22-6-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
ရခိုင်ကမ်းရိုးတန်းတွင် ငါးဖမ်းဆီးရရှိမှုနည်းပါးလာသည့်အတွက် ငါးဖမ်းကိရိယာများ ပြောင်းလဲသုံးစွဲလာကြ
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1016
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
စာပေနှင့် အနုပညာ
နွားမနို့ရည် ဦးချိုမှာ တည်သလား

ရဟန်းစာဆို ရှင်မဟာရဋ္ဌသာရက လူမိုက်ကြီးခြောက်ယောက် အကြောင်းကို ရေးသားခဲ့ဖူးတယ်။ တခြားလူမိုက်တွေကို ထားဦး။ နွား နို့ရချင်လို့ နွားမရဲ့ ဦးချိုကို နို့ ညှစ်ယူလေ့ရှိတဲ့ လူမိုက်မျိုးတွေ လည်း ရှိတဲ့အကြောင်း သိရပါတယ်။ နွားနို့ဟာ နွားမ ရဲ့ နို့အုံက နေရတာ မဟုတ်လား။ ဒါပေမယ့် သူက နွားနို့ ဆိုတာ နွားရဲ့ ဦးချိုက ထွက်လာတဲ့အရာလို့ ထင်နေတတ်ပါတယ်။ နောက် ပြီးနွားမတစ်ကောင်ကို နွားနို့ ညှစ်ယူတော့မယ်ဆိုရင် နွားမကို အ ဝေးဆီထွက်ပြေးလို့မရအောင် အနီးကတိုင်မှာ ကြိုးချည်ထားရ တယ်။ အဲဒီကြိုးကလည်း အရှည်ကြီးမဟုတ် ဘဲ တိုတိုနဲ့ ခိုင်ခိုင်ခန့်ခန့်ဖြစ်အောင် စီမံရတာမျိုးဖြစ်ပါတယ်။ နွားနို့ညှစ်ယူ မယ့် နွားမကို ကြိုးအရှည်ကြီးနဲ့ ထားရင် နွားလှန်ထားသလိုဖြစ်ပြီး နို့ညှစ်ရတာ အဆင်မပြေပဲဖြစ်နေ လိမ့်မယ်။ ဒါကတော့ စဉ်းစားဥာဏ် မဲ့တဲ့ လူတွေ အတွေ့အကြုံမရှိတဲ့ လူ တွေဖြစ်လေ့ဖြစ်ထရှိတဲ့ သဘောပဲ ဖြစ်ပါတယ်။

တချို့က နွားနို့ကို သောက် ချင်တယ်။ နွားနို့ကိုလိုချင်ကြတယ်။ ဒါပေမယ့် နွားနို့ဆိုတာ ဘယ်ကလာ တယ်မသိကြဘူး။ နွားနို့ ဆိုတာ နွားက ရတယ် ဆိုလောက်ပဲသိတယ်။ ဘယ်နေရာက နို့ရတယ်။ ဘယ်လိုညှစ်ယူရမယ်ဆိုတာကို မသိကြဘူး။နွားနို့ ဟာ နွားရဲ့ ဦးချိုကထွက်လာ တဲ့အရာလို့ ထင်မှတ်လွဲတတ်ကြ တယ်။ ဒီတော့ နွားရဲ့ဦးချိုမှာ နို့ညှစ် တတ်ကြရဲ့။ ဒါ့အပြင်ရှိနေတဲ့ နွားကို ငြိမ်အောင် ဘယ်လိုထားရမလဲ။ ဘယ်လိုလုပ်ရမယ်ဆိုတာကို သိတာမ ဟုတ်ဘူး။ ဒီတော့ နို့ညှစ်ယူမယ့်နွား ကို ကြိုး၏အရှည်ကြီးနဲ့ ထားတတ်ကြ တယ်။ ဒီတော့ အလွန်ရှည်တဲ့ ကြိုး နဲ့အတူ အငြိမ်မနေတဲ့ နွားက ခြေ ရှည်နေလေတော့ နို့ညှစ်ရတာ အ ဆင်ပြေမှာ မဟုတ်ဘူး။

 နို့ညှစ်ရမယ့် နေရာဟာ နွား ရဲ့နို့အုံမဟုတ်ဘဲ နွားရဲ့ ဦးချိုဖြစ်နေ ပြီး။ နေရာလွဲနေမှတော့ ဘယ်မှာ နို့ထွက်နိုင်ပါ့မလဲ။ နောက်ပြီး နွား ကို ငြိမ်အောင် ကြိုးတိုတိုနဲ့ တိုင်မှာ ချည်မ ထားဘဲ ကြိုးအရှည်ကြီးဖြစ်နေတော့ သူလုပ်ချင်တဲ့အလုပ်ကိုလုပ်ဖို့  မ တည်မငြိမ်ဖြစ်နေ လိမ့်မယ်။ မတည် ငြိမ်တဲ့ အခြေအနေမှာ လုပ်တာကိုင် တာက နေရာမှားနေလို့ အဲဒီလုပ်နေ တဲ့ အလုပ်ဟာ အောင်မြင်ဖို့ ခက် လိမ့်မယ်။ ဒါဟာ လူ့လောကမှာ နေရာဒေသမရွေး ကြုံတွေ့နေရ တတ်တဲ့ ကိစ္စမျိုးပဲ ဖြစ်ပါလိမ့်မယ်။

ကာယကံရှင်ကိုယ်၌က သူလုပ် နေတဲ့ အလုပ်ဟာ ဘာအလုပ်လဲ။ အဲဒီအလုပ်ကို လုပ်ကိုင်ဆောင်ရွက် တဲ့အခါ မှန်မှန်ကန်ကန်ရော လုပ် ကိုင်ဆောင်ရွက်မိရဲ့လား။ လိုချင် တာနဲ့ လုပ်နေတာဟာ တစ်သား တည်းဖြစ်ရဲ့လား။ တကယ့်ပကတိ ဘဝနဲ့ ဆန္ဒတွေဟာ တိမ်းမှားလွဲချော် နေသလား။ လွဲချော်နေတာက ဘယ် နေရာကလဲ။ ပြန်လည်ထိန်းညှိလို့ ရရဲ့လား။ ဒီအတွက် တာဝန်ယူစိတ်ရှိ မှု လိုအပ်သလို အမှားကို အမှန်ဖြစ် အောင် ကြိုးစားပြုပြင်ဖို့လည်း လို လိမ့်မယ်။                     

တစ်ခါတလေမှားသွားတယ်။ မှားမှန်းလည်းသိတယ်။ အမှန်က  ဘယ်မှာရှိတယ်ဆိုတာလည်း သိ တယ်။ ဒါပေမယ့် အဲဒီအမှားကို မပြင်ရဲကြဘူး။ ပြင်နိုင်တဲ့ စွမ်း အားလည်း မရှိတဲ့အတွက် အမှား ကို အမှန်နဲ့ ရောချပြီး ငြိမ်နေတတ် တယ်။ အင်မတန်ကြောက် စရာ ကောင်းပါတယ်။ အမှန်ကို အမှန် မှန်းမသိလို့ မှားမိတာဟာ အပြစ် မဟုတ်ပါဘူး။ ဖြစ်တတ်ပါတယ်။ ဒါပေမယ့် အမှားကိုလည်း အမှား လို့ သိတယ်။ ဒါပေမယ့် အမှန်ဖြစ် လာအောင် မပြင်ချင်ကြတဲ့ လူ တွေ ရှိတတ်တယ်။

အဆိုးဆုံးက အမှားကို အမှား မှန်းသိလျက်နဲ့ မပြင်ကြဘဲ၊ ပြင်ဖို့ မကြိုးစားဘဲ အမှားထဲမှာ ဆက်ပြီး  မှားနေတတ်တာပါပဲ။ သိသိကြီးနဲ့ ဆက်ပြီး မှားနေတဲ့ သဘောပါ။ အဲဒီ လို လူမျိုးတွေဟာ ''ကျားကျားမီးယပ်'' ဆိုတဲ့ လူတွေပါပဲ။ ကိုယ်သိထား၊ တတ်ထားတဲ့ ပညာလေးနဲ အမှန် အမှားကို မဆုံးဖြတ်နိုင်တဲ့အခါ အမှားကို အမှန်ဘဝရောက်အောင် မပြင်နိုင်တဲ့အပြင် ကိုယ်သိသ လောက် တတ်သိ ပညာလေးကို တလောကလုံးဆိုင်ရာ အမှန်တရား ကြီးလို့ မှတ်ထင်ပြီး 'ကျားကျား မီး ယပ်' လုပ်လို့ ငြင်း ခုံတတ်ကြတယ်။ ကျားသတ္တဝါဆိုမှတော့ မီးယပ်ရောဂါ မဖြစ်နိုင်ဘူးလေ။ ဒါပေမယ့် ကိုယ် ဆေးကုပေးနေတဲ့ လူနာကို မီးယပ်မှ မီးယပ်ပဲ ဖြစ်နေလေတော့ လူနာရှင်က အခု လူနာက မိန်းမမဟုတ်ပါ ဘူး။ အမျိုးသား ယောက်ျားလေးဖြစ် နေပါတယ် လို့ ပြောနေ တာကိုတောင် ကျားကျားမီးယပ်ပဲလို့ အရှက်ပြေ ပြောနေတာမျိုးနဲ့တူတယ်။

တစ်ခါတလေ မထင်မှတ်တဲ့ လွှဲချော်မှုတွေကို ကျားကျားမီးယပ် သမားတွေမှာ တွေ့ရတတ်သလို တစ် ခါတလေမှာတော့ နွားနို့ လိုချင်လို့ နွားရဲ့ဦးချိုမှာ နို့ညှစ်နေတဲ့ လူမျိုး တွေကိုလည်း တွေ့ရတတ်တယ်လေ။ ဒါဟာ ပကတိအခြေအနေမျိုးမှာ ဖြစ်နေတာ အမှန်ပါ ပဲ။ လူတွေဟာ သူတို့ကိုယ်ကျိုး စီးပွားအတွက် မမှန်မ ကန်တဲ့ ပြော နည်းဆိုနည်းတွေနဲ့အတူ မသင့်လျော်တဲ့ လုပ်နည်းကိုင်နည်း နဲ့ လုပ်ကိုင်ဆောင်ရွက်နေတတ်ကြပါ တယ်။ ဒီတော့ အမှန်တရားနဲ့ သွေဖည်ပြီး လူရယ်စရာကြီးဖြစ်နေ တတ်ပါတယ်။ ဒါပေမယ့် သူတို့တစ် တွေကတော့ အလျှော့မပေးချင်ကြ ပါဘူး။ အမှားကို အမှန်လုပ်ပြီး ကိုယ့်ရဲ့ ချို့ယွင်းနားနည်းမှုနဲ့ မတတ် မသိ မလိမ္မာတဲ့ ကိစ္စတွေကို ဖုံးကွယ် မြဲဖုံးကွယ်ထားတတ်ကြတယ်။ ဒါမှမ ဟုတ် ပြောင်းပြန် အနေအထားတွေ ကို တော်တည့် မှန်ကန်နေသယောင် ဟန်ဆောင်လိမ်ညာတတ်ကြတယ်။ ဒါဟာ ကာယကံရှင်ဖြစ်တဲ့ သူတို့တစ် တွေ သာမက နီးစပ်ယှက်နွယ်သူအား လုံးအတွက် မကောင်းတဲ့ အချင်း အရာတွေဖြစ်ပါတယ်။

ရဟန်းစာဆိုကြီး 'ရှင်မဟာ ရဋ္ဌသာရ' မိန့်ကြားခဲ့သလိုပါပဲ။ ဒီလောကမှာ နွားနို့ကို လိုချင်လို့ နွားရဲ့ဦးချိုမှာ မရမက နို့ရှာနေတဲ့ လူတွေရှိတယ်။ နွားနို့မရခဲ့ရင် နို့အုံမှာ မရှာမဖွေခဲ့တဲ့ ကိုယ့်အပြစ်ကို ကိုယ် မမြင်ဘဲ နွားကိုသော် လည်းကောင်း၊ နွားရဲ့ချို ကိုသော်လည်းကောင်း၊ အ နားမှာရှိနေတဲ့ နွားချီထားတဲ့ ကြိုး ကိုသော်လည်းကောင်း အပြစ်တင် တော့မှာ သေချာပါတယ်။ ကိုယ့်ရဲ့မ ပြည့်ဝမှု၊ ကိုယ့်ရဲ့ဥာဏ်အမြော် အမြင်မရှိမှု၊ မလိမ်မာမပါးနပ်မှုတို့ကို ဖုံးကွယ်ပြီး လက်ညှိုးထိုးရတဲ့ ပြစ်ချက် တွေကို လက်ညှိုး ထိုးကြလိမ့်မယ်။ အားနည်းမှုရှိတဲ့ ကိစ္စတွေကို မဖော် ပြဘဲ တစ်ဖက်လူရဲ့ မဆိုစလောက် အားနည်းချက်တွေကို ပုံကြီးချဲ့ကြ လိမ့်မယ်။ အပြစ်တွေကို တစ်ဖက် လူကို ပုံချတတ်တာဟာ ပညာမဲ့ တွေ၊ အမြော်အမြင်မရှိတဲ့ သူတွေရဲ့ သဘာဝပဲလေ။

ဆရာတော်က ကြုံတွေ့ရလေ့ ရှိတဲ့ လူမိုက်ကြီးတွေရဲ့အကြောင်း ကို အသေးစိတ်ဖော်ပြဖူးပါတယ်။ ဆရာ တော်ရဲ့ မိန့်မှာချက်၊ အကဲဖြတ် ချက်တွေဟာ ဘယ်ခေတ် ဘယ် အချိန်အခါကိုရောက်ရောက် အမြဲ ဆုံးတွေ့ရပါလိမ့်မယ်။ အကျိုးအ ကြောင်း အမျိုးမျိုးကြောင့် ပညာ မရှိသူတွေက ပညာရှိ ကဝိတွေနဲ့ အသွင်သဏ္ဌာန်နဲ့ ဟန်ဆောင် လိမ်ညာဖို့ရောက်လာတတ်တယ်။ အမှားတွေ ကို အမှန်ခြစ်ပြလိမ့်မယ်။ ဒါဟာ ရှောင်လွှဲလို့ ရနိုင်မယ်မထင် ဘူး။ တောင်ထိပ်ကြာပေါက်၊ အ နောက်နေထွက်တဲ့ ကာလမျိုးမှာ လူ မိုက်တွေကလည်း ပညာရှိယောင် ဆောင်ပြီး ရောက်လာတတ်တယ်။ ဒါကို ဟန့်တားဖို့လည်း ခက်တတ် တယ်။

ဒါပေမယ့် သူတို့ဟာ နွားနို့ သောက်ချင်တဲ့အတွက် နွားရဲ့ဦးချိုမှာ နို့ညှစ်ချင်ကြတဲ့ သူတွေ၊ ယောက်ျားကြီးတစ်ယောက် ရဲ့ ရောဂါ ဝေဒနာကို 'မီးယပ်၊ မီးယပ်' မီးယပ် ရောဂါလို့ အကဲဖြတ်ကြတဲ့ ပညာရှိ မျိုးတွေဖြစ်နေကြမယ်ဆိုတာတော့ ယုံမှား သံသယဖြစ်စရာမလိုပါဘူး။ လက်တွေ့များအရ အားလုံးပဲ သိလာ ကြပါလိမ့်မယ်။

htetkyaw-hd-1005.jpg
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.