24-8-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
ရင်းနှီးမြှုပ်နှံမှု တိုးတက်နေတဲ့ ဂျာမန် အိမ်ရာဈေးကွက်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1025
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
စာပေနှင့် အနုပညာ
လက်ရှိနဲ့ လက်မဲ့

တချို့က လက်ရှိကနေ လက် မဲ့ဖြစ်သွားကြ၊ တချို့ကျတော့လည်း မရှိရာကနေ ပြည့်စုံတဲ့ ဘဝကို ရောက်သွားတတ်ကြတယ်။ သစ် ငုတ်မြင့်တုံ မြက်မြင့်တုံဆိုသလို မြက် က သစ်ငုတ် ထက်မြင့်အခါ မြင့်သွားတတ်ပြီး သစ်ငုတ်ကလည်း တချို့ အချိန်အခါမျိုးတွေ မှာ မြက်ထက် ပို မြင့်မားတဲ့ဘဝကို ရောက်သွားတတ် ရဲ့။ ဒါဟာ လောကဓံတရားလေ။ လူတိုင်းကြုံကြတာ ကြံရမှာမဟုတ်လား။ မမြဲတဲ့ တရားသဘော အယူအဆနဲ့ ကြည့်မယ်ဆိုရင် ရှင်းရှင်းလေးပါ။

ဒါပေမယ့် တချို့ကတော့ ငယ် ငယ်တုန်းက ရွှေထီးဆောင်းခဲ့တာ တွေကို ပြန်လည်တမ်းတပြီး မာန်မ ချချင်တာတွေရှိပါတယ်။ လက်ရှိ အ နေအထားကို သတိမေ့နေတတ် တယ်။ ဒီလိုလက်ရှိအနေအထားကို မှန်မှန်ကန်ကန်မကြည့် မမြင်နိုင်ပဲ ကိုယ့်ရဲ့ ဆန္ဒကိုသာ ဦးထိပ်ထားပြီး တစ်ဖက်ရဲ့ ချို့ယွင်းချက်ကို လက် ညှိုးထိုးနေရင် အမှန်ကို ဆုတ်ကိုင်မိဖို့ ခက်ခဲပေလိမ့်မယ်။ လူတိုင်း လူတိုင်း ''အတောင် ဖြန့်တိုင်းလှပြီး တေးဆို တိုင်းသာယာတတ်တဲ့'' ဘဝနဲ့ အချိန် အခါ ဆိုတာ အကန့်အသတ်မဲ့ ရနိုင် တာမျိုးမှ မဟုတ်တာ။

အရင်တုန်းကဆိုရင် ဒီပုဂ္ဂိုလ် တွေ ငါ့ကို ဖူးဖူးမှုတ်ထားတာ၊ အခု ကျတော့ ဒီလို့ မဟုတ်တော့ဘူး။ နောက်မှပေါ်တဲ့ ရွှေကြာပင်ကို အ ထင်ကြီးနေတယ်။ ငါတို့ ငုတ်တုတ် ကြီးတွေ ရှိနေပါလျက်နဲ့ ဟိုကောင်ကို မျှော်နေကြသေးတယ်။ အမယ်တို့ကို ဖုတ်လေတဲ့ငါးပိ ရှိလေတယ် တောင်မှ မမှတ်တော့ဘူး ထင်ပါရဲ့။ အရာရာ ခွဲခြားခွဲခြားပါလားလို့ အပြစ်တင်ပြီး အပြစ်မြင်ကြတဲ့ သူတွေလည်း ရှိကြ သေးရဲ့။

ဒါဟာ လက်ရှိနဲ့ လက်မဲ့ ပြဿနာရဲ့ အရင်းခံပဲဖြစ်ပါတယ်။ ဒါဟာ သဘာဝလည်းကျပါတယ်။ ဘာကြောင့်လဲဆိုတော့လက်ရှိဆိုတာ ကိုယ်ကျိုးစီးပွားအသီးသီးနဲ့ တိုက် ရိုက်ပတ်သက်ယှက်နွယ်နေလို့ ဖြစ် ပါတယ်။

ကိုယ်ကျိုးစီးပွားဆိုတဲ့ ဝေါဟာရကလည်း အဓိပ္ပာယ်နက်ရှိုင်းလွန်း တာကြောင့် အကျယ်ချဲ့ရင် ချဲ့သလို ရနိုင်တာကို အားလုံး နားလည် ကြမှာ ပါ။

တချို့က သူတို့ရဲ့ အတွေ့အကြုံ အရည်အချင်း၊ ဝါစဉ်နိမ့်မြင့်အရ ဖြစ် နေတဲ့ လက်ရှိအနေအထားကို မကျေ နပ်ပဲဖြစ်နေကြပါတယ်။ ပခုံးချင်း ယှဉ်ရင်ကိုယ်က ခေါင်း တစ်လုံးမြင့် နေမှ ကျေနပ်ကြတဲ့သူတွေ၊ ဆရာ ကြီးလို့ ကိုယ့်ကိုယ်ကိုယ် ထင်နေကြ သူတွေဟာ အခြေအနေအရ လက်မဲ့ ဘဝကိုလည်း ရောက်သွားရော လက်ရှိ သမားကို အပြစ်ရှာ လက်ညှိုး ငေါက်ငေါက်ထိုးရင်း မကျေမနပ် ဖြစ် တတ်ကြတယ်။ အဲဒီမှာ သူတို့ သတိမထားမိတာက လက်ရှိဆိုတဲ့ သူတွေဟာ (လက်မဲ့တွေ လက်ခံသည်ဖြစ်စေ၊ လက်မခံ သည်ဖြစ်စေ) တစ်စုံတစ်ရာ အရည်အချင်းရှိနေလို့ ဆိုတာကို သူတို့သတိမထားမိကြတာ ပဲ ဖြစ်ပါတယ်။

ဒီလိုအခြေအနေကို တချို့ လက်မဲ့တွေက တွေးကောင်းတွေး မယ်။ သိကောင်းသိမယ်။ ဒါပေမယ့် 'ကျား ကျားမီးယပ်'လို့ မျက်စိမှိတ် ကုန်းအော်တတ်တဲ့ ပုဂ္ဂိုလ်မျိုးတွေက များတယ်မဟုတ်လား။ လက်မဲ့ဆိုရာ မှာလည်း နှစ်မျိုးရှိကြပြန်တယ်။ သက် ဆိုင်ရာ လောက ကနေ အပြင်ရောက် သွားတဲ့ လက်မဲ့မျိုးနဲ့ သက်ဆိုင်ရာ လောကထဲမှာတော့ ရှိနေပါရဲ့။ ဒါပေ မယ့် ဘာလုပ်ပိုင်ခွင့်မှမရှိ၊ ဘာသြဇာ မှလည်း မသက်ရောက်၊ ဘယ်သူမှ လည်း မလေးစားတဲ့ လက်မဲ့မျိုးတွေ ဖြစ်ပါတယ်။ သူတို့ဟာ လက်မဲ့ ဘဝ ရောက်နေတာကို ကိုယ်တိုင်သိပါ လျက် ''ဆင်ကျုံတော့ ကျွဲပေါ့ကွာ၊ တို့က ကျွဲလောက်တော့ တတ်နိုင်ပါ သေးတယ်''လို့ ပြောနေတဲ့ သူတွေ လည်း ရှိကြပါတယ်။                 

သူတို့ဟာ ကိုယ့်မှာ ဘယ်လို အရည်အချင်းတွေရှိတယ်။ ဘယ်လို စွမ်းအင်သတ္တိတွေရှိတယ်။ ဘာတွေ လုပ်နိုင်တယ်။ ညာတွေ လုပ်နိုင်တယ် လို့ ထင်မှတ်ပြီး အယူမှားနေတဲ့ သူ တွေပါ၊ အပြောမှားနေတဲ့ သူတွေပါ။ ပကတိကို မျက်ကွယ်ပြုပြီး အတိတ် ကို လွမ်းမောနေတတ်သူတွေပါ။

သူတို့ဟာ Beware of no man more than thyself ဆိုတဲ့ စကားလို 'ကိုယ့်ကိုယ်ကိုယ်ထက်ပိုပြီး သတိပြု ရမယ့်သူ မရှိတော့ ပါဘူး။ မဟုတ် လား' ကိုယ့်ကိုယ်ကိုယ်  ဘယ်လို အ ခြေအနေရောက်နေတယ်ဆိုတာနဲ့ ကိုယ်ဖြတ်သန်းနေရတဲ့ ကာလဒေသ ပယောဂဟာ ဘာတွေဆိုတာ သူတို့ နားမလည်နိုင်ကြတော့ အတွေးမှားအမြင်မှားရာက အတ္တကငယ်ထိပ် အထိ တက်သွားရတာ ကလား။

တစ်ခါတစ်ခါလည်း တချို့ တချို့ နိုင်ငံတွေက ဌာနလက်ကိုင် မရှိဝန်ကြီးတို့၊ အငယ်တန်းဝန်ကြီး တို့ဆိုတာတွေနဲ့ လက်မဲ့တွေကို ယှဉ်ထိုးစဉ်းစားကြည့်ဖူးတယ်။ တူ တော့ တူသလိုလိုပါပဲ။ ဝန်ကြီးဘဝ တော့ ရောက်နေပါရဲ့၊ ဝန်ကြီးလစာနဲ့ ခံစားခွင့်တွေ ရနေပါရဲ့။ ဌာနလက် ကိုင်မရှိ ဝန်ကြီးဆိုတော့ တခြား ဝန်ကြီးများကို သြဇာသက် ရောက်မှု မရှိနိုင်ပါဘူး။ အရည်အချင်းရှိသင့် သလောက်ရှိလို့ ဝန်ကြီးတော့ ဖြစ် လာပါရဲ့။ ဒါပေမယ့် ဌာနလက်ကိုင် မရှိ လုပ်ငန်းမရှိတော့ အခက်သား ကလား။ သူကလည်း ဒီကလက်မဲ့ တွေလိုမျိုးပဲလေ၊ ခပ်ဆင်ဆင်ရယ်။

အကောင်းဆုံးက လက်ငင်း ကာလရဲ့ အခြေအနေတွေကို နား လည်နိုင်ဖို့ပဲ ဖြစ်ပါလိမ့်မယ်။ ဘယ် ကာလ ဘယ်ပတ်ဝန်းကျင်မှာမဆို အသစ်ဆိုတာ ဟန့်တားမရတဲ့ အရာ ပါ။ အဟောင်းတွေ ပျောက်ရင် အ သစ်တွေ ရောက်ရောက်လာလိမ့်မယ်။ တစ်ခါတစ်ခါ အဟောင်းမကြွေခင် မှာပဲ အသစ်တွေ ဝေလာတတ်ပါ တယ်။ ကိုယ်ဟာ မကြွေသေးတဲ့ ရွက် ဟောင်းရွက်ရင့် ဖြစ်နေရင်လည်း စိမ်းစိုနုတ်ဖတ်နေတဲ့ ရွက်သစ်တွေကို ယှဉ်ပြိုင်ရမှာမှ မဟုတ်တာ။ သူတို့ ဟာ ကိုယ့်အလုပ်ကို ကိုယ့်တာဝန်ကို ဆက်လုပ်ကြမယ့် အသစ်တွေဖြစ်တဲ့ အကြောင်း နားလည်ဖို့လိုတယ်လေ။ နောက်ပြီး သူတို့ဟာ လက်ရှိတွေမ ဟုတ်လား။

ကိုယ်က အဟောင်း။ နွမ်းကြွေဖို့ပဲ လိုတော့တဲ့အချိန်။ မကြွေသေးလို့ သာ နေနေရတာ။ ဒါပေမယ့် အနေ အထားက လက်မဲ့ အနေအထားကို ရောက်နေရပြီ။ ဒါကို သဘောပေါက် စေချင်တယ်။ တကယ်ပဲ ရှင်သန် နေနိုင်တယ်ထားဦး၊ ဟိုအရင်ကလို မဟုတ်တော့ဘူးဆိုတာ ကိုယ့်ဟာ ကိုယ်မြင်သင့်တယ်။ ဒီတော့ အသစ် တွေဝေပါစေ။ လက်ရှိတွေနေပါစေ။ လက်မဲ့တွေအနေနဲ့ ကိုယ်လုပ်နိုင်တာ တွေလုပ်ခဲ့ကြပြီပဲ။ ကိုယ့်အလုပ်ကို သူတို့ ဆက်လုပ်ပါစေ။ မုဒိတာပွား လိုက်ပါ။

ထက်ကျော်
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.