29-6-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
ရခိုင်ကမ်းရိုးတန်းတွင် ငါးဖမ်းဆီးရရှိမှုနည်းပါးလာသည့်အတွက် ငါးဖမ်းကိရိယာများ ပြောင်းလဲသုံးစွဲလာကြ
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1017
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
စာပေနှင့် အနုပညာ
သူတော်ကောင်းတွေ ရှိနေတာလည်း အမှန်ပါ

ကျွန်တော်သည် ၃ဝ-၁-၂ဝ၁၆ တွင် ရေနီ အာစရိယပူဇော် ပွဲသို့ သွားရန်ရှိသဖြင့် ၂၈-၁-၂ဝ၁၆ ရက်နေ့က ရန်ကုန်ဘူတာ ကြီး အထက်တန်း မီးရထားလက် မှတ် အရောင်းဌာနသို့ လက်မှတ် ဝယ်ရန် သွားသည်။ ကျွန်တော် လိုက်မည့် ရထားမှာ ဒီဇင်ဘာ ၃ဝ ရက်နေ့ နံနက် ၈ နာရီတွင် ရန် ကုန် ဘူတာကြီးမှ ထွက်မည့် အ မှတ် ၃၁ အဆန်ရထားဖြစ်၏။ သွားမည့် ခရီးဆုံး ဘူတာမှာ သာဝတ္ထိ ဖြစ်သည်။ အာစရိယ ပူဇော်ပွဲကို ၃၁-၁၂-၂ဝ၁၆ ရက် နေ့၌ ရေနီ အထကတွင် ကျင်းပ မည်ဖြစ်သော်လည်း ထို့ဒီဇင်ဘာ ၃ဝ ရက်ညကို သာဝတ္ထိတွင် အိပ် ပြီး နောက်နေ့ နံနက်တွင်မှ ရေနီ သို့သွားမည် စိတ်ကူးပြီး သာဝတ္ထိ အထိ လက်မှတ်ဝယ်ရန် စီစဉ်ခြင်း ဖြစ်ပါသည်။

တယ်လီဖုန်းကို ရှပ်အင်္ကျီ အိတ်ကပ်ထဲ၌ဖြစ်စေ၊ ဘေးအိတ် တွေပါသော လွတ်အိတ်မှ ဘေးအိတ် တစ်ခုခု၌ ဖြစ်စေ ထည့် မြဲ ဖြစ်သော်လည်း ထိုနေ့က မီးရထားခပေးလျှင် လွယ်အိတ်ထဲရှိ ပိုက်ဆံအိတ်ထဲမှ ထုတ်မနေရဘဲ အ လွယ်တကူ နှိုက်ပေးနိုင်ရန်အ တွက် ကမ္ဘောဇဘဏ်မှ ငွေထုတ်သူ များအား ငွေထည့်ပေးလေ့ရှိသည့် ကြွပ်ကြွပ်အိတ်ကလေးထဲတွင် ငွေ  ၆ဝဝဝ-၇ဝဝဝ ကျပ်လောက် ထည့်လာသည်ဖြစ်၍ တယ်လီဖုန်း ကိုလည်း ထိုအိတ်ကလေးထဲမှာပင် ထည့်၍ အိတ်ကို ဆွဲလာသည်။

လက်မှတ်အရောင်းဌာနသို့ ရောက်သော် မီးရထားလက်မှတ်ခ ကျသင့်ငွေ  ၅ဝ၅ဝ ကျပ်အတွက် ၅ဝ တန်မရှိ၍ ၅၁ဝဝ ကျပ်ကို အရောင်းစာရေးကလေးအား မှတ်ပုံတင်နှင့်အတူပေးလိုက်သည်။ အရောင်းစာရင်းကလေးက မိမိလို ချင်သော A တန်းမှ ထိုင်ခုံနံပါတ် ၅ ကိုလည်း ရောင်းပေးပါသည်။

မီးရထား လက်မှတ်ရရှိသော် မိမိသွားမည့်ရက်နှင့် ကိုက်မကိုက် စစ်ဆေးပြီး မှတ်ပုံတင်နှင့်အတူ အိတ်ထဲထည့်ကာ ဈေးကွက်ဂျာ နယ်တိုက်သို့ သွားရန် ဗိုလ်ချုပ် လမ်းကို ဖြတ်ကူးလိုက်သည်။ ၃၃ လမ်းထဲ (ဆာကူရာတာဝါကျော ဘက်နား) သို့ အရောက်တွင် အိတ်ကပ်ထဲပေါ့နေသလို ခံစားရ၍ ရှပ်အင်္ကျီစ အိတ်ကပ်ကို လက် ဖြင့် စမ်းကြည့်လိုက်ရာ တယ်လီ ဖုန်းကို မတွေ့ရပေ။ လွယ်အိတ် ၏ ဘေးအိတ်များထဲသို့ နှိုက်ကြည့်ရာ တွင်လည်း မတွေ့သဖြင့် အိတ် တစ်ခုလုံးရှိ အကန့်တွေအားလုံး တွင် သေချာစွာ စမ်း၍ ရှာကြည့် သော်လည်း မတွေ့ရပေ။

ထို့ကြောင့် ခဏရပ်၍ စဉ်း စားကြည့်ရာ ဘတ်စ်ကားပေါ်မှ အဆင်းတွင် ဤတယ်လီဖုန်းပါလာ ကြောင်းမှတ်မိသည်။ ဘတ်စ်ကား အဆင်းတွင်မှ တယ်လီဖုန်းကို ပိုက် ဆံထည့်လာသော ကြွပ်ကြွပ်အိတ် ထဲသို့ အိတ်ကပ်ထဲမှ ပြောင်းထည့် လိုက်ခြင်းဖြစ်သည် ကို ပြန် စဉ်းစားမိသည်။ လမ်းတွင်လည်း ထွက်မကျဘူးဆိုပါက မီးရထားလက်မှတ် အ ရောင်းကောင်တာတွင် ချမိခဲ့၍ ကျန်ရစ်ခဲ့ခြင်း သာဖြစ်ဖို့ရှိတော့သည်။

ထို့ကြောင့် ကျွန်တော်ထိုနေ ရာသို့ ပြန်သွား၍ အရောင်းစာရေး ကလေးအား ''အဘ တယ်လီဖုန်း ဒီနားမှာ တင်မိ၊ ချမိတယ် ထင် တယ်ကွ၊ အခုအိတ်ထဲပါမလာ တော့လို့ တစ်ခေါက်ပြန်လာတာ ပါ''ဟု ပြောပြရာ လက်မှတ်ရောင်း လူငယ်ကလေးသည် တယ်လီဖုန်း ကောက်ရသွားသည့် လူသည် ကျွန် တော်ရောက်မလာသေးမီကလေး တွင်မှ ကောင်တာကထွက်သွား ကြောင်းပြော ကာ ''ဖုန်းနံပါတ်မှတ် မိသလား''ဟု မေးပါသည်။ ကျွန် တော်က နံပါတ်ကို ပြောရာ ထိုနံ ပါတ်ကို သူ့တယ်လီဖုန်းမှနေ၍ ခေါ်ကြည့် သည့်အခါ အဆက်အ သွယ်ရလေသည်။

''ကူညီပါဗျာ၊ တယ်လီဖုန်း ကျန်သွားတဲ့ အဘအခုပြန်ရောက် လာတယ်။ ပြန်ပေးပါဗျာ'' ဟု ပြောပါသည်။ တစ်ဖက်က လည်း ပြန် ပြောနေဟန်တူပြီး ခဏကြာသော် တယ်လီဖုန်း ဆက်သွယ်မှုကို ရပ် လိုက်ပြီး ''အဘ၊ သူပြန်လာလိမ့် မယ်၊ အိမ်ပြန်ပြီး မှတ်ပုံတင်ပြန်ယူတာ။ ခရီးက နည်းနည်းဝေးလို့ နေ့လယ် ၂ နာရီလောက်မှ ပြန် ရောက်လိမ့်မယ်။ စိတ်အေးအေး ထားပါ။ ပြန်ရ မှာပါ။ အဘ သွား စရာရှိတဲ့ နေရာသွားပါဦး''ဟု ပြော ပါသည်။

ကျွန်တော်လည်း ''အဘက စာရေးဆရာကြီး ဦးတင်ဦး (ကျူ ရှင်)ပါကွာ၊ အခုရက်ပိုင်းအတွင်း အဘဆီ အဲဒီဖုန်းနံပါတ်နဲ့ အရေး ကြီးတဲ့ ဆက်သွယ်မှုတွေ ပြုကြဖို့ ရှိတယ်။ အာစရိယပူဇော်ပွဲကျင်းပ မယ့် တပည့်ဟောင်းတွေ၊ ရန်ကုန် တက္ကသိုလ်သင်တန်း တစ်ခုမှာ သွားရောက်ပို့ချပေးရမယ့် အချိန် ဇယားနဲ့ ပတ်သက်တဲ့ ဆက်သွယ် မှုတွေအပြင် တခြားဆက်သွယ်မှု တွေလည်း လုပ်လာကြမှာ ရှိပါ တယ်။ ဒီဖုန်းမရှိတော့ရင် အတော် ပဲ အခက်အခဲတွေရှိလာနိုင်တယ် ကွ''ဟု ပြောရင်း ကျွန်တော်၏ လိပ်စာ ကတ်ပြားကလေးကို အ ရောင်းစာရေးကလေးအားပေးပါ သည်။ ''အဘက လက်ဖက်ရည်ဖိုး လည်း ပေးပါဦးမယ်'' ဟု ပြော၍ တစ်သောင်းတန် တစ်ရွက်ကို လည်း ထိုလူငယ်ကလေးအား ထုတ်ပေးခဲ့ပါသည်။ သူကလည်း ''အဘဖုန်းရသွားတဲ့ လူလာရင် ကျွန်တော်အဘပေးတဲ့ ပိုက်ဆံပေး ကြည့်ပါမယ်။ သူက မယူဘူးဆို ရင် အဘကို ပြန်ပေးပါမယ်''ဟု ပြန်ပြောပါသည်။

ကျွန်တော်လည်း ထိုအရောင်း စာရေးကလေးနှင့် ပြန်လည်ဆက် သွယ်နိုင်ရန် သူ့နာမည်နှင့် ဖုန်း နံပါတ်ကို ရေးမှတ်ယူ၍ ဈေးကွက် ဂျာနယ်သို့ ထွက်လာခဲ့ပါသည်။ (ထိုလူငယ်ကလေးက ကိုကိုထွန်း ဟူသော သူ၏ အမည်နှင့် ဖုန်းနံ ပါတ်ကို ပြောပါသည်။)

ဘူတာမှ ထွက်လာချိန်မှာ ၁၁ နာရီကျော်ကျော်သာရှိသေးသည်။ ဈေးကွက်ဂျာနယ်သို့ သွား၍ စာမူပေး၊ စာစောင်နှင့် စာမူခ ယူပြီး ပြန်လာကာထိုဂျာနယ်တိုက် ရှိရာ ၄၂ လမ်းထိပ် (ဗန္ဓုလလမ်း ဘက်) နားရှိ Account Care ဂျာ နယ်တိုက်သို့ ဝင်နားပါသည်။ ဂျာနယ်တိုက်ပိုင်ရှင်က နေ့လယ် စာကျွေးနေသဖြင့် နေ့လယ်စာကို စားပြီးသည့်အခါ မွန်းလွဲ ၁ နာရီ ခန့် ရှိပေပြီ။ ထို့ကြောင့် သူက ၂ နာရီပြောထားသော်လည်း ကိုယ်က ၂ နာရီထိုးသည့်တိုင် အောင် နားနေ၍မဖြစ်။ ဥစ္စာရင်လို ဥစ္စာရင်ခဲဟူသော စကားကဲ့သို့ ကိုယ်က ကိုယ့်ပစ္စည်းပြန်ယူလိုသူ ဖြစ်နေ၍ ထမင်းစားပြီးနောက် ဘူတာသို့ ထွက်လာခဲ့သည်။

 ကောင်တာရှေ့သို့ သွားရပ် ကာ စာရေးကလေးကိုကိုထွန်းအား ''အဘ ပြန်ရောက်ပြီဟေ့''ဟု အသိ ပေးသည့်အခါ ''အဘ အဲဒီ လူ ရောက်နေပြီ၊ ဟိုဆိုင်ထဲမှာ ထိုင် နေတယ်ထင်တယ်၊ အဘခဏ စောင့်ဦး''ဟု ပြောကာ ဖုန်းဆက် မည်ပြောပါသည်။

ကျွန်တော်က သူ့ကို ဖုန်း ဆက်ခေါ်လိုက်လျှင် ကိုယ့်ပစ္စည်း ပြန်ပေးရမည့် သူက ကိုယ့်ထံလာ ပေးနေရမည်မျိုး မဖြစ်စေလိုသဖြင့် အရောင်းကောင်တာ တောင်ဘက် နားက လက်ဖက်ရည်ဆိုင်သို့ သွား ပါသည်။ စာရေးလေးက သူ့ထံ ဖုန်းဆက်လိုက်ဟန်တူ၏။ သူသည် ကျွန်တော့်အား တယ်လီဖုန်းရှင် ဖြစ်နိုင်သည်ဟူသော အတွေးဖြင့် စူးစမ်းကြည့်သလိုမျိုးကြည့်နေပါသည်။ ကျွန်တော်က လည်း မိမိ ဘယ်သူဖြစ်ကြောင်းနှင့် လက်မှတ်ဝယ်ရင်း တယ်လီဖုန်းမေ့ကျန်နေခဲ့၍ ပြန်လာကြောင်း ပြောပြရာ ''အန်ကယ် ထိုင်ပါဦး'' ဟု ဆိုကာ သူ ကျွန်တော့်တယ်လီဖုန်းကို သူမည် သို့ ကောက်ရပုံကို ပြောပြပါသည်။

သူက ရထားချိန်လာစုံစမ်း ခြင်းဖြစ်သည်။  ခြေထောက်နှင့် မာမာအရာကို တိုက်မိထိမိ၍ ငုံ့ကြည့်ရာ တယ်လီဖုန်းဖြစ်နေ၍ ကောက် ယူခဲ့ကြောင်း ပြောပါ၏။ သူလည်း ကျွန်တော်နှင့် တစ်ရက် တည်း နေပြည်တော်သို့ သွားမည့် သူပင်။ သို့ရာတွင် သူက ည ၈ နာရီထွက် ရထားကို စီးမည့်သူဖြစ်သည်။ ထိုရထားချိန်နှင့် အဆင်ပြေ ကြောင်း သိရ၍ မှတ်ပုံတင်များ ပါမလာသောကြောင့် မှတ်ပုံတင် များကို (ခရီးသွားမည့်သူက လေး ယောက်ဖြစ်သည်။) သုဝဏ္ဏသို့ ပြန်ယူခြင်းဖြစ်ပါသတဲ့။

ကျွန်တော်လည်း စာရေးကလေးကိုကိုထွန်းအားပေး ခဲ့သည့် ကတိအတိုင်းငွေကျပ် ၁ဝဝဝဝ တန် တစ်ရွက်ကို သူ့အားပေးပါသည်။ သူက ငြင်းလိုသေးသော်လည်း ကျွန် တော်က ဇွတ်ပေးသဖြင့် သူ့အိတ်ကပ်ထဲထည့်ထားကာ ''ကျွန်တော့်နာမည်က ဇော်မိုးနိုင်ပါ။ ဆရာ့မြေးနဲ့တောင် တယ်လီဖုန်းထဲမှာ တွေ့ရသေးတယ်''ဟု ပြောပါသည်။

ကျွန်တော်တို့သည် လက်ဖက်ရည်အတူသောက်ကြသည်။ ကျွန်တော်က ကျွန်တော်၏ လိပ်စာကတ်ပြားထုတ် ပေးသည့်အခါ ပုဇွန်တောင် လိပ်ကန်ပန်းခြံလမ်းမှာနေ ကြောင်း သိသွား၍ ''ကျွန်တော့်မှာကားပါပါတယ်။ အိမ်ပြန်ရင် ကျွန်တော့်ကားနဲ့ လိုက်ခဲ့ပါလား'' ဟု ပြောပါသည်။

သို့ဖြင့် ကျွန်တော်သည် တယ်လီဖုန်းလည်း ပြန်ရကာ တယ်လီဖုန်းကောက်ရသူ ကိုဇော်မိုးနိုင်၏ ကားနှင့်ပင် အိမ် သို့ ပြန်ရောက် ခဲ့ရပါသည်။

အိမ်ရောက်မှသိရသည်မှာ ကိုဇော်မိုးနိုင်က ကျွန်တော့် တယ်လီဖုန်းထဲတွင် ခေါ်ထားသော အမည်များမှ အခေါ်များ သော ကျွန်တော့် သား၏ အမည်ကို နှိပ်၍ ဖုန်းခေါ်သည့်အခါ ကျွန်တော့်သားနှင့် သူဆက်မိသည်။ ကျွန်တော့်ဖုန်းသူ ရထားကြောင်း ကျွန်တော့်သား ကို ပြော၍ သားက ကျွန်တော့် မြေးထံအကြောင်းကြားရာ ကျွန်တော်မြေးနှင့် သူအဆက်အ သွယ်ရသွားပြီး သူတို့ချင်း ဘူတာမှာ ချိန်းထားခြင်းဖြစ်လေသည်။ သို့ရာတွင် ကျွန်တော်က ၁ နာရီခွဲခန့်တွင် အိမ်သို့ ပြန်ရောက်သွားသဖြင့် အိမ်မှ ထွက်ဖို့ပြင်နေသော မြေးလည်း ဘူတာသို့ သူနှင့်သွားတွေ့စရာမလိုခဲ့တော့ပါလေ။

ဦးတင်ဦး (ကျူရှင်)သည် အိုလာပြီဖြစ်ကြောင်း ဟန် ဆောင်ထား၍ မရတာလေးတွေ တွေ့တွေ့လာရသည်။ မျက်စိက အနား မှ ဖြတ်သွားသူ ကို ကောင်းစွာ လူလုံးမကွဲ။ သိကျွမ်းသူ အချင်းချင်းဖြတ်သွားသူက နှုတ်ဆက်ပါမှ မည်သူမည်ဝါမှန်းသိတော့သည်။ နားက အသံတိုးလျှင် မကြားချင်တော့။ ကိုယ့်လိုအရွယ်ချင်း ဖုန်းဆက်ရသည့်အခါ တစ်ဖက်က ပြောသူ၏ အားမရှိသည့် တိုးတိုး အသံကို ရာနှုန်း ပြည့်မကြား။ မကြာမကြာထပ်မေးရ၏။ ဘာလုပ်မည်ဟူ၍ ထသွားရာ အခြားလုပ်စရာ အရာတစ်ခုနှင့် တွေ့လျှင် ပထမ လုပ်မည်ဟု စိတ်ကူးထားသော အရာကို မေ့သွား၏။ ယခုမျက်မှန်၊ အိမ်သော့၊ ပိုက်ဆံအိတ် စသည်များကို ကြိုးနှင့် ချည်ထားတာတောင် တစ်ခါတစ်ရံ မျက်မှန်ချထားသော နေရာကို မမှတ်မိ၍ တော်တော်ရှာယူရသည်။

သို့ရာတွင် ဦးတင်ဦး (ကျူရှင်) သည် နံနက်တိုင်း ဘုရားရှိ ခိုးရန် မပျင်းသူဖြစ်ရာများသောအားဖြင့် သူတော်ကောင်း တို့နှင့်သာ ဆုံစည်းခွင့်ရ၏။ တယ်လီဖုန်းကောက်ရသူသည် ပြန်ပေးလိုစိတ်မရှိဘဲသည် ဟန်းဆက်သည် တစ်သိန်းကျော် တော့ တန်သေးတာပဲ ဟူသော လောဘတွေးရှိသူမျိုး ဆိုပါက ဘူတာမှ စာရေးကလေးဆက်သွယ်ချိန်၌ ဖုန်းပိတ်ထားရုံနှင့် ကိစ္စပြီး၏။

ယခုသော် ကိုကိုနိုင်ဟု ခေါ်သော လူငယ်ကလေးက လည်း သူတော်ကောင်းကလေး၊ ကိုဇော်မိုးနိုင်ဟု ခေါ်သော လူရွယ်ကလေးက လည်း သူတော်ကောင်းတို့ဖြစ်ကြသဖြင့် တယ်လီဖုန်းမေ့ချထားခဲ့သူ ဦးတင်ဦး (ကျူရှင်) ထံသို့ တပည့်များ၊ မိတ်ဆွေများ၊ အယ်ဒီတာများနှင့်  ရန်ကုန်တက္ကသိုလ်မှ ပါမောက္ခများ အဆက်အသွယ်ပြုသည့်အခါ အခက်မကြုံရ ခြင်းဖြစ်လေသည်။ တယ်လီဖုန်း ခိုးနေ သူ များရှိနေ၍ သူ တော်ကောင်းတို့ ရှားတတ်သော်လည်း ဤသို့သော သူများရှိ နေကြသည်ကတော့ အမှန်ပင်။

ဦးတင်ဦး (ကျူရှင်)
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.