23 - 2 - 2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
ချင်းတွင်းရေကြောင်း ကျပ်တည်းလာမှုကြောင့် ခရီးသွားလာသူနည်းပါး
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1002
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
စာပေနှင့် အနုပညာ
အဖေ့ရဲ့ ၀ါသနာ

၂ဝ၁၄ ခုနှစ်မှာ ကွယ်လွန် သွားရှာပြီဖြစ်တဲ့ ဘာသာပြန် စာ ရေးဆရာ မောင်ကြည်သန့်ရဲ့ တိုက်တွန်းချက်တစ်ခုရှိခဲ့ဖူးပါ တယ်။ အဖေ့ရဲ့ စာပေမိတ်ဆွေ တွေက အဖေ့ကို ပေးတဲ့ ပေးစာ တွေနဲ့ ပတ်သက်ပြီး ဆောင်းပါး တွေရေးဖို့ပါပဲ။ အဓိကကတော့ ဆရာမောင်ထင်ကို စာပေမိတ်ဆွေ တွေက ရေးကြတဲ့ပေးစာတွေ အ ကြောင်းပဲဖြစ်ပါတယ်။ ကျွန်တော် တို့ နှစ်ဦးသား တိုင်ပင်ရင်းနဲ့ လုပ်ငန်းကို အကောင်အထည်ဖော် ကြပါတယ်။ အဲဒီလို အကောင်အ ထည် ဖော်ရင်းနဲ့ ၂ဝ၁၄ ခုနှစ်၊ စက်တင်ဘာလ ၂၅ ရက်နေ့မှာ ဆရာမောင်ကြည်သန့်ဟာ နှလုံး ရောဂါနဲ့ ကွယ်လွန်သွားခဲ့ပါတယ်။ ဆရာမရှိတော့တဲ့နောက်မှာ စီစဉ် ထားတဲ့ အစီအစဉ်တွေ ပျက်ပြယ် သွားခဲ့ရပါတယ်။

အဖေ့ရဲ့ စာပေမိတ်ဆွေတွေ ရဲ့ ပေးစာတွေကို လှန်လှောဖတ် ကြည့်ရင်းက အဖေ့ရဲ့ ဝတ္ထု၊ ဆောင်းပါးနဲ့ ကဗျာဆိုင်ရာ အ ကြောင်းအချက်အချို့ (အဖေရေး သားခဲ့ခြင်း မပြုခဲ့တဲ့အကြောင်းအ ရာတွေ) ကို သိရှိခွင့်ရခဲ့ပါတယ်။

အဲဒီပေးစာတွေဟာ လွန်ခဲ့တဲ့ ၇၈ နှစ်၊ ၁၉၃၈-၃၉ ခုနှစ် အချိန် ကာလက ပေးစာတွေဖြစ်ပါတယ်။ အဲဒီပေးစာတွေကနေ ကျွန်တော် မသိသေးတဲ့ အချက်အလက်အ ကြောင်းအရာများစွာကို ဖတ်ရှူခွင့် ရခဲ့ပါတယ်။ အထူးသဖြင့် အဖေ့ ရဲ့ 'မြို့အုပ်မင်းဆို ဘုံရုံကဗျာ'နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေ ဖြစ်ပါတယ်။ အဲဒီ 'မြို့အုပ်မင်းဆို ဘုံရုံကဗျာ' အကြောင်းကို သီးသန့် ဆောင်းပါးတစ်ပုဒ်အနေ နဲ့ ရေးပါ ဦးမယ်။

အဖေ့ရဲ့ ဝါသနာနဲ့ ပတ်သက် တဲ့ အကြောင်းအရာတွေကို ကျွန် တော် ဖတ်မိသမျှတွေထဲက ရှာဖွေ ပြီး 'ဈေးကွက်ဂျာနယ်' ပရိသတ် အတွက် ရေးပြချင်ပါတယ်။

ကိုယ်မသိမီလိုက်တဲ့ အ ကြောင်းအရာမျိုးကို မေးမြန်းချင် ရင် ကျွန်တော်နဲ့ တစ်လမ်းတည်း အတူနေကြတဲ့ ဆရာမောင်ကြည် သန့်ဆီပြေးပြီး မေးမြန်းခဲ့ရဖူးပါ တယ်။ ကျွန်တော်ရေးသမျှ စာမူ တွေကို သူကပဲတည်းဖြတ်ပေးပါ တယ်။ အခုအခါမှာတော့ ကျွန် တော့်စာမူကို တည်းဖြတ်ပေးမယ့် ကျွန်တော်ရဲ့ ဗဟုသုတ ဟင်းလေး အိုးကြီးမရှိတော့တာမို့ ကိုယ်မသိ မီလိုက်တဲ့ စာပေဆိုင်ရာအကြောင်း ရပ်တွေကို မေးဖို့မြန်းဖို့ခက်ခဲသွား ပါပြီ။

ဝါသနာဆိုတာ ဘာလဲ။

ဝါသနာဆိုတာကို အဖေက အခုလို အဓိပ္ပာယ်ဖွင့်ဆိုခဲ့ပါတယ်။

ဝါသနာဆိုသည်မှာ ကိုယ် ကြိုက်တာ ကိုယ်လုပ်ခြင်းပင် တည်း။ စာရေးခြင်း၊ စာဖတ်ခြင်း လုပ်ငန်းတို့၌ ဝါသနာသည် အရေး ကြီးသည်။

ဝါသနာမပါဘဲနှင့် စာတိုပေစ ရေးလို့မဖြစ်၊ ဖတ်လို့မရ၊ ရေးသူနှင့် ဖတ်သူနှစ်ဦး အကြိုက်ချင်းတူနေ လျှင်မူကား စာရေးခြင်း၊ စာဖတ် ခြင်းလုပ်ငန်းတို့သည်အတူတကွ ကြီးပွားလိမ့်မည်ဖြစ်သည်၊ လို့ အဖေ မကွယ်လွန်မီ ၃ နှစ်၊ ၂ဝဝ၃ ခုနှစ် မတ်လမှာ ရေးခဲ့ တဲ့ ဝါသနာ ဆောင်းပါးထဲက အ ကြောင်းအရာ ကလေးကို ကောက် နုတ်တင်ပြခြင်းပဲဖြစ်ပါတယ်။

မိမိရဲ့ ဆန္ဒမပါဘဲ၊ စိတ်ဝင် စားမှုမရှိဘဲ အလုပ်တစ်ခုကို ဇွတ် နှစ်ပြီးလုပ်နေရင် အဲဒီအလုပ်ဟာ ထွန်းပေါက်မလာနိုင်ဘူးဆိုတာကို အဖေ့ရေးခဲ့တဲ့ ကျွန်တော်ဘာ ကြောင့် စာရေးရသလဲဆိုတဲ့ ဆောင်းပါးတစ်နေရာမှာ အခုလို တင်ပြထားပါတယ်။

ဖန်တီးသောသူသည် ဖန်တီး ချင်သောစိတ် ရှိမှသာလျှင် သူ၏ ဖန်တီးမှုကောင်းနိုင်မည်။ အလုပ် တစ်ခုကို မလုပ်ချင်ဘဲနှင့် ဖြစ်ညှစ် ၍ လုပ်နေလျှင် ထိုအလုပ်သည် ရွက်ကြမ်းရေကျိုမျှပင် ထွန်းပေါ် လာမည် မဟုတ်ချေ။ အထူးသဖြင့် ဖန်တီးခြင်း အလင်္ကာနှင့် စပ်ဆိုင် သော အနုပညာ အလုပ်သမား သည် မဖန်တီးချင်ဖန်တီးချင်နှင့် အလုပ်လုပ်သော် ထိုအလုပ်ကို  အရသာခံသော သူတို့၏ စိတ်တွင် အရသာပေါ်နိုင်လိမ့်မည် မဟုတ် ချေ လို့ ရေးသားထားတာကို မှတ် သားရပါတယ်။

အဲဒီဆောင်းပါးမှာပဲ ဝါသနာ ဟာ အလွန်အရေးကြီးတဲ့ အ ကြောင်းကို ထပ်ပြီး ရှင်းပြထားပါ တယ်။

 'ဝါသနာဘာဂီဆက်တိုင်းမီ ဟူသော စကားအတိုင်း စိတ်ဆန္ဒ ၏ အရင်းခံဖြစ်သော ဝါသနာ သည်အလွန်အရေးကြီးပါသည်။ လွတ်လပ်ရေးရပြီးစ ခေတ်က ရှုမဝမဂ္ဂဇင်းတွင် 'ဝါသနာ'ဟူ သောဆောင်းပါးကို ရေးခဲ့၏။ ထို ဆောင်းပါး၌ ကျွန်တော်သည် ဝါသနာမပါသော အလုပ်ထဲ၌ တဝဲလည်လည်နေခဲ့ရာမှ ဝါသနာ ပါသော အလုပ်သို့ ရှေးရှုလာပုံကို တစေ့တစောင်းဖော်ပြခဲ့၏။

သို့သော် ကျွန်တော်၏ မူလ ဝါသနာမှာ စာရေးခြင်း မဟုတ်။ စာဖတ်ခြင်းသာဖြစ်ပါသည်။'

 အဖေ့ရဲ့ ဝါသနာဟာ အ သက်အရွယ်အလိုက် ပြောင်းလဲ လာတဲ့ သဘောကိုလည်း ၁၉၄၈ ခုနှစ်၊ မေလထုတ်ရှုမဝမဂ္ဂဇင်းထဲ က 'ဝါသနာ' ဆောင်းပါးထဲမှာ တွေ့ရပါတယ်။

'ရိုးကုမ္ပဏီကတ်တလောက် ကြီးကို ရှေ့မှာချပြီး ကက်တ လောက်ထဲက ခွေးရုပ်၊ ကြောင်ရုပ်၊ တောတောင်ရေမြေ၊ တိုက်တာတွေ၊ ဘိုင်စကယ်နဲ့ ဘိုမရုပ်တွေကို ကူး ရေးရင်း နေ့ရှိသရွေ့ အဲဒီပုံတွေ ရေးနေရရင် ပျော်စရာကောင်းမှာ ပဲဆိုပြီး စိတ်ကူးယဉ်ခဲ့ဖူး ပါတယ်။ ဒါပေမယ့် အဲဒီခေတ်မှာ ဆိုင်း ဘုတ်ရေး ဆရာဘဝနဲ့ ထမင်းငတ် မယ့် ကိန်းမဆိုက်ခဲ့ရတာ ကံ ကောင်းလေခြင်း၊ လို့ဆိုပြီး နိဒါန်း ပျိုးထားပါတယ်။

အရုပ်ရေးရာမှာ အလွန် ဝါသနာပါ၏။ သို့သော် ထိုဝါသနာ ဘာဂီကို ဆက်တိုင်းမီရန် အခွင့် အရေး မရခဲ့သဖြင့် ဆိုပြီး ဝါသနာ ကို စွန့်ခဲ့ရတဲ့အကြောင်း သိရှိရပါ တယ်။

ဒါပေမယ့်လည်း ခြောက်နှစ် သားအရွယ် သင်ပုန်းကြီးကုန်တဲ့ အချိန်က စပြီး စာပေဘက်ကို စိတ်ညွတ်လာတာ အဖေသတိမ ထားမိလိုက်ပါဘူး။ သင်ပုန်းကြီး သင်ပြီးချိန်မှာ 'အယ်ဒီတာ' ဖြစ် ချင်လာပြန်ပါတယ်။ ငယ်ရွက်သူ အဖေ့မှာ 'အယ်ဒီတာ'ဆိုတဲ့ အင်္ဂလိပ်စကားကို 'ဘာသာစကား'  မှန်းမသိခဲ့ပါ။

အဖေ့ရဲ့ အတွေးပဒေသာ ၂ဝဝ၂ ဒီဇင်ဘာ စာအုပ်နိဒါန်းမှာ လည်း 'အယ်ဒီတာဆိုတာသည်မှာ သတင်းတို့ကို စုဆောင်း ပုံနှိပ်ထုတ် ဝေရောင်းချသူဟု ကျွန်တော်ရေး တေးတေး နားလည်ပါတသည်။ ထို့ကြောင့် 'ငါကြီးလာလျှင် အယ် ဒီတာလုပ်မယ်' ဟု စိတ်ထဲကျိတ် ပြီး ရည်ရွယ်ခဲ့ပါသည်လို့ အဖေ့ ရည်ရွယ်ချက်ကို ရေးသားဖော်ပြခဲ့ ပါတယ်။

အဖေဟာ မြောင်းမြမြို့တိုင်း ရင်းသား အထက်တန်းကျောင်းက နေ ရန်ကုန်မြို့မတိုင်းရင်းသား အထက်တန်းကျောင်းကို ရောက်ရှိ ခဲ့ပါတယ်။ အဲဒီကမှ ရန်ကုန် တက္ကသိုလ်ကို တက်ရောက်ပါ တယ်။ ဝိဇ္ဇာဘွဲ့ရခဲ့ပါတယ်။

အဖေ တက္ကသိုလ်ကျောင်း သားဘဝမှာ ဝိဇ္ဇဘာသာတွဲယူနေ ရာက ဆရာဝန်ဖြစ်ချင်လို့ ဇီဝဗေဒ ဘာသာတွဲကို ပြောင်းယူလိုက်ပါ တယ်။ ဥပစာ သိပံ္ပတန်းကို ရောက် ပါတယ်။ စာမေးပွဲ အကြိမ်ကြိမ် ကျပြီး ကံမကောင်းအကြောင်းမ လှလို့ ဆရာဝန်မဖြစ်ခဲ့ရပါ။

အဖေ့ရဲ့ 'ကျွန်တော်ဘာ ကြောင့် စာရေးရသလဲ' ဆောင်း ပါးမှာ သိပံ္ပပညာရပ်နှင့် နဖူးစာဆုံ သောအခါ ကျွန်တော်သည် ဆရာ ဝန်ဖြစ်လေမလားဟု ဖားကိုခွဲ ကြည့်ရင်းနှင့် ခွေးဋီကာကို အော် ၍ ဖတ်၏။ ဆရာကြီးသခင်ကိုယ် တော်မှိုင်း၏ စာများမှာ အော်ဖတ် မှ အရသာရှိသည်လို့ တင်ပြထား ပါသသည်။ အလျဉ်းသင့်လို့ အဖေ့ ရဲ့ ကဗျာကို ဖော်ပြချင်ပါသေး တယ်။

ဖားခွဲသူ
ဖားကလေးရယ်တဲ့
ပြူးကြောင်ကြောင်
ဇလုံပေါ်အသာကွေး၊
မှေးမှိတ်ပျော်ယောင်။
ဓားလက်နက်ကယ်နှင့်
နွားဖျက်မယ် အမူဆောင်၊
ပေါင်ကိုတဲ့ ကိုင်ကာဖြဲ။

ကျွမ်းဆိုက်ငယ်ပြန်၊
ဝမ်းဗိုက်အသာလှန်လို့
ဒန်ငွေရောင်ထိုကပ်ကျေးရယ်နှင့်
အမြှေးကို အသာဖြတ်ပါမှ
ကျမ်းတတ်ငနဲ။

ဒါတင်မကသေး။ ရန်ကုန် တက္ကသိုလ်ကျောင်းရှေ့ သစ်ပုတ် ပင်ကြီးကို ကြည့်ပြီး ကဗျာစပ်လိုက် ပါသေးတယ်။

နုထွားပျို ရွှေရင်မို့လိုပ၊
မတို့ခင် ကြွေစလုပါပဲ၊
ပန်းပွင့်ဖူး စိုပြည်ပြည်
ပင်စည်က မြင့်မား

ကဗျာဆရာကြီး ဝီလျံဝါစ် ဝါ့သ် (William Wordsworth) ရဲ့ အရိပ်အာဝါသအောက်ရောက်နေ ခိုက်သူ့ကို အတုခိုးပြီး သစ်ပုတ်ပင် ကြီးရဲ့ အကြောင်းစာချိုးလိုက်တာ ပဲဖြစ်ပါတယ်။ အဲဒီတော့ ကျောင်း နေဖက်သူငယ်ချင်းက ကြမ်းလွန်း တယ်လို့ မှတ်ချက်ချခံရသလို အဖေရဲ့ အဖေ(အဘိုး) က ဖတ်မိ တော့ ဒီစာမျိုးမရေးရလို့ ပညတ်ခံ ရပါတယ်။ အဲဒီအကြောင်းအရာ ရဲ့ အောက်မှာ ...

ထို့ကြောင့် ကဗျာကို နင်းကန် စပ်ရင်းစာရေးဝါသနာဖွံ့ဖြိုးလာရ လေသည်လို့ မှတ်ချက်ပြုထားပါ တယ်။ ဒါကတော့ အဖေ့ရဲ့ တက္ကသိုလ်ကျောင်းသားဘဝမှာ ကဗျာအစို့အညှောက် ပေါက်ခြင်း အစပါပဲ။

တက္ကသိုလ်ကျောင်းပြီးလို့ မွေး ရပ်မြေ မိဘအိမ်ပြန်ရောက်တဲ့အ ချိန်မှာ အဖေဟာ သုံးနှစ်သုံးမိုး အလုပ်လက်မဲ့ဘဝနဲ့ ရှိခဲ့ပါတယ်။ ပျင်းပျင်းရှိတဲ့အခါ ဂန္ထလောကအ တွက် ဘာသာပြန်တောက်တိုမယ် ရရေးပါတယ်။ အနာတော့ ဖရန့်၊ မိုပါဆွန်း၊ ဒိုဒေး၊ သြစကာဝိုင်းတို့ရဲ့ စာတွေကို ဘာသာပြန်ပါတယ်။ တစ်ခါ တစ်ခါ ဝတ္ထုလိုလို၊ ဆောင်း ပါးလိုလို အဖွဲ့တွေကိုလည်း ရေးပါ တယ်။ ဒါကြောင့် အဖေ့ရဲ့ 'ဝါ သနာ' ဆောင်းပါးဟာ ဆောင်းပါး လို့ သတ်မှတ်လို့ရသလို ဝတ္ထုလို လည်း ဖတ်လို့ရနေပြန်ပါတယ်။

အဖေဟာ ဂန္ထလောက မဂ္ဂဇင်းထဲမှာ မြန်မာစာပေဝေဖန် ချက်တွေကို အင်္ဂလိပ်လို ဆောင်း ပါးတွေ ရေးနေပါတယ်။ အဖေ့ မိတ်ဆွေ ဦးခန့်က အဖေ့ရဲ့ အင်္ဂ လိပ်လို ဆောင်းပါးတွေကို ဖတ်ရ တော့ မြန်မာလို ဝတ္ထုတွေရေးဖို့ တိုက်တွန်းလာပါတယ်။ အဲဒီတော့ အဖေ့ရဲ့ မိတ်ဆွေကြီးဦးဖိုးဒေါင်း ခေါ် ကိုဒေါင်းရဲ့ ငယ်ဘဝအ ကြောင်းတွေကို ရေးဖြစ်သွားပါ တယ်။

ကိုဒေါင်း ဝတ္ထုနဲ့ ပတ်သက် ပြီး

ထို့ကြောင့် 'နဖူးစာ' အစရှိ သော ကိုဒေါင်းဝတ္ထုတိုများကို စတင်၍ ရေးလေသည်။ ထိုစဉ်က ကျွန်ုပ်စိတ်ဖျော်ဖြေမှုအတွက်သာ ရေးခြင်းဖြစ်လေရာ အများကြိုက် ၏ မကြိုက်၏ကို ဂရုမစိုက်မိချေ။ သို့သော် ကိုခန့်၊ ကိုသန့်၊ ကိုဝန်၊ ကိုသိန်းဟန်နှင့် ဦးစိန်တင်တို့က ကြိုက်သည်ဆိုသည်နှင့်ပင် တစ် ပုဒ်ပြီးတစ်ပုဒ်ဆက်လက်ရေးဖြစ် တော့သည်လို့ ရှင်းပြထားပါတယ်။

မြို့အုပ်ဘဝကို ဖွဲ့နွဲ့ရာမှာ

သို့ပါသော်ငြားလည်း နယ် တကာ အနှံ့အပြားတွင် မြို့အုပ် အဖြစ်ဖြင့် တလိမ့်လိမ့်လှိမ့်နေခဲ့ရ သည်။ အငြိမ်မနေတတ်သော ကြောင့် အလုပ်နှင့် လက်မကွာခဲ့ ချေ။ အလုပ်များသည့် အချိန်စာ ရေး၍ ပိုကောင်းသည်။ အားနေ လျှင် အိပ်ချင်သည်။ လူခွန် တောင်းရ အမတော်ကြေးထုတ် ပေးရ၊ လယ်ပျက်ဆင်းရ မြို့အုပ် ဘဝ၌ စိတ်မပါ။ သို့သော် အလုပ် ကို စိတ်ပါ လက်ပါ ကျေပွန်စွာ လုပ်ခဲ့သည်။ အလုပ်ကျေပွန် အောင် လုပ်သည်နှင့် တစ်ပြိုင်နက် ရန်သူတွေပေါများလာတော့သည်။ မြို့အုပ်အလုပ်သည် လူသားတို့၏ ညစ်ပတ်ပုံ အလုံးစုံကို ကြာခြည်ယံ လှစ်၍ ပြဘိသကဲ့သို့ ကျွန်ုပ်အား အကွင်းလိုက်ပြသောကြောင့် ကျွန်ုပ်သည် ကြာခြည်ယံ နောက် ပိုင်း၌ ကျကျနနထိုင်ပြီးလျှင် ခွက်ထိုးခွက်လန်ရယ်မောခဲ့လေရာ မျက်စိ၌ မျက်ရည်စပင်ဥ၍နေ လေတော့သည်။ မြို့အုပ်ဘဝ ၏ ဒေါမနဿ၊ သောမနဿ၊ စိတ္တံ၊ စေတသိကံတို့သည် ''မြို့အုပ်မင်း ဆိုဘုံရုံကဗျာ'' များ၌ ကိန်းအောင်း လျက်ရှိလေသည်လို့ ဖွဲ့နွဲ့ပြခဲ့ပါ တယ်။

အဖေညောင်တုန်းမှာ တာ ဝန်ကျတဲ့ ၁၉၃၉ ခုနှစ်က ဆရာ ကြီး သိပံ္ပမောင်ဝက ရွှေဘိုကနေ စာတစ်စောင်ရေးပို့ပါတယ်။ စာပါ အကြောင်းအရာက ကိုရင့်ရဲ့ ကဗျာကို ဖတ်ရတော့ လွန်ခဲ့တဲ့ ခြောက်နှစ်၊ ခုနစ်နှစ်လောက်က ညောင်တုန်းမှာ နေထိုင်ခဲ့ရတဲ့ အကြောင်းတွေပြန်ပြီး မျက်စိထဲ မြင်မိတယ်ဆိုပြီး ဘယ်သူကြီးက တော့ လူလိမ်၊ ဘယ်သူကြီးက တော့ လူညာစသဖြင့် နာမည်နဲ့ တကွရေးထားတာတွေ၊ ငါးခိုးဖမ်း သူတွေ ဆိုးလွန်းလို့ သုံးနှစ်အတွင်း သူကြီး လေးယောက်ပြောင်းရတဲ့ အကြောင်း 'ဆားမလောက်သူကြီး က အရင်လို ဒေါသကြီးတုန်းပဲ လား'ဆိုတဲ့ မေးခွန်းတွေနဲ့ စာကို ဖတ်ရပါတယ်။ ညောင်တုန်း ရောက်ပြီး တာဝန်ထမ်းရတာ တစ် နည်းအားဖြင့်ကောင်းကြောင်း၊ လူ လိမ်လူကောက်တွေ အကြောင်း ကောင်းကောင်းသိသွားပြီး၊ နောက် ဆို လူလိမ်လူကောက်တွေနဲ့ တွေ့ ရင်တောင် ဂရုစိုက်စရာမလိုတဲ့အ ကြောင်း။ ညောင်တုန်းနယ် လောက် ရှုပ်တဲ့နယ်ခပ်ရှားရှားလို့ ၁၉၃၉ ခုနှစ်၊ ဇူလိုင်လ ၂၉ ရက် နေ့စွဲနဲ့ ဆရာကြီး သိပံ္ပမောင်ဝရဲ့ ပေးစာမှာ ဖတ်ရှုရပါတယ်။

အဖေ့ရဲ့ 'မောင်ထင်၏ ဝတ္ထုတိုများ' စာအုပ်ကို ၁၉၆၈ ခုနှစ်က ပုဂံစာအုပ်တိုက်က ပထမ အကြိမ်အဖြစ် ပုံနှိပ်ထုတ်ဝေခဲ့ပါ တယ်။ ၁၉၉၈ ခုနှစ်မှာ ရာပြည့် စာအုပ်တိုက်က 'မောင်ထင်၏ ဝတ္ထုတိုပေါင်းချုပ်' အမည်နဲ့ ပြန် လည် ပုံနှိပ်ထုတ်ဝေဖြစ်ပါတယ်။ အဲဒီစာအုပ်မှာ ဝတ္ထုတို ၁ဝ ပုဒ်ကို ထပ်မံဖြည့်စွက်ပြီး ပုံနှိပ်ထုတ်ဝေခဲ့ ပါတယ်။ ၁၉၄၈ ခု၊ မေလထုတ် ရှုမဝမဂ္ဂဇင်းထဲက အဖေ့ရဲ့ 'ဝါသ နာ' ဆောင်းပါးဟာ နောက်တိုး ဝတ္ထုတို ၁ဝ ပုဒ်စာရင်းထဲမှာ  ဝတ္ထုတိုအဖြစ်နဲ့ ထည်သွင်းပုံနှိပ်ဖို့ စီစဉ်ခဲ့ပါတယ်။

ရိုးကုမ္ပဏီကက်တလောက် ကြီး ရှေ့ချပြီး အရုပ်ရေးရင်း ပန်း ချီဆရာဖြစ်ချင်တဲ့ အဖေ၊ ကဆုန် လပြည့်လို ဘုရားပွဲတော်အခါမှာ အိုးစည်၊ ဒိုးပတ်သံကြားရင် ဆိုင်း ဆရာဖြစ်ချင်ခဲ့တဲ့ အဖေ၊ ဖား ခွဲရင်း ဆရာဝန်ဖြစ်ချင်ခဲ့တဲ့ အဖေ၊ မြို့အုပ်ဘဝကို မပျော်ပိုက်ခဲ့တဲ့ အဖေဟာ နောက်ဆုံးမှာတော့ အယ်ဒီတာ၊ သတင်းစာဆရာ၊ စာ ရေးဆရာ၊ ဘာသာပြန်ဆရာဘဝနဲ့ သူ့ရဲ့ ဘဝကို နိဂုံးချုပ်ခဲ့ပါတယ်။

ညီကိုး
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: zaygwet1997@gmail.com Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.