27-7-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
ချင်းတွင်းမြစ်ရေကြီးမှုကြောင့် ကလေးခရိုင်အတွင်း စပါးစိုက်ခင်း ဧက ၄ဝဝ ကျော် ရေဝင်ပျက်စီး
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1021
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
စာပေနှင့် အနုပညာ
အချိန်ယူစဉ်းစားသင့်သည့် ရန်ကုန်မြို့သစ် စီမံကိန်း

မတ်လ ၂၃ ရက်က ကျင်းပတဲ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဒုတိယအကြိမ် စတုတ္ထပုံမှန် အစည်း အဝေး (ဒုတိယနေ့) အစည်းအဝေးမှာ ရန်ကုန်မြို့တစ်ဖက်ကမ်းမှာ တည်ဆောက်မယ့် မြို့သစ်စီမံကိန်း အကောင်အထည်ဖော်ဆောင်ရန်အ တွက် စီမံချက်များကို စနစ်တကျ ရေးဆွဲထားခြင်းမရှိပဲ လုပ်ငန်းများ လုပ်ဆောင်ရန်မသင့်ကြောင်း ဆွေး နွေးခဲ့ကြတယ်ဆိုတဲ့ သတင်းကို ဖတ်ရတော့ ဒဂုံမြို့သစ်၊ လှိုင်သာယာ၊ ရွှေ ပြည်သာ၊ ရွှေပေါက်ကံမြို့သစ်တည် ဆောက်ရေးလုပ်ငန်းတွေမှာ ကိုယ်တိုင် ပါဝင်ဆောင် ရွက်ခဲ့သူ တစ်ဦး အနေနဲ့ အကြံပြုတင်ပြချင်ပါတယ်။

၁၉၈၈ ခုနှစ် နောက်ပိုင်း စစ်အစိုးရ လက်ထက် ရန်ကုန်မြို့မှာရှိတဲ့  ကျူးကျော်တွေကိုနေရာချထား ပေးဖို့အတွက် ရန်ကုန်တိုင်း အတွင်း မှာ ရှိတဲ့  မြေဧကပေါင်းများစွာကို သိမ်းဆည်းခဲ့ပါတယ်။ အဲဒီကာလက ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်နဲ့ အုပ်ချုပ်နေတဲ့ ကာလပါ။ အဲဒီကာလက သိမ်းဆည်းခဲ့တဲ့ မြေ ယာကိစ္စတွေဟာ အခုထက်ထိ ရှင်း လို့ မပြီးသေးပါဘူး။ ကျူးကျော်စာရင်း တွေ ကောက်ယူတော့လည်း သူတစ် မျိုး ငါတစ်ဖုံနဲ့ ရန်ပြုတဲ့ သူတွေ တောင် တွေ့ခဲ့ရပါတယ်။

ဦးနေဝင်း စစ်အစိုးရ လက် ထက်မှာ တည်ဆောက်ခဲ့တဲ့ မြောက် ဥက္ကလာ၊ တောင်ဥက္ကလာ၊ သာကေ တ၊ သုဝဏ္ဏ မြို့သစ်တွေမှာ ကျူး ကျော်တွေရော ဝန်ထမ်းတွေကိုပါ စနစ် တကျနေရာထားပေးခဲ့ပြီးဖြစ်ပါ တယ်။ ၁၉၈၈ ခုနှစ် နောက်ပိုင်းစစ် အစိုးရ လက်ထက် မှာလည်း ကျူး ကျော်တွေ၊ ဝန်ထမ်းတွေကို မြေနေရာ တွေ ချထားပေးခဲ့ပြီးပါပြီ။

အခု NLD အရပ်သား အစိုးရ လက်ထက်မှာ ရန်ကုန်မြို့ တစ်ဖက် ကမ်းမှာ မြို့သစ်တစ်ခုတည်ဆောက် ရန် ၂ဝ၁ဝ အစိုးရ လက်ထက်က တည်းက စီစဉ်ခဲ့တဲ့ စီမံကိန်းကို ပြန် လည်အကောင်အထည်ဖော်ဖို့ ရန် ကုန်တိုင်းဒေသကြီး လွှတ်တော်မှာ ဆွေးနွေး ကြရာမှာ ရန်ကုန်တိုင်းဒေသ ကြီး လွှတ်တော် ငွေကြေး၊ စီမံကိန်း နှင့် စီးပွားရေး ကော်မတီဥက္ကဋ္ဌ ဒေါ်စန္ဒာမင်းကလည်း ကန့်ကွက်ပြော ဆိုခဲ့ပါတယ်။

န.ဝ.တ၊ န.အ.ဖ လက်ထက် မှာ ရန်ကုန်မြို့တွင်းရှိ ကျူးကျော်တွေ ကို နေရာချထားပေးခဲ့ရာမှာ ပိုလျှံနေ သော မြေကွက်များ မြောက်မြားစွာ ကျန်ရှိနေခဲ့ပါတယ်။ သွားလာရေး အဆင်မပြေမှုများကြောင့် မြေ ကွက်လက်ခံရယူခြင်းမရှိသော  မြေ ကွက်လပ် များလည်း များစွာရှိပါတယ်။ စနစ်တကျ ဆောင်ရွက်မှုအား နည်း သည့်အတွက် ၄င်းမြေကွက်များတွင် ကျူးကျော်နေထိုင်သူများ၊ ဘာသာ ရေး အဆောက်အအုံများ စသည်ဖြင့် ဝင်ရောက်နေရာယူထားကြတာကို တွေ့ရပါတယ်။ ဒီလိုဖြစ်ရတာဟာ ရပ် ကျေး အဆင့်တာဝန်ရှိ ပုဂ္ဂိုလ်အချို့ရဲ့ အဂတိလိုက်စားမှုကြောင့် လည် ကောင်း၊ ဥပဒေအရ ကိုင်တွယ် ဆောင်ရွက်မှု အားနည်းခြင်းကြောင့် လည်း ကောင်းဖြစ်တာကို တွေ့ရပါမယ်။

ထို့အပြင် နေပြည်တော်မြို့သစ် တည်ဆောက်ရေးကာလ တစ်နိုင်ငံ လုံးရှိ ရွှေ့ပြောင်း အလုပ်သမားများ အလုပ်အကိုင် အဆင်ပြေကြသော် လည်း နေပြည်တော်မြို့သစ် တည် ဆောက်ရေးလုပ်ငန်းများ ပြီးဆုံးပြီး နောက် ထိုရွှေ့ပြောင်းအလုပ်သမား များမှာ ရေကြည်ရာမြက်နုရာသို့ ပြောင်းရွှေ့ရင်း ရန်ကုန်မြို့တွင် ကျူး ကျော်များအဖြစ် ရွှေ့ပြောင်းရောက်ရှိ လာကြခြင်းဖြစ်ပါတယ်။

စစ်အုပ်ချုပ်ရေးကာလရဲ့ နောက်ဆက်တွဲ အကျိုးဆက်ဖြစ် သော ဆင်းရဲမွဲတေမှုကြောင့် ရွှေ့ ပြောင်း အလုပ်သမားများ၊ ကျူးကျော် များ များပြားလာပြီး ရန်ကုန်မြို့ရဲ့ မြို့တော် အင်္ဂါရပ်များ ပျောက်ဆုံးနေ ခဲ့သည်မှာ ကြာခဲ့ပြီဖြစ်ပါတယ်။

၁၉၈၈ ခုနှစ်နောက်ပိုင်းမြို့သစ်များတွင် နေရာချထားပေးခဲ့သော မြေကွက်ပိုင်ရှင်များမှ တရိပ်ရိပ်တက် လာသော မြို့ပြမြေဈေးကြောင့် မူလ ချထားပေးခဲ့သော မြေပိုင်ရှင်များ အနက် ရာခိုင်နှုန်းတော်တော်များများ မှာ မူလမြေကွက်တွင် မရှိတော့ဘဲ အဆင့်ဆင့်ရောင်းချခဲ့သည်မှာ လေး ဆင့်၊ ငါးဆင့်အထိပင်ရောက်ရှိခဲ့ပြီး ဖြစ်ပါတယ်။ ပါမစ်မြေမှ ဂရန် လျှောက်ထားရာတွင် တင်ပြလာ သော အရပ်စာချုပ်များမှာ အထပ် ထပ်ဖြစ်နေပါပြီ။ နေစရာမရှိသော ကျူးကျော်များကို စနစ်တကျ မြေ ကွက်များ ချထားပေးခဲ့သော်လည်း အဆင့်ဆင့်ပြန်လည်ရောင်းချခြင်း ကြောင့် နိုင်ငံတော်အတွက် ရသင့်ရ ထိုက်သော ရောင်းခွန် ဝယ်ခွန် များမှာ အရပ်စာချုပ်များ အောက်တွင် ပျောက်ဆုံးသွားခဲ့သလို ပါမစ်မြေမှ ဂရန်မြေအဖြစ်သို့ စနစ်တကျ စစ် ဆေး၍ ထုတ်ပေးနိုင်ခြင်း မရှိသည့် အတွက် ငွေဖြူငွေမည်းပြဿနာကို ဖြေရှင်းရာတွင်လည်းကောင်း၊ အခွန်တိမ်းရှောင်ရာတွင် လည်းကောင်း၊ ပါ မစ်မြေ သည် အလွယ်တကူ အရပ် စာချုပ်ဖြင့် ဝယ်ယူနိုင်ခြင်းကြောင့် လည်းကောင်း မြို့ပြမြေယာ၏ မြေ ဈေးများ မြင့်မားနေခြင်းဖြစ် ပါတယ်။

ဂရန်မြေသည် နိုင်ငံတော်မှ ဖွင့် လှစ်ထားသော စာချုပ်စာတမ်းမှတ်ပုံတင်ရုံးတွင် တရားဝင်စာချုပ် ချုပ်ဆို၍ ရောင်းခွန် ဝယ်ခွန်များကို တရား ဝင် ထမ်းဆောင်ပြီးမှ ဝယ်ယူခွင့်ပြု နိုင်သည့်အတွက် ငွေကြေး ခဝါချမှု အခွန်တိမ်းရှောင်မှုနှင့် မြေဈေးကြီး မြင့်မှုများကို ထိန်းချုပ်နိုင်မည်ဖြစ်သ ဖြင့် ပါမစ်မြေများအားလုံးကို စီမံ ချက်ဖြင့် ဂရန်ထုတ်ပေးခြင်းသည် နိုင်ငံတော်အတွက် ဝင်ငွေတို တိုးပွား စေမှာဖြစ်ပါတယ်။

ထို့ကြောင့် န.ဝ.တ၊ န.အ.ဖ လက်ထက်က အကောင်အထည်ဖော် ခဲ့သော မြို့သစ်များကို မြို့တော် အင်္ဂါရပ်နှင့်အညီ အဆင့်မြင့်တင်ရန် လုပ်ငန်းများ မြောက်များစွာ ကျန်ရှိ နေသေးသည့်အတွက် မြို့သစ်တည် ဆောက်ခြင်းထက် မြို့ဟောင်းများကို အဆင့်မြှင့်တင်ခြင်းက ပို၍ အရေး ကြီးပါတယ်။

ထို့ပြင် ယနေ့ ရန်ကုန်မြို့တွင် တွေ့ကြုံနေရသော ရာဇဝတ်မှုများ သည် အလွန်ပင်များပြားလာပြီး မိသားစုလိုက် သတ်ဖြတ်ခံရခြင်း၊ သေနတ်ဖြင့်ပစ်သတ်ခြင်းနှင့် ရာဇ ဝတ်မှု ကျူးလွန်သူများက တာဝန်ရှိ ရဲများကို ရန်ပြုရုံမက သေစေနိုင် သော လက်နက်များဖြင့် သတ်သည် အထိ ဖြစ်လာနေခြင်းသည် ယခင်က ရန်ကုန်မြို့တွင် မမြင်၊ မတွေ့မကြားရ သော်လည်း  ဆင်းရဲတွင်းနက်၍ ရွှေ့ ပြောင်းအလုပ်သမားများရောက်ရှိလာ ပြီး လူဦးရေ ထူထပ်လာခြင်းကြောင့် ဖြစ်ပေါ်လာသည်ဟု ဆိုပါက မည်သူ မျှမငြင်းနိုင်ပါ။

 ပြည်ထဲရေး ဝန်ကြီးဌာနမှ ထုတ် ပြန်ချက်အရ ရန်ကုန်မြို့တွင် လူတစ် ထောင်လျှင် ရဲတစ်ယောက်နှုန်းဖြင့် တာဝန်ယူနေ ရခြင်းကြောင့် လုံခြုံရေး ပိုင်းဆိုင်ရာအားနည်းချက်များရှိနေ ခြင်းဖြစ်သည်ဟု ဖော်ပြထားရာ ရန် ကုန်မြို့သစ် တည်ဆောက်ရေး လုပ် ငန်းကြောင့် အနယ်နယ် အရပ်ရပ်မှ ထပ်မံပြောင်းရွှေ့ရောက်လာဦးမည့် ရွှေ့ပြောင်းအလုပ်သမားများနှင့် အတူ ရန်ကုန်မြို့နေ လူထုရဲ့ လုံခြုံ ရေးကို ခြိမ်းခြောက်အန္တရာယ်ပြုမည့် ရာဇဝတ်မှုကျူးလွန်သူများ တိုးပွား လာနိုင်သည်ကို သတိပြုစဉ်းစားသင့် ပါတယ်။

ထိုကြောင့် မြို့သစ်တည် ဆောက်ရေး စီမံကိန်းကြောင့် ရန် ကုန်မြို့သို့ ထပ်မံရောက်ရှိလာမည့် ရွှေ့ပြောင်း အလုပ်သမားများသည် ကျူးကျော်များအဖြစ်သို့ ထပ်မံ ရောက်လာမည့် အရေးနှင့် ရာဇဝတ် မှုများ တိုးပွားလာမည့်အရေးတို့ကို ကျယ်ကျယ်ပြန့်ပြန့် လွှတ်တော်အ တွင်း ဆွေးနွေးသင့်ပါတယ်။

ထို့ပြင် မြို့သစ်စီမံကိန်းထက် ယခင်တည်ဆောက်ပြီးသား မြို့သစ် များကို မြို့တော် အင်္ဂါရပ်နှင့်အညီ လမ်းပန်းဆက်သွယ်ရေး ရေ၊ မီး၊ ရရှိ ရေးများနှင့် ပါမစ်မြေမှ ဂရန်မြေသို့ အဆင့်တိုးမြှင့်ရေး အစရှိသော လုပ် ငန်းစဉ်များစွာ ကျန်ရှိနေပါသေးတယ်။ တချို့မြို့နယ်များတွင် အိုးအိမ်မှ ပါ မစ်မပေးသကဲ့သို့ စည်ပင်မှလည်း ပါ မစ်မပေးနိုင်သော မြေပိုင်ဆိုင်မှုများ၊ ရှုပ်ထွေးနေသော မြေကွက်များ များ စွာ ကျန်ရှိနေပါသေးတယ်။

ထို့ကြောင့် မြို့သစ်စီမံကိန်း သည် ရန်ကုန်မြို့နေ ပြည်သူများအ တွက် အမှန်တကယ် လိုအပ်ခြင်းရှိ မရှိနှင့် ရန်ကုန်မြို့သစ် စီမံကိန်း ကြောင့် တိုးပွားလာမည့် ရွှေ့ပြောင်း အလုပ်သမားများ ကိစ္စ၊ တိုးပွားလာ မည့် ရာဇဝတ်မှုခင်းများကို ထည့် သွင်းစဉ်းစား၍ မလွှဲ မရှောင်သာ ဆောင်ရွက်ရမည်ဆိုပါက ရန်ကုန် တိုင်းဒေသကြီးနှင့် ထိစပ်တိုင်းဒေသ ကြီးများဖြစ်သော ဧရာဝတီတိုင်း (သို့မဟုတ်) ပဲခူးတိုင်းဒေသကြီးတို့တွင် တည်ဆောက်ပါက ပြည်နယ်တိုင်းများ၏ ဖွံ့ဖြိုးတိုးတက်မှုများ တစ် ပြေးညီဖြစ်လာနိုင်သကဲ့သို့ တစ်နေရာ တည်းတွင် လူဦးရေ ထူထပ်စွာရှိမနေ ခြင်းကြောင့် ရာဇဝတ်မှုခင်းများကို လည်း ကြိုတင်ကာကွယ်ထိန်းသိမ်း နိုင်မည်ဖြစ်ပါသဖြင့် လွှတ်တော်တွင် ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးပြီးမှ ဆောင်ရွက်သင့်ပါကြောင်း အကြံပြု အပ်ပါတယ်။

မောင်လှိုင်းသစ် (၀ိဇ္ဇာ - သိပ္ပံ)
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.