24-8-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
ရင်းနှီးမြှုပ်နှံမှု တိုးတက်နေတဲ့ ဂျာမန် အိမ်ရာဈေးကွက်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1025
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
စာပေနှင့် အနုပညာ
Weekly Book Review

ထိမိလှသော သြဝါဒများ
အနော်မာ

ယနေ့ကမ္ဘာမှာ စစ်ပွဲတွေဖြစ်နေ တာဟာ ဘာသာရေးအကြောင်းခံ တွေကြောင့် တွေ့ရပါတယ်။ တကယ် တော့ ငြိမ်းချမ်းချင်တယ် ဆိုရင် သန့် ရှင်းရေး၊ တည်တံ့ပြန့်ပွားရေးတွေမှာ တည်တံ့ရေးကိုသာ အဓိက လုပ်ကြ မယ်ဆိုရင် ဘာပြဿနာမှ မရှိနိုင် တော့ ဘူး။ ပြန့်ပွားရေး အတွက် ကြောင့်သာ စစ်တွေဖြစ်နေကြတာလို့ ပြောချင်တယ်။

ထိမိလှသောသြဝါဒများ (၁)ထဲက ကောက်နုတ်ချက်ဖြစ်ပါတယ်။ မိတ္ထီလာမြို့၊ ရွှေဘုံသာကျောင်းတိုက် ကို ရောက် ခိုက် ရွှေဘုံသာ ကျောင်းတိုက်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဝိဇ္ဇောဒယ မိန့်ကြားတဲ့ သြဝါဒကို အခြေခံပြီး စာရေးသူ က နိုင်ငံရေးနဲ့ ဘာသာသနာအပေါ် သူ့ရဲ့အမြင်အတွေးတွေကို တင်ပြထားတာ ဖြစ်ပါ တယ်။ ဆရာတော်ဟာ ဘာသာရေးနဲ့ နိုင်ငံရေး ကို မရောယှက်စေချင်သူ၊ ဘာသာရေးကို အသုံးချပြီး  နိုင်ငံရေး အာဏာ တည်တံ့ရေး အတွက် ပြုလုပ်ခြင်းကို မလိုလားသူ၊ လူကို လူလိုမြင်ဖို့၊ လူသားဝါဒ ထွန်းကားဖို့ ဆုံးမ သြဝါဒ ပေးသူ'လို့ စာရေးသူက မှတ်ချက်ပြု ထားပါတယ်။

'ပြန့်ပွားရေးလုပ်တဲ့နေရာမှာ အတ္တတွေ လွန်လွန်ကဲကဲပါနေတယ် ဆိုတာ သိသာထင်ရှားနေတယ်။ ဒါဟာ ပဋိပက္ခရဲ့ လမ်းစအခြေခံဖြစ်တယ်'လို့ ဆရာတော် မိန့်ကြားခဲ့တဲ့ သြဝါဒဟာ ယနေ့ခေတ် အမျိုးဘာ သာသာသနာဆိုတဲ့ ခေါင်းစဉ် အောက် မှာ လျှောက်လှမ်းနေသူတွေ အထူးသတိပြုဖို့လိုအပ်တဲ့ သြဝါဒ ဖြစ်တယ်လို့ စာရေးသူက ဆိုထားပါ တယ်။

ဒီကနေ့ခေတ်  facebook စာ မျက်နှာတွေပေါ်မှာလည်း အယ်ဒီတာ မလိုဘဲ လွတ်လွတ်လပ်လပ် ရေးတင် နိုင်တာကြောင့် ရန်လို ရန်ပွားတဲ့ စကားတွေကို ရေးတင်ကြ၊ comment ပေးသူ၊ မှတ်ချက်ပြုသူတို့ကလည်း မီးလောင်ရာလေပင့် စကားတွေနဲ့ မှတ်ချက်ပြုကြ၊ သူသူငါငါအကြား အဆဲအဆို အလီလီနဲ့ အမုန်းမီး တောက်တွေ အရှိန်အဟုန်ကြီးကြီးနဲ့ လောင်ကျွမ်းစေဖို့ ဖြစ်ပျက်နေကြ တာတွေဟာ လည်း အနာဂတ် မြန်မာ နိုင်ငံ ခရီးအတွက် ရင်လေးစရာပါပဲ လို့ စာရေးသူက ထင်မြင်ချက် ပေး ထားပါတယ်။

ထိမိလှသော သြဝါဒများ(၂)မှာ တော့ စစ်ကိုင်းတောင်ခြေမှာရှိတဲ့ မြ စကြာကျောင်းတိုက်ကို ရောက်သွား ခိုက် မြစကြာကျောင်းတိုက် ဆရာ တော်ရဲ့ ဘာသာသာသနာအပေါ် အ မြင်အတွေးသြဝါဒတွေနဲ့အတူ စာရေးသူရဲ့ ဘာသာရေးနဲ့ နိုင်ငံရေး နှိုင်း ယှဉ် သုံးသပ်ချက်တွေကို တင်ပြထား ပါတယ်။

''အပြောကောင်းပြီး အနေ မကောင်းရင်တော့ အလကားပါပဲ။ နောက်လိုက်တွေ ကောင်းသောအတု ကို ယူနိုင်ဖို့ ရှေ့လူတွေက စံပြ အဖြစ် နေပြဖို့ လိုအပ်တယ်။ သာသနာရဲ့ ရှေ့ဆောင် ဆရာတော်တို့က အနေ ကောင်းအောင်နေကြမယ်ဆိုရင်တော့ သာသနာဟာ ကွယ်ပစရာလည်း မရှိ သလို ဗုဒ္ဓဘာသာဝင် ဦးရေဟာလည်း လျော့သွားစရာအကြောင်း မရှိပါဘူး။ အနေမကောင်း အပြောမကောင်း ဘူး ဆိုရင်တော့ ဘာသာဝင်ဦးရေ လျော့ နည်းသွားတာလည်း ကိုယ်နဲ့ပဲဆိုင် သလို သာသနာယုတ်လျော့သွားတာ လည်း ကိုယ်သာ လျှင် အခရာဖြစ်ပါ တယ်''လို့ ဆရာတော်က မိန့်ကြားခဲ့တာကြောင့် ဒီသြဝါဒဟာ ဒီကနေ့ ခေတ် အမျိုးဘာသာ သာသနာ လို့ ကြွေးကြော်ပြီး လျှောက်လှမ်းနေသူ တွေ သတိထားရမယ့်၊ လိုက်နာရမယ့် သြဝါဒဖြစ်တယ်လို့ စာရေးသူက သူ့ အမြင်ကို တင်ပြ ထားပါတယ်။

'ငြိမ်းချမ်းရေးအတွက် နယ်ပယ် အသီးသီးမှာရှိတဲ့သူတွေကို ပညာတတ်အောင် သင်ပေးဖို့လိုပုံ အကြောင်း၊ ပညာဆိုတာ ဘွဲ့ဒီဂရီ တွေကို အဓိကမဆိုလိုဘဲ အကြောင်း အကျိုး၊ အကောင်းအဆိုးကို ဆင်ခြင် သုံးသပ်နိုင်တဲ့ဥာဏ်ပညာကိုသာ ဆို လိုခြင်းဖြစ်ကြောင်း၊ အဲဒီပညာတတ်ရင် စိတ်ကောင်းရှိခြင်းလည်းပါဝင်လာပြီ ဖြစ်တာကြောင့် ငြိမ်းချမ်းရေး ဆိုတာ အလှမ်း မဝေးတော့မှာ ဖြစ် ကြောင်း၊ ဒါကြောင့် ငြိမ်းချမ်းရေးအတွက် အကြောင်းအကျိုးကို ဆင် ခြင်နိုင်တဲ့ ပညာဥာဏ်အဓိက လိုအပ်ကြောင်း' ဆရာတော်ရဲ့ ငြိမ်းချမ်းရေး ဆိုင်ရာ သြဝါဒတွေကို တင်ပြရင်း ယနေ့မြန်မာနိုင်ငံရဲ့ လက်ရှိ အခြေ အနေတွေနဲ့ ချိန်ထိုး သုံးသပ်ထား ပါတယ်။ ငြိမ်းချမ်းမှု ကင်းမဲ့ခဲ့တဲ့ မြန်မာနိုင်ငံရဲ့ အတိတ်ဆိုး၊ သမိုင်းဆိုး ယမ်းငွေ့ဝေဝေကြားမှာ အခိုးတလူလူ အညွန့်တဖြုတ်ဖြုတ် နဲ့ ကြွေလွင့်သွားရတဲ့ အနာဂတ်မျိုးဆက်သစ်တွေ၊ အရွယ် မရောက်ခင် မျှော်လင့်ချက်မဲ့ ပြီး ဒုက္ခိတဘဝ ရောက်သွားကြသူ တွေ၊ မငြိမ်းချမ်းတဲ့ မြန်မာပြည်ထဲက မဖွံ့ဖြိုး မတိုးတက်သေးတဲ့ သွေးချင်း သားချင်းတို့ရဲ့ ဘဝတွေ အဆုံးသတ်ဖို့ အတွက် လာမယ့် ၂၁ ရာစု ပင်လုံ ညီလာခံကြီးမှာ အကျိုးအကြောင်း ပညာÓဏ်နဲ့ ဆင်ခြင်တုံတရားတွေ လက်ကိုင်ထားပြီး အနာဂတ်မြန်မာ ပြည် အတွက် ငြိမ်းချမ်းရေး သယ် ဆောင်လာမယ့် လူသူတော်ကောင်း တွေ ပေါ်ပေါက်လာပါစေကြောင်း ဆန္ဒပြု တင်ပြ ထားတာကို တွေ့ရ မှာ ဖြစ်ပါတယ်။

ထိမိလှသော သြဝါဒများ(၁၆) မှာတော့ 'သူတစ်ယောက်သည် အခြားသူတစ်ယောက်ကို စဉ်းလဲလှည့် ပတ် မပြုပါစေလင့်။ ဘယ်အရပ်မှာမဆို ဘယ်ပုဂ္ဂိုလ်တစ်ယောက်ကိုမျှ မထီမဲ့မြင်မပြုပါစေလင့်။ ကိုယ်နှုတ် ဖြင့် ထိပါးနှိပ်စက်ခြင်းဖြင့် လည်း ကောင်း၊ ဒေါသ စိတ်ဖြင့်လည်း ကောင်း၊ အချင်းချင်း တစ်ယောက် သည် တစ်ယောက်၏ ဆင်းရဲမှုကို အလိုမရှိပါစေလင့်' ဆိုတဲ့ သပြေကန် ဆရာတော်ဘုရားကြီးရဲ့ သြဝါဒနဲ့ အတူ ဒီကနေ့ စစ်မီးလျှံထဲက ငြိမ်း ချမ်းရေးအကြောင်း၊ တရားသောစစ် လို့အော်အော် ပြီး ဒီကနေ့ ဖြစ်ပွားနေ တဲ့ စစ်ပွဲတွေအကြောင်း၊ စစ်မီးတွေ ဘာကြောင့် မငြိမ်းနိုင်ရပုံအကြောင်း၊ စစ်ပွဲတွေ အဆုံးသတ်ဖို့ အဓိက ဘာ လိုအပ်သလဲဆိုတဲ့အကြောင်းတွေကို မဟာစည်ဆရာတော်ဘုရားကြီး၊ အရှင်သံဝရာလင်္ကာရ(ဓမ္မပိယ) ဆရာတော်တို့ရဲ့ သြဝါဒတွေနဲ့ ကိုးကား တင်ပြရင်း စာရေးသူရဲ့ အမြင်သဘောထားနဲ့ သုံးသပ်ချက် တွေကိုပါ တွေ့ရမှာ ဖြစ်ပါတယ်။

ဒီစာအုပ်မှာ လိုက်နာ ကျင့်ကြံ နာယူမှတ်သားသင့်တဲ့ ဆရာတော် ဘုရားကြီးတွေရဲ့ သြဝါဒတွေကို အတွေးဆင့်ပွား တင်ပြထား တဲ့ ဆောင်းပါး ၁၉ ပုဒ်နဲ့ အတူ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အကြောင်း ဖွဲ့ဆိုတဲ့ ဗြဟ္မစိုရ် မိခင် နှလုံးသားပိုင်ရှင်ဆောင်းပါးနဲ့ ငြိမ်းချမ်းရေးအကြောင်း ဖွဲ့ဆိုတဲ့ နံ နက်ခင်းရဲ့ အလင်းသစ်နဲ့အတူ နိုင်ငံ သားတိုင်းငြိမ်းချမ်းကြ ပါစေ ဆောင်း ပါးတို့ ပါဝင်ပါတယ်။ ငြိမ်းချမ်းရေးကို ရည်ရွယ်တဲ့ ဆောင်းပါးများစုစည်းမှု လို့ ဆိုချင်ပါတယ်။

စံညွှန်းဆုစာအုပ်တိုက်ကနေ တန်ဖိုး ၁၅ဝဝ ကျပ်နဲ့ ဖြန့်ချိလိုက်ပါ ပြီ။

လက်ရွေးစင်ဝတ္ထုတို ၅ဝ (အတွဲ-၁)
မောင်တင်ဆင့်

မဂ္ဂဇင်းတွေမှာ ဖော်ပြပါရှိပြီး ကတည်းက မြန်မာဝတ္ထုတိုလောက မှာ ပြောစမှတ်တွင် ကျန်ရစ်မြဲဖြစ်တဲ့ ဆရာမောင်တင်ဆင့်ရဲ့ လက်ရွေးစင် ဝတ္ထုတိုတွေကို စုစည်းထုတ်ဝေလိုက် တဲ့ စာအုပ်ဖြစ်ပါတယ်။

 မြင်းတစ်ကောင် ဝတ္ထုတိုမှာ တော့ ပင်ပန်းလွန်းလို့ မရုန်းနိုင်တော့ တဲ့၊ အသက်အရွယ်အရ မပြေးနိုင် တော့တဲ့ မြင်းတစ်ကောင်ကို မရုန်း ရုန်းအောင်၊ မပြေးပြေးအောင် အမျိုးမျိုး ရိုက်နှက်၊ အမျိုးမျိုး ညှဉ်းပန်းသူ မြင်းလှည်းဆရာတစ်ယောက်နဲ့ ညှဉ်း ပန်းနှိပ်စက်မှုဒဏ်ကြောင့် တွန့်ဆုတ် လိုက် ခုန်ဆွလိုက်နဲ့ နောက်ဆုံး မလွှဲ မရှောင် ပြေးရ၊ ရုန်းရသူ မြင်းတစ် ကောင်ကို မြင်မိရာက သူကိုယ်တိုင် မြင်းတစ်ကောင်ဖြစ်သွားသူ လူတစ် ယောက်အကြောင်း စိတ်လှုပ်ရှားဖွယ် ရာ ကောင်းအောင် ရေးဖွဲ့တင်ပြထား တာကို တွေ့ရမှာပါ။

ကြာပွတ်သံ တရွှမ်းရွှမ်းအောက် က ပြေးနေရတဲ့ မြင်းတစ်ကောင်၊ မြင်းလှည်းဆရာရဲ့ အမိန့်အာဏာသံ အောက် ကြောက်ကြောက် ရွံ့ရွံ့ပြေး နေရတဲ့ မြင်းတစ်ကောင်နေရာကို စာ ဖတ်သူကိုယ်တိုင် ရောက်ရှိသွားသလို မျိုး ခံစားဖတ်ရှုရမယ့်၊ စာဖတ်သူကို အတွေး ဆင့်ပွားစေမယ့် ဝတ္ထုတိုတစ် ပုဒ်ဖြစ်ပါတယ်။

ပျံသန်းနေတဲ့ ငှက်ကလေးတွေ ဝတ္ထုတိုကတော့ အကျဉ်းအကျပ်ထဲ က လွတ်မြောက်လိုတဲ့၊ လွတ်လပ်ခြင်း ရဲ့ အရသာကို ခံစားလိုတဲ့ လူ့စိတ် အကြောင်းကို အသက် ၄ဝကျော် လောက်မှာ နှစ်ရှည်ထောင်ဒဏ်ကျပြီး အသက် ၈၇ နှစ်ကျမှ ထောင်က လွတ်မြောက်ခွင့် ရခဲ့သူ ဦးဘခင်ရဲ့ ခံစားမှု၊ ဦးဘခင်ရဲ့ ဆုံးဖြတ်ချက်တွေ နဲ့ တင်ပြထားပါတယ်။ အသက် တစ် ရက်၊ တစ်မနက်ပဲ နေရနေရ လွတ် လပ်တဲ့လေကိုပဲ ရှူပြီးနေချင်သူ လူ တစ်ယောက်ရဲ့အကြောင်း ဖြစ်ပါ တယ်။

 နေစရာအိမ်ကလေး တစ်အိမ်၊ လမ်းကလေးတစ်လမ်း၊ ထမင်း ကလေး တစ်လုတ် ဝတ္ထုတိုကတော့ နေစရာအိမ် လုံလုံခြုံခြုံမရှိတဲ့ မိသား စုတစ်စုရဲ့ မျှော်လင့်ချက်အိပ်မက် တွေ ပြိုကွဲသွားရပုံအကြောင်းဖြစ်ပါ တယ်။ သဘာဝ ဘေးဒဏ်၊ ခေတ် ဘေးဒဏ်ကြောင့် ယိုင်နဲ့ပြိုပျက်နေတဲ့ အိမ်တွေ၊ လမ်းတွေ၊ ဘဝတွေကို မြင် ယောင်ခံစားမိအောင် ရေးဖွဲ့ထားတာ ကို တွေ့ရမှာပါ။

 ခေတ်ကြီးတစ်ခေတ်ရဲ့ ရိုက်ခတ် မှု အောက်မှာ ရုန်းကန်လှုပ်ရှားနေရ သူတွေအကြောင်း၊ ခေတ်ကြီးတစ်ခေတ် ရဲ့ ကမောက်ကမ ဖြစ်ရပ်တွေထဲ ရင်ဆိုင်ဖြတ်သန်း နေရသူတွေ အကြောင်း အတွေးပါပါနဲ့ ရေးဖွဲ့ထား တဲ့ ဝတ္တုတိုများ ဖြစ်ပါတယ်။

ဒီစာအုပ်မှာ ဝတ္ထုတို ၂၅ ပုဒ် ပါဝင်ပါတယ်။ ဝတ္ထုတိုချစ်သူတွေ အတွက်၊ ကွယ်လွန်သူ ဆရာမောင် တင်ဆင့်ရဲ့ ဝတ္ထုတွေကို စုစုစည်း စည်း ဖတ်ရှုသိမ်းဆည်းထားချင်သူ တွေ အတွက် စံပယ်စာအုပ်တိုက်က နေ တန်ဖိုး ၃ဝဝဝ ကျပ်နဲ့ ဖြန့်ချိလိုက် ပါပြီ။

ကိုဝိုင်း
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.