6 - 4 - 2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
အင်းလေးကန်အတွင်း ရေပေါ်ဈေးသစ် တစ်ဈေး မေလတွင် စတင် အကောင်အထည်ဖော်ရန် စီစဉ်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1008
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
စာပေနှင့် အနုပညာ
ရှင်းရှင်းတွေး မှန်တာပြော၊ ပြဿနာကို မကြောက်နဲ့

မနေ့ညက အိပ်ရေးပျက်ခဲ့သဖြင့် ယနေ့ည ၅-၃-၂ဝ၁၇ ည တွင် ကျွန် တော် ၈ နာရီ ပရီးမီးယား ဘောလုံးပွဲ တစ်ပွဲကိုကြည့်ရင်း အိပ်ပျော်သွား သည်။ အိပ်ရာမှ နိုးသော် အိမ်ရှေ့ ခန်းမှ အိပ်ခန်းထဲသို့ ပြောင်း၍ အိပ်ရန်ဖြစ်သော်လည်း မအိပ်ဖြစ် သေးဘဲ အင်္ဂလိပ် စာအုပ်တစ်အုပ်ကို ကောက်ယူဖတ်နေမိသည်။ မျက်စိ ညောင်းသလို ရှိ၍ ဆက်မဖတ်တော့ဘဲ ကုလားထိုင်ပေါ်မှာပင် ထိုင်၍ ဆောင်းပါး တစ်ပုဒ်ရေးမှလားဟု တွေး နေမိပြန်သည်။

 တွေးရင်း တွေးရင်းဖြင့် ကျွန် တော်သည် တချို့သော အခက်အခဲ တွေကို ဘာကြောင့် ကျော်လွှားနိုင်ပါ လိမ့်ဟူ၍ စဉ်းစားနေမိသည်။

ဥပမာ ကျွန်တော်သည် အလုပ် ပြုတ်ထောင်ကျမည့် အခြေအနေမျိုး ကြုံခဲ့သော်လည်း အလုပ်လည်း မပြုတ်၊ ထောင်လည်း မကျဘဲ ကျော် လွှားခဲ့ဖူးသည်။ အိတ်ကပ်ထဲမှာ ငွေ တစ်ကျပ်မျှသာ ရှိသည့်အချိန်တွင် မိတ္ထီလာ ကောလိပ်ကျောင်းသွားတက် ဖို့ ကျွန်တော်ပြန်အလာကို အိမ်မှ အသင့်စောင့်နေသူ သမီးအား ခေါ် လာကာ ကားဂိတ်ရောက်မှ ပိုက်ဆံ သွားရှာကာ သမီး အား ကောလိပ် ကျောင်းသို့ ရောက်အောင်ပို့ပေးနိုင်ခဲ့ ဖူးသည်။ ကျွန်တော့်ဝင်ငွေထောင် ဂဏန်းမျှလောက်သာရှိချိန် အစိုးရ ဌာနများ မှ ညွှန်ကြားရေးမှူးချုပ် တစ်ယောက်သည် လခကျပ်နှစ် သောင်းလောက်သာရနေချိန်တွင် ကျွန်တော်က အလုပ်လျှောက်လွှာ မတင်ရဘဲနှင့် တစ်လနှစ်သိန်းကျော် လောက်ရသောအလုပ်မျိုးကို ရဖူး သည်။ ရန်ကုန်မြို့လယ်မှ ကျောင်း ကြီးတွေ တွင် ကျောင်းသား သစ်တစ် ယောက်ကို ကျောင်းအပ်ပါက တစ်ဦး လျှင် ခြောက်သိန်းလောက်ပေးနေရ ချိန်တွင် ကျွန်တော့်မြေးနှစ်ယောက် ကို ငွေကျပ် ၇ဝဝ လောက်နှင့် ကျောင်းအပ်နိုင်ခဲ့ဖူးသည်။

ထိုသို့သော အခြေအနေများကို ကျွန်တော်က ပိုက်ဆံမရှိဘဲ ထိုသို့ အခက်အခဲတွေမှ ငါဘာကြောင့် ကျော်လွှားရုန်းထွက်နိုင် ခဲ့ပါလိမ့်ဟူ၍  ကျွန်တော်ထိုင်ရင်း စဉ်းစားနေမိ သည်။

ထိုသို့ စဉ်းစားနေရင်းပေါ်လာ သော အချက်မှာ တစ်နည်းအားဖြင့် ကျွန်တော်တွေးမိသောအချက်မှာ ကျွန်တော်မှာ ထူးခြားလှသော အ ရည်အချင်းတွေရှိနေ၍ကားမဟုတ်။ ကျွန်တော့်က  မလိမ်မကောက် ရိုးရိုး ရှင်းရှင်းတွေး၍ အမှန်အတိုင်းပြော တတ်ခြင်းနှင့် ပြဿနာကို မကြောက် တတ်ခြင်းတို့ကြောင့်သာဖြစ်သည်ဟူ ၍  ဖြစ်ပါသည်။

ကျွန်တော်မည်သူ့ကိုမျှ လိမ် လည်လှည့်ဖြားမပြုဖူးပါ။ ရိုးရိုးရှင်း ရှင်းပဲတွေးလေ့ရှိပြီး ပြောဆိုရာတွင် လည်း ဖုံးကွယ်လိမ်လည်ခြင်း မျိုးမပြု ဘဲ အမှန်အတိုင်းပင် ပြောလေ့ရှိပါ သည်။ ထိုအလေ့အကျင့်မှာလည်း တမင်လေ့ကျင့်ယူလာသည်ကား မဟုတ်ပါ။ ကျွန်တော်ငယ်စဉ်က တည်းက ပါလာသော ပင်ကိုစရိုက် တစ်ခုမျှသာဖြစ်ပါသည်။

ကျွန်တော်အစိုးရ အလုပ်ထဲတွင် ရှိစဉ် မန္တလေးတိုင်း စက်မှုလက်မှု လျှပ်စစ်နှင့်ဘွိုင်လာစစ်ဆေးရေး ဦး စီးဌာန၌ တာဝန်ကျစဉ်က ကျွန် တော်အလုပ်ပြုတ်ထောင်ကျမည့် အခြေအနေမျိုး ကြုံဖူးသည်။

ထိုသို့ ကြုံသည်မှာလည်း မည် သူကမျှ ထိုအခြေအနေရောက် အောင် ချောက်တွန်းကြသောကြောင့် မဟုတ်။ မည်သူမပြုမိမိမှုကြောင့် ဟု သာ ဆိုနိုင်ပါသည်။

ဘာကြောင့် ထိုအခြေအနေ ရောက်သနည်းဟု မေးဖွယ်ရှိသည်။ အတိုချုပ်ဖြေရသော် ထိုရုံးတွင် ဖွဲ့စည်းတည်ထောင် ထားသော ငွေ စုငွေ ချေး သမဝါယမအသင်းတွင် ရှိသမျှ ငွေကို ငါးပြားမျှမကျန်အောင် ကျွန် တော်က လေးကောင်ဂျင် ကစား ပစ် သောကြောင့် ဖြစ် ပါ၏။

ထိုသို့သော အခြေအနေမျိုး ရောက်အောင် ပြုသဖြင့် ကျွန်တော့် အား အသင်းပိုင်ငွေကြေးမှ အသင်း သားတွေ၏ ရပိုင်ခွင့်ထဲမှ မတော် လောဘနှင့် ကျွန်တော့်ကိုယ်ကျိုးအ တွက် သုံးသူတစ်ယောက်လားဟု ကျွန်တော့်ကို အထင်မမှားလိုက်ပါ နှင့်။ ကျွန်တော်သည် ထိုခေတ် ၁၉၇ဝ ကျော် နှစ်များအတွင်း ကာလက မြန်မာနိုင်ငံတွင် သမဝါယမ အသင်း ၂၄ဝဝဝ ခန့်ရှိရာတွင် အမှုပေါင်း ၂၆ဝဝဝ လောက်ရှိနေကြောင်း သမဝါယမဝန်ကြီး ဦးစိန်ထွန်းပြောဖူးသ ဖြင့် သမဝါယမအသင်းနှစ်သောင်း လေးထောင်လောက် ရှိသည် ဟု ဆိုရ မည်။ ထိုသို့သော နှစ်သောင်းလေး ထောင်လောက် အရေအတွက်ရှိ သော အသင်းများတွင် ဘယ်အသင်း တစ်သင်းမျှ အမြတ်ဝေစုခွဲမပေး လောက်ဟု ကျွန်တော်ယုံသည်။

သို့ရာတွင် ကျွန်တော်ကမူ အ သင်းသားများအား နှစ်စဉ်အမြတ်ဝေ စု ခွဲပေးပါသည်။ နှစ်စဉ်နှစ်လည် အစည်းအဝေးကျကျနန လုပ်သည်။ ကျကျနနဆိုသည်မှာ အကျွေးအမွေး နဲ့ ဘာနဲ့ အခမ်းအနားနဲ့ လုပ်သည်ဟု ဆိုလိုသည်။ ထိုကုန်ကျစရိတ်များကို အသင်းပိုက်ဆံမှ ကျခံစေခြင်းမပြုဘဲ (ကျွန်တော်က စက်မှုလုပ်ငန်းရှင်းများ အပေါ် သြဇာရှိသူဖြစ်ရာ) လုပ်ငန်း ရှင် ဘယ်သူက ဘာကျွေးပေးပါ၊ ဘယ်သူက ကူညီပါ၊ ဘယ်သူက Sound-box တို့ ဘာတို့ ကူညီပါစသ ဖြင့် မေတ္တာရပ်ခံ၍ အသင်းငွေအပို မကုန် ကျအောင် စီစဉ်ပေးပြီး အမြတ် ဝေစုခွဲပေးခြင်းဖြစ်ပါသည်။

သို့ရာတွင် ကျွန်တော့်မှာ မ ကောင်းသောဝါသနာကလေးကရှိ သည်။ ယင်းဝါသနာကား အခြားမ ဟုတ်၊ လောင်းကစား ဝါသနာ ပါခြင်း ဖြစ် ၏။ (ကျွန်တော် ငါးတန်းကျောင်း သားဘဝကတည်းက လူကြီးတွေမှ ကစားတတ်သော လေးကောင်ဂျင်နှင့် အနီထောင် ကစားနည်းများကိုကစား တတ်ခဲ့ပါသည်။)

တစ်ဖန် 'သို့ရာတွင်' ရသော် ကျွန်တော့်မှာကောင်းသော အကျင့် ကလေးလည်း ရှိပြန်၏။ ယင်းအကျင့် ကား အခြားမဟုတ်၊ မှန်သည့်အတိုင်း ပြောတတ်ခြင်းဖြစ်၏။

ကျွန်တော်တို့ ရုံးမှာ အလုပ် သမား အစည်းအရုံး အခြေခံတစ်ခု အဖြစ် ဖွဲ့မည်ဆိုသောအခါ ထိုအရင် ၁၉၇ဝ လောက်ကတည်းက ကျွန် တော်က မဆလ၏ ဆိုရှယ်လစ်လမ်း စဉ်ကို မယုံတော့၍ မဆလအဖွဲ့အ စည်းများတွင် ဘာအဖွဲ့အစည်းတွင်မှ မလုပ်လို၍ အစည်း အရုံး အမှု ဆောင်အဖွဲ့ ရွေးမည်နေ့တွင် ကျွန် တော့်ကို အရွေးမခံရအောင် အိမ်မှာ ခွင့်ယူစာဖတ်နေပြီး ရုံးသို့ မသွားပါ။

သို့ရာတွင် ဘုန်းနှင့်ကံနှင့် လူဆို တော့ ကျွန်တော်သည် ကိုယ်မတက် သည့် ရွေးချယ်ပွဲမှ ရွေးကောက်တင် မြှောက်လိုက်၍ အလုပ်သမား အ စည်းအရုံး အတွင်းရေးမှူးဖြစ်ခဲ့လေ ၏။ ဥက္ကဋ္ဌကိုကား ဥပဒေအရ ရွေး ရန်မလို၊ ဌာနအကြီးအကဲက ဥက္ကဋ္ဌ လုပ်ရ သည်။ နောက်နေ့ရုံးသွားသော အခါ ဌာနအကြီးအကဲ ဗိုလ်မှူးကြီး လှမောင်က ကျွန်တော့်ကို ခေါ်ပြော ၏။ ''ကိုတင်ဦး၊ သူတို့ ကျွန်တော့်ကို ပြတဲ့ စာရင်းထဲမှာ အတွင်းရေးမှူး လုပ်ရမယ့် ကောင်လေးက မဖြစ် လောက်ဘူးထင်လို့ ကျုပ်ပြင်ပြီး ခင် ဗျားကို ထည့်လိုက် တယ်''ဟု ပြောပါ သည်။

ဤဗိုလ်မှူးကြီးမှာ ဂျပန်ခေတ် မင်္ဂလာဒုံ စစ်တက္ကသိုလ် စတုတ္ထပတ် (နောင်တွင် သမ္မတဖြစ်လာသူ ဒေါက် တာမောင်မောင်နှင့် အတူတူ) ဆင်း ဖြစ်သည်။ ထိုအချိန်က နမခတိုင်းမှူး လုပ်နေသူ ဗိုလ်မှူးကြီးအေးကိုမှာ သူ တပ်ရင်းမှူးဘဝတုန်းက သူ၏ တပ် ရေး ဗိုလ်ကြီး သာဖြစ်ရာ တိုင်းမှူးက လည်း သူ့ကို ကြောက်ရသူဖြစ်၍ မြို့ နယ်ပါတီ ယူနစ်က ဖွဲ့ပေးသော ကော် မရှင်က ယူလာသည့် အမှုတော်စာရင်းကို သူက ပြင်ရဲသည်ပေါ့ခင်ဗျာ။ ထို့ကြောင့် ကျွန်တော်သည် ကျွန် တော်မတက်သည့် ရွေးချယ်ပွဲမှ တင် မြှောက် သဖြင့် အလုပ်သမား အစည်း အရုံးအတွင်းရေးမှူးဖြစ်သွားခဲ့ခြင်း ဖြစ်လေသည်။

အခြေခံ အလုပ်သမား အစည်း အရုံးက သက်သာချောင်ချိရေး အ သင်းထောင်သည့်အခါလည်း ကျွန် တော်ကပင် အတွင်းရေးမှူးဖြစ် ၏။ ငွေစုငွေချေးအသင်းထောင်မည်ဆို သောအခါ ကျွန်တော်က အတွင်းရေး မှူးတာဝန်မယူနိုင်ကြောင်း ငြင်း သည်။ ကျွန်တော့် အထက်က အရာ ရှိက အတွင်းရေးမှူးလုပ်ရန် အကြိမ် ကြိမ်တိုက်တွန်းပြောဆိုလည်း လက် မခံပါ။  သူတစ်ယောက်တည်းပြော ၍ မရသောအခါ အခြားလူကြီးများ ကပါ ဝိုင်း၍ ပြောကြပါ၏။ ကျွန် တော်က လက်မခံနိုင်ကြောင်း ငြင်း သည့်အပြင် ''ကျွန်တော် မလုပ်နိုင် ဘူးလို့ ငြင်းရတဲ့ အကြောင်းက သမ ဝါယမငွေစုငွေချေးအသင်းဖြစ်လာရင်

ကျွန်တော်က ငွေကိုင်ရမယ်။ ငွေကိုင် ရရင် ကိုယ့်လက်ထဲရောက်လာတဲ့ ငွေ ကို ကျွန်တော်ကစားမိမယ်။ ကစားလို့ ရှုံးသွားရင် အစိုးရ ပိုက်ဆံဆိုရင် ကျွန် တော်မကြောက်သေးဘူး၊ ထောင်ကျခံ ရဲရင်ဖြစ်တယ်။ သမဝါယမ ပိုက်ဆံ က ထောင်လည်းကျသေး၊ ပြန် လည်း လျော်ရသေးတယ်။ သမဝါယမ ဥပဒေကို ကျွန်တော်က လေ့လာပြီး သား။ ကျွန်တော်ကစားပစ်လို့ ထောင် ကျမယ်ဆိုရင် ခင်ဗျားတို့က ဝင်ခံမှာ မဟုတ်ဘူး''ဟု ပြောပါသည်။  ကျွန် တော်က ဘယ်သူဥက္ကဋ္ဌ၊ ဘယ်သူအ တွင်းရေးမှူး၊ ဘယ်သူတွေက အမှု ဆောင်စသဖြင့် လျာထား၍ ပါတီယူ နစ်သို့ စာရင်းပေးလိုက်ရာ ပါတီယူ နစ်ကလည်း ထိုအတိုင်းပင် အတည် ပြု၍ ထုံးစံအတိုင်း ထိုစာရင်းအရ ရွေးချယ်ပွဲလုပ်ကြသည်။ ရွေးချယ်ပွဲ မလုပ်ခင် ရွေးချယ်ပွဲ ကော်မရှင်က ဌာနအကြီးအကဲထံပြရာ အတွင်းရေး မှူး တာဝန် ကို ကျွန်တော့်ကိုပဲထားပါ ဟု ဆိုသည်နှင့် ကျွန်တော်ခွင့်ယူထား ပြန်လျက် ထိုတာဝန်ကို ရပြန်လေ သည်။

 နောက်နေ့တွင် လူကြီးက ခေါ် ပြော၏။

''ကိုတင်ဦး ခင်ဗျားက မလုပ် ချင်ဘူးဆို၊ ဘာကြောင့် မလုပ်ချင်ရ တာလဲ''

''ဗိုလ်မှူးကြီး၊ ကိုယ့်အကြောင်း ကိုယ်သိပါတယ်။ ဒါကြောင့် ငွေကိုင် ရမယ့် အလုပ်ကို ကျွန်တော် မလုပ် နိုင်ပါဘူး''

 ''လုပ်လိုက်ပါဗျာ''

''မလုပ်ချင်ဘူး ဗိုလ်မှူးကြီး''

 ''လုပ်လိုက်ပါ''

''ကောင်းပြီလေ၊ ဗိုလ်မှူးကြီး အမိန့်ပေးရင်လည်း လုပ်ရမှာပေါ့။ ဒါပေမယ့် ကျွန်တော် မလုပ်ချင်ဘူး နော်''

''လုပ်ပါဗျာ''

သို့နှင့် ကျွန်တော် သမဝါယမ အတွင်းရေးမှူး ဖြစ်လာခဲ့သည်။

''သမဝါယမငွေထဲက အခုလမှာ ငါ ဘယ်လောက်ကစားရင်တော့ ဖြစ် တယ်''ဟု ကိုယ့်ဘာသာတွက်ပြီး ကစားလာခဲ့ရာ ငွေစာရင်းမှာ လည်း အတိမ်းအစောင်းဘာမျှမရှိ။ လုပ်ငန်း လည်း ချောမောစွာ ပုံမှန်လည်ပတ် နိုင်၊ အမြတ်ဝေစုလည်း ခွဲပေးနိုင် သည်မို့ မန္တလေးမြို့နယ်အတွင်းရှိ အသင်း ၇ဝ လောက်တွင် ကျွန်တော့် အသင်းက ပထမစွဲ၍ ဂုဏ်ထူး လက်မှတ်တောင်ရသေး၏။ ဌာနအ ကြီးအကဲလည်း ထိုဂုဏ်ထူးဆောင် လက်မှတ်ကို သူ့ခေါင်းပေါ်က နံရံ တွင်  ချိတ်ထားကာ စိတ်ထဲမှာတော့ ''ကိုတင်ဦး သိပ်တော်တာ ပဲ''ဟု ဖြစ် နေလေသည်။

သို့ရာတွင် ကိုတင်ဦးတော်ရာမှ 'ရှော်'သွားချိန်၌ ထိုဗိုလ်မှူးကြီး ရန်ကုန်သို့ ပြောင်းသွားလေပြီ။

'ခြေချော်လက်ချော်'ဟူသော စကားရှိ၏။ တစ်လတွင် 'လက်ချော်' သွားရာ ကျွန်တော်အသင်းရှိငွေ အားလုံး ငါးပြားမျှမကျန်အောင် ရှုံး သွားလေသည်။

ထို့ကြောင့် ကျွန်တော်သည် နောက်နံနက်စောစော အိမ်မှရုံးသို့ သွားကာ လက်ကျန်စာရင်းဆွဲ၍ ငွေ သားလက်ကျန်ဘယ်မျှရှိကြောင်း စာ ရင်းပေါ်အောင်လုပ်၊ ထိုငွေအားလုံး ကျွန်တော်ကိုယ်ကျိုးသုံးပစ်ကြောင်း အစည်းအဝေးမှတ်တမ်းရေး၊ ၁၉၇ဝ ပြည့်နှစ် သမဝါယမ ဥပဒေပုဒ်မ ဘယ်လောက်၊ ဇယားဘယ်လောက် အရ ရဲက အရေးယူပေးရန် အစည်း အဝေးဆုံးဖြတ်ချက်ချ၊ ထိုဆုံးဖြတ် ချက်အရ ဥက္ကဋ္ဌက ရဲစခန်းသို့ တိုင် တန်းသည့်စာရေးစသည်ဖြင့် လုပ် စရာကိစ္စများကို အသင့်ဖြစ်အောင် စီစဉ်ထားခဲ့ပြီး ဥက္ကဋ္ဌလုပ်သူရုံးလာ သည့်အခါ တစ်နေရာသို့ခေါ်သွားပြီး ''ကဲ-ကျုပ်တော့ ကစားတာ လက် လွန်သွားပြီ၊ ရဲစခန်းကိုသာ သွား လိုက်ကြတော့ဗျာ။ စာရင်း အင်းတွေ၊ ဆုံးဖြတ်ချက်တွေ၊ အမှုဖွင့်တိုင်ကြားမယ့် စာတွေအားလုံး ရေးချွတ်ပြီး၊ ကျုပ်ဘီရိုထဲမှာ အသင့်လုပ်ထားခဲ့ပြီ ကျုပ်အိမ်ပြန်ပြီး ရဲလာအဖမ်းကို စောင့်နေမယ်''ဆိုပြီး အိမ်ပြန်၍ ပက်လက် ကုလားထိုင်ပေါ်တွင် စာဖတ် ရင်း ရဲအလာ ကိုစောင့်နေခဲ့လေ သည်။

သို့ရာတွင် ရဲကားမလာ၊ ရုံးမှ လူကြီးတွေ ငွေထုပ်နှင့် ပေါက်ချလာ ၏။ (ငွေထုပ်မှာ တစ်မြို့လုံးကား တစ်စီးနှင့် လှည့်၍ လုပ်ငန်းရှင်များ ထံမှ လက်ဖြန့်ခံတောင်းလာသော ငွေ ထုပ်ဖြစ်ပါသည်။)

''ကိုတင်ဦးက မိုက်ရဲလို့ ထောင် ကျခံနိုင်သော်လည်း ကျုပ်တို့ပါရော မိုက်ရင် ခင်ဗျားမိန်းမနဲ့ ကလေးတွေ ဒုက္ခရောက်ကုန်တော့ မပေါ့''ဟု တစ် ချိန်က မန္တလေးမြို့တော်ဝန် လုပ်လာ ဖူးသူ ဦးစိန်ဥာဏ်က ပြော၏။

ကျွန်တော် စဉ်းစားပုံမှာ ရိုးရိုး ရှင်းရှင်းပင်ဖြစ်သည်။ ရွှေဈေးတစ် ကျပ်သား ၁၂ဝဝ လောက်သာရှိသေး ချိန်၌ သောင်းနှင့် ချီသောငွေကို ကျွန် တော်လည်း ရက်ပိုင်းအတွင်း မရှာ နိုင်။ ဘာဖြစ်လို့၊ ညာဖြစ်လို့ဆိုပြီး လိမ်လည်လှည့်ဖျားကာ ပြဿနာကို ဖုံးကွယ်ရန် ကြိုးစားလျှင်လည်း အမှန် တရားကို ဖုံးထား၍ မရနိုင်။ ထို့ ကြောင့် ကိုယ်ပြုသော အမှု၏ အကျိုး ဆက်ကို ကိုယ်ပဲ တာဝန်ယူဖို့ရှိသည် ဟူ၍ ကိုယ့်တရားကိုယ်စီရင်ကာ ရဲ လာအဖမ်းကို စောင့်နေခဲ့ခြင်းဖြစ်လေ သည်။

သို့ရာတွင် ဖော်ပြပါအတိုင်း ရဲ မလာဘဲ ငွေထုပ်နှင့် လိုက်လာကြ၍ ကျွန်တော် အလုပ်လည်း မပြုတ်၊ ထောင်လည်းမကျ၊ နောက်နှစ် တွင် ကျွန်တော်တို့ အဆင့်မှ ရာထူးတစ် ဆင့်တိုးပေးရန် ကိစ္စပေါ်လာသည့်အခါ  အထက်မြန်မာပြည်မှ ကျွန်တော် နှင့် ကျွန်တော် ထက် လုပ်သက်များစွာ ပိုရှိသူ စစ်ကိုင်းမှဝန်ထမ်းတစ်ဦးတို့ သာ ရာထူးတိုးခဲ့လေသည်။

တကယ်တော့ ကျွန်တော်က အစကတည်းက အမှန်အတိုင်းပြော ကာ ဤအလုပ်ကို ငြင်းခဲ့ပါလျက် လုပ်လာရင်း လက်ချော်သွားသဖြင့် သာ ထိုအခြေအနေသို့ ရောက်သွား ခြင်းဖြစ်ရာ ထိုသို့ဖြစ်သွားသည့်အခါ ရုံးက လူကြီးများလည်း ကျွန်တော့် အား လက်ပိုက်ကြည့်နေ ဖို့ ခက်သွား ကြဟန်တူပေသည်။

ကျွန်တော်က လိမ်လည်ဖုံးကွယ် ခြင်းမပြုဘဲ အမှန်အတိုင်းပြောတတ် ခြင်း၊ ပြဿနာမှ ထွက်မပြေးခြင်းတို့ ကြောင့် ထိုအခက်အခဲ ပြဿနာ မှ ကျော် လွှားနိုင်ခဲ့သည်ဟု ထင်မြင်မိပါ သတည်း။

ဦးတင်ဦး (ကျူရှင်)
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: zaygwet1997@gmail.com Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.