14-12-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
မြန်မာ-အိန္ဒိယချစ်ကြည်ရေး လမ်းမကြီးဖြစ်သည့် ကလေးဝ-တမူးလမ်းပိုင်းရှိ တံတား ၆၉ စင်းကို အိန္ဒိယနိုင်ငံမှ အမေရိကန်ဒေါ်လာ သန်း ၆ဝ အကုန်အကျခံတည်ဆောက်ပေးမည်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1041
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
စာပေနှင့် အနုပညာ
ဒေသနှစ်ခုရဲ့ ပျမ်းမျှ အိုင်ကျူကို ဘယ်လို မြှင့်မလဲ

ဝစ်လ်ရိုဂျာစ်၏ သဘာဝဖြစ်စဉ်
(Will Rogers Phenomenon)

ခင်ဗျားဟာ ပုဂ္ဂလိကဘဏ် လေးတစ်ခုကို ကိုင်တွယ်နေရတဲ့ သူတစ်ယောက်ဆိုပါတော့။ ခင်ဗျား ရဲ့ဘဏ်က ပင်စင်စားကြီးတွေ အပ်နှံ ထားတဲ့ ငွေတွေနဲ့ အဓိက လည်ပတ် နေတယ်။ ခင်ဗျား အောက်မှာ မန်နေ ဂျာ A နဲ့ B နှစ် ယောက်ရှိမယ်။ မန် နေဂျာ ဗ ကိုင် တွယ်တဲ့ သူတွေက တစ်ဦးချင်းဝင် ငွေပိုကောင်းတဲ့ သူ တွေဖြစ်ပြီး မန်နေဂျာ B ဆီက လူတွေက သိပ်အချမ်းသာကြီးထဲက မဟုတ်ကြဘူး။ ဘဏ်ရဲ့ ဘုတ်အဖွဲ့က ခြောက်လအတွင်း မန်နေဂျာ A နဲ့ B နှစ်ယောက်လုံးဆီက ပျမ်းမျှဝင် ငွေထွက်ငွေပမာဏ တက်လာအောင် လုပ်ဖို့ ခင်ဗျားကိုခိုင်းတယ်။ အောင် မြင်ရင် ဘောနပ်စ်ကောင်းကောင်းရ မယ်။ မအောင်မြင်ရင် တခြားအလုပ် ရှာပေတော့တဲ့။ ခင်ဗျား ဘယ်ကစ လုပ်မလဲ။

တကယ်က လွယ်လွယ်လေးပါ။ မန်နေဂျာ A ဆီက သင့်တင့်တဲ့ ငွေအလုံးအရင်း တချို့ကိုယူပြီး မန်နေဂျာ B ထဲကို ပြောင်း ထည့် ပေးလိုက်ရုံပါပဲ။ အဲဒီလိုတစ်ချက် ကလေးလုပ်လိုက်ရုံနဲ့ မန်နေဂျာ A နဲ့ B ကိုင်တွယ်နေတဲ့ ပျမ်းမျှငွေ ပမာဏဟာ ကလိုင်းယင့် အသစ် တစ်ယောက် ထပ်ရှာစရာမလိုပဲ အတော်ပြောင်း လဲသွားစေနိုင်တယ် ဆိုတာတွေ့ရ ပါလိမ့်မယ်။ အဲဒါဆိုရင် မေးခွန်းမေး စရာတစ်ခုပဲ ကျန်ပါတော့တယ်။ ခင် ဗျားရမယ့် ဘောနပ်စ်ကို ဘယ်လို သုံးမလဲ။

ကဲ-ခင်ဗျားရဲ့အလုပ်ကို အများက ရင်းနှီးမြှုပ်နှံငွေတွေထည့် ပြီးတည်ထောင်ထားတဲ့ အများပိုင်ကုမ္ပဏီတချို့ရဲ့ တာဝန်ခံအမှု ဆောင် အရာရှိ တစ်ယောက်အနေနဲ့ ပြောင်းပြီးကြည့်ရအောင်။ ခင်ဗျား စီမံခန့်ခွဲမှုအောက်မှာရှိတဲ့ ကုမ္ပဏီ A ရဲ့ ငွေကြေးအခြေအနေက အ တော်ကောင်းတယ်။ ကုမ္ပဏီ B ရဲ့ အခြေအနေက အသင့်အတင့်ပဲ ကောင်းတယ်။ ကုမ္ပဏီ C ရဲ့ အ ခြေအနေက အတော် ဆိုးဝါးနေ တယ်ဆိုပါစို့။ ခင်ဗျားကလည်း ကမ္ဘာကို ခင်ဗျားအလွန်တော် ကြောင်းပြချင်နေတယ်။ အဲဒီတော့ ခင်ဗျားရဲ့ မဟာစီမံကိန်းက ဘာလဲ။ အခု ဘာလုပ်ရမယ်ဆိုတာကို ခင်ဗျားသိသွားပြီ မဟုတ်လား။ ကုမ္ပဏီ A ရဲ့ ရှယ်ယာတချို့ကို ကုမ္ပဏီ B နဲ့ C ထဲ ပြောင်း ထည့် ပေးလိုက်ရုံပဲပေါ့။ ကုမ္ပဏီ A ရဲ့ ရှယ်ယာတွေလည်းသိပ်ကျမသွားအောင်၊ ကုမ္ပဏီ B နဲ့ C ရဲ့ ရှယ်ယာတွေလည်း တက် လာအောင် တော့ တွက်ချက်ကြည့်ထားရမှာပေါ့။ အလဲအလှယ်လေးတွေက ကိုယ့် အောက်က ကုမ္ပဏီတွေထဲမှာ တင် ဖြစ် တာကြောင့် ကုန်ကျစရိတ်လည်း တစ်ပြားမှမကုန်၊ ကုမ္ပဏီ သုံးခုစလုံးသည် အခြေအနေကောင်းမသွားနိုင် ပေဘူးလား။ ဟုတ်တာပေါ့။ ငွေကြေး တစ်ပြားမှ မကုန်ဘဲ စာရင်းဇယား အရ ကုမ္ပဏီတွေရဲ့ ပျမ်းမျှဝင်ငွေပါ တက်လာမှာဆိုတော့ ရှယ်ယာဝင်တွေ ရဲ့ ကျောသပ်တာကို ခံလိုက်ရုံပေါ့ ဗျာ။

 ဒီသဘောတရားကို 'အခြေ အနေအရပ်ရပ်တို့ တစ်နေရာက တစ်နေရာသို့ ပြောင်းလဲသွားခြင်း (Stage Migration) ၊ သို့မဟုတ် 'ဝစ်လ်ရိုဂျာစ်၏ သဘာဝဖြစ်စဉ် (Will Rogers Phenomenon) 'လို့ ခေါ်ပါတယ်။

ဝစ်လ်ရိုဂျာစ်ဆိုတာက အမေ ရိကန်နိုင်ငံ၊ အိုကလာဟိုးမားပြည် နယ်က ပျော်တော်ဆက်လူရွှင်တော် တစ်ယောက်ပါ။ သူက ''ကယ်လီဖိုးနီးယား ပြည်နယ်ကို ပြောင်းရွှေ့သွားတဲ့ အိုကလားဟိုးမားပြည်နယ်သားတွေ ကြောင့်၊ ပြည်နယ်နှစ်ခုလုံးရဲ့ ပျမ်း မျှ အိုင်ကျူ အဆင့်မြင့်တက်လာပါ တယ်ခင်ဗျ'' လို့ ဟာသလုပ်ခဲ့တယ်။ ကျွန်တော်တို့တစ်တွေသိပ်သတိမ ထားမိတဲ့ ''ဝစ်လ်ရိုဂျာစ်၏ သဘာဝ ဖြစ်စဉ် (Will Rogers Phenomenon) ဟာသလေးရဲ့ အကြောင်းကို တူးဖော်ကြည့်ပြီး မှတ်သားထားကြရ အောင်။

 တော်တော်ကောင်းတဲ့ ဥပမာ တစ်ခုက ကားအရောင်းကိုယ်စား လှယ်အလုပ်ပါ။ ဆိုပါစို့။ ခင်ဗျား ဟာမြို့လေးတစ်မြို့မှာ အရောင်း သမား ခြောက်ယောက်ရှိတဲ့  အ ရောင်းဆိုင်နှစ်ခုရဲ့ တာဝန်ခံဆိုပါ တော့။ အရောင်းသမား ၁၊ ၂ နဲ့ ၃ က ဆိုင် A ။ ၄၊ ၅ နဲ့ ၆ က ဆိုင် B မှာ လုပ်နေကြတယ်။ ပျမ်းမျှ အားဖြင့် အရောင်းသမား ၁ က တစ်ပတ်ကို ကားတစ်စီးရောင်းရတယ်။ အရောင်း သမား ၂ က တစ်ပတ်ကို နှစ်စီး၊ ၃ ကသုံးစီး၊ အဲသည်လိုပဲ အရောင်း သမား ၆ က တစ်ပတ်ကို ခြောက် စီး ရောင်းကြရတယ်ဆိုပါစို့။ နည်းနည်းလေးတွက်ချက်ကြည့်လိုက် ရင်ဆိုင် A မှာ အရောင်းသမားတစ် ယောက်ဟာ တစ်ပတ်ကို ပျမ်းမျှ ကားနှစ်စီးနှုန်းရောင်းရပြီး၊ ဆိုင် B မှာတော့ အရောင်းသမားတစ် ယောက်ရဲ့ ပျမ်းမျှအရောင်းနှုန်းက တစ်ပတ်ကို ငါးစီးဖြစ်နေတာကို ခင်ဗျားတွေ့ရလိမ့်မယ်။ ခင်ဗျားက အရောင်းသမား ၄ ကို ဆိုင် A ဘက်ကို ပြောင်းလိုက်တယ်။ ဘယ်လိုဖြစ်သွားမလဲ။ ဆိုင် A က အ ရောင်းသမား တစ်ယောက်ချင်းရဲ့ ပျမ်းမျှအရောင်းနှုန်းက ၂.၅ ကို တက်သွားတာကို တွေ့ရလိမ့်မယ်။ ဆိုင် B ကရော ဘယ်လိုဖြစ်သွား မလဲ။ သူ့မှာ အရောင်းသမားနှစ် ယောက်ပဲကျန်တော့တယ်။ ဒါပေ မယ့် ဆိုင် B က အရောင်းသမား တစ် ယောက်ချင်းရဲ့ ပျမ်းမျှအရောင်းနှုန်း က ၅ ကနေ ၅.၅ ကို တက်သွားတာ တွေ့ပါလိမ့်မယ်။ အဲဒီလို ရုတ်တရက် ပြောင်းလဲသွားစေတဲ့ နည်းဗျူဟာ အတွက် ဘာမှ ထူးခြားပြောင်းလဲမှုတွေ လုပ်စရာမလိုပါဘူး။ ဒါပေမယ့် လူတွေကို အမြင်တွေ ဝေသွား စတာတော့ အမှန်ပါပဲ။ အဲဒါကြောင့် ဂျာနယ် လစ်တွေ၊ ရင်းနှီးမြှုပ်နှံသူတွေ၊ ကုမ္ပဏီဘုတ်အဖွဲ့ဝင်တွေဟာ တိုင်း ပြည်ရဲ့၊ ကုမ္ပဏီတွေရဲ့၊ ဌာနတွေ ရဲ့၊ ကုန်ကျငွေတွက်ချက်တဲ့ စင်တာတွေ ရဲ့ ကုန်ထုတ်လုပ်မှုဌာနတွေရဲ့ ပျမ်း မျှကုန်ကျငွေတွေ တိုးတက်လာပြီဆို ရင် သတိသာထား ကြပေရော့။

''ဝစ်လ်ရိုဂျာစ်၏ သဘာဝ ဖြစ်စဉ် (Will Rogers Phenomenon) က ဆေးပညာလောကမှာ လည်း ဝင်ရောက်လှည့်ဖျား တတ် ကြောင်း တွေ့ရပါသေးတယ်။ ပုံမှန်အားဖြင့် ကျူမာတွေကို အဆင့် လေးဆင့် ခွဲထားပါတယ်။ အရွယ် သေးသေးတဲ့၊ ကုလို့ ရနိုင်သေးတဲ့ ဟာတွေကို အဆင့်တစ်၊ အကြီးဆုံး၊ အဆိုးဝါးဆုံး အခြေအနေ ရောက် လာရင် အဆင့်လေးဆိုပြီး သတ် မှတ်ပါတယ်။ အဲဒီလိုပြောင်းလဲ သွားတာကိုပဲ ''အခြေအနေ အရပ် ရပ်တို့ တစ်နေရာကတစ်နေရာသို့ ပြောင်းလဲသွားခြင်း (Stage Migration) '' လို့ ခေါ်တာပါ။ အဆင့်တစ် အခြေအနေမှာ လူမမာအတော်များများက အသက်ရှင်ဖို့ အခွင့်အလမ်း အများဆုံးရှိနေပြီး၊ အဆင့်လေး ကို ရောက်နေတဲ့ လူမမာတွေက အနည်း ဆုံးမှာပါ။                     

ဒီနေ့ခေတ်မှာ နှစ်စဉ်လိုလို နည်း ပညာအသစ်တွေတွေ့ရှိနေကြပြီး ပိုထိရောက်တဲ့ ကုထုံးတွေနဲ့ ကုနိုင် လာကြတယ်။ အရင်က ဆရာဝန် တွေ လွယ်လွယ်မတွေ့နိုင်ခဲ့တဲ့ ကျူ မာရှာဖွေရေးနည်းပညာတွေ ပေါ် လာတယ်။ အဖြေက၊ အရင်က စမ်း သပ်လို့မရခဲ့တဲ့ (မှားယွင်းစွာ) ကျန်း မာပါတယ်လို့ဆိုတဲ့ လူတွေဟာ အ ဆင့်တစ်လူမမာတွေဖြစ် ကုန်တော့ တာပါ။ ကျန်းမာတယ်လို့ သတ်မှတ် ထားတဲ့လူတွေက ပျမ်းမျှအသက် ရှည်ရှည်နေထိုင်နိုင်ဖို့ မျှော်လင့်နေတဲ့ အုပ်စုထဲ ရောက်သွားတာကြတာပေါ့။ အဲဒါဟာ ဆေးပညာ တိုးတက်မှုပါ လား။ စိတ်မကောင်းစွာနဲ့ပဲ 'မဟုတ် ဘူး' လို့ ပြောရပါလိမ့်မယ်။

 ''အခြေအနေအရပ်ရပ်တို့ တစ် နေရာက တစ်နေရာသို့ ပြောင်းလဲ သွားခြင်း (Stage Migration) သက်သက်လေးပါ။

ဒေါက်တာခင်မောင်လတ် (ရွှေမြန်မာ)

(Rolf Dobelli ၏ "The Art of Thinking Clearly" စာအုပ်မှ "How to increase the average IQ of two states" ကို ဆီလျော်အောင် ဘာ သာပြန်ပါသည်။)

ဒေါက်တာခင်မောင်လတ် (ရွှေမြန်မာ)
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.