6 - 4 - 2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
အင်းလေးကန်အတွင်း ရေပေါ်ဈေးသစ် တစ်ဈေး မေလတွင် စတင် အကောင်အထည်ဖော်ရန် စီစဉ်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1008
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
စာပေနှင့် အနုပညာ
တောင်တက်ကားလမ်း အကျိုးစီးပွား ခွဲဝေခံစားချင်သည့် ဒေသခံ ကျေးရွာသားများ

ကျိုက်ထိုမြို့နယ် ကျိုက်ထီးရိုး တောင်ခြေ၊ ကင်မွန်းချောင်းကျေး ရွာ ကင်မွန်းစခန်းတွင် ဒေသခံများ က ဒီဇင်ဘာ ၂၉ ရက် နံနက်ပိုင်း ၌ ဆန္ဒဖော်ထုတ်ပွဲတစ်ရပ် ကျင်းပ ခဲ့ကြသည်ဟု ဆို၏။ ယင်းဆန္ဒဖော် ထုတ်ပွဲသတင်း ဖတ်လိုက်ရသော အခါ နာမည်ကြီး ကျိုက်ထီးရိုး တောင်တစ်ဝိုင်တွင် စီးပွားရေး လက်ဝါးကြီးအုပ်မှုများ ရှိနေဆဲပါ တကားဟု ရေရွတ်မိသည်။

ကျိုက်ထီးရိုးတောင်ခြေ တစ် ဝိုက်သည် ကမ္ဘာကျော် ကျိုက်ထီးရိုး စေတီတော်မြတ်အား အကြောင်းပြု ပြီး စီးပွားရေးလုပ်ခင်း လုပ်ကွက် အင်မတန်ကောင်းမွန်သော ဒေသ အဖြစ် ထင်ပေါ်ကျော်ကြားခဲ့ သည်။ ပြည်တွင်းပြည်ပ ဘုရားဖူး ဧည့်သည်များဖြင့် တစ်နှစ်ပတ်လုံး နီးပါး (မိုးရာသီမပါဝင်) စည်ကား နေပြီး ရောင်းပန်းဝယ်ပန်းများ ပွင့် လန်းကောင်းမွန်သော ဒေသဖြစ် သည်။ ဒေသ ခံ ပြည်သူအများစု သည် ဘုရားဖူး ဧည့်သည်များ ခရီးလာရောက်လည်ပတ် တည်းခိုနား နေမှုကိုအကြောင်းပြုပြီး ပရိယေသ နဝမ်းစာကို ရှာဖွေမှီတင်းနေကြရသည်။ သို့သော် ကျိုက်ထီးရိုး တောင်တော် တစ်ဝိုက်ရှိ စီးပွားရေး လုပ်ငန်းအများစု ကိုတော့ ဒေသ ခံ ငွေရှင်ကြေးရှင်နှင့် အခြားအရပ် တစ်ပါးမှ စီးပွားရေးလုပ်ငန်းရှင် အ ချို့က လက်ဝါးကြီးအုပ်ချုပ်ကိုင် ထားသည်ဟု သိရသည်။ တစ်နှစ် ထက်တစ်နှစ်လည်း စီးပွားရေး ပိုမို ဖြစ်ထွန်းကြသည် ဆို၏။ ထို့ ကြောင့် ကျိုက်ထီးရိုးတောင်တော် ဒေသဝန်းကျင်အား စီးပွားရေး သမားများ ပိုမိုအာရုံကျလာသည်။ ရှိရင်းစွဲလုပ်ငန်းရှင်များကလည်း ရှိရင်းစွဲ လုပ်ငန်းများကို ခွဲဝေလုပ် ကိုင်ခွင့်မပေးချင် သည့် သဘော များရှိနေသည်ဟု သိရသည်။

ဒီဇင်ဘာ ၂၉ ရက်က ဒေသ ခံများ ဆန္ဒထုတ်ဖော်ကြခြင်းမှာ မွန်ပြည်နယ်အစိုးရက ကင်မွန်း ချောင်းကျေးရွာဒေသခံများ၏ ကျိုက်ထီးရိုးတောင်တက် မော် တော်ယာဉ် ပြေးဆွဲခွင့်ကို ဆောင်ရွက်ပေးခြင်း မရှိသည့်အတွက် ကြောင့်ဟုဆိုသည်။

ကျိုက်ထီးရိုး တောင် တက် မော်တော်ယာဉ်ပိုင်း ထဲတွင် ဒေသခံ မော်တော်ယာဉ်အ စီး ၃ဝ ကို ဝင်ရောက်ပြေးဆွဲခွင့် ပေးရန် အသနားခံစာ သုံးကြိမ်တင် ပြခဲ့ကြောင်း မွန်ပြည်နယ်ဝန်ကြီး ချုပ်နှင့် တွေ့ဆုံခွင့်ရရန် တောင်းဆို ခဲ့သော်လည်း တွေ့ဆုံခွင့်မရ ခဲ့ ကြောင်း၊ ဒေသခံ ပြည်သူများ၏ အဓိကလိုအပ်ချက်များကို ပြည် နယ် အစိုးရအနေဖြင့် ဖြည့်ဆည်း ပေးလိမ့်မည်ဟု မျှော်လင့် ခဲ့သော်လည်း မော်တော်ယာဉ် အစီး ၃ဝ ဝင်ရောက်ပြေးဆွဲရေး  ဆောင်ရွက် ပေးခြင်းမရှိ၍ ယခုလို ဆန္ဒထုတ် ဖော် ရခြင်းဖြစ်ကြောင်း စသည်ဖြင့် ဆန္ဒဖော်ထုတ်ရာတွင် ပါဝင်သည့် ဒေသခံတစ်ဦးက ပြောဆိုသည်။ အခြားဒေသခံတစ်ဦးကတော့ ယခု လိုပြောဆိုသည်။

 ''ဒီကျိုက်ထီးရိုးတောင်တက် ကားလမ်းကို ဖောက်ခဲ့တာက ဒေသ ခံရွာသူ ရွာသားတွေပါ။ ဘုရား လမ်းကြီး ဖောက်ရမယ်ဆိုတော့ ခြံ တွေကိုလည်း ပေးလှူခဲ့ရပါတယ်။ အခု ဘုရားလမ်းကြီးဖြစ်မြောက်ဖို့ အတွက် ကျွန်တော်တို့ ကိုယ်တိုင် လည်း ဖောက်ပေးခဲ့တယ်။ ခြံ မြေ တွေကိုလည်း ပေးခဲ့ပါတယ်။ အခု လို ကျိုက်ထီးရိုးတောင်တက်ကား လမ်းကြီး စည်စည်ကားကား အောင်အောင်မြင်မြင်ဖြစ် လာတဲ့ အခါမှာ ကျွန်တော်တို့ဒေသခံတွေ ကားတစ်စီးမှ ဝင်ဆွဲခွင့်မရခဲ့ဘူး။ ကားဆွဲခွင့်တင်ထားတာကိုလည်း အကြောင်းအမျိုးမျိုးနဲ့ ပိတ်ဆို့ထား တာတွေ တွေ့နေရတယ်''ဟု ဆို သည်။

ထိုနည်းတူစွာ ကျေးရွာရပ် မိရပ်ဖတစ်ဦးကလည်း တောင် တက်ကားလမ်း ဖောက်လုပ်စဉ်က ဒေသခံရွာသားများ ခြံမြေများ ကို ပေးလှူခဲ့ကြကြောင်း၊ လုပ်အားပေးများလည်း သွားရောက်ခဲ့ကြ ကြောင်း၊ တောင်တက်လမ်းကြီး ချောမောသွားသော အခါ ဒေသ ခံများ ဝင်ပိုင်ခွင့်မရှိဟုဆိုပြီး ဖိနှိပ် ချုပ်ချယ်မှုများ လုပ်နေသည့် လူ တစ်စုလက်ထဲသို့ တောင်တက် ကားလမ်းကြီး ကျရောက် သွား ကြောင်း၊ ယင်းဖြစ်ရပ်များကို ပြည် နယ် အစိုးရအား တင်ပြခဲ့ကြ ကြောင်း၊ သို့သော် အကြောင်းထူး ခြားမှုမရှိခဲ့ကြောင်း စသည်ဖြင့် ပြောကြားခဲ့သေးကြောင်း သိရ သည်။

ကျိုက်ထီးရိုးတောင်တက် မော်တော်ယာဉ်လိုင်းတွင် မော် တော်ယာဉ်အစီး ၁၅ဝ ရှိသည်ဟု ဆိုသည်။ မော်တော်ယာဉ် အသင်း ကော်မတီ ကို လည်း ယာဉ်ပိုင်ရှင် ၂၁ ဦးဖြင့် ဖွဲ့စည်းထားသည်။ ဒေသခံများ စုစည်းရင်းနှီးမြှုပ်နှံ ထားသည့် မော်တော်ယာဉ် အစီး ၃ဝ ဝင်ရောက်ပြေးဆွဲခွင့်မရ အောင်လည်း ပိတ်ပင်ထားသည် မှာ ၂ဝဝ၃ ခုနှစ်ကတည်းက ၂ဝ၁၆ ခုနှစ်အထိဆိုလျှင် ၁၃ နှစ် ရှိခဲ့ပြီဟု သိရသည်။ ယခုဆိုလျှင် တောင်ပေါ်တွင် ရေတံခွန်လိုင်းဆိုပြီး လိုင်းအသစ်တိုးချဲ့ထားကြောင်း၊ ဒေသခံများ ၏  ပြောကြား ချက်အရ ယင်းရေတံခွန်သို့ သွားရောက် အ နားယူလည်ပတ်နိုင်ရေး ဖွင့်ပေး ထားသည့် ရေတံခွန်လိုင်းအသစ် သည် နိုင်ငံတော်၏ ခွင့်ပြုချက်မရဘဲ မိမိသဘောဖြင့် မိမိကားလမ်း ဖောက်ကာ ယာဉ်အစီး ၂ဝ ဖြင့် ပြေးဆွဲနေကြောင်း၊ ယင်းကားများ သည် တောင် တက် ယာဉ်လိုင်းယဉ်ပိုင်ရှင်များ၏ အစုရှယ်ယာများဖြင့် ဝယ်ယူပြေးဆွဲနေသည့် ကားများဖြစ်ကြောင်း၊ ထို့ပြင် ကျိုက်ထီး ရိုးတောင်ပေါ်တွင် ရသေ့ တောင်စခန်းမှ ဘုရားရင်ပြင်တော် အရောက် သယ်ပို့ပေးမည့် ကေ ဘယ်လ်ကား စီမံကိန်းကို လည်း ဆောင်ရွက်နေကြောင်း၊ ယင်းစီမံ ကိန်းအတွက် ပစ္စည်းများ သယ်ပို့ ရန် ယာဉ်များလည်း လိုအပ်နေ ကြောင်း၊ ဒေသခံများ စုပေါင်းပိုင် ဆိုင်သည့် ကားများဖြင့် ဝင်ရောက် လုပ်ဆောင်ရန် တောင်းဆိုသော် လည်း တောင်တက်မော်တော် ယာဉ် အသင်းက ခွင့်မပြုကြောင်း၊ ကေဘယ်လ်ကား စီမံကိန်းအတွက် နိုင်ငံတော်က ခွင့်ပြုသတ်မှတ်ပေး ထားသည်မှာ ကားငါးစီးသာဖြစ် ကြောင်း၊ တကယ်တမ်း လက်ရှိ သုံးစွဲနေကြသည်မှာ ကား ၃၈ စီး အထိရှိနေကြောင်း၊ ယင်းကားများ ထဲတွင်လည်း ဒေသခံများ၏ ကား များ တစ်စီးမျှမပါဝင်ကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

ကင်မွန်းချောင်းကျေးရွာ ဒေသခံများ ဆန္ဒဖော်ထုတ်ခြင်းနှင့် ပတ်သက်၍ ကျိုက်ထီးရိုးတောင် တက် မော်တော်ယာဉ် အသင်း ဥက္ကဋ္ဌ ဦးဝိတင်ကတော့ ယခုလို ပြောဆိုသည်။

''တောင်တက် မော်တော် ယာဉ်လိုင်းထဲကို ဝင်ချင်သူ အများ ကြီးရှိပါတယ်။ လက်ရှိမှာ ပြည် နယ်အစိုးရကို လိုက်နေတဲ့ အဖွဲ့ တွေ လည်း အများကြီးပဲ။ အဲဒါ တွေကို ဘယ်လိုရှင်းကြမလဲ။ ဘယ် သူတွေက တာဝန်ယူကြမှာလဲ။ လက်ရှိတောင်တက် ကားလမ်း  အ နေအထားရယ်၊ တောင်ပေါ် ကား ဂိတ်နေရာ ကျဉ်းတာရယ်၊ ကျွန်တော်တို့ ထိန်းသိမ်းမှုအပိုင်း မနိုင်နင်းမှာစိုးတဲ့အတွက် ယာဉ်စီးရေ တိုးဖို့အတွက်ကို လတ်တလော မ ဖြစ်နိုင်သေးပါဘူး''ဟု ဆိုထားသည်။

ယင်းသို့ ငြင်းဆန်ပြောဆိုမှု ကို ဒေသခံများကတော့ အစာမ ကြေဖြစ်ချင်ဖြစ်နိုင်သည်။ နဂိုက တည်းကလည်း ယင်းသို့ အပြော မျိုးဖြင့် ငြင်းဆန်ခံထားရ၍ ယခုလို ဆန္ဒထုတ်ဖော်ကြခြင်းလည်း ဖြစ်သည်။ မွန်ပြည်နယ် အစိုးရအဖွဲ့ အနေဖြင့် လည်း တောင် တက်မော် တော်ယာဉ်လိုင်းထဲသို့ ဒေသခံများ၏ ကားအစီး ၃ဝ ပါဝင်ပြေးဆွဲ ခွင့်ရရေး ထိရောက်စွာ ဆောင် ရွက်ခွင့်ပြု မပေးသေးခြင်း မှာလည်း တောင်တက်မော်တော်ယာဉ် အ သင်း ဥက္ကဋ္ဌက ထိုကဲ့သို့ တင်ပြ ထားခြင်းကြောင့်လည်း ဖြစ်နိုင်ပါ လိမ့်မည်။ မွန်ပြည်နယ် အစိုးရ တွင် ခွင့်မပြုနိုင်ရခြင်း အခြား အ ကြောင်းရင်းများလည်း ရှိကောင်း ရှိနိုင်ပါသည်။

မည်သို့ပင်ဖြစ်စေ၊ တောင် တက်မော်တော်ယာဉ်လိုင်းတွင် ဝင် ရောက်ပြေးဆွဲခွင့်ရရေး၊ မရရေးနှင့် ခွင့်မပြုခြင်း၊ ပိတ်ဆို့ထားခြင်း စသည်တို့တွင် အားလုံးကတော့ မိမိတို့ အကျိုးစီးပွားများအပေါ် မူတည်ကာ ဆုံးဖြတ်နေကြ ခြင်းဟု ထင်မြင်မိသည်။ မိမိတို့ အကျိုးစီး ပွားဆိုသည်မှာ မည်သူတို့၏ အ ကျိုးစီးပွားနည်း၊ တစ်ဦးကောင်း တစ်ယောက်ကောင်း၏ အကျိုးစီး ပွားလော၊ တစ်သင်းတစ်ဖွဲ့တစ် အုပ်စုတည်း၏ အကျိုးစီးပွား များလော၊ ဒေသခံများ၏ အကျိုး စီးပွားများလောဆိုသည်က လက် ရှိဖြစ်ပေါ်နေသော အခြေအနေ အကြောင်း ကိစ္စရပ်များအပေါ်တွင် မူတည်နေသည်။ သေချာသည်က တော့ ကျိုက်ထီးရိုးတောင်တက် မော်တော်ယာဉ်လိုင်း က ပေါ် ထွက် နေသော အကျိုးစီးပွားများသည် ရှိ ရင်းစွဲ မော်တော်ယာဉ်ပိုင်ရှင်များ၊ လက်ဦးစွာဖြင့် ရောက်ရှိနေရာယူ ထားသည့် စီးပွားရေး လုပ်ငန်းရှင် များ၏ လက်ထဲတွင်သာ တည်မြဲ နေသေးသည်။ အကျိုးစီးပွားခွဲဝေ ခံစားခွင့်ကိုလည်း ပိတ်ပင်ထားဆဲ ဖြစ်သည်ဟု လက်ရှိအဖြစ်အပျက် များက ဖော်ပြနေသည်။

ဤနေရာတွင် အကျိုးစီးပွား အကြောင်း၊ ထောက်ရှုသုံးသပ်ပြော ကြားလာပြီဆိုလျှင် အုပ်ချုပ်ရေး အပိုင်းဖြစ်သော ဒေသဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းဖြစ်သည့် ပြည်နယ် အစိုးရ၏ စီမံခန့်ခွဲမှုဆိုင် ရာ အုပ်ချုပ်ပုံကို ထည့်သွင်းစဉ်းစား ရပါတော့မည်။ ဆိုလိုသည်မှာ မွန် ပြည်နယ် အစိုးရသည် မိမိတို့ပြည် နယ်အတွင်း ကျရောက်နေသည့် ဒေသတစ်ခု၏ အကျိုးစီးပွားရေ ရှည်ဖြစ်ထွန်းနေမှုအပေါ် မည်သို့ ရှုမြင်သုံးသပ်ပါသနည်း။ ယင်း ဒေသ၏ အကျိုးစီးပွားခံစားခွင့်များ ကို မည်သို့စီမံခန့်ခွဲဆုံးဖြတ်ပေး ပါ မည်နည်း စသည်တို့ကို လေ့လာ သုံးသပ်ရပါတော့မည်။

ယင်းသို့ ဒေသဆိုင်ရာ အကျိုး စီးပွားများ ခွဲဝေခံစားရေး ဆုံးဖြတ် ရာတွင် ဘက်ပြဿနာများ ပါလာ နိုင်သည်။ မွန်ပြည်နယ် အစိုးရ သည် ကျိုက်ထီးရိုးတောင်တက် မော်တော်ယာဉ်လိုင်း၏ နှစ်စဉ် ဖြစ်ထွန်းနေသော အကျိုးစီးပွားများ ကို ခွဲဝေခံစားစေလိုစိတ်ရင်းရှိပါသ လား သို့မဟုတ် ရှိရင်းစွဲယာဉ်ပိုင် ရှင်များကိုသာပဲ ပိုနေမြဲကျားနေမြဲ ရှိစေချင်သည်လား။ အကျိုးစီးပွား များ ခွဲဝေခံစားစေသင့်သည် ဟု မြင်လျှင်တော့ ဒေသခံများ၏ ယာဉ် အစီး ၃ဝ ကို ထည့်ဝင်ပြေး ဆွဲခွင့်ပေးသင့်ပါသည်။ သို့သော် သတ်မှတ်ပြဋ္ဌာန်းထားသည့် စည်း ကမ်းလုပ်ထုံးလုပ်နည်းများကို တော့ လိုက်နာစေရမည်။

အမှန်တော့ ဒေသခံတိုင်း ရင်းသားတိုင်းသည် မိမိတို့ ဒေသ ပြည်နယ်၏ သဘာဝကပေးထား သော အကျိုးစီးပွားများအား ခွဲဝေခံစားခွင့်ရှိပြီးသားဖြစ်သည်။ ယင်းသို့ရရှိအောင်လည်း ဖက် ဒရယ်ပြည်ထောင်စု နိုင်ငံတော် တည်ထောင်မည်ဟု တဖွဖွပြောနေ ကြခြင်းဖြစ်ပါကြောင်း လေ့လာရေး သားတင်ပြလိုက်ရပါသည်။

မောင်လွင်ပြင်
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: zaygwet1997@gmail.com Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.