14-12-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
မြန်မာ-အိန္ဒိယချစ်ကြည်ရေး လမ်းမကြီးဖြစ်သည့် ကလေးဝ-တမူးလမ်းပိုင်းရှိ တံတား ၆၉ စင်းကို အိန္ဒိယနိုင်ငံမှ အမေရိကန်ဒေါ်လာ သန်း ၆ဝ အကုန်အကျခံတည်ဆောက်ပေးမည်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1041
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
စာပေနှင့် အနုပညာ
ဒီဘဝ လရောင်လို အေးမြပါ့မလား

ဒီရုပ်ရှင်ဇာတ်ကားက ၂ဝ၁၆ ခုနှစ် အောက်တိုဘာလကထွက်ရှိခဲ့ပြီး ဒီဘက်နှစ်ထဲရောက်တော့ အော်စကာဆုရရှိခဲ့ပါတယ်။ အမေရိကန် က ရိုက် ကူးတဲ့ ဒရာမာဇာတ်ကားပါ။ လူဖြူ သရုပ်ဆောင်တစ်ယောက်မှမပါတဲ့ လူမည်း ဇာတ်ကားပါ။ ရတဲ့ ဆုက အကောင်းဆုံး ဇာတ်ကားဆုပါ။

 တောင်အာဖရိကရဲ့ လစ်ဘာတီမြို့မှာ မူးယစ်ဆေးဝါး သုံးစွဲတဲ့ အမေ က ဖခင်မပေါ်ဘဲ မွေးလာတဲ့ လူမည်းလေးတစ်ယောက်ရဲ့ ဘဝဖြတ်သန်းမှု အဆင့်ဆင့်ကို စာရေးဆရာ Tarell Alvin Mc Craney က "in Moonlight Black Boy Look Blue" ဆိုပြီး ဝတ္ထုတစ်ပုဒ်ရေးခဲ့ပါတယ်။ အခု အဲဒီ စာအုပ်ကို အခြေခံ ကျောရိုးယူပြီး ဒါရိုက်တာ Barry Jenkins က ရုပ်ရှင်ဇာတ် ကားအဖြစ် အသက်သွင်း ဖန်တီးလိုက်တာမှာ အခုအော်စကာဆုရရှိခဲ့တဲ့အထိ ဖြစ်လာပါတယ်။

၁၁၁ မိနစ်သာကြာမြင့်တဲ့ ဒီရုပ်ရှင်ဟာ အမေရိကန် ဒေါ်လာ ၁ သန်း ကျော်သာ ကုန်ကျပြီး ရုံတင် ရက်လေးလအတွင်းမှာ သန်း ၄ဝ ကျော် ပြန်ရတဲ့ အထိ အောင်မြင်ခဲ့ပါတယ်။ ဒီဇာတ်ကားရဲ့ အဓိက ဇာတ်ကောင်လူမည်း လေးနာမည်က ''ရှာရွန်ဘလက်''တဲ့။

ရုပ်ရှင်ကို နောက်က ကလေး ငါးယောက်လောက် အုပ်စုဖွဲ့ကာ ညာသံ ပေးပြီး ဝိုင်းလိုက်လို့ အသက်လုပြီး ပြေးရင်း တိုက်ဟောင်းကြီး တစ်ခုထဲ ဝင်ပုန်း နေရတဲ့ ရှာရွန်ကို မူးယစ်ဆေးဝါး အရောင်းအဝယ်လုပ်တဲ့ 'ဂျန်' ဆိုတဲ့ လူမည်း ထောင်ထောင်မောင်းမောင်း လူတစ်ယောက်က တွေ့သွားပြီး အိမ်ခေါ်သွားတဲ့ အခန်းနဲ့ စတင်ထားပါတယ်။ သူတို့မှာ သားသမီးမရှိတော့ ဒီကောင်လေး အပေါ် သံယောဇဉ်တွယ်သွားပုံရတယ်။

 အိမ်ရှေ့ကားထိုးရပ်ပြီး ဇနီးဖြစ်သူ 'ထရေဇာ' ကို သွားပြောလိုက်တယ်။ ချာတိတ်လေး ဘယ်ကလည်း မသိဘူး။ ကလေးတွေဝိုင်းပြီး အနိုင်ကျင့်လို့ ငါခေါ်လာတယ်။ မေးလို့လည်း မရဘူး။ စကားလည်း တစ်ခွန်းမှ မပြောဘူး။ ကားထဲမှာ မင်းသွားကြည့်ပေးပါဦး လို့ ပြောလိုက်တော့ ထရေဇာက ကားထဲက နေ အိမ်ထဲကို ခေါ်လာတယ်။

သူတို့ ကျွေးတဲ့ထမင်းကို အားရပါးရစားနေတာကို လင်မယားနှစ် ယောက်ကြည့်ပြီး ပြုံးနေကြတယ်။ ဒီလိုနေလို့တော့ မရဘူး။ မင်းဘယ်သူ လဲ၊ ဘယ်ကလဲ၊ ဘာဖြစ်နေတာလဲဆိုတာကိုတော့ တို့ကိုမင်းပြောမှဖြစ် မယ်ဆိုတော့မှာ 'ရှာရွန်' က သူဟာ 'လစ်ဘာတီမြို့' က။ သူ့နာမည် ရှာရွန်။ လူတွေကတော့ သူ့ကို အသေးလေး လို့ခေါ်တယ်ဆိုတာကို ပြန်ပြောပါတယ်။ အမေနဲ့ နေတာ လား ဆို ဟုတ်တယ်တဲ့။ အဖေရောဆိုတော့ ခေါင်းငုံ့ပြီး နှုတ်ပိတ်သွားလို့ သူတို့ လင်မယား သဘောပေါက်သွားတဲ့အတွက် ဆက် မမေးတော့ဘူး။

သူတို့ရဲ့ အဆင့်အတန်းမြင့်တဲ့ အိပ်ခန်းတစ်ခုထဲမှာတော့ ကောင်လေးကို တစ်ညသိပ်ပြီးတော့ မနက်မှာ အိမ်လိုက်ပို့ပေးလိုက်တယ်။ အိမ်ရောက်တော့ ကောင်လေးရဲ့ အမေ 'ပေါ်လာ' က သူ့သားက သူ့ကိုယ်သူ စောင့်ရှောက်နိုင် တယ်ဆိုပြီး မချေမငံဆက်ဆံတယ်။

အမေကလည်း မူးယစ်ဆေးဝါးနဲ့ သူ့ဘဝကို သူပျော်သလိုနေတယ်။ သူ့ ဘဝသူသိတဲ့ ကလေးတစ်ယောက် အဖြစ်နဲ့ လောကကြီးကို အဆင်ပြေ အောင် နေတယ်။ ဘယ်ကလေးက ထိုးကြိတ်ပြီး အနိုင်ကျင့်ကျင့် သူပြန် မလုပ်ဘူး။

အမေလုပ်သူက ယောက်ျားတစ် ယောက်ပြီးတစ်ယောက် အိမ်ကို ခေါ် လာပြီး တွဲတယ်။ သူစိတ်ညစ်လွန်း တဲ့အခါ ထရေဇာတို့ လင်မယားနှစ် ယောက်ဆီပြေးသွားတယ်။ ထရေဇာ က ကောင်းကောင်းမွန်မွန်ပြုစုကျွေး မွေးတယ်။ ကျောင်းသွားဖို့ မုန့်ဖိုးပေး တယ်။

 ကျောင်းမှာ သူ့ကို ဂရုတစိုက် သူငယ်ချင်းတစ်ယောက်ရှိတယ်။ 'ကီ ဗင်'တဲ့။ ကီဗင်က ဒီလို အနိုင်ကျင့် တာ မခံဖို့နဲ့ ပြီးတော့ မင်းဟာ ပျော့ ညံ့တဲ့ ယောက်ျားတစ်ယောက်မ ဟုတ်ဘူးဆိုတာ ပြလိုက်ပါလို့ အား ပေးတယ်။

ဒီလိုနဲ့ အထက်တန်းကျောင်း  သား အရွယ်ရောက်လာတာတော့ ကျောင်းမြက်ခင်းပြင်တစ်နေရာမှာ လူမည်းကျောင်းသား ခပ်ရမ်းရမ်း တစ်စုက နှိပ်စက်လို့ မျက်နှာတစ်ခု လုံး သွေးတွေပေကျံပြီးလဲနေတာ။         

ဆရာမတစ်ဦးက သူ့အခန်းထဲ ခေါ်ယူပြီး ဒီလိုတစ်လျှောက်လုံး သူ များ အနိုင်ကျင့်တာ၊ နှိပ်စက်တာကို ငြိမ်ခံမနေသင့်ဘူး။ မပျောညံ့ တဲ့ ယောက်ျားတစ်ယောက်ရဲ့ တုံ့ပြန်မှု မျိုးနဲ့ တုံ့ပြန်သင့်တယ်ဆိုတော့ ခင်ဗျားတို့ နားမလည်ပါဘူး။ ခင်ဗျား တို့ မသိပါဘူးဗျာဆိုပြီး ငိုတယ်။ ဆရာမလုပ်သူက အကြိမ်ကြိမ်တိုက် တွန်းသလို ရှင်းပြတော့ သူသဘော ပေါက်သွားတယ်။ အဲဒီမှာ မျက်နှာ က သွေးတွေကို ရေသွားဆေးပြီး၊ ချက်ချင်း စာသင်ခန်းထဲဝင်ကာ သူ့ ကို အနိုင်ကျင့်ခဲ့တဲ့ ကျောင်းသားကို ခုံနဲ့ ကောက်ရိုက်ပစ်လိုက် တာ မသေ ရုံတမယ်ပဲ။ အဲဒီနေ့ကစပြီး အချုပ်ထဲ ရောက်၊ ကျောင်းနဲ့ အစပြတ်ပြီး ဘဝ အချိုးအကွေ့တွေ ပြောင်းသွားတယ်။

အချိန်ကာလတွေပြောင်းသွားပြီး အက်လန်တာဆိုတဲ့ မြို့မှာ သွေး အေးတဲ့ လူမိုက်တစ်ယောက်ဖြစ်လာတယ်။ တန်ဖိုးကြီးတဲ့ ကားတစ်စီးနဲ့ သေနတ်တစ်လက် အမြဲကိုင်ထားပြီး မူးယစ်ဆေးဝါးရောင်းသူတစ်ယောက် ဖြစ်လာတယ်။ သူ့ရဲ့ မွေးစား အမေ ဖြစ်တဲ့ 'ထရေဇာ' ရဲ့ စကားတွေကို တော့ သူအမြဲနားထောင်တယ်။ ထရေဇာရဲ့ ယောက်ျား 'ဂျန်' မရှိ တော့တဲ့နောက် ဂျန်ရဲ့ အဆက်အ သွယ်တွေကြားမှာ လှုပ်ရှားရင်းကြီး ပြင်းလာခဲ့တယ်။

ဒီလိုနဲ့ တစ်နေ့မှာ အမေအရင်း ဖြစ်တဲ့ 'ပေါ်လာ' က သားအပေါ်မှား ခဲ့တာတွေ နောင်တရပြီး သားကို တွေ့ ချင်တယ်ဆိုလို့ သားအမိနှစ်ယောက် တွေ့ကြပြီး မျက်ရည်ကျရတယ်။ အမေဆီက အပြန်မှာ လုံးဝကွဲကွာ နေတဲ့ သူငယ်ချင်းကီဗင်က ဖုန်းဆက် ခေါ် တယ်။ သူကတော့ အချက်အ ပြုတ်ကျွမ်းကျင်တဲ့ စားဖိုမှူးအလုပ် လုပ်နေတယ်။ တွေ့ချင်တယ်ဆိုလို့ သူငယ်ချင်းနှစ်ယောက် တွေ့ကြ ပြီး ရှေ့ဖြစ်နောက်ကြောင်းတွေ ပြန်ပြော  နေကြရင်း ရုပ်ရှင်ကို အဆုံးသတ် လိုက်ပါတယ်။

အဲဒီမှာ ရုပ်ရှင်ကားဟာ ရိုးရိုး ရှင်းရှင်းလေးပဲ ရိုက်ပြသွားပါတယ်။ အကောင်းကို ဦးတည်ပြီး ဘဝခရီးကို လျှောက်ချင်တဲ့ ကလေး တစ်ယောက် ဟာ  ဘယ်လိုရှောင်လို့မှ မလွတ်နိုင် တဲ့ ပတ်ဝန်းကျင်ဆိုးကြီးရဲ့ အလိုအ တိုင်း အလိုက်သင့်နေသွားလိုက်ရပါ လားဆိုတဲ့ အကြောင်းကို ပြောပြ လိုက်တာပါပဲ။

ဝင်းကိုမောင်
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.