29-6-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
ရခိုင်ကမ်းရိုးတန်းတွင် ငါးဖမ်းဆီးရရှိမှုနည်းပါးလာသည့်အတွက် ငါးဖမ်းကိရိယာများ ပြောင်းလဲသုံးစွဲလာကြ
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1017
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
စာပေနှင့် အနုပညာ
ဝန်

''ဘဝဟူသည် ခရီးတစ်ခုဖြစ်သည်။ ထို့ပြင် 'ဘဝဆိုတာ ဝန် ထုပ်ဝန်ပိုးနှင့်တူသည်'ဟု 'ဘာရ' သုတ်က ဆိုထားသည်။ လူ့ဘဝသည် သာ မကဘဲ သံသရာခရီးသည် အလုံး စုံတို့သည် ဝန်ထုပ် ကိုယ်စီထမ်းရွက်၍ မဆုံးနိုင်သော ခရီးကို 'ကရွတ် ကင်းလျှောက်' သွားနေကြရသည်။ 'ကိုယ့်ဝန် ကိုယ်ထမ်း၊ ကိုယ့်လမ်း ကိုယ်သွား' ဆိုသည့် စကားအတိုင်း ဝန်ထုပ်တွေကို တနင့်တပိုး သယ်ပိုး ၍ သွားလာနေရသည်။

'ဇာတိ'မှ ရရှိလာသော ခန္ဓာ ဝန်ဆိုသည့် နဂိုဒုက္ခကြီးကို 'လောဘ၊ ဒေါသ၊ မောဟ' စသည့် အပိုဒုက္ခ များပါ သယ်ဆောင်နေ ကြရသည်။ ဥဒေါင်းငှက် တစ်ကောင်အတွက် သူ၏ လှပသော အမြီးသည် ဝန်ထုပ် ဖြစ်နေသကဲ့သို့ သားပိုက်ကောင်အ တွက် သူ့ရင်၌ လွယ်လားရသော သားကောင်ငယ်သည် ဝန်ထုပ်မဟုတ် ပြီလော။ ကြံ့တစ်ကောင်အတွက် တစ်ချောင်းတည်းသော သူ့ဦးချို သည် သူ့အတွက် ဝန်ထုပ်ပင်ဖြစ် နေပြန်သည်။ မြင်းတစ်ကောင်အ တွက် သူ့ကို တပ်ဆင်ထားသည့် ရထားအိမ်သည် ဝန်ထုပ် ဝန်ပိုးဖြစ် သည်။ ကိုယ်ဝန်ဆောင် မိန်းမအ တွက် သူ့ရင်မှာ လွယ်ထားရသော ရင်သွေးသည် ဝန်ထုပ် ဝန်ပိုးဖြစ် သည်။ ခရီးသည် တစ်ယောက်အဖို့ သူလွယ်ပိုးထားရသော အထုပ်အ ပိုးသည် 'ဝန်'တစ်ခုဖြစ်သည်။ ဥပမာပြရလျှင် ရန်ကုန်မြို့ကဲ့သို့ လူနေထူထပ်၊ ကားကျပ်သော နေရာမျိုးတွင် ကိုယ်၌ လွယ်ထား သော လွယ်အိတ်တစ်လုံးမှ တစ် ပါး အခြားအထုပ်အပိုးတို့သည် 'ဝန်' ဖြစ် နေပေ သည်။ ကျွန်တော် ရန်ကုန်မြို့ သို့ ရောက်တိုင်း လိုင်းကားစီးသည့် အခါ ထိုဒုက္ခမျိုး ခဏခဏကြုံရဖူး သည်။ ကျွန်တော် ကိုယ်၌မှာ လည်း ဝန်ထုပ် ဝန်ပိုး အလွန်များသူဖြစ်ရာ၊ လွယ်အိတ် ထဲမှာလည်း စာအုပ်တွေ အပြည့် ကျောမှာလည်း ကျောပိုးအိတ် တစ်လုံးပါ သည့်အပြင် လက်နှစ် ဖက်မှာလည်း အထုပ် နှစ်ထုပ်ဆွဲ ကိုင်ထားလျက်ရှိရာ ကိုယ့်ဝန်ကိုယ် သယ်ရတာလည်းမလွယ်။ ကားပေါ် တက်ရာမှာလည်း အခက်။ လူကြား ထဲ ရှေ့တိုးမရ၊ နောက်ဆုတ်မရနှင့် ကားစပယ်ရာ၏ ငြိုငြင်မှုကိုပင် ခံ လိုက်ရသေး သည်။ ဤသည်မှာ ဝန် ထုပ်ဝန်ပိုးများ၏ ဝန်ဆောင်မှု တာ ဝန်များပြားလှသောကြောင့် ဖြစ် သည်။

 ဖော်ပြခဲ့သော အကြောင်း ချင်းရာတို့မှာ ပကတိမျက်စိဖြင့် ကြည့်၍ရသော 'ဗဟိဒ္ဓ' ဝန်ထုပ် ဝန်ပိုးများဖြစ်သည်။ ပကတိ မျက် စိဖြင့် ကြည့်၍ မမြင်နိုင်သော 'အဇ္ဈတ္တ' ဝန်ထုပ် ဝန်ပိုးများမှာ လူ ကို အကျိုးဆုတ်ယုတ်စေသည်သာ။ ကိလေသာ ၁ဝ ပါး၊ နိဝရဏ တရားငါးပါးနှင့် မနာလို ဝန်တိုမှု များသည်ကား 'အဇ္ဈတ္တ' ဝန်ထုပ်  ဝန်ပိုးပင်ဖြစ်သည်။ ထိုဝန်ထုပ် ဝန် ပိုးများမှာ 'ဗဟိဒ္ဓ' ဝန်ထုပ် ဝန်ပိုး များထက် ပို၍ ဆိုးသည်။ ပကတိ မျက်စိဖြင့် မြင်ရသော ဝန်ထုပ်ဝန် ပိုးကို အမြင်မတော်သူ မိတ်ဆွေ၊ အပေါင်းအသင်းများက ကူညီ သယ်ပိုးပေးလို့ရသော်လည်း ဗဟိဒ္ဓ ဝန်ပိုး၏ လေးလံ ဖိစီးမှုကိုမူ ကိုယ် တိုင်သာလျှင် သယ်ပိုးရလိမ့်မည်။

သူတစ်ပါးကို မေတ္တာပို့၍ မေတ္တာ၏ အေးချမ်းသာယာမှုနှင့် နေရခြင်းသည် ပေါ့ပါးလွတ်လပ်၍ ထွဋ်မြတ်သော အရသာကို ခံစား ရသော်လည်း ကိုယ့်ထက်သာ မနာ လို၍ ဝန်တိုမှု မစ္ဆရိယဆိုသော ဝန် ထုပ်ဝန်ပိုးများသည် အလွန်လေး လံလှပေသည်။ ဤနေရာ၌ မဟာ စည် ဆရာတော်ကြီး ဆုံးမတော်မူ သော 'မနာလိုကင်း၊ ဝန်တိုရှင်း၊ လက် ငင်းချမ်းသာမည်' ဟူသော စကား သည် အဖိုးတန် လှပေ၏။ မြတ်ဘုရား ဟောကြားတော်မူသည့် ဗြမ္မစိုရ် တရားလေးပါးတွင် ပါဝင်သော မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာ ဟူသော တရား များကို လက်ကိုင် ထားမှသာလျှင် ဝန်ထုပ် ဝန်ပိုးများ လျှော့ချလွတ်ကင်းနိုင်ပေမည်။

သို့ပါသော်လည်း လူအချို့မှာ မူ အဆုံးအမ စကားများကို မလိုက် နာနိုင်ကြဘဲ အဆိုးမြင် စိတ်ရိုင်း များဝင်လျက် ဝန်ထုပ်ဝန်ပိုးကို ပို၍ ကြီးမားအောင်ဖန်တီးနေကြသေးသည်။ ဤကဲ့သို့ မည်သူ့ကိုမျှ အကျိုးမပြုသော စိတ်ရိုင်းများသည် အဆိုး မြင်ဝါဒကို အခြေခံသောကြောင့် ပေါ် ပေါက်လာခြင်း ဖြစ်သည်။ လူ့ဗီဇ၊ လူ့သဘာဝအရ မိမိပြုလုပ်ထားသော အရာပဲဖြစ်ဖြစ်၊ သူတစ်ပါး ပြုလုပ် ထားသော အရာပဲ ဖြစ်ဖြစ်၊ မိမိက ပြုလုပ်ရသည်ဖြစ်စေ၊ ပြုလုပ်ခံရ သည် ဖြစ်စေ၊ အကောင်းထက် အဆိုး ကိုသာ ပို၍ မြင်တတ် ကြသည်။ ဤ သည်မှာ လူ့ဘဝအတွက် အလွန် ဝန် ထုပ် ဝန်ပိုးကြီးသော အဆိုးမြင် ဝါဒ ဖြစ်သည်။

ထိုအဆိုးမြင်ဝါဒနှင့် ပတ်သက် ၍ သာဓကတစ်ခု တင်ပြရလျှင် ဥပမာအားဖြင့် လူနှစ်ယောက် ထောင်ကျနေသည်ဆိုပါစို့။ အဆိုးမြင် ဝါဒရှိသူက ထွက်ပေါက်ပိတ်နေသော ထောင်နံ ရံကိုကြည့်၍ ကိုယ့်ဘဝကို နာ ကျည်းစွာ ပေါက်ကွဲနေသည်။ အ ကောင်းမြင် ဝါဒသမားက ထောင် နံရံကို မကြည့်ဘဲ ထောင်အမိုးဘေးမှ လှမ်းမြင်နေရသောကြယ်များကို ကြည့်၍ သူ့ဘဝ လွတ်မြောက် မည့် နေ့ရက်များကိုတွေး၍ ရွှင်ပျော်နေ သည်။

နောက်ထပ်တစ်ခု သာဓကပြ ရလျှင် စိတ်ပညာသင်တန်း တစ်ခုတွင် ဆရာဝင်လာသည်။ သူ့လက် ထဲတွင် အဖြူရောင်ကတ်ပြားတစ် ချပ်ယူလာကာ ထိုကတ်ပြား၏ အောက်ခြေတွင် အမည်းစက်ငယ် တစ်ခုပြုလုပ်၍ 'တပည့်တို့ ဒီကတ် ပြားမှာ ဘာမြင်သလဲ' ဟု မေးရာ တပည့်များအားလုံးက 'ဆရာ ကတ် ပြားပေါ်မှာ အမည်းစက် သေးသေး လေးမြင်ပါတယ်' ဟု ပြန်ဖြေလိုက်ကြ သည်။ ထိုအခါ ဆရာက 'ဟေ့-တပည့်တို့ ဆရာ့လက်ထဲမှာ မင်းတို့ မြင်ရတဲ့ ကတ်ပြားက အဖြူရောင် ကတ်ပြားလေ။ အဲဒါကို မင်းတို့ အား လုံးက အဖြူရောင် ကတ်ပြားကို မမြင်ဘဲ အောက်ခြေမှာ သေးသေး လေး ရေးထားတဲ့ အမည်းစက်ကိုမှ ဘာလို့မြင်ရတာလဲ။ အကောင်းမြင် ဝါဒဆိုတာ အဖြူရောင်၊ အဆိုးမြင် ဝါဒဆိုတာ အမည်းရောင်။ အဖြူနဲ့ အမည်း နှစ်မျိုးပြထားတာကို အမည်း ရောင် မှ ရွေးမြင်တာ အဆိုးမြင်ဝါဒပဲ။       

နောက်နောင်ကို လူ့လောကအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်စေတဲ့ အဆိုးမြင်ဝါဒနှင့် မကြည့်မိကြပါစေနဲ့''ဟု ဆရာက ဆုံးမသည်။ နောက် သာဓကတစ်ခုမှာ ဥပေက္ခာစနစ်ကို မကျင့်သုံးဘဲ တစ်ယောက်နှင့်တစ် ယောက် ဝန်ထုပ်ဝန်ပိုးဖြစ်အောင် ပြောဆိုရှုတ်ချခြင်းဖြစ် ပါသည်။ တစ်ခါက လူနှစ်ယောက် ငါးပါးသီလကို သူက သူ့ထက်ပို၍ စောင့်ထိန်း ကြောင်း ငြင်းခုန်ရင်း တောသို့ထွက် ခွာလာကြ သည်။ တောသို့ရောက် လျှင် တစ်နေရာစီ ခွဲ၍ အလုပ်လုပ် ကြသည်။ ညနေစောင်း၍ အိမ်ပြန် လမ်းတွင် နှစ်ယောက်ဆုံမိကြသည်။ တစ်ယောက်က အခြားတစ်ယောက်ကို 'ဟေ့ကောင်၊ မင်းပျားဖွပ်နေတာ ငါငါးမျှားရင်းမြင်တယ်ဟု ပြော သောအခါ အပြောခံရသူ ကလည်း ပြန်လည် တုန့်ပြန်ပြောဆိုလိုက်ပုံမှာ ''အေးမင်း ငါးမျှားနေတာလည်း ငါ ပျားဖွပ်ရင်းမြင်တယ်ကွ' ဟူသတတ်။ ဤသို့ မိမိအပြစ်ကို မမြင် သူတစ် ပါးအား အပြစ်တင်ပြောနေခြင်းသည် မေတ္တာတရား၏ ဆန့်ကျင်ဘက်ဖြစ် သော ပြစ်တင်ရှုတ်ချမှု ဝန်ထုပ် ဝန်ပိုး ဖြစ်လေသည်။

'ဝန်' ဆိုသည်မှာ အဇ္ဈတ္တဝန် ပဲဖြစ်ဖြစ်၊ ဗဟိဒ္ဓဝန်ပဲဖြစ်ဖြစ်မည် သည့်ဝန်မှ မကောင်းပါ။ သို့သော် ရေသတ္တဝါတို့သည် ရေ၌ပျော်ပါး၍ ကုန်းသတ္တဝါတို့သည် ကုန်း၌ ပျော် ပါးလေ့ရှိကြသကဲ့သို့ လူဆိုသည်မှာ လည်း ဝန်ထုပ်ဝန်ပိုးရှိမှနေတတ် ထိုင် တတ် ပျော်ရွှင် တတ်သော အလေ့ရှိ သည်။ ဥပမာအားဖြင့် ဆိုက်ကား သမားတစ်ယောက်သည် မိမိသယ်နိုင် သော ဝန်ထက် အဆမတန်သော ဝန်ထုပ်ဝန်ပိုးများကို သယ်ဆောင်၍ ဆိုက်ကားနင်းနေရလျှင် ဝန်ပိုသယ် ဆောင်ရခြင်းအတွက် စိတ်ပျက်အား ငယ်ခြင်း မဖြစ်ဘဲ၊ ပျော် ရွှင်ကျေနပ်၍ ပင်နေသေးသည်။ ထို့ပြင် ကိုယ် ဝန် ဆောင် မိန်းမများသည်လည်း လွယ် ပိုးထားရသော ကိုယ်ဝန်အတွက် စိတ်မပျက် ဘဲ သားသမီး ရင်သွေး လေး ဖွံ့ဖြိုးကြီးထွားလာမှုကိုပင်အား တက်ပျော်ရွှင်နေတတ် သေးသည်။

လူသည် တစ်ဦးတစ်ယောက် တည်း လွတ်လပ်ပေါ့ပါးစွာ နေထိုင် ရသောအခါ ပျင်းရိငြီးငွေ့ကြ ပြန်၍ မိတ်ဆွေအပေါင်း အသင်း ရောင်းရင်း ဟူသော ဝန်ထုပ်ဝန်ပိုး၊ အတွယ်အ တာများကို တမ်းတမိကြပြန်သည်။ လူ့ဘဝဇာတ်ခုံတွင် မာယာတွေ စုံ လွန်းပေစွ။ အလုပ်တစ်ခုလုပ်နေစဉ် နောက်ထပ်အလုပ်တစ်ခု၊ နှစ်ခု၊ သုံး လေးခုမျှ ထပ်တိုးလျှင် တာဝန်များအ တွက် စိတ်မပျက်ဘဲ ရာထူးတက်ပြီ၊ အလုပ်တွေ အဆင်ပြေပြီဟု မိုးမမြင်၊ လေ မမြင် ဘဝင်မြင့်တတ်ပြန်သေး သည်။

ဤသည်မှာ ဒုက္ခကို ဒုက္ခမှန်းမသိ အောင်၊ ဆင်းရဲခြင်းကို ဆင်းရဲခြင်း မှန်းမသိအောင် တာဝန်ထက်၊ ဝန် တာတွေ ပိုနေရတာကို ပိုမှန်းမသိ အောင် အဝိဇ္ဇာနှင့် မာယာတို့၏ လှည့်စားဖြားယောင်း မှုတို့ပင်ဖြစ်ပေ သည်။

'တာဝန်သိလျှင် တာဝန်ရှိသည်။ တာဝန်မသိလျှင် တာဝန်မရှိ'ဟု ဆို သော လောက လူ့တာဝန် ဆောင်ပုဒ် များကို မဆိုလိုပါ။ သို့သော် ဘဝဝန် ထုပ်ဝန်ပိုးများအတွက်မူ ဝန်ထုပ် များလျှင် ပင်ပန်းလေ၊ ဝန်ထုပ် နည်းလျှင် ပေါ့ပါးလေဖြစ်ပေသည်။         ဥပမာ ကောင်းကင်တွင် ပျံ သန်းနေသော ငှက်ကလေးတွေကို ကြည့်ပါ၊ ပါးလှပ်သော တောင်ပံ တစ်စုံသာရှိ၍ ဘဝအတွက်လွတ် လပ်ပေါ့ပါးစွာ ပျံသန်းနိုင်သည်။

''ကိစ္စများမြောင်၊ လူတို့ ဘောင်''တွင် ကိစ္စများခြင်းသည်က ပင် ဝန်ထုပ်ဝန်ပိုးများဖြစ်နေသည်။ အပင်တစ်ပင်တွင် သစ်သီးများစွာ သီးနေသည် ဆိုပါစို့၊ ထိုသစ်ပင်အ တွက် သစ်သီးများသည် ဝန်တစ်ခု ဖြစ်နေသည်။ ထိုသစ်သီးများရရန် စားသုံးလိုသူများမှ ခဲ၊ တုတ် တို့ဖြင့် ပစ်ပေါက်ခြင်းခံရတတ်ပါသည်။ ဝန်ထုပ်ဝန်ပိုး၏ ဘေးထွက်ဆိုးကျိုး မဟုတ်ပါလော။ ထို့ကြောင့် မြတ် ဘုရားက ၃၈ ဖြာ မင်္ဂလာတွင် 'နည်း သော ကိစ္စရှိခြင်းသည် မင်္ဂလာ'ဟု ဟောကြားမိန့်ဆိုခဲ့ပါသည်။ 'အနာ ကုလာစကမ္မန္တာ' အ လုပ်ကိစ္စရှုပ်ထွေး မှုမရှိခြင်းသည် မင်္ဂလာမည်သည်ဟု ဆုံးမတော်မူပါသည်။

သို့သော် ဆုတ်ကပ်ခေတ်မှာ ဝန်ထုပ် ဝန်ပိုးနှင့်တူလှသော လူ့အသုံးအဆောင် ခေတ်မီစက် ကိရိယာများ စက္ကန့်နှင့်အမျှ တိုးတက်လာ သည်မှာလည်း လိုအပ်သည် ထက်ပို သော ဝန်များပို၍များလာခြင်းဟု ဆိုရပေလိမ့်မည်။ (ခေတ်နောက်ပြန် ဆွဲလိုခြင်း မဟုတ်ပါ)။

''အမြင်တို၊ ဝန်ပို'' ဟူသည့် စကားရှိသည်မို့ မိမိ၏ ဘဝ၊ ဝန်မ ပိုဘဲ ဝန်ပေါ့စွာ ချမ်းသာရန်၊ အ သက်ရှည်ရန်အတွက်-
(၁)    သဝန်တိုမှုရှောင်
(၂)    စိတ်မတိုရ
(၃)    အမြင်မတိုရဟု ရေးမှတ်ထား သော မြင်ကွန်းမြို့နယ်၊ အင်းပုရွာမှ ဦးကျော်ဇံလှ၏ မှတ်စုစာအုပ်ထဲက စကားများသည်လည်း မှတ်သား လိုက်နာစရာပင်။

''အလုပ်ရှုပ်ခြင်းကို အလုပ် လုပ်ခြင်းဖြင့် ဖြေရှင်းရမယ်'' ၊'စိတ် တို၊ အသက်တို၊ စိတ်ရှည်၊ အသက် ရှည်' ဟု ဆိုထား သည်မို့ မြင့်မြတ် သော စိတ်ဓာတ်နှင့် ဘဝခရီးကို လွတ်လပ်ပေါ့ပါးစွာ ပျံသန်းနိုင်ရန် ဝန်ပိုများကို ဖြုတ်ချထားနိုင်ဖို့ ကြိုး စားကြရပါ မည်။ ပန်းပုရုပ်တစ်ရုပ်  ထွင်းထုရာတွင် ရုပ်လုံြး<ွကပုံပေါ် လာစေရန် 'အပိုအဆာ အရှုပ်ဖြစ် သော မလိုတာတွေ  ဖြုတ်၊ ထွင်း ထုတ်ပစ်ရမည်'ကို ဆရာနန္ဒာသိန်း ဇံက 'ခယောင်းလမ်းကို ဖြတ်ကျော် ခြင်း' စာအုပ်တွင် ရေးသားထား သည်ကို မှတ်သားထား ဖူးပါသည်။

လူတိုင်း လူတိုင်း နှစ် ၁ဝဝ အ တွင်းမှာ သေကြရပေမည်။ မသေခင် ခဏ၊ ရေတစ်ပွက်မျှ၊ လူ့ဘဝမှာ 'မာန် မာနသည် ကျရှုံးမှု၏ ရှေ့တော်ပြေး ဖြစ်သည်။ (Pride goes before a Fall.) ဆိုသည့် စကားအရ မာနဝန် ထုပ်ဖြုတ်ချမှ သရုပ်လှနိုင်ကြပေ လိမ့်မည်။

မိမိတို့ ပြုလုပ်သမျှ ကိစ္စအား လုံးသည် ''အရင်က ရာဇဝင်၊ နောက်ဆိုလျှင် သမိုင်း''တွင် သွားမှာမို့ မိမိရဲ့ သမိုင်းတွေ မရိုင်းစေဘဲလှ ပစေရန် ဒုက္ခဆိုသော ဘဝတောမှာ၊ ဘဝကို အလှနှင့် ရွေးချယ်ပြီး 'ထက် သော ဓား၊ မြားလိုချွန်'စေဖို့ မလိုလား အပ်သော ဝန်ထုပ် များကို ဖယ်ရှားပစ် ကြပါစို့။

ဌေးကြည် (စလင်း)
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.