23-11-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
မြန်မာ-အိန္ဒိယချစ်ကြည်ရေး လမ်းမကြီးဖြစ်သည့် ကလေးဝ-တမူးလမ်းပိုင်းရှိ တံတား ၆၉ စင်းကို အိန္ဒိယနိုင်ငံမှ အမေရိကန်ဒေါ်လာ သန်း ၆ဝ အကုန်အကျခံတည်ဆောက်ပေးမည်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1038
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
စာပေနှင့် အနုပညာ
ငယ်စဉ်က ရင်းထားခဲ့တာတွေကို ကြီးမှ အသုံးချနေရသည်

တစ်ညတွင် ထုံးစံအတိုင်း နံနက် ၃ နာရီခန့်တွင် ရေတင်ရင်း ရေနွေး ကျို၊ ထမင်းချက်ပြုရင်း ကုလားထိုင် တစ်လုံးအနီး၌ အသင့် ထားရှိသော စာအုပ်တစ်အုပ်ကို အတန်အသင့် ဖတ်ပြီးနောက် အိပ်ရာပြန်ဝင်သည်။

သို့ရာတွင် ညဥ့်ဦးက စောစော အိပ်ရာဝင်ခဲ့၍ အိပ်ရေးဝသွားလို့ လားမသိ၊ ရုတ်တရက် ပြန်အိပ်မရ သေးဘဲ ဟိုတွေးသည်တွေး တွေးနေမိ သည်။ ကျွန်တော် ယခင်က ပြုမူနေ ထိုင်ခဲ့ပုံများကို ပြန်တွေးမိသည်။ ထို သို့ ပြန်တွေးမိရင်း အချို့နေရာများ တွင် ကျွန်တော်လုပ်ပုံမှာ တော်တော် ဆိုးပါကလားဟု စဉ်းစားမိသည်။ တစ် ဖန်ထိုသို့ ဆိုးခဲ့တာတွေရှိခြင်းကြောင့် ပင်လျှင် ငါသည် လူကောင်းအဖြစ် ပြန်ရောက်ဖို့ အကြောင်းတစ်ခုဖြစ် နေပြန်ရော့လားဟုလည်း တွေးမိနေ ပြန်၏။

ထို့ကြောင့် ရုတ်တရက် ပြန်အိပ် ၍မရ၊ မနက်မိုးလင်းတော့လည်း မျက်စိခွဲရန် ဆေးရုံတက်နေသော ဇနီးထံ ဆေးရုံသွားရဦးမည်။ ကဲ-အိပ် မနေတော့ဟု ဆုံးဖြတ်ကာ ဤစာကို ကောက်ရေးနေမိခြင်းဖြစ်သည်။

ကျွန်တော် ၁၉၈ဝ ပြည့်နှစ်တွင် ပင်စင်ယူသည့်အခါ ကျွန်တော့်လက် တွင် ငွေကြေးဥစ္စာ ဘာမျှမရှိပါ။ အစိုးရ ဝန်ထမ်းဘဝအနှစ် ၂ဝ ကျော် အလုပ်လုပ်လာသည့်အတွင်း ဘာ တစ်ပြားတစ်ချပ်မှလည်း စုစုဆောင်း ဆောင်းမလုပ်နိုင်ခဲ့ပါ။ ထိုသို့ မလုပ် နိုင်ရုံမျှမက ကျွန်တော်နှင့် အိမ် ထောင်ကျစဉ်က ကျွန်တော့် ယောက္ခ မများက သူတို့သမီးကို ဆင်ယင်ပေး လိုက်သော လက်ဝတ်လက်စားတွေ လည်း မကျန်တော့ပါ။ နားပေါက်မ ဆို့ရန်ချန်ထားသည့် နားကပ်ကလေး လောက်သာ ကျန်ပါတော့သည်။

အမှန်ဆိုရလျှင် ကျွန်တော် သည် ၁၉၆၇-၁၉၇၂ အတွင်း ရန် ကုန်မှာနေစဉ်က အကြွေးတွေတင် ၍ ထိုရွှေတိုငွေစတွေ ကုန်ကုန်သည် ဟု ဆိုစေဦး ကျွန်တော် မန္တလေးတွင် နေစဉ် (ပင်စင်မယူမီက) ပိုက်ဆံ လေးတွေရတာရှိသည်။

ပိုက်ဆံလေးတွေ ဆိုသည်မှာ တစ်ခါတစ်ရံလေးကောင်ဂျင်နိုင်၍ရ သည်။ မကြာခဏ ရုံးအလုပ်လုပ် ရင်းမှ ရသည်။

 ရွှေတစ်ကျပ်သား ၆ဝဝကျပ် ဈေးလောက်ရှိချိန်၌ ကျွန်တော် ၈ဝဝ-၁ဝဝဝ ကျပ် စသည်မျိုးနိုင် သည့် အကြိမ်ပေါင်းများစွာရှိပါသည်။ ရွှေ တစ်ကျပ်သား ၁၂ဝဝ ကျပ်လောက် ဖြစ်လာချိန်တွင် ငွေကျပ် ၄ဝဝဝ-၆ဝဝဝ စသည်မျိုးနိုင်တာတွေ လည်းရှိသည်။

သို့ရာတွင် ကျွန်တော်သည် ငွေ ၁ဝဝဝ ကျပ်နိုင်သည့်အထဲမှ ရွှေ တစ်ကျပ်သား ၆ဝဝ ကျပ်ဖိုး လောက် ကျွန်တော့်ဇနီးအား လက်ဝတ်လက် စား တစ်ခုခုဝယ်ပေးရန် စိတ်ကူးမ ပေါက်ပါ။ နေ့စဉ် ဈေးသုံးရန် အသင့် အတင့် (၅ဝ ကျပ်မျိုး၊ ၁ဝဝကျပ်မျိုး)  လောက်သာပေး၍ ကျန်ငွေကို ရုံးမှာ ပင်ထားသည်။ ရုံးမှာမထားဘဲ ရတာ ကို ဇနီးဖြစ်သူအား အကုန်အပ်လိုက် ပါက နောက်တစ်ကြိမ် ကစားဖို့ ပြန် တောင်းသည့်အခါ စကားလက် ဝင်ရသောကြောင့်ဖြစ်၏။

ထို့အတူ ရွှေဈေး ၁၂ဝဝ ကျပ် လောက်ဖြစ်ချိန်တွင်လည်း နိုင်သည့် ငွေ ၆ဝဝဝ ကျပ်လောက်ကထဲမှ ရွှေ နှစ်ကျပ်သား ၂၄ဝဝ ကျပ်ဖိုး လောက်ဖဲ့ပြီး ဆွဲကြိုးတစ်ကုံးလောက် လုပ်ပေးဖို့ စိတ်ကူးမရောက်ပါ။ စာရင်းကိုင်လုပ်သူ သူငယ်ချင်းအား ထိုငွေကို ရုံးမီးခံသေတ္တာထဲမှာပဲ ထည့်ခိုင်းထားပြီး ကစားဝိုင်းသွား သည့်အခါ ထိုအထဲမှ ထုတ်ယူ၍ သွားလေ့ရှိသည်။

ကျွန်တော် အလုပ်လုပ်သည့် ဌာနမှာ ပုဂ္ဂလိက စက်မှုလက်မှု လုပ် ငန်းရှင်များနှင့် ဆက်ဆံရသော ဌာန ဖြစ်၍ လုပ်ငန်းရှင်များအား လုပ်ငန်း သုံးကုန်ကြမ်းပစ္စည်းများထုတ်ပေးရ သည့်အခါမျိုးတွင် လာဘ်လာဘရ တာလေးတွေရှိသည်။ ကျွန်တော် သည် ကျွန်တော် လုပ်သည့် ရုံးဌာန၌ အခြားကိုယ်နှင့် အဆင့်တူ သို့မဟုတ် မိမိထက်တစ်ဆင့်ကြီး ဝန်ထမ်းမျိုး ထက်တောင် လုပ်ပိုင်ခွင့် အခွင့် အာဏာပိုရသူဖြစ်၍ အခြားဝန်ထမ်း ငွေ ၁ဝဝဝ ကျပ်ရသည်ဆိုလျှင် ကျွန် တော်က ၂ဝဝဝ-၃ဝဝဝမက ရခွင့်ရ လမ်းရှိသူဖြစ်ပါသည်။  ကျွန်တော် သာ ကိုယ်ရေးကိုယ်တာ ကြည့်တတ် သော လောဘသမားမျိုးဖြစ်ပါက အ တော်ပင်ချောင်ချောင်လည်လည်နေ ရနိုင်စရာ အကြောင်း အခွင့်မျိုးရှိပါ သည်။

သို့ရာတွင်ကျွန်တော်မချောင် လည်ပါ။ အဘယ်ကြောင့်ဆိုသော် ကျွန်တော်က ဘယ်ရွေ့ဘယ်မျှပေးရ မည်ဟူ၍ တောင်းဆိုလေ့မရှိ။ ထို့ ကြောင့်လည်း ပေးသည့် လူက ၅ဝဝ ကျပ် လောက်ပေးရမည်ဆိုလျှင် ၉ဝ-၁ဝဝ ကျော်လောက်သာပေးသည်။ အချို့ သူတွေကို ဆိုလျှင် ကျွန်တော်လို ချင်လျှင် ငါးထောင်တစ်သောင်းမျိုးက ရနိုင်သော်လည်း တစ်ပြားမှ မယူဘဲ လုပ်ပေးခဲ့သည်မျိုးတွေလည်း ရှိ၏။ ကျွန်တော့်အဖို့ တစ်သောင်း ရရန်က အရေးမကြီး။ ညနေ အရက်သောက် ရလျှင်၊ ကစားဝိုင်းသွားသည့်အခါငွေ ၄ဝဝ-၅ဝဝ ကျပ်မျိုးရလျှင် ကိစ္စပြီး ကျေနပ်နေလေသည်။

ထို့ကြောင့် အလုပ်ခွင်ထဲမှ ရနိုင် ရာ ကိစ္စမျိုးတွင်လည်း ကျွန်တော်များ စွာမရ၊ ရသလောက် ရသည့်အထဲမှ လည်း ဘာတစ်ပြားတစ်ချပ်မှ မကျန်၊ မစုမိဘဲ ကျွန်တော့်မိသားစုက ဆင်းရဲ ပြီး ကျွန်တော်သာ ကျွန်တော့်ဆန္ဒအ တိုင်း သောက်စား၊ လောင်းကစားခွင့် ရနေခဲ့လေသည်။ သို့ဖြင့် ကျွန်တော် ပင်စင်ယူလာသောအခါ လက်ထဲ၌ ဘာမျှမရှိ။ ပင်စင်ကလည်း တချို့ သောပြဿနာတွေရှိနေ၍ တစ်နှစ် ကျော်လောက်မှရလေသည်။

ထိုအချိန်၌ ကျွန်တော့် သား သမီးလေးယောက်အနက် အကြီးဆုံး သမီးတောင် ၁ဝ တန်းကျောင်းသူ ဘဝသာရှိနေသေးပြီး ကျန်အငယ်သုံး ယောက်တို့သည် ခုနစ်တန်း၊ လေး တန်း၊ ပထမတန်း အရွယ်ကလေးများ သာရှိသေး၏။ ပြောကြစို့ဆိုလျှင် ကျွန်တော့်အခြေအနေမှာ သူတို့ကို ကျောင်းထားပေးဖို့ဆိုတာထက် စားဖို့ သောက်ဖို့တောင် အနိုင်နိုင် အခြေ အနေမျိုးဖြစ်ပါသည်။

သို့ရာတွင် ကျွန်တော်သည် ပိုက် ဆံမရှိသည့် ကြားမှပင် ကျွန်တော့် သားသမီးလေးယောက်စလုံးကို ဘွဲ့ တွေရအောင် ကျောင်းထားပေးခဲ့ သည်။ သူတို့ အလုပ်အကိုင်များနှင့် သူတို့ဖြစ်အောင် လုပ်ပေးနိုင်ခဲ့သည်။

ကျွန်တော့် သမီးအကြီးယခုရှိ သေးလျှင် တက္ကသိုလ်တွင် ပါမောက္ခ အဆင့်လောက်နှင့် ပင်စင်ယူမှာဖြစ် သည်။ ကျွန်တော့်သားကြီး သည် ယခု ရန်ကုန်မြို့တော် စည်ပင်တွင် လက်  ထောက်ညွှန်ကြားရေးမှူး အဆင့်နှင့်  အမှုထမ်းနေသည်။ သားအငယ် သည် ယခုနေပြည်တော်တွင် ရဲအရာ ရှိတစ်ဦးဖြစ်သည်။ အငယ်ဆုံးသမီး ကလေးရှိသေးလျှင်လည်း သင့်တင့် လျောက်ပတ်သော အဆင့်မျိုးနှင့်ရှိ နေမည်သာ ဖြစ်သည်။

 ပြောကြစို့ဆိုလျှင် ကျွန်တော့်ကို လက်ချည်းဗလာသက်သက် အခြေ အနေမှနေ၍ ကိုယ့်သားသမီးများကို သာမက မြေးများကိုပါ ဘွဲ့ရပညာ တတ်တွေအဖြစ်နှင့် သူတို့ အလုပ် အကိုင်ကလေးများနှင့် သူတို့ဖြစ်သွား အောင် လုပ်ဖို့မှာ အချို့လူများအ တွက် ခက်နိုင်ပါသည်။ ကျွန်တော့် သမီးကြီး မုဆိုးမလေးဆုံးသွား၍ မြေး ကလေး ကလေးနှစ်ဦးကျန်ရစ်ခဲ့ချိန် တွင် သူတို့က အင်မတန် ငယ်သေးပြီး ကျွန်တော်က အသက် ၆ဝ ကျော်နေ ပေပြီ။  တော်ရုံအဘိုးဆိုလျှင် ငါ လည်းကြီးပြီ။ ငါ့မှာလည်း ပိုက်ဆံရှိ သည်မဟုတ်။ ကိုယ်ဝမ်းကိုယ့်ခါးမှ အနိုင်နိုင်သာ၊ သတ္တဝါတစ်ခုကံ တစ်ခု၊ သူ့ထိုက်နှင့်သူကံပေပဲဟူ၍ တွေးကာ ဥပေက္ခာပြုလိုက် မိကောင်း ပြုလိုက် မိပေမည်။ သို့ရာတွင် ကျွန် တော် ထိုသို့မတွေးပါ။ ငါ့မြေးတွေ ပညာထွန်းထွန်းပေါက်ပေါက်ဖြစ် အောင်ဆိုလျှင် တော မှာနေ၍ မဖြစ်၊ ရန်ကုန်မှာနေမှဖြစ်မည်ဟု တွေး သည်။ ကျွန်တော် အသက် ၆၂ နှစ် တွင်မှ ဘဝသစ်ပြန်စသလို ရန်ကုန် မှာ လာ၍ အလုပ်လုပ်သည်။ ထို ကြောင့်မြေးများကိုလည်း ရန်ကုန်စိန် ပေါကျောင်း (ဗိုလ်တထောင် အ ထ က - ၆) တွင် ပင် ထားနိုင်၏။ မြေး နှစ်ဦးစလုံးလည်း ဘွဲ့တွေရကုန်၏။

 မြေးကြီးသည် ၁ဝ တန်း ခြောက် ဘာသာဂုဏ်ထူးနှင့်အောင်၊ ကွန်ပျူ တာ တက္ကသိုလ်တက်၊ ဂုဏ်ထူးတန်း ဘွဲ့ရပြီး အလုပ် ထွက်လုပ်ရာ ပထမ ဂျပန်ကုမ္ပဏီတစ်ခုတွင်လည်း ကောင်း၊ ဒုတိယ အင်္ဂလန်မှနေ၍ အလုပ်ခိုင်းသည့် အင်္ဂလိပ်တစ် ယောက်ထံတွင် လည်းကောင်း၊ ယခု အမေရိကန် ကုမ္ပဏီတစ်ခုတွင်လည်း ကောင်း အလုပ်လုပ်လျက်ရှိသည်။ လုပ်ခလည်း တစ်နာရီ ဒေါ်လာ ၃ဝ နှုန်းဖြစ်၍ အိမ်မှာနေ၍ လုပ်ရင်းပင် တစ်လ သိန်း ၆ဝ လောက်တော့ ရနေလေသည်။

 မြေးငယ်သည်လည်း  ၁ဝ တန်း လေးဘာသာဂုဏ်ထူးဖြင့်အောင်၊ ရေကြောင်း တက္ကသိုလ်တက် ဘွဲ့ရ ကာ စင်ကာပူ သင်္ဘော ကုမ္ပဏီ တစ်ခု မှ  သင်္ဘောတစ်စင်းတွင် အလုပ် သင်အရာရှိ (ဃေိနအ) အဖြစ် အလုပ် လုပ်နေပြီဖြစ်သည်။ နှစ်နှစ် သုံးနှစ် အတွင်း တစ်လ ဒေါ်လာ ၃ဝဝဝ ဝန်း ကျင်လောက်ရသည့် သင်္ဘောအရာရှိ တစ်ဦးဖြစ်လာတော့မည့် အခြေ အနေမျိုး ရှိနေပေပြီ။

ကျွန်တော်သည် ထွေထွေရာရာ တွေးမိရင်း ကိုယ်မဟုတ်တာတွေ လုပ် ခဲ့ပုံတွေရော၊ ဟုတ်တာတွေလည်း လုပ်နိုင်ခဲ့ပုံတွေပါ စဉ်းစားမိသည့် အခါ သြော်-ငါဤသို့ လုပ်နိုင်စွမ်း အခြေအနေမျိုးရှိလာခဲ့သည်မှာလည်း ငါက အတွေ့အကြုံတွေကို ပိုက်ဆံ ပေးဝယ်လာခဲ့မိ၍သာ ပေတကားဟု ကောက်ချက်ချမိသည်။ ထို့ကြောင့် လောကဓံ စိန်ခေါ်မှုများသည် ကျွန် တော်နှင့် သူစိမ်းတစ်ရံ ဆံများ မဟုတ် ကြပေ။

ကျွန်တော်သည် လေးကောင် ဂျင်ဝိုင်းမှ ပြေးရင်း အားညှစ်ခုန်လျှင် ငါးပေကျော်အမြင့် သံဆူးကြိုးစည်းရိုး ဦးကိုလည်း လွတ်အောင် ခုန်နိုင်မှန်း သိခဲ့သူဖြစ်သည်။ ပြဿနာကြုံလျှင် မကြောက်ဘဲ အမှန်တွေးနိုင်က ကျော်လွှားနိုင်မှန်းသိခဲ့သူဖြစ်သည်။ ထိုကြောင့် လည်း ရဲလာဖမ်းမှာကို အိမ်မှစောင့်နေရာ ရဲမလာဘဲ ကျွန် တော့် ပြဿနာဖြေရှင်းဖို့အတွက် ရှာ ဖွေလာသော ငွေထုပ်နှင့် မိမိအထက် လူကြီးများ လုပ်ဖော်ကိုင်ဖက်များသာ ရောက်လာသည်ကိုလည်း ကြုံဖူးပေ သည်။

လူတွေ အမျိုးမျိုးကိုလည်း ကြုံ ဖူးသည်။ လူမိုက်ဆိုသူများကိုလည်း ကြုံဖူးသည်။ တကယ်တော့ လူမိုက် ဆိုသူများမှာ သတ္တိမရှိ၍ လူမိုက်ဘွဲ့ ရနေကြခြင်းဖြစ်၏။

သူဌေးဆိုသူများကိုလည်း ကြုံဖူး သည်။ သူဌေးဆိုသူမှာလည်း ဘာမျှ မဟုတ်။မမွဲခင်သာ ဌေးနေခြင်းဖြစ် သည်။

ဒုစရိုက်လောက၌ ကျင်လည် နေသူဖြစ်လျက် အနေအထိုင်အလွန် စည်းကမ်းရှိသူများကိုလည်း တွေ့ဖူး သည်။ ကျွန်တော်က ရွှေ ၃ဝ သား ၄ဝ သား ဖိုးလောက်နိုင်ထားပြီးဖြစ်၍ ငွေပြတ်သွားသဖြင့်မလျော်နိုင်သော ရွှေတစ်ကျပ်ခွဲသားဖိုးလောက်ကို (ကျွန်တော်က လျော်ထားပြီးဖြစ်ပါ လျက်) ငါးပြားအကြွေးမကျန်အောင် (နောက်တော့) လျော်သော ဒိုင်မျိုး လည်း ကြုံဖူးသည်။

ကျွန်တော်လိုသာလောင်း  ကစားဝါသနာမပါပါက အလုပ်မ ပြုတ်ပဲ မြန်မာ့တပ်မတော် ရေတပ် တွင် အကြီးဆုံး ရာထူးလောက်ရောက် မည့် ပုဂ္ဂိုလ်မျိုးနှင့်လည်း အတူတူ ကစားဖူး၍ လောင်းကစားသည် ဘဝ ကိုဘယ်မျှ ဖျက်ဆီးပစ်နိုင်မှန်းလည်း ဆင်ခြင်နိုင်ခဲ့ဖူး၏။

 ပြောကြစို့ဆိုလျှင် ကျွန်တော် ကစားသဖြင့် ကျွန်တော့်ဇနီးနှင့် သား သမီးများကောင်းကောင်းနေရသင့် လျက်မနေခဲ့ရတာမှန်သော် လည်း ကျွန်တော့်အဖို့ အခက်အခဲကို ကျော် လွှားရဲသော အတွေ့အကြုံတွေရခဲ့ သည်။ လူတွေကို 'ဖတ်'တတ်သော အသိပညာမျိုးတွေရခဲ့သည်။ မ ကောင်းတာသည် မကောင်းကျိုးပေး ပြီး  ကောင်းတာက ကောင်းကျိုးပေး မှန်း သိလာခဲ့သည်။

ထိုကြောင့် ကျွန်တော်သည် ပိုက် ဆံမရှိဘဲလျက်လည်း ကျွန်တော့် သားသမီးတွေကို ဘွဲ့တွေရ အလုပ် အကိုင်တွေနဲ့ဖြစ်အောင် လုပ်ပေးနိုင် ခဲ့သည်။

 မြေးတွေကို ပြုစုပျိုးထောင်နိုင်ဖို့ ရန်ကုန်မှာနေမှဖြစ်မည်ဟု ဆုံးဖြတ် သောအခါ ကျွန်တော်သည် ညွှန်ချုပ် ၁ဝ ယောက်ပေါင်း လခ မျိုးရသော အလုပ်ကို လျှောက်လွှာမတင်ရဘဲရခဲ့ ၏။ ကျွန်တော့်မြေးနှစ်ဦးအား ကျောင်း တက်ဖို့ ငွေ ၁၂ သိန်းရှိမှ ဖြစ်မည့်အ ခြေအနေတွင် ကျွန်တော် ငွေ ၇ဝဝ ကျပ်နှင့် ကျောင်းအပ်နိုင်ခဲ့သည်။

ကျွန်တော့်တွင် ငွေ ၁၃ သိန်း တောင်မရှိဘဲလျက် ကျွန်တော်ငွေ သိန်း ၁၃ဝ ကျော်မရှာနိုင်လျှင် ကျွန် တော့်သား ဒုက္ခရောက်မည့် အခြေအ နေမျိုးကို ထိုငွေပမာဏမျိုးရအောင် ရှာပေးပြီး ကျော်လွှားနိုင်ခဲ့သည်။

အဘယ်ကြောင့် ကျွန်တော်ထို သို့သော အခြေအနေများကို ကျော် လွှားနိုင်ခဲ့ပါလိမ့်ဟု ပြန်စဉ်းစားကြည့် သည့်အခါ ကျွန်တော့်မှာ ငွေကြေး တွေ အဆုံးရှုံးခံပြီး ကစားလာရသော လောင်းကစားသမားဘဝအတွေ့ အ ကြုံများမှ ရခဲ့သောအဖိုးတန် သင်ခန်း စာတွေက အထောက်အပံ့ပြုနေ သော ကြောင့်ပါကလားဟု တွေးမိလိုက်ပါ သတည်း။

ဦးတင်ဦး (ကျူရှင်)
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.