၊ အညစ် အကြေးတို့ ကင်းစင်စေကြောင်း ရည် ရွယ်ခဲ့သော်လည်း နှစ်ပေါင်း ကြာလာသည်နှင့်အမျှ  ဓလေ့ထုံးတမ်းတို့ ပြောင်းလဲ ရွေ့လျားသည့် သဘောအတိုင်း ကြမ်းကြမ်းတမ်းတမ်း ရေ ပက်လာကြသည်။
    ဘုရားရှိခိုးကျောင်း ပတ်ဝန်းကျင်တွင်သာ ယခင်က ရေပက်ကြ သော်လည်း ယခုအခါ လူငယ်များသည် နေရာမရွေးကြတော့။ လူငယ် သုံးလေးဆယ် စုလျက် မြင်မြင်သမျှကို ကြမ်းကြမ်းတမ်းတမ်း ပက်ကြ တော့သည်။
    ဆောင်းမကုန်သေးသည့်အတွက် ချမ်းအေးသော ရာသီဥတုကြောင့် တောင်းပန်တိုးလျှိုးသူများကိုလည်း ချမ်းသာမပေးကြ။
    အကန့်အသတ်မဲ့ ရေပက်ကြသူများမှာ သက်ဆိုင်ရာက လိုက်ဖမ်း သည့်အခါ ကြက်ပျောက် ငှက်ပျောက် ထွက်ပြေးကြသည်။
    ရဲ မရှိတော့သည်နှင့် ၄င်းတို့က ပြန်လည် သောင်းကျန်းကြပြန် သည်။

အေးထွန်းမင်း
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.