6 - 4 - 2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
အင်းလေးကန်အတွင်း ရေပေါ်ဈေးသစ် တစ်ဈေး မေလတွင် စတင် အကောင်အထည်ဖော်ရန် စီစဉ်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1008
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
စာပေနှင့် အနုပညာ
ပဲပုပ် သို့မဟုတ် အာဟာရနှင့် ကျန်းမာရေး အထောက်အကူပြု သီးနှံ

ပဲပုပ်သည် Leguminae ၏ မျိုး ရင်းခွဲ Papilionaecae တွင် ပါဝင် သော ပဲမျိုးဖြစ်သည်။ အင်္ဂလိပ် ဘာသာအရ soybean ဟု ရေးသား သုံးစွဲကြပြီး မူရင်းသိပံ္ပအမည်မှာ Glycine Max ဟု အများအားဖြင့် ရေးသားသုံးစွဲကြသော်လည်း Glycine soja or Glycine hispida ဟုလည်း ရေးသားတတ်ပါသည်။ မူရင်းဒေသ မှာ တရုတ်ပြည်နှင့် ပစိဖိတ်ကမ်းရိုး တန်းဒေသနိုင်ငံများမှဖြစ်သည်။ ပဲပုပ်မှ ထုတ်ယူ ရရှိသော ပဲငါးပိ၊ ပဲနို့၊ တို့ဖူး၊ ပဲပင်ပေါက် စသည့် အစားအ စာများသည် တရုတ်နှင့် ဂျပန်လူမျိုး တွေ နှစ်ရာချီ စားသောက်ခဲ့သော အာဟာရနှင့် ပရိုတင်း အရင်းအမြစ် များဖြစ်ပါသည်။ အာရှဒေသရှိ အ ခြားနိုင်ငံများတွင် ရှေးက ပဲပုပ်ကို အစေ့သက်သက် စားသုံးမှု နည်းပါး လှသည်။ အများစုကတော့ ပဲပုပ်ကို အချဉ်ဖောက်ထားသည့် ပြုပြင်ထား သော စားစရာများကိုသာ စားသုံးမှု များပါသည်။

တရုတ်ပြည်သူတွေ အများဆုံး စားသုံးကြသည့် ပရိုတင်း အရင်းအ မြစ်မှာ ဟင်းသီးဟင်းရွက်မှ ဖြစ်ရာ၊ အဓိကမှာတော့ ပဲပုပ်က ဖြစ်ပါ သည်။ တရုတ်ပြည် မြောက်ခြမ်း ဒေသ ပြည်သူအများစု၏ အဓိက နေ့စဉ် အစားအစာ၏ ၂ဝ ရာခိုင်နှုန်းမှာ ပဲပုပ်မှဖြစ်သည်။

 ရှေးကပင် ဂျပန်တွင် လူကြိုက် များလှသော Shoyu ရှိယူ ခေါ်သော အစားအစာမှာ ပဲပုပ်မှ ပြုလုပ်သော ပစ္စည်းဖြစ်သည်။ နီညိုရောင် ပဲရည် တစ်မျိုးဖြစ်၍ အလွန်ပင် အငန်ကဲ သည်၊ အနံ့စူးရှသည်။ အနံ့ကတော့ အမဲသားဟင်းနံ့နှင့် ဆင်သည်ဟု ဆို သည်။ တရုတ်၊ ဂျပန်တို့ လုပ်လေ့ ရှိသော Soybean paste ပဲငါးပိ တစ်မျိုးမှာ မပျစ်မကျဲဖြစ်၍ လျှာပေါ် တွင် ချွဲပျစ်ပျစ်ခံစားရသည်။

တရုတ်ပြည်တွင် Soybean Sauce ကို ဟိုလွန်ခဲ့သော နှစ် ၁၆ဝဝ လောက်ကပင် လုပ်ခဲ့ကြောင်း စာပေ အထောက်အထားများ ၌ တွေ့ရ သည် ဟု ဆိုပါသည်။ နောက်ပိုင်းတွင် ပဲပုပ် ကို ပြုပြင်၍ စားသောက်ကုန်များ လုပ်ရာတွင် အနုဇီဝ Micro Orgaisms (၃)မျိုး ဖြစ်သော Aspergillus Oryzae, Lactobecillus ဘက်တီးရီး ယား နှစ်မျိုးနှင့်အတူ Yeast ဖြစ်သော Zygosaccharmayceae Soja တို့ ကို အသုံးပြုကြပါသည်။

ပဲပုပ်လုပ်သည့်အခါ (ပဲပုပ်ကို အချဉ်ဖောက်ခြင်းလုပ်ရာတွင်) ပဲပုပ်စေ့များကို ပြာတီးသန့်စင်၊ ရေ စင်စင်ဆေးပြီး ရေစိမ်ရမည်။ နွေ အခါဆိုလျှင် တစ်ညအိမ်သာ သာ (၂ဝ နာရီလောက်) စိမ်ပြီး ဆောင်း အခါဆိုလျှင် နှစ်ညအိပ်ကျော်စိမ် ရမည်။ ရေစစ်ပြီး၊ ပေါင်းချောင် မှာ ပေါင်းကာ၊ ပွားအောင် ဂျုံမှုန့်စသည် ရော၍ ထောင်းပြီး၊ အလျင်(တဆေး) နှင့် အထက်တွင် ဖော်ပြထားသော အနုဇီဝ သုံးမျိုးဖြင့် မွေးထားသော မှိုကို ခပ်ပါးပါးအနှံ့ဖြူးပေးပြီး၊ လေလုံ အောင်အုပ်ထားလျှင် ပဲပုပ်ကောင်းရနိုင်ပါသည်။ လုပ်နေ ကျဈေးသည် တွေ ခက်ခဲမည် မဟုတ်ပါ။

 မြန်မာနိုင်ငံတွင် ပဲပုပ်ကို ချင်း ပြည်နယ်ဒေသ၊ နာဂတောင်တန်း ဒေသများတွင် ဆီမသုံးဘဲ ပဲပုပ်စေ့ ကိုသာ ဒယ်အိုးမှာထည့် အပူပေးပြီး အဆီထွက်လာသောအခါ စားချင် သော အသီးအရွက်၊ အသားပါ ထည့် ကြော်စားသည်ဟု ကြားဖူးပါသည်။ ရှမ်းပြည်နယ်တွင် ပဲပုပ်ကို အစိုရော၊ အခြောက်ပါ စားရုံတွင်မက ပဲပုပ် စေ့ကို လှော်ပြီး ပဲပုပ်လှော်ကို စားကြ သည်။ တောင်ကြီးဈေး တွင် ပဲပုပ် လှော် ဈေးတန်းသီးသန့်ရှိပါသည်။

ပစိဖိတ်ကျွန်းနိုင်ငံတွေရော၊ အိန္ဒိယသမုဒ္ဒရာနှင့် ပစိဖိတ် သမုဒ္ဒရာ အစပ်က ကျွန်းတွေမှာပါ ပဲပုပ်ကိုစား ကြပါသည်။ အင်ဒိုနီးရှားတွင် ပဲပုပ် ကို တို့ဖူး (Tofu) နှင့် Tempae လုပ် စားကြသည်။ သူတို့ရဲ့ Tempae မှာ တို့ ဖူးတုံးပုံစံဖြစ်သည်။ ပဲပုပ် အစေ့ မပျက်ကို ဂျုံမှုန့်၊ ဆန်မှုန့်တို့နှင့် လုပ် ထားရာ၊ မြန်မာပြည်က မုန့်ပဲဆုပ်ကို ဓားနှင့်လှီးထားသလို လှီးလျှင် ပဲပုပ် စေ့ကလေးများကိုပင် မြင်ရပါသည်။ အင်ဒိုနီးရှားလမ်းဘေးက ဈေးဆိုင် များမှာတွေ့ရပါသည်။ နံနက်စော စာထမင်းနှင့် Tempae စားတတ်ကြ ပါသည်။

ဒုတိယကမ္ဘာစစ်အတွင်းက ဖိ လစ်ပိုင်ကျွန်းစုတွင် ဂျပန်တို့ ဖမ်းမိ ထိန်းသိမ်းထားသော အရပ်သား အ မေရိကန်စစ်သုံ့ပန်းများကို ဂျပန်တို့က အစာရေစာ မသိမသာ ဖြတ်ထားရာ၊ အမေရိကန် အရပ်သားသုံ့ပန်းများ သည် ဂျပန်ရိက္ခာ ဂိုဒေါင်မှ ပုပ်သိုး နေသော ပဲပုပ်များကိုသာ ရယူခွင့်ရှိ ရာ ထိုပဲပုပ်များဖြင့် အသက်ဆက်ခဲ့ရ သည်ဟု ဆိုသည်။ တစ်ခါတစ်ရံ ဂျပန်တွေ ရိက္ခာဂိုဒေါင်မှ ပဲပုပ်ကို သယ်ယူရာတွင် ကားပေါ်မှ ကျကျန်ခဲ့ သော ပဲပုပ်စေ့များ ကျုံးယူပြီး သန့် စင်နေလှန်း လှော်ထားကာ၊ ပုလင်း သွပ်ပြီး၊ ညဥ့်အခါ ဗိုက်ဆာဆာဖြင့် အိပ်မပျော်လျှင် ပဲပုပ်စေ့လှော်စားရင်း လေကြောင်းရန် ရှောင်ရသည်ဟု ဆိုပါသည်။

 မြန်မာနိုင်ငံတွင် ပဲပုပ်ကို လယ်ကန်သင်းများမှာ စိုက်ပျိုးပြီး၊ ပဲပုပ်ကို ဆီတို့ဟူး လုပ်စားကြ သော ဒေသရှိပါသည်။ မိုးညှင်းနှင့် ကော လင်း၊ ဝန်းသို တစ်ဝိုက်ဖြစ်သည်။ ထိုဒေသမှာ ဇောတိရှမ်း ခေါ်သော ရှမ်းနွယ်တွေရှိပါသည်။ မိုးရာသီရော၊ ဆောင်းရာသီမှာပါ ပဲပုပ်ကို လယ်ကန်သင်းမှာ စိုက်ကြသည်။ ပဲပုပ်ကို အပင်နုတ်ပြီး အစေ့မခြွေဘဲ အ တောင့်လိုက်ထားသည်။ စိုက်ခါနီးမှ ချွေယူသည် ဟု ဆိုသည်။ သူတို့စိုက် သော ပဲပုပ်မှာ ရှမ်းပြည်နယ်က စိုက် သော ရှမ်းစိမ်း (အစိမ်းရောင် အစေ့ ပြားပြား ကလေး) ဖြစ်ပါသည်။

 ရေဦးနယ်ကလည်း ပဲပုပ်၊ ပဲ ငါးပိ ထွက်သည်။ ရေဦးဈေးတွင် ပဲပုပ်အစိုကို အင်ဖက်နှင့် ထုပ်ပြီး ရောင်းသည်။ ပဲပုပ်အခြောက်ကို ပလတ်စတစ်ဘူးဖြင့် သေသေသပ် သပ်ထုတ်ရောင်းသည်။ ရေဦးဈေးက ပဲပုပ်နှင့် ဝက်အူချောင်းသည် နာမည်ရနေသော ရောင်း ကုန်ဖြစ် ပါသည်။ ပဲပုပ်ကို စာရေးသူ ဝန်ထမ်းတာဝန်ရှိစဉ်က ဝါးခယ်မဘက်တွင် စိုက်ရန် စည်းရုံးခဲ့သည်။ အပင်ဖြစ်၊ အတောင့် ရသော် လည်း ဝယ်သူမရှိ၍ ဆက်မစိုက်ကြဟု ဆို သည်။ နောင်ဈေးကွက် ပွင့်လင်းလာ သော ၁၉၉၅-၉၆ နောက်ပိုင်း တွင် ညောင်တုန်း၊ ပန်းတနော် ကိုင်းကျွန်း များတွင် ပဲပုပ်စိုက်လာကြသည်ဟု သိရသည်။                   

၁၉၈၅ လောက်က မော်လမြိုင် တစ်ဖက်ကမ်းက ကျိုက်မရောမြို့ နယ် အပါအဝင်ဖြစ်သော ထပ်ကေး၊ ခရုံဂူဘက်တွင် (MOPP Maize, Oil, Peanut Project) က ရသော ဆီ ထွက်ပဲပုပ်များဖြစ်သည့် Ecuador 2 နှင့် William ၈၂ အစေ့ကြီးမျိုး များပေး၍ စမ်းသပ် ခဲ့ရာ အောင်မြင်သည်။ ယခင် စိုက်ပျိုးရေး ဌာနထုတ် ရွှေမြိုင်ပုလဲလည်း စိုက် တာတွေ့ရသည်။ အလုံးကြီးမျိုးဖြစ် သည်။ လူကြိုက်များ သည်။ အစေ့ကို မျိုးအဖြစ် ရောင်းရသလို၊ ပဲငံပြာရည် လုပ်သူတွေကိုလည်း ရောင်းရသည် ဟု သိရသည်။

မကြာသေးမီက မော်လမြိုင်မြို့ နယ် စိုက်ပျိုးရေးဦးစီးမှူး ဦးအောင် ကျော်ဦးအား မေးကြည့်ရာ စိုက်သေး သည်ဟု သိရသည်။ (Myanmar Agriculture in Brief 2014) တွင် Pluses ကဏ္ဍ၌ Major Pulses in Myanmar are soybean, chickpea, butter bean etc) လို့သာ ဖော်ပြထား သော်လည်း Soybean area နှင့် စိုက် ဒေသကို ဖော်ပြထားခြင်း မတွေ့ရပါ။ နောက်ထပ်ထွက်သော စာအုပ်များ၌ ပါကောင်းပါပါလိမ့်မည်။

ပဲပုပ်သည် ပရိုတင်း အများဆုံး ဝင်သော ပဲဖြစ်သည်။ ၂၅ ရာခိုင်နှုန်း မှ ၃၅ ရာခိုင်နှုန်း အထိ ပါတတ် သည်။ ဆီလည်း ၃၅ ရာခိုင်နှုန်းမှ ၄၅ ရာခိုင်နှုန်းအထိ ပါတတ်သည်။ အ မျိုးများစွာပါသည်။ သေးငယ်သော ပဲ စေ့ကလေး နှစ်မီလီမီတာ သာသာ အရွယ်မှသည် အလုံးကြီးကြီး ငါးမီလီ မီတာ၊ ရှစ်မီလီမီတာ (အချင်း) လောက်ရှိသောမျိုးတွေပါသည်။ လင်းတာတုံ့ပြန်မှုရှိသော မျိုးတွေပါ သလို ရာသီမရွေး စိုက်နိုင်သော မျိုးတွေပါသည်။ Spreading or Prostrate type  တွေ ပါသလို Erect type  တွေလည်း ပါပါသည်။

ပဲပုပ်သည် လူတို့ ကျန်းမာရေး အတွက် အထူးသဖြင့် ကင်ဆာ ရောဂါမျိုးစုံကို ကာကွယ်ကုစားနိုင် သည်ဟု သိရသည်။ အစာ လမ်း ကြောင်းနှင့် အူမကြီး ကင်ဆာ၊ စအိုဝကင်ဆာများကိုလည်း ကုစား သက်သာစေသည်ဟု ဆိုသည်။ ပို၍ စိတ်ဝင်စားသည်မှာ ၁၅-၈-၂ဝ၁၆ ခုနေ့ညနေဘက် တွင် Japan world Channel မှ လွှင့်သော ကျန်းမာရေး ပညာပေး သင်ခန်းစာတွင် ပဲပုပ်မှရ သော Isoflavone- အိုင်အိုဖလာဗုံးန်သည် အမျိုးသားများကို Prostate Cancer နှင့် အမျိုးသမီးများ မီး ယပ်သွေးဆုံးတွင် ဖြစ်ပေါ်စေသော ဝေဒနာ (Menopausal Symptons) တို့ကို ကာကွယ်နိုင်ကြောင်း ပဲပုပ်စေ့များကိုပါ ပြသရှင်းပြ သွား သည်ကို ကြည့်ခဲ့ရပါသည်။ သူတို့ အဆိုအရ Isoflavones သည် Estrogen နှင့်လည်း ဆက်နွယ် ပတ် သက်နေသည့် သဘောကိုပြော ပြသွားပါသည်။

 မြန်မာနိုင်ငံတွင် ပဲပုပ်စိုက်ပျိုး ထုတ်လုပ်နိုင်သော ရေ၊ မြေ၊ ရာသီ ဥတု ရှိပါသည်။ နည်းပညာလည်း အထိုက်အလျောက်ရှိပါသည်။ ရိုး ရာ ပဲပုပ်စားသုံးမှုလည်း ရှိပါသည်။ ခေတ်မီ ပဲနို့များလည်း ချက်လုပ် စမ်းသပ်ဖြန့်ဖြူးနေသော အဖွဲ့အ စည်းများလည်းရှိပါသည်။ အစဦး တွင် ပြည်တွင်းမှ ပြည်သူပြည်သား အများစု အာဟာရနှင့် ကျန်းမာ ရေးပြည့်ဝအောင် စိုက်ပျိုးထုတ် လုပ်ခြင်း၊ စားသောက်ကုန်ထုတ် လုပ်ခြင်းမှသည် ပြည်ပသို့ပါ ပို့နိုင် အောင် ယခုကဲ့သို့ နိုင်ငံရေး၊ စီး ပွားရေး၊ ပွင့်လင်းလာချိန်မှာ အချိန် မနှောင်းမီ လိုက်ပါနိုင်အောင် ကြိုး ပမ်းသင့်ပါသည်။

သုတကျော်
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: zaygwet1997@gmail.com Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.