29-6-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
ရခိုင်ကမ်းရိုးတန်းတွင် ငါးဖမ်းဆီးရရှိမှုနည်းပါးလာသည့်အတွက် ငါးဖမ်းကိရိယာများ ပြောင်းလဲသုံးစွဲလာကြ
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1017
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
စာပေနှင့် အနုပညာ
အောင်ဆန်းစုကြည် ခံစားမှု - ၁၆

When we reach our goal you can criticige me, because criticism is a democratic right.
Aung San Suu Kyi

၁၉၉၅ ခု၊ ဇူလိုင် ၁၉ ရက်နေ့တွင် အစိုးရက ကြီးမှူး ကျင်းပသော အာဇာနည်နေ့ အခမ်းအနားသို့ အောင်ဆန်းစုကြည်သည် တက်ရောက်ခွင့် ရ၏။

ပြည်သူလူထုသည် အောင်ဆန်းစုကြည်ကို ရုပ်မြင်သံကြားတွင် ၆၅ စက္ကန့်ကြာမျှ မြင်တွေ့ခွင့်ရ၏။

The New Light of Myanmar သတင်းစာ ရှေ့မျက်နှာစာတွင် သူမသည် ဖခင်၏ အုတ်ဂူ၌ သစ်ခွပန်းများ ချနေပုံပါရှိလာသည်။ ဓာတ်ပုံ သေးသေးလေး ဖြစ်ပါသည်။

ခြောက်နှစ်တိုင်တိုင် အကျဉ်းထောင်ဆန်နေသော၊ ပြည်သူလူထု၏ လွမ်းဆွေးတမ်းတမှုများ စုပြုံကျရောက်နေသော အမှတ် ၅၄ တက္ကသိုလ်ရိပ်သာလမ်းက နေအိမ်ကြီးသည် ပွဲတော်၏ အငွေ့အသက်များဖြင့် တောက်ပလာသည်။ အသက်ဝင် လှုပ်ရှားလာသည်။

မြန်မာနိုင်ငံ၏ မအောင်မြင်သေးသော ဒီမိုကရေစီတိုက်ပွဲ၏ အမှတ်သင်္ကေတ တစ်ခုဖြစ်နေသော သူမ၏ နေအိမ်သည် ရန်ကုန်မြို့တော်အတွင်း လူအများစုရုံးရာ နေရာတစ်နေရာ ဖြစ်လာသည်။

ယုံကြည် မျှော်လင့်ချက်များ စုဝေးရာနေရာ တစ်နေရာ ဖြစ်လာသည်။

ယခင်က လူများသည် တက္ကသိုလ် ရိပ်သာလမ်း၊ အမှတ် ၅၄ ရှေ့မှာ ဖြတ်သန်းခွင့် မရကြပါ။ အမှတ်တရ ဓာတ်ပုံရိုက်ခွင့်လေးပင် မရကြပါ။

ရန်ကုန်နေ ပြည်သူများ၊ နိုင်ငံခြား သတင်းထောက်များ၊ ဒီမိုကရေစီ လိုလားသူများ၊ ကဗျာဆရာများ၊ စာရေးဆရာများသည်

ယခုတော့ အောင်ဆန်းစုကြည် အိမ်ရှေ့သို့ ကိုယ့်အစီအစဉ်နှင့် ကိုယ် ရောက်ရှိလာကြပြီ။

အာဇာနည်နေ့တွင် အောင်ဆန်းစုကြည်၏ နေအိမ်ရှေ့သို့ စုရုံးလာကြသူများမှာ လူဦးရေ ထောင်ချီလာ၏။

အောင်ဆန်းစုကြည်ကို မြင်လိုက်သည်နှင့် လူအုပ်ကြီးသည် အရူးအမူး ကြိုဆိုကြသည်။ အရူးအမူး သြဘာပေးကြသည်။

အောင်ဆန်းစုကြည်သည် ပထမပိုင်းတွင် ခြံရှေ့မှ လူထုကို လက်တန်းဟောပြောခဲ့၏။ နောင်သော် 'ပြည်သူ့ဖိုရမ်' အသွင်သို့ ပြောင်း ခဲ့၏။

ပြည်သူတို့က သူတို့၏ ခံစားချက်များကို စာဖြင့် ကြိုက်တာရေးသား ပေးပို့ထား၏။

စနေ၊ တနင်္ဂနွေ ညနေပိုင်းများတွင် အောင်ဆန်းစုကြည်သည် ခြံတံခါးအနောက်မှာ မတ်တတ်ရပ်လျက် ပြည်သူ၏ စာကို ဖတ်ပြ သည်။ သူမ၏ သဘောထားကို ပြန်ပြောပြ၏။ ပြည်သူကို နှစ်သိမ့်နွေးထွေး၏။ အကြံပြု၏။

''လူထုကြီးက ကျွန်မကို မြင်ရ ဖို့၊ ကျွန်မပြောတာကို ကြားရဖို့ဖြစ် ပြီး၊ ကျွန်မကလည်း ရှင်တို့ကို တွေ့ ရဖို့၊ ရှင်တို့ ပြောတာတွေကို နား ထောင်ဖို့ ဖြစ်ပါတယ်''

သူမ၏ နံဘေးတွင် ဦးတင်ဦး နှင့် ဦးကြည်မောင်တို့ ရှိနေကြ၏။
        x    x    x
    ၁၉၉၅။
    လူတွေက မည်သို့ ခံစားနေရ ပါသနည်း။
    အောင်ဆန်းစုကြည်က လူထု ၏ ခံစားမှုကို မည်သို့ တုံ့ပြန်ပါ သနည်း။
        x    x    x

ပြည်သူလူထုသည် မည်ကဲ့သို့ သော မြို့တော်မျိုးကို အလိုရှိပါ သနည်း။
        x    x    x

''ကျွန်မတို့ အနေနဲ့ နိုင်ငံတစ် နိုင်ငံ ခေတ်မီဖို့ဆိုတာဟာ ပထမ ဦးဆုံးတော့ လူနေမှုအဆင့်အတန်း အနေနဲ့ နိုင်ငံတကာ အဆင့်မီတဲ့ အနေအထားမျိုးရှိရပါမယ်။ လူနေမှု အဆင့်အတန်းဆိုတာ သာမန် လူနေမှုအဆင့်အတန်းကို ပြောတာပါ။ သာမန်လူတွေရဲ့ စားဝတ် နေရေး၊ ကျန်းမာရေး၊ ပညာရေးကို ပြောတာပါ။ လူတစ်စုရဲ့ စားဝတ် နေရေး၊ ကျန်းမာရေး၊ ပညာရေးကို ပြောတာ မဟုတ်ပါဘူး''

    လက်ခုပ်သံများ
    လက်ခုပ်သံများ
    လက်ခုပ်သံများ

''ဒီတော့ ကျွန်မတို့ကတော့ မြို့တော်တစ်မြို့တော်ဟာ အဆင့် မြင့်တယ်ဆိုလို့ရှိရင် အဲဒီမြို့တော် ထဲမှာ ရှိနေတဲ့ လူထုအားလုံးဟာ လျှပ်စစ်မီးဆိုလိုရှိရင်လည်း လုံလုံ လောက်လောက် မှန်မှန်ကန်ကန် ရရမယ်။

 ရေဆိုလို့ရှိရင်လည်း လုံလုံ လောက်လောက် မှန်မှန်ကန်ကန် ရရမယ်''

    လက်ခုပ်သံများ
    လက်ခုပ်သံများ

 နောက်ပြီးတော့ သွားရေးလာ ရေးလည်း အဆင်ပြေရမယ်။

ဘတ်စ်ကားတွေ ဘာတွေဆို ရင်လည်း လုံလုံလောက်လောက် မှန်မှန်ကန်ကန်ရှိရမည်။

အချိန်တိတိကျကျ ပြေးနိုင်ရ မယ်''

 ပြည်သူလူထုထဲက တစ် ယောက်က အော်သည်။

''တယ်လီဖုန်း''

 အောင်ဆန်းစုကြည်သည် ပြုံး ရယ်လိုက်၏။ သူမသည် ပြည်သူ လူထု၏ အသံကြောင့် ပိုမို၍ အား ကောင်း ရှင်သန်လာ၏။

''သြော်...တယ်လီဖုန်း.. ဟုတ်တယ်၊ သိပ်ခေတ်မီသွားပြီ။ သိပ်ခေတ်မီသွားပြီ။ တယ်လီဖုန်း တွေ ဘာတွေလည်း အလုံအ လောက် ရှိရ မယ်ပေါ့။

ဆက်သွယ်ရေး ဘက်မှာ လည်း အလုံအလောက်ရှိရမယ်။

အဲဒီလို အဘက်ဘက်က လုံ လုံလောက်လောက်ရှိမှ ကျွန်မတို့ ရဲ့ မြို့တော်ဟာ ခေတ်မီတယ်လို့ ခေါ်နိုင်မယ်လို့ ကျွန်မတို့က သတ် မှတ်မှာဖြစ်ပါတယ်။

တစ်တိုင်းပြည်လုံးအတွက် လည်း ဒီလိုပါပဲ။ ကျွန်မတို့ ပြည် သူလူထုအားလုံးဟာ စားဝတ်နေ ရေးဘက်မှာရော၊ ပညာရေးဘက် မှာရော၊ ကျန်းမာရေး ဘက်မှာ ရော၊ လမ်းပန်းဆက်သွယ်ရေး ဘက်မှာရော လုံလုံလောက် လောက် အဆင့်အတန်းမြင့်မြင့်ရှိ နိုင်မှ ကျွန်မတို့ကိုယ် ကျွန်မတို့ ခေတ်မီတဲ့ နိုင်ငံတော် တစ်ခုလို့ သတ်မှတ်နိုင်မယ်လို့ ထင်ပါတယ်''

    လက်ခုပ်သံများ
    လက်ခုပ်သံများ
    လက်ခုပ်သံများ

တက္ကသိုလ်ရိပ်သာလမ်း။
အမှတ် ၅၄။
မြင်နေရသည်။
အောင်ဆန်းစုကြည် မျက်နှာ။
ကြားနေရသည်။
အောင်ဆန်းစုကြည် အသံ။
ခံစားနေရသည်။
အောင်ဆန်းစုကြည် ခံစားမှု။

 ပြည်သူလူထုသည် အောင် ဆန်းစုကြည်ကို ခံစားနေရသည်။

 အောင်ဆန်းစုကြည်သည် ပြည်သူလူထုကို ခံစားနေ၏။

 အောင်ဆန်းစုကြည်နှင့် ပြည် သူလူထုသည် ခံစားမှုချင်းမကွဲလွဲ ခဲ့ပါ။
        x    x    x

 အောင်ဆန်းစုကြည်က မှာ ကြားထား၏။

''အနှစ်သာရ မရှိတဲ့ မေးခွန်း တွေ မမေးပါနဲ့။

ကျွန်မတို့အတွက် နိုင်ငံရေး အရ ပညာပေးမယ့် မေးခွန်းတွေ၊ ကျွန်မတို့အတွက် တန်ဖိုးရှိမယ့်  မေးခွန်းတွေ၊ ပြည်သူလူထုကြား ချင်တဲ့ မေးခွန်းတွေ၊ ကြားသင့်တဲ့ မေးခွန်းတွေ မေးကြပါလို့ တိုက် တွန်းပါရစေ''

        x    x    x

 ပြည်သူလူထုက သိချင် သည်။

လူတစ်ယောက်၏ သိလို သော ဆန္ဒသည် လူအများ၏ ဆန္ဒ ပင် ဖြစ်သည်။

 တစ်တိုင်းပြည်လုံးက သိလို နေသော မေးခွန်းများကို မေးမြန်း ရန် လို၏။

 ဗိုလ်ချုပ်အောင်ဆန်းသည် ဒီမိုကရေစီနှင့် ပတ်သက်၍ မည် သို့ ဆိုမိန့်ဖူးသနည်း။

 ဖခင်ဗိုလ်ချုပ်အောင်ဆန်း၏ ဒီမိုကရေစီ အဆိုအမိန့်ကို အောင် ဆန်းစုကြည်သည် မည်သို့ နား လည်ခံစားမိသနည်း။

၁၉၄၇၊ မေ၊ ၁၉။

ဖဆပလ ပဏာမ ညီလာခံ တွင် ဗိုလ်ချုပ်အောင်ဆန်း ဟော ပြောခဲ့သော မိန့်ခွန်း။

 အောင်ဆန်းစုကြည်သည် ဖခင်ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်းများကို ကြေညက်သူဖြစ်သည်။ ခံစားသူဖြစ်သည်။

ဖြန့်ကျက်တွေး တော ဆင်ခြင် သူဖြစ်သည်။

''ဒီမိန့်ခွန်းက ဘာလဲဆိုတော့ တကယ့် ဒီမိုကရေစီဆိုတာ နိုင်ငံ ရေး သဘောတရားအရ ပြည်သူ တွေရဲ့အကျိုးအတွက် ပြည်သူ တွေ က တင်မြှောက် တဲ့ ပြည်သူ့အ စိုးရ ဖြစ်နေရုံနဲ့ မပြီးသေးဘူးတဲ့။

အဲဒီအစိုးရဟာ ပြည်သူတွေ ရဲ့ လက်ငင်းစီးပွားရေး အဆင့် အတန်းကို အခွင့်အရေး တန်းတူ ရည်တူ ရနိုင်တဲ့ အခြေအနေအထိ ရောက်နိုင်အောင် ဆောင်ရွက်ပေး မှ တကယ့် ဒီမိုကရေစီအဆင့်အ ထိ တက်လှမ်းနိုင်မယ်တဲ့''

လက်ခုပ်သံများ

လက်ခုပ်သံများ

''တန်းတူညီတူ အခွင့်အရေး၊ စီးပွားရေးဘက်မှာ အားလုံးဟာ တန်းတူညီတူ အခွင့်အရေး ရှိရ မယ်။

လူနည်းစုကသာ အခွင့်အ ရေးရှိနေမယ်ဆိုရင် ဒါဟာ ဒီမိုက ရေစီ မမည်ပါဘူး။

အားလုံးဟာ တန်းတူညီတူ စီးပွားရေး အခွင့်အရေးတွေလည်း ရှိရမယ်။ ပညာရေး အခွင့်အရေး တွေလည်း ရှိရမယ်။ ကျန်းမာရေး အခွင့်အရေးတွေလည်း ရှိရမယ်။

ဒီမိုကရေစီဆိုတာ အားလုံးကို တော့ တန်းတူညီတူဖြစ်အောင် မလုပ်ပေးနိုင်ဘူးနော်။ ဒါကိုတော့ လူတိုင်းနားလည်ကြမှာပဲ။

ဒီမိုကရေစီနိုင်ငံတွေမှာ လည်း ပိုပြီးတော့ ချမ်းသာတဲ့ လူနဲ့ ပိုပြီးတော့ ဆင်းရဲတဲ့သူဆိုတာ ရှိ ကြတာပဲ။

ဒါပေမယ့် အခွင့်အရေးကျ တော့ တန်းတူညီတူဖြစ်ရမယ်''

လက်ခုပ်သံများ

လက်ခုပ်သံများ

''တန်းတူညီတူ ဖြစ်ချင်ပါ တယ်''

''တန်းတူညီတူ ဖြစ်ချင်ပါ တယ်''

လူထု၏ အော်သံများ။

''ဒီမိုကရေစီကို ဖေဖေက ဘယ်လိုမြင်ခဲ့သလဲဆိုတော့ ပြည် သူလူထုအတွက် ပြည်သူလူထုနဲ့ ကိုက်ညီတဲ့၊ ပြည်သူလူထုဆန္ဒအရ တင်မြှောက်ထားတဲ့ အစိုးရတစ်ခု လို့ မြင်ခဲ့တယ်။

ဒီအစိုးရဟာ ပြည်သူလူထု အားလုံးအနေနဲ့ တန်းတူညီတူ အ ခွင့်အရေးရှိအောင်လို့ ဖန်တီးပေး နိုင်တဲ့ အစိုးရဆိုပြီးတော့ အဲ့ဒီလို ပြဋ္ဌာန်းခဲ့ပါတယ်''

 ပြည်သူလူထုကို မဆန့်ကျင် ရ။

ဤသည်မှာ ဒီမိုကရေစီ၏ အ တွေးအခေါ်ဖြစ်သည်။

သင်္ဂဟတရားလေးပါးထဲ  တွင် တန်းတူညီမျှ ဆက်ဆံရမည် ဟူသော အချက်ပါဝင်သည်။

လူအများကို စုစည်းရန်အ တွက် တန်းတူညီမျှ ဆက်ဆံရ မည်။

 ''ရာထူးရှိတဲ့ လူကို တစ်မျိုး

ရာထူးမရှိတဲ့ လူကို တစ်မျိုး

ပိုက်ဆံရှိတဲ့ လူကို တစ်မျိုး

ပိုက်ဆံမရှိတဲ့ လူကို တစ်မျိုး

ဆက်ဆံတယ်ဆိုတာဟာ အဲဒါ တန်းတူညီတူ မဆက်ဆံတာ ပေါ့။

အဲဒါ ကျွန်မတို့ရဲ့ ယဉ်ကျေး မှုနဲ့ မကိုက်ညီပါဘူး''

''ဆိုရှယ်လစ်ဆိုတဲ့ စကားလုံး ကလည်း ဒီမိုကရေစီလိုပဲ နိုင်ငံ ခြားက လာတဲ့ စကားပဲ။

ဒီမိုကရေစီ လိုလားတဲ့ ကျွန်မ တို့ ပြည်သူလူထုကတော့ ဒီမိုက ရေစီရဲ့ သဘောတရားတွေနဲ့ ကျွန် မတို့ရဲ့ ယဉ်ကျေးမှုဟာ ဆန့်ကျင် ဘက်မဟုတ်ဘူးဆိုတာ ကောင်း ကောင်းနားလည်မယ်လို့ထင်ပါ တယ်။

 ''လူထုကနေ ဒီလို မေးခွန်း တွေ မေးတာကိုက ဘယ်လောက် နိုင်ငံရေးအမြင်ရှိတယ်ဆိုတာ ပြသ တာပဲ။

ကျွန်မ အင်မတန်မှ စိတ်ချမ်း သာရပါတယ်။ အားတက်ရပါ တယ်။ ကျွန်မတို့ ပြည်သူလူထုအ နေနဲ့ နိုင်ငံရေးအမြင်ရှိတယ်။ နိုင်ငံရေး ရင့်ကျက်မှုရှိတယ်ဆိုတာ ဟာ ကျွန်မတို့ အနာဂတ်အတွက် ဝမ်းသာစရာဖြစ်ပါတယ်။

ဒါပေမယ့် ကျွန်မဒီလို ပြော လိုက်လို့လည်း ယောက်မမြင်းစီးမ ထွက်ပါနဲ့နော်''

 ပြည်သူလူထု၏ ရယ်သံများ

လက်ခုပ်သံများ

''ဒေါ်အောင်ဆန်းစုကြည်

ကျန်းမာပါစေ။

 ဒေါ်အောင်ဆန်းစုကြည်

ကျန်းမာပါစေ''

 ပြည်သူလူထု၏ မေတ္တာ တရားများ။ ခြံအမှတ် ၅၄၊ တက္ကသိုလ်ရိပ်သာလမ်း၊ မေတ္တာ တရား။ ဒီမိုကရေစီ။ တန်းတူညီတူ အခွင့် အရေး။ တန်းတူညီတူ ဆက် ဆံရေး။ တက္ကသိုလ်ရိပ်သာလမ်း တွင် ပန်းများသည် မြိုင်ဆိုင်စွာ ပွင့်ဝေနေကြ၏။ လှလိုက် သည့် ဖြစ်ခြင်း။

မောင်ကိုကို (အမရပူရ)
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.