6 - 4 - 2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
အင်းလေးကန်အတွင်း ရေပေါ်ဈေးသစ် တစ်ဈေး မေလတွင် စတင် အကောင်အထည်ဖော်ရန် စီစဉ်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1008
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
စာပေနှင့် အနုပညာ
ငါဘယ်လိုအိုမလဲ

''ဟဲ့ ရထားထိန်း၊ အဲဒါဘာကြီး လဲ''

''လူအိုပါဘုရား''

''လူဟာ အဲသလို အိုသလား''

''အိုပါတယ် ဘုရား''

''ဒါဖြင့်   ငါရော အိုမှာလား''        

''အိုမှာပါ ဘုရား''    

ပါရမီရင့်သော ဘုရားလောင်း သိဒ္ဓတ္ထမင်းသားသည် သူအို၊ သူနာ၊ သူသေနိမိတ်ထင်မြင်လာသည်နှင့် နန်းတော်ကို စွန့်ကာ တောထွက်ခဲ့ သည်။ အိုတာ၊ နာတာ၊ သေတာရှိ လျှင် မအိုရာ၊ မနာရာ၊ မသေရာ ရှိ ရမည်ဟု ခံယူကာ ယင်းတရား ရှာရန်  တောထွက်ခဲ့သည်။

ကျွန်တော်သည် သာမန်ပုထုဇဉ် သာဖြစ်သည်။ နေ့စဉ် လူအိုများနှင့် ဆုံတွေ့နေရသော်လည်း မအိုရာရှာ ရန် မထက်သန်ခဲ့ပါ။ သူတို့ အိုပုံအို နည်းကို ကြည့်၍ ငါဘယ်လိုမလဲဟု သာ စဉ်းစားမိပါသည်။

ပထမ လူအို

အသက်အားဖြင့် ၇ဝ ဝန်းကျင်ရှိ သည်။ ငွေကြေး အလွန်ပြည့်စုံသည်။ ကြော့ကြော့လေးဝတ်သည်။ ကြော့ ကြော့လေး သွားလာနေ သည်။ သူ အမြဲဝတ်လေ့ရှိသည်မှာ အင်ဒိုနီးရှား ပါတိတ်၊ ဟာဝေယန်ရှပ်ရောင်စုံထည် လဲ ဝတ်သည်။ ဆွေမျိုးအသိုင်း၊ မိတ် ဆွေ အသိုင်းအဝိုင်းကောင်းသည်။ ကိုယ်ပိုင်အားဖြင့် အပြင်ထွက်တိုင်း မျက်မှန်အနက် အကောင်းစားကိုတပ် သည်။ ဒရိုင်ဘာမောင်း သည့် အခါ မောင်းသည်။ သူကိုယ်တိုင်မောင်း သည့်အခါ မောင်းသည်။ ဇနီးသား သမီးတို့ကလည်း ခေတ်မီသည်။ ကိုယ့်ကားကို ကိုယ်တိုင်မောင်း၍ ကိုယ့်အလုပ်ကိုသွားကြသည်။ မိသား စု ကုမ္ပဏီရှိသည်။

အသက် ၇ဝ ဝန်းကျင်ရှိပြီဖြစ် သော်လည်း စိတ်ပျိုနေဟန်ရှိသည်။ မကြာမကြာ အနှိပ်ခန်းသို့သွားသည်။ သက်ကြီးရွယ်အိုများ စိတ်ကြိုက် ဟို တယ်တစ်ခုရှိသည်။ လေ့ကျင့်ထား သွေှာနနညေါန မိန်းကလေးဖြင့် ပြုစု သည်။ ရောက်လာသော အဘိုးကြီး များကို ကြင်နာမှုအပြည့်ဖြင့် ပြုစုသည်။

ပွတ်သီးပွတ်သပ် ဖောဋ္ဌဗ္ဗာအ တွေ့ဖြင့် စိတ်ကိုကြည်နူးစေသည်။ အကြောအချဉ်ပြေအောင်လည်း ကောင်း စွာ နှိပ်နယ်ပေးတတ် သည်။ ငွေကိုတော့ ရေလိုသုံးရသည်။

ညဥ့်နက်မှ အိမ်သို့ပြန်လေ့ရှိ သည်။ အိမ်တွင်ရှိသည့် အချိန်နည်း သည်။ ရှိသည့်အခါလည်း ခပ်တည် တည်နေသည်။ စကား နည်းသည်။ ဟိုတယ်ရောက်လျှင် လန်းလန်းဆန်း ဆန်း တက်တက်ြ<ွကြ<ွကနှင့် စိတ်ရော ကိုယ်ပါ ပျိုနုနေသည်။ သူသည် ဤ သို့နေရသည်ကို ကျေနပ်သည်။ သူ့ ကိုယ်သူ လူဖြစ်ကျိုးနပ်သည်ဟု ခံယူ သည်။ သူ၏ ခန္ဓာကိုယ်သည် အိုခြင်း ဆီသို့ တရွေ့ရွေ့ သွားနေသော်လည်း သူ့စိတ်မှာ ပျိုနေသည်။ နုနေသည်။ ခန္ဓာကိုယ်၏ အိုခြင်းကို သူလုံးဝမစဉ်း စား။ မျက်နှာတွင် အရေး အကြောင်း ပေါ်လာသည်ကိုပင် မျက်နှာပေါင်း တင်၍ ဖျောက်ပစ်သည်။ သူ့အသက် ကို မေးလျှင် မကြိုက်။ အသုဘလိုက် ပို့လေမရှိ။ လူအိုလူနာများကို မမြင်မိ အောင် ရှောင်သည်။

ဒုတိယလူအို

အသက် ၇၈ နှစ်ရှိ ပြီဖြစ်သည်။ သဒ္ဓါအားကောင်းသည်။ သူနေသော အရပ်တွင် ဆွမ်းရုံတည်ကာ တစ် ပတ်တစ်ခါ၊ အရုဏ် ဆွမ်းလောင်းသည်။ သံဃာအပါး ၁ဝဝ နီးပါးကို လောင်းလှူသည်။ ကျန်းမာရေး စောင့်ရှောက်မှု အတွက် ဆေးခန်း ဖွင့် ပေး ထားသည်။ ဆရာဝန် သုံး ယောက်နှင့် ပိတ်ရက်မရှိ ဖွင့်ပေးထား သည်။ ဈေးသူဈေးသားများနှင့် ဈေး သွားဈေးလာများ သောက် သုံးနိုင်ရန် ရေသန့်ဘူးကြီးများဖြင့် ရေအိုးစင် (ရှယ်) ဆောက်ကာ သောက်ရေမှန် မှန်ပေးလှူနေသည်။ သောက်ရေအိုး စင်ဘေးတွင် စာဖတ်ခန်းလေးပါ ဆောက်၍ ဂျာနယ်များထားပေး သည်။ နေ့စဉ် ပုတီးစိပ် အဓိဋ္ဌာန် လုပ်သည်။ ဇနီးဆုံးသွားပြီးနောက် သားငယ် မိသားစုနှင့်အတူနေသည်။ သူ့ဝင်ငွေ အတော်များများကို ရပ် ကျိုးရွာကျိုး၊ မိတ်ဆွေများ၏ အကျိုး အတွက် သဒ္ဓါထက်သန်စွာ သုံးစွဲ လျက်ရှိသည်။ သဒ္ဓါအား၊ သီလအား၊ သမာဓိအားကောင်းကောင်းဖြင့် သူ သည် တစ်ရွေ့ရွေ့သော အိုခြင်းဆီကို သွားနေသည်။

တတိယလူအို

သူသည် အသက်အားဖြင့် ၉ဝ ဝန်းကျင်ရှိနေပြီ ဖြစ်သည်။ သို့သော် သွားသွားလာလာဖြင့် ကျန်းမာလျက် ရှိသည်။ နံနက်အိပ်ရာထ တိုင်း လေ့ ကျင့်ခန်း မှန်မှန်လုပ်သည်။ ရေမိုးချိုး၊ နံနက်စာစားပြီးသည်နှင့် အိမ်က ထွက်တော့သည်။ လူအိုများဆုံစည်း ရာ စကားဝိုင်းတွင် စကားလက်ဆုံကျ သည်။ ထို့နောက် ရန်ကင်းဈေးအ ပေါ်ထပ်ရှိသံဖြူဆရာဆိုင်သို့ သွား ရောက်လေပစ်သည်။ ရယ်စရာမော စရာ အမြဲပြောသည်။ သူကိုယ်တိုင် တဟားဟားရယ်လေ့ရှိသည်။ တစ်ခါ တစ်ရံ စွန့်စွန့်စားစားမြို့ထဲသို့ပင် ဘတ်စ်ကားစီး၍သွားသည်။ မြို့လယ် တွင် ဟိုလျောက် ဒီလျှောက် လျှောက် သည်။ တချို့နေ့များတွင် ညဈေး တန်းသို့ပင်သွား၍ ဆန်ပြုတ်သောက် သည်။ ခမည်းခမက်နေသော ပုလဲ ကွန်ဒိုသို့လည်း မကြာမကြာသွား သည်။ အသွားအပြန်လမ်းလျှောက် သည်။ နေ့လယ်အိမ်တွင် ခေတ္တနား သည်။ စာဖတ်သည်။ တစ်ရေးတစ် မောအိပ်သည်။ ညနေဘက် ရန်ကင်း တစ်ပတ်လမ်းလျှောက်သည်။ လက် ဖက်ရည်ဆိုင်ထိုင်သည်။ သူသည် ဤ သို့လျှင် ကျန်းကျန်းမာမာ ပေါ့ပေါ့ ပါးပါး လွတ်လွတ် လပ်လပ်ဖြင့် အို ခြင်းဆီကိုသွားနေသည်။

စတုတ္ထလူအို

တရားစခန်း မကြာမကြာဝင် သည်။ တရားစခန်း မဝင်သည့်အခါ တွင်လည်း နေ့ယောဂီအဖြစ်နှင့် ဇနိ တာရာမကျောင်း သို့ နေ့စဉ်သွား သည်။ မနက်၊ ညလမ်းမှန်မှန်လျှောက် သည်။ အိမ်ထမင်း အိမ်ဟင်းမှတစ်ပါး အပြင်ဆိုင်များတွင် စားလေ့မရှိ။ အ လှူအတန်း၊ သာရေးနာရေး၊ လူမှုရေး အားလုံးသို့ သွားလာခြင်း ရပ်ပစ်လိုက် သည်။ အသက် ၉ဝ တွင်းမို့ ကျန်းမာ ရေး အတော်ဂရုစိုက်သည်။ တရား အားထုတ်ခြင်းဖြင့်သာ အိုခြင်းဆီသို့ သူသွားနေသည်။

ကျွန်တော်သည် မိတ်ဆွေလူအို များကို ကြည့်၍ 'ငါဘယ်လို အိုမလဲ' ဟူ၍ စဉ်းစားသည်။ ဘဝကို ပျော် ပျော်နေခြင်းဖြင့် အိုခြင်းဆီကို သွားမ လား၊ လူဖြစ်ခိုက် လူ့စည်းစိမ်ခံစား ခြင်းဖြင့် အိုခြင်းဆီကို သွားမလား၊ သဒ္ဓါသီလအခြေပြု၍ အိုခြင်းဆီကို သွားမလား၊ သံသရာဝဋ်ဆင်းရဲမှ အပြီးလွတ်မြောက်ရန် ဘာဝနာ တရားအားထားကာ သွားမလား။ အို ခြင်း၊ နာခြင်း၊ သေခြင်းကို ဘယ်လို ရင်ဆိုင်မလဲ၊ ဥစ္စာစည်းစိမ်ဖြင့် ရင် ဆိုင်မလား၊ ကျန်းမာအောင် လေ့ ကျင့်ခြင်းဖြင့် ရင်ဆိုင်မလား၊ သဒ္ဓါ အားကိုးဖြင့် ရင်ဆိုင်မလား၊ သီလ အားကိုးဖြင့် ရင်ဆိုင်မလား၊ သံသရာ လွတ်ရာနည်းလမ်းဖြင့် ရင်ဆိုင်မ လား၊ ငါ၏ အိုခြင်းအတွက် ဘယ်နမူ နာကို ယူသင့်သလဲ၊ ဘယ်နမူနာ သည် အကောင်းဆုံးဖြစ်မလဲ။

ငါ ဘယ်လိုအိုမလဲ။

စိုးဝင်း (ချောက်)
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: zaygwet1997@gmail.com Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.