24-8-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
ရင်းနှီးမြှုပ်နှံမှု တိုးတက်နေတဲ့ ဂျာမန် အိမ်ရာဈေးကွက်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1025
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
စာပေနှင့် အနုပညာ
ဘောဂဗေဒကို နိုင်ငံရေးနယ်ပယ်ထိ ချဲ့ကားသင့်သလား

ဇန်နဝါရီလ ရောက်လာပြီဆိုရင် အမေရိကန်နိုင်ငံမှာ ဘောဂဗေဒ ပညာရှင်များက American Economic Assocition ကွန်ဖရင့် နှစ်စဉ် ကျင်းပမြဲဖြစ်ပါတယ်။ ဒီနှစ်မှာလည်း ပုံမှန်လုပ်နေကျအတိုင်း ကျင်းပခဲ့ကြ တယ်။ ကွန်ဖရင့်ကတော့ တော်တော် ကြီးကျယ်တယ်။ ဘောဂဗေဒပညာ ရှင် ၁ဝဝဝဝ ကျော် တက်ရောက်ခဲ့ ကြပါသတဲ့။

လွန်ခဲ့တဲ့ ဆယ်စုနှစ် တစ်ခု လောက်ကဆိုရင် လူတွေက ဘောဂ ဗေဒပညာရှင်များကို တော်တော် အ ထင်ကြီးခဲ့ကြတယ်။ လေးစား ခဲ့ကြ တယ်။ ဘောဂဗေဒပညာရှင်ကြီးများ ကိုယ်တိုင်ကလည်း လူပရိသတ်တွေ ကြားမှာ မော်မော်ကြွားကြွား ဂုဏ် သိက္ခာ ရှိရှိ နေနိုင်ခဲ့ကြတယ်။ ဒါပေ မယ့် ၂ဝဝ၇ ခုနှစ် နှောင်းပိုင်း အမေ ရိကန်ဘဏ္ဍာရေး အဆောက်အအုံ တစ်ခုလုံး ပြိုလဲ မတတ် ဖြစ် သွားခဲ့တဲ့ အချိန်ကစပြီး ပြည်သူအတော်များ များက ဘောဂဗေဒပညာရှင်များနဲ့ ဘဏ်လုပ်ငန်းရှင်များအပေါ် အထင် ကြီးတာ လေးစား တာတွေ ပျောက် ကွယ်သွားခဲ့တယ်။

တကယ်တော့ ၂ဝဝ၈ အမေရိ ကန် ဘဏ္ဍာရေးပြိုလဲမှုဟာ ဘဏ် လုပ်ငန်းရှင်များနဲ့သာ တိုက်ရိုက် ပတ် သက်တာပါ။ အမေရိကန် ဘောဂ ဗေဒပညာရှင်များနဲ့ တိုက်ရိုက်ပါဝင် ပတ်သက်ခြင်းမရှိခဲ့ပါဘူး။ ဒါပေမယ့် လူအများက ဘောဂဗေဒ ပညာရှင် တွေဟာ အဲသလို ဘဏ္ဍာရေး လောကကြီးတစ်ခုလုံး ကသောင်းက နင်းဖြစ်တော့မှာကို ဘာကြောင့်ကြိုတင် မမြင်ခဲ့ကြသလဲ လို့ မေးခွန်း ထုတ်ခဲ့ကြတယ်။ ဘောဂဗေဒပညာ ရှင်တွေခမျာ အဖြေမပေးနိုင်ခဲ့ကြပါ ဘူး။

ဒီနှစ် AEA ကွန်ဖရင့်ကို ချီကာ ဂိုမြို့မှာ ကျင်းပခဲ့ကြတယ်။ ကျင်းပ တဲ့နေရာက TRUMP အဆောက်အ အုံရဲ့ ခဲတစ်ပစ် အကွာအဝေး လောက်မှာ ရှိပါတယ်တဲ့။ ထရန့်ဆို တဲ့ အင်္ဂလိပ်စာလုံးက ဧရာမအကြီး ကြီးဆိုတော့ အဝေးကတောင် လှမ်း မြင်နေကြရပါတယ်တဲ့။ ကွန်ဖရင့်မှာ တင်သွင်းခဲ့ကြတဲ့ စာတမ်းတွေထဲမှာ ရွေးကောက်ပွဲရလဒ်ကို ဝေဖန် ပိုင်း ခြားစိတ်ဖြာ မှုတွေလည်း ပါဝင်ခဲ့ တယ်။

ဒီရွေးကောက်ပွဲမှာ လစ်ဗရယ် ဝါဒ Liberalism နဲ့ ဂလိုဘယ်လိုက် ဇေးရှင်း globalisation တို့ အရေး နိမ့်သွားခဲ့ရတယ်လို့ ဘောဂဗေဒ  ပညာရှင်တွေက သုံးသပ်ခဲ့ကြတယ်။ သူတို့ရဲ့ သီအိုရီများက ဂလိုဘယ် လိုက်ဇေးရှင်းနဲ့ ပတ်သက်ရင် အောင် မြင်မှုတွေရှိသလို ဆုံးရှုံးမှုတွေလည်း ရှိမှာပဲလို့ အစောကြီးကတည်းက ခန့် မှန်းခဲ့ပြီးဖြစ်ပါတယ်။ ဒါပေမယ့် ဂလို ဘယ်လိုက်ဇေးရှင်းကြောင့် လစ်ဗ ရယ်သဘောတရားကိုပါ အခု လောက် ထိခိုက်ပျက်စီးသွားမယ်လို့ ကြိုမမြင်ခဲ့ကြတဲ့အတွက် ထရန့်ဝါဒ Trumpism ရိုက်ခတ်လာနိုင်မှု ကို မဟန့်တားနိုင်ခဲ့ကြဘူး။

 ဘောဂဗေဒရဲ့ ပြဿနာက ဘာ လဲဆိုတော့ ဘောဂဗေဒပညာရှင်တွေ က ဘောဂဗေဒကို အခြားသော သိပံ္ပ ပညာရပ်တွေကို တသီးတသန့် ပညာ ရပ်တစ်ခုဖြစ်ချင်ကြတယ်။ တစ်နည်း ပြောရင်တော့ မှန်ကန်တိကျတဲ့ သိပံ္ပ ပညာရပ် (exact Science) ဖြစ်စေ ချင်ကြတယ်။ ဒါကြောင့် နိုင်ငံရေးကို ဘောဂဗေဒပညာရှင်တွေက ဖယ် ထုတ်ထားကြတယ်။ သူတို့က နိုင်ငံ ရေးကို ဘောဂဗေဒမှာ ထည့်သွင်း မစဉ်းစားကြဘူး။ ဒါပေမယ့် ဘောဂ ဗေဒဟာ ဘယ်တုန်းကမှ တိကျမှန် ကန်တဲ့ သိပံ္ပပညာရပ်မဟုတ်ခဲ့ပါဘူး။ ဒါကြောင့် ဘောဂဗေဒမှာ ပြဿနာ တွေရှိနေတယ်။

AEA ဆွေးနွေးပွဲတစ်ခုမှာ နို ဘယ်လ်ဆုရှင် ဘောဂဗေဒပညာရှင် တစ်ဦးဖြစ်တဲ့ Joseph Stiglitz က ပြောကြားခဲ့တာ တစ်ခုရှိ တယ်။ ဘောဂဗေဒပညာရှင်တွေအနေနဲ့ သီအိုရီအရ ဖြစ်နိုင်ခြေများကိုသာ တွက်ချက်မနေဘဲ ဖြစ်ဆဲနိုင်ငံရေး စနစ်တစ်ခုဟာ ဘယ်လိုလှုပ်ရှားနေ သလဲ၊ ဘာတွေဖြစ်လာနိုင်သလဲဆို တာတွေကို ထည့်သွင်းတွက်ချက်သင့် ကြပါပြီလို့ ပြောကြားခဲ့တယ်။

ဆိုလိုတာကတော့ ဘောဂဗေဒ ပညာရှင်များအနေနဲ့ နိုင်ငံရေးနဲ့ ဆက်စပ်သမျှ အချက်အလက်တွေ ကို ဘောဂဗေဒအမြင်နဲ့ ဆန်းစစ်လေ့ လာ သုတေသနလုပ်သင့်ကြပြီလို့ ဆော်သြခဲ့ခြင်းဖြစ်တယ်။ ပမာအား ဖြင့် နိုင်ငံရေးသမားတွေရဲ့ ပြောဟော မှုကြောင့် အမေရိကန်ဒေါ်လာ တန် ဖိုးမြင့်တက်လာမှုဟာ ဂလိုဘယ်အ ပေါ် ဘယ်လိုသက်ရောက်မှုရှိမ    လဲ။

လောလောဆယ်မှာ ထရန့်ရဲ့ စီးပွား ရေးမူဝါဒကြောင့် စတော့ဈေးကွက် တွေ ဂနာမငြိမ်ဖြစ်နေတယ်။ သူ့ရဲ့ လက်နက်နိုင်ငံ ထူထောင်ရေးမူဝါဒ ကြောင့်၊ လက်နက်ထုတ်လုပ်တဲ့ ကုမ္ပဏီကြီးတွေရဲ့ စတော့ရှယ်ယာ များဟာ စတော့ဈေးကွက်မှာ မြင့် တက်နေတယ်။ အမေရိကန်နိုင်ငံရေး လောကမှာ သတင်းအတုတွေ Fake news ထွက်ပေါ်လာမှုဟာ  စီးပွား ရေးနယ်ပယ်ကို ဘယ်လိုဂယက်ရိုက် ခတ်နိုင်သလဲဆိုတာ ဘောဂဗေဒ ပညာရှင်တွေက လေ့လာသင့်တယ် လို့ ဆိုနေကြတယ်။

AEA ဆွေးနွေးပွဲမှာ နိုဘယ်လ် ဆုရ ဘောဂဗေဒပညာရှင် Robert Shiller ကလည်း ဘောဂဗေဒပညာ ရှင်များအနေနဲ့ လူသားများရဲ့ အပြု အမူအပေါ် သက်ရောက်မှုရှိတဲ့ အ ခြေခံအကြောင်းတရားများကို ကျယ် ကျယ်ပြန့်ပြန့် စဉ်းစားတွေခေါ်သင့် တယ်လို့ ပြောကြားခဲ့ တယ်။ ဇာတ် ကြောင်းပြန်မှုဟာ အရေးပါတယ်။ မမေ့နိုင်တဲ့ ဇာတ်လမ်းများကို သိမ်း ဆည်းထားတဲ့ အင်မတန်အရေးပါတဲ့ အတွေးအခေါ်တွေဟာ စီးပွားရေးကို ကပြောင်းကပြန်ဖြစ်အောင် ဖျက်ဆီး ပစ်နိုင်တယ်လို့ Shiller က ထောက် ပြတယ်။ တကယ်တော့ အဲသလို အ တွေးအမြင်များဟာ ဘောဂဗေဒ အဝိုင်းအဝန်းထဲမှာ ရှားပါးပါတယ်။

အဲဒီဆွေးနွေးပွဲမှာ ဘောဂဗေဒ ပညာရှင်များက သမ္မတ Donald Trump လက်ထက်မှာ ဘဏ္ဍာရေး နယ်ပယ်ချဲ့ကားလာနိုင်တဲ့ အလား အလာကို ဆွေးနွေးခဲ့ကြတယ်။ သူတို့ အနေနဲ့ အိုဘားမားလက်ထက်တုန်း ကလည်း ဘဏ္ဍာရေးမြှင့်တင်ဖို့ လို အပ်မှုကို ဆွေးနွေးခဲ့ကြဖူးတယ်။ ဒါပေမယ့် လုံးဝ ဆွေးနွေးပြောဆိုခြင်း မရှိတဲ့ ကိစ္စတွေလည်း ရှိတယ်။ ဟို တုန်းက နိုင်ငံရေးအရ မဖြစ်နိုင်ဘူးလို့ ယူဆခဲ့ကြတဲ့ လိုငွေပြသုံးစွဲမှု deficit Spending ဟာ ခုတော့ ဘာကြောင့် နိုင်ငံရေး အာဂျင်တာမှာ ပါရှိလာသ လဲဆိုတဲ့ ကိစ္စ။ ဟိုအချိန်တုန်းက လို ငွေပြသုံးစွဲမှုသာ လုပ်ခဲ့ရင် အမေရိ ကန် စီးပွားရေးဟာ အခုထက် တိုး တက်နိုင်တယ် လို့ ဘောဂဗေဒ ပညာ ရှင်တွေက သုံးသပ်တယ်။ အဲဒီအချိန် က စီးပွားရေးတိုးတက်မှု နှေးကွေးခဲ့ တဲ့အပြင် ငွေဖောင်းပွမှုက သုညနီးနီး ပဲရှိခဲ့တယ်။ ခုတော့ အလုပ်လက်မဲ့ နှုန်းက ၄.၇ ရာခိုင်နှုန်းရှိတယ်။ တိုး တက်မှုနှုန်းနဲ့ ငွေဖောင်းပွမှုတို့က မြင့် တက်လာနေ တယ်။

ဒီလိုကိစ္စတွေကို ဘောဂဗေဒ ပညာရှင်တွေက သူတို့နဲ့ မသက်ဆိုင် ဘူးလို့ တွေးတယ်။ ဘောဂဗေဒ ဘာ သာရပ်ရဲ့ အပြင်ဘက် က ပြဿနာ တွေပဲလို့ ယူဆကြတယ်။ ဒါပေမယ့် လက်တွေ့မှာ စီးပွားရေးမူဝါဒ ဆုံးဖြတ်ချက်များရဲ့ တန်ဖိုးကို နိုင်ငံရေးက အဆုံး အဖြတ်ပေးတယ်။ ဘဏ္ဍာရေး လောက တစ်ခုလုံး ကသောင်းကနင်း ဖြစ်နေတဲ့ အိုဘားမားလက်ထက် အစောပိုင်းကာလမှာ ပြည်သူ့ အ တွက် ဝန်ဆောင်မှုများ ယိုယွင်းပျက် စီးမှုမရှိရအောင် အစိုးရက နိုးထရှင် သန်ရေး အစီအစဉ် Stimulus တွေနဲ့ ငွေကြေး အမြောက်အမြားသုံးစွဲခဲ့ တယ်။ ဒီလိုသုံးစွဲခဲ့မှုကြောင့် ဖြစ်ပေါ် လာတဲ့ အကျိုးရလဒ်များကို ပြည်သူ တွေက တွေ့မြင်ခံစားခဲ့ရခြင်းမရှိဘူး လို့ ထောက်ပြခဲ့ကြတယ်။

 လောလောဆယ် ဘောဂဗေဒ ပညာရှင်များ ရင်ဆိုင်နေကြရတဲ့ ပြဿနာတစ်ခုရှိတယ်။ ဒါက ဆန်း သစ်လာတဲ့ တက်ကနိုလိုဂျီကြောင့် အလုပ်အကိုင်တွေ ရှားပါးလာနိုင်တဲ့ ပြဿနာဖြစ်တယ်။ လူသားတွေရဲ့ Óဏ်ရည်ကို ကွန်ပျူတာနည်းပညာ က တုပလာတယ်။ Artificial
intelligence (AI) လို့ ခေါ်တယ်။ စက်ဟာ လူသားတစ်ယောက်လို သူ့ အလိုအလျောက် စွမ်းရည် ၁ဝဝ ရာ ခိုင်နှုန်းပြည့်၊ အလုပ် လုပ်ကိုင်လာ နိုင်ရင် အလုပ်သမားတွေ ဘာလုပ် ကြမလဲ။ ဒီကိစ္စကို ဘောဂဗေဒပညာ ရှင်တွေ စတင် စဉ်းစားနေကြပြီလို့ ဆိုပေမယ့် သူတို့အနေနဲ့ ဘောဂဗေဒ အဝိုင်းအဝန်းထဲမှာပဲ အဖြေရှာနေကြ တယ်။ တကယ်တော့ ဒီပြဿနာဟာ နိုင်ငံရေးပြဿနာလည်းဖြစ်ပြီး ရိုက် ခတ်အားပြင်းထန်နိုင်တယ်။

 နောင်တစ်ချိန်မှာ အလုပ်သမား ဆိုတာ လူသားအလုပ်သမားလား ဒါမှမဟုတ် စက်ရုပ်အလုပ်သမား လား ခွဲခြားမေးမြန်းကြ ရ မယ့် ခေတ် ရောက်လာနိုင်တယ်။ အဲဒီအချိန်မှာ လူသားအလုပ်သမားတွေရဲ့ မဟာ တော်လှန်ရေးဟာ ဘယ်လိုဖြစ်လာ မလဲ။ ဘောဂဗေဒ ပညာရှင်တွေက ဒီလိုမေးခွန်းတွေကို ရှောင်ရှားကြ တယ်။ သူတို့ အနေနဲ့ နိုင်ငံရေးဟာ အရေးပါတယ် ဆိုပေမယ့် ဘောဂဗေဒ နဲ့ ပတ်သက်ခြင်းမရှိဘူးလို့ ရှုမြင်နေ ကြဆဲဖြစ်တယ်။ ဘောဂဗေဒပညာ ရှင် အချို့ကတော့ ဘောဂဗေဒနယ် ပယ်ကို တိုးချဲ့ပြီး နိုင်ငံရေးကိုပါ ထည့် သွင်း စဉ်းစားသင့်ပြီလို့ဆိုနေကြ တယ်။

ဒီလိုဆိုပေမယ့် ဒါနဲ့ပတ်သက်ပြီး ဘောဂဗေဒ ပညာရှင်များကြားမှာ သဘောထားကွဲလွဲမှုတယ်ရှိတယ်။ နိုင်ငံရေးကို ဘောဂဗေဒထဲ ထည့် သွင်းလိုက်ရင် ဘောဂဗေဒပညာရှင် တွေရဲ့ လက်ကျန်ဂုဏ်သိက္ခာများ အားလုံး ကျဆင်းသွားမှာကို စိုးရိမ် ကြတယ်။ အခုလို အပြောင်းအလဲ မြန်ဆန်နေတဲ့ ခေတ်မှာ နိုင်ငံရေးကို ထည့်သွင်းမစဉ်းစားပြန်ရင်လည်း စီး ပွားရေးမူဝါဒ ဆုံးဖြတ်ချက်ချမှတ်မှု များဟာ အဆက်အစပ်မရှိဖြစ်သွား နိုင်တယ်။ တကယ်တော့ နိုင်ငံရေးနဲ့ ကင်းရှင်းပါတယ်ဆိုတဲ့ စီးပွားရေး မော်ဒယ်တွေ ကလည်း နိုင်ငံရေး အရ ဖိအားပေးမှုကနေပြီး လွတ်ကင်းကြ တာတော့ မဟုတ်ပါဘူး။ ဘောဂဗေဒ ပညာရှင်များရဲ့ သီအိုရီများကို လက် တွေ့ အကောင်အထည်ဖော်ပေးတာက နိုင်ငံရေးသမားတွေပဲဖြစ်တယ်။

 ဘောဂဗေဒပညာရှင်များဘက် က ကြည့်ရင် နိုင်ငံရေးနဲ့ လူမှုရေးဆိုင် ရာ အင်စတိကျူရှင်းတွေကို မော်ဒယ် အဖြစ် ဖန်ဆင်းရတာ ခက်တယ်။ စရိတ်စက အကုန်အကျနဲ့ အရေအ တွက်ကို ပုံဖော်ရတာကလည်း မလွယ်ဘူး။ ဒါပေမယ့် ပညာရှင်တွေ အနေနဲ့ ကုန်စည်နဲ့လုပ်သားဈေးကွက် များကို မော်ဒယ်အဖြစ် ပုံဖော်ဖန် ဆင်းရတာက လွယ်ကူတယ်။ ဘာပဲ ပြောပြော ဘောဂဗေဒ ပညာရှင်များ အနေနဲ့ လုပ်ရိုးလုပ်စဉ် ညီမျှကိန်း တွေနဲ့ တွက်ချက်အဖြေရှာနေမယ့် အစား၊ လက်တွေ့ သိပံ္ပနည်းကျ ဆောင်ရွက် မှုတွေက ပိုပြီးကောင်း နိုင်တယ်လို့ ထင်မြင်ယူဆကြတယ်။

သမ္မတဒေါ်နယ်ထရန့်ဟာ မဲ ဆွယ်စည်းရုံးရေးကာလအတွင်းက ကျွမ်းကျင်ပညာရှင်ဆိုသူတွေဟာ သိပ်ပြီး အသုံးမဝင်ပါဘူး လို့ ပြင်းပြင်း ထန်ထန် ဝေဖန်ပြောဆိုခဲ့ဖူးတယ်။  ဒီတော့ ဘောဂဗေဒ ပညာရှင်များ အနေနဲ့ သူတို့ ကျွမ်းကျင်မှုကို ထုတ် ပြဖို့ အချိန်တန်ပြီလို့ AEA ကွန်ဖရင့် မှာ အချို့က တိုက်တွန်းပြောဆိုခဲ့ကြ ပါတယ်။

မင်းရွှေမောင်

Ref; "Free exchange: Get off my cloud": The Economist, Jan 14,2017.

မင်းရွှေမောင်
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.