27-7-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
ချင်းတွင်းမြစ်ရေကြီးမှုကြောင့် ကလေးခရိုင်အတွင်း စပါးစိုက်ခင်း ဧက ၄ဝဝ ကျော် ရေဝင်ပျက်စီး
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1021
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
စာပေနှင့် အနုပညာ
အမေတို့ရွာ သင်္ကြန်ခါ

အမေတို့ရွာသည် ဧရာဝတီတိုင်း ဓနုဖြူခရိုင်ထဲမှာပါဝင်ပြီး ဧရာဝတီ မြစ်၏ အရှေ့ဘက်ကုန်းတွင်းပိုင်းထဲ မှာ တည်ရှိသည်။ ၁၉ ရာစု ကုန်ခါ နီး ပါတော်မူခေတ်လောက်မှာ အ ထက်အညာမုံရွာမြို့အနောက်ဘက် ချင်းတွင်းမြစ်အနောက်ဘက်ကမ်းအ တွင်းပိုင်းမှ ထန်းသမားအညာသား တွေ 'တည်'ခဲ့သော ဗုဒ္ဓဘာသာဝင် မြန်မာကျေးရွာဖြစ်သည်။

ထိုစဉ် ကာလမှ ၂ဝ ရာစုအစော ပိုင်းကာလလောက်အထိ အမေတို့ ရွာ ဗုဒ္ဓဘာသာဝင် မြန်မာဆန်လိုက် သည်မှာ ယခုခေတ်နိုင်ငံရေး ရည် ရွယ်ချက် အခြေပြု ဗုဒ္ဓဘာသာဝင် အစွန်းရောက်တွေပင် 'အော' ချ လောက်မည်ထင်သည်။

ဆိုကြပါစို့။ ရွာထဲသို့ ငါးပုစွန် အရှင် လာမရောင်းရ။ အမဲသား သည် မလာနှင့်။ ကျွဲနွားသေလျှင် မြေမြှုပ်ပစ်သည်ကများသည်။ လယ် တီဆရာတော်ဘုရားကြီး၏ သြဝါဒကို အထူးနာခံကြသော အောက်သား တစ်ဖြစ်လဲ အညာသားတွေ။ ဆရာ တော်ကြီးက တစ်ပြည်လုံး လှည့် လည်ပြီး 'နွားသားရှောင်ကြဉ်ရေး တရား' ဟောတော်မူခဲ့သည်မှာ ရည် ရွယ်ချက် (၂) ရပ်ရှိခဲ့သည်ဟု ကျွန် တော်ဖတ်ဖူးသည်။
    (၁) အချက်။ မြန်မာလူထုကိုယ် စားပြုတောင်သူလယ် သမားထုကြီး ၏ ရဲဘော်ရဲဘက် ကျွဲနွားတွေ မျိုးမ သုဉ်းရေး။
    (၂) အချက်။ နယ်ချဲ့အင်္ဂလိပ် အစိုးရ၏ နောက်မြီးဆွဲ ဘာသာခြား ကျွဲနွားသတ်သမားတွေကို ဆန့်ကျင် ရေး...။

ဗုဒ္ဓဘာသာစည်းဘောင်အ  တွင်းမှ ဆရာတော်ကြီး 'အမဲသား မစားရေး' တရားဟောခဲ့သည်မှာ အာပတ်လည်း လွတ်သည်။ တောင် သူလယ်သမား လူထုကြီးကို ကယ် တင်ထိန်းသိမ်းရာလည်း ရောက် သည်။

''ငရို့ ငယ်ငယ်က သင်္ကြန် ကာလမယ် နှစ်ဆန်းတစ်ရက်နေ့ တစ်ရက်တည်းပဲ ရေကစားကြတယ်။ ရေ ကစားကြတာကလည်း ကလေးသူ ငယ်နဲ့ ကာလသား ကာလသမီးတွေ လောက်ပါပဲ။ ရေကစားတယ်ဆိုရာ မှာလည်း ယဉ်ယဉ်ကျေးကျေးနဲ့ ရေ သန့်သန့်ကို ဖလားနဲ့ ခပ်ပြီးလောင်း ကြတာ''ဟု အမေက ပြောပြသည်။

''အမေတို့ တောသင်္ကြန်က ပျင်းစရာကြီးနေမှာပါဗျာ''ဟု ကျွန် တော်သည် ထိုစဉ်က ရှုံ့ကာမဲ့ကာ ပြောခဲ့ပါသည်။

ကျွန်တော်က ရန်ကုန်မှာ လူဖြစ် ခဲ့သောကြောင့် ရန်ကုန် သင်္ကြန်နှင့် ငယ်စဉ်ကတည်းက ယဉ်ပါးနေသည်။ ရန်ကုန်သင်္ကြန်က ခပ်ကြမ်းကြမ်း ပျော်ကြရွှင်ကြ၊ မြူးကြမူးကြတာ မဟုတ်လား။ မီးသတ်ပိုက်အပါအဝင် ပိုက်အရွယ်အစား အမျိုးမျိုးနှင့် ရေ ပက်ခံ ကားတွေပေါ်က ရေပက်ခံ သတ္တဝါတွေ ကျောကော့ကုန် အောင် ရက်ရက်စက်စက် ရေပက်ကြ တာဖြစ်သည်။ ပိုက်မှရေ အားပြင်း ၍ အင်္ကျီပါးပါးကလေးတွေ ကွဲပြဲကုန်ကြ သော ကုမ္မာရီ အမျိုးကောင်းသမီး ကလေးတွေကလည်း စိတ်ဆိုးဖို့ဝေ လာဝေး။ အင်္ကျီပြဲလျှင် မမြင်အပ်တာ တွေ မမြင်ရအောင်၊ မပေါ်အပ်တာ တွေ မပေါ်ရအောင် တဘက်စကြီး ပတ်ခြုံထားလိုက်ရုံပါပဲ။

ကျွန်တော် ကိုးနှစ်သားလောက် ကျတော့ ရန်ကုန်သင်္ကြန်ကို ထိတ် လန့်သွားသည်။ ကမ္ဘာအေး စေတီ လမ်းပေါ်မှာ ကျွန်တော်နှင့် အတူ ရေ ကစားသော သူငယ်ချင်းပေါက်စီကို ရေပက်ခံဂျစ်ကားတစ်စီးက ဝင်တိုက် သည်။ သည်ကောင်မသေသော် လည်း ခေါင်းမှာ ဆံပင်မပေါက်သော အမာရွတ်ကြီးနှင့် ဦးနှောက်ချောင် သွားရှာသည်။

ကျွန်တော် ၁၂ နှစ်သားလောက် မှာ အမေတို့ရွာကို အလည်အပတ် သွားရာ သင်္ကြန်ရေသဘင်ပွဲနှင့် ကြုံ နေသည်။ သူတို့ရေ သဘင်ပွဲမှာ ရှေး မူကလေးတော့ ကျန်နေသေးသည်။ အကြိုနေ့မှစ၍ အတက်နေ့အထိ နှပ် ချေးတွဲလောင်းကလေးသူငယ်တွေ သာ ရေကစားကြသည်။ လူကြီးသူမ တွေက ဘုန်းတော်ကြီး ကျောင်းသွား ကာ သီတင်းဆောက်တည်ကာ ကောင်းမှုမှာ မွေ့ပျော်ကြ သည်။ ဘုန်း တော်ကြီး ကျောင်းမှာ အလှူဒါနပြု ကြသူငါတွေ အပြည့်။ စတုဒိသာ အကျွေးအမွေးတွေက အလျှံပယ်။

 ဟော-နှစ်ဆန်းတစ်ရက်ရောက် ပါပြီခင်ဗျား။ တောသားကာလသား  ကာလသမီးတွေ သဲသဲမဲမဲရေကစား ကြပါပြီခင်ဗျား။ ရေပိုက်နှင့်ပက်။ ရေြ>ွပတ်နှင့်ထိုး၊ ရေခွက်ဖြင့်လောင်းခြင်း မဟုတ်ပါ။ ကာလသားအုပ်စုက ကာလသမီးတစ်ယောက်ကို ဖမ်းမိ လျှင် ဖမ်းချုပ်ပွေ့ယူပြီးရွာဘေးက ချောင်းထဲ ဝုန်းခနဲပစ်ချသည်။ ရွာမှာက ရေမကူးတတ်သူမရှိ။ မွေးရာပါ အကန်းတောင်ရေကူးတတ် သည်။ ဟော-ကာလသားတစ်ယောက်ကို ကာလသမီးအုပ်စုက ဖမ်းမိသွားပြီ။ ငါးမူးလုံးလောက်အုန်းဆံကြိုးကြီးဖြင့် တုပ်ပါသည်။ မျက်နှာကို သနပ်ခါး တွေ ထူလပျစ်ကြီး လူးပေးပါသည်။ နို့ထွက်ကောင်းသော သားသည် အမေတစ်ယောက် နို့ရည်နှင့် ထမင်း နှင့်နယ်ပြီး ထိုသူကောင့်သားအား မစားမနေရ အတင်းခွံ့ကျွေးပါ သည်။ ငြင်းလျှင် ငှက်ပျောလက်ဖြင့် တဖြန်း ဖြန်းရိုက်ပါသေးသည်။ ဒါတွင် မက သေး။ ခပ်ကဲကဲအကောင်ဆိုလျင် ခါး တောင်းကျိုက်ဖြုတ်၊ စအိုဝကို ဥသျှစ် သီးမှ အစေးဖြင့် ပိတ်ဆို့ကာ မျောက် ကကခိုင်းပါသည်။

''အမေတို့ရွာက သင်္ကြန်က ဘယ့်နှာကြီးတုံးဗျာ''ဟု ကျွန်တော် ကညည်းပါသည်။ အမေက ''ဒါ ငရို့ရွာက ဓလေ့ပဲ''ဟု ပြုံးပြုံးကြီးဆို လေသည်။

 မြန်မာတို့ သင်္ကြန်ရေသဘင်ပွဲ၌ အပျော်ကြူးကြပုံမှာ ရာဇင်ဝင်တွင် ပါသည်။ ပုဂံခေတ်က မင်းတစ်ပါး သင်္ကြန်ကာလ ရေကစား ရာတွင် မိဖုရားအပေါ် ရေကစားကြမ်းသွား သဖြင့် မိဖုရားက စိတ်နာကာ ဘုရင့် စားတော်အုပ်မှာ အဆိပ်ခတ်သည်။ ဘုရင် သိသွားပြီးထို မိဖုရားကို ကွပ် မျက်ပစ်လိုက်ပါသတဲ့။ ဘယ့်က လောက် ယဉ်ကျေးသိမ်မွေ့တဲ့ အပြု အမူပါလိမ့်ဗျာ။

'ငွေဖလားဖြင့် ရေကစားသည်'

'သပြေခက်ဖြင့် ရေပက်သည်' ဟူ သော အသုံးအနှုန်းတွေမှာ စာထဲမှာ သာရှိကြသည်။ အပြင်လောက မှာ တော့ 'အပျိုပိန်ပိန်ရေ မစိမ်နဲ့၊ အပျိုဝဝရေမချနဲ့'ဟု သံချပ်ပြောင် တွေထိုးကာ မအေနှမချင်းမစာ ရေ မွန်းပြီး သေမတတ် ရေတွေ ဖိလောင်း တတ်ကြသည်။

အတာသင်္ကြန်သည် ရေသဘင် ယဉ်ကျေးမှု ပွဲတော်မဟုတ်တော့။ အရိုင်းအစိုင်းတို့ အူမြူးကာ မူးရူး သည့်ပွဲ ဖြစ်လာ သည်။ အနောက် တိုင်းဓလေ့ April's fool (ဧပြီ အရူး) သည် မြန်မာသင်္ကြန်နှင့် ကွက်တိ အံကိုက်ဖြစ်နေသည်။

မူးကြရူးကြမြူးကြထူးကြတာ ကိစ္စမရှိ။ အချိန်တန်လျှင် ရဲစခန်း၊ ဆေးရုံနှင့် သင်္ချိုင်းတို့က တာဝန်ယူ ကြလိမ့်မည်။ အထူးသဖြင့် မြို့ကြီး ပြကြီးမှာ နေထိုင်ကြပါလျက် နလ ပြိန်းတုံးတွေက အဘခေါ်လောက် သော ရန်ကုန်သူ ရန်ကုန်သားတွေက ရေကို မတရားဖြုန်းတတ်ကြသည်။ ရေပေါပေါဖြုန်းရမှ ပျော်စရာဟု အရူးတွေးတွေးကြသည်။

 ရေသည် ငွေထက်အရေးပါ ကြောင်း၊ ရွှေထက်တန်ဖိုးကြီးကြောင်း နလပြိန်းတုံး မြို့ကြီးသားတို့ သိသင့် နားလည်သင့်ကြပြီ။ ရှေးကလို 'ငွေ ဖလားဖြင့် ရေကစားပြီး သပြေခက် ဖြင့် ရေပက်ကြဖို့''နှိုးဆော်လျှင် နှုတ် ခမ်းစူ ခြေဆောင့်ကြလိမ့်မည်။

''သင်္ကြန်မှာ မပျော်ရတော့ဘူး လားလဗျ''ဟု ရန်စောင်မေးခွန်းထုတ် ချင်ကြလိမ့်မည်။

''မင်းတို့ ဗမာတွေပဲ ပျော် ပျော် နိုင်လွန်းကွာ၊ ပုဆိုးဖင်ပေါက်၊ ထဘီ အစုတ်ဝတ်ထားကြရင်း ပျော် ပျော် နိုင်လွန်း''ဟုသာ စိတ်နာ နာနှင့် မေး ငေါ့လိုက်ချင်ပါတော့သည်။

 သြော်-အမေတို့ ရွာသင်္ကြန်ပွဲကို လည်း မရောက်ဖြစ်တာကြာပေါ့။ အရက်ပေါတော့ ငမူးငရူး တယ်များ ဆိုပဲ။

ကြူးနှစ်
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.