19-10-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
စက်တင်ဘာလမှ ဒီဇင်ဘာလအထိ ၄ လတာ ကာလအတွင်း နိုင်ငံတကာ ခရီးသွားဧည့်သည် တစ်သန်းကျော် လာရောက်လည်ပတ်ရန် ခန့်မှန်းထား
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1033
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
စာပေနှင့် အနုပညာ
ဟိုလို လုပ်ပါလား၊ ဒီလို လုပ်ပါလား

''ဟိုလိုလုပ်ပါလား၊ ဒီလိုလုပ်ပါလား၊ ငါးလည်း မလုပ်တတ်ဘူး'' ဆိုတဲ့ အပြော၊ အဆိုလေးပါတဲ့ ဟာသကွက်ကလေးတစ်ကွက် ကို တွေ့ဖူးတယ်။ သရုပ်ဆောင်တဲ့ လူကလည်း နိုင်ငံကျော်တစ် ယောက်မို့ ပိုမိုပီပြင်အောင်မြင်တာ ပဲဖြစ်လိမ့်မယ်။ တချို့ အချိန် ကာလတွေမှာ ကိုယ်လုပ်ကိုင်ဖို့ ကိုယ်ဆီရောက်လာတဲ့ အလုပ်ကို တကယ်လုပ်ရတော့မယ့် အချိန်ကို ရောက်လာရင် ကိုယ်ကလည်း ကျွမ်းကျင်လိမ္မာတဲ့သူမဟုတ်။ ကိုယ်အားကို ယုံကြည်ပြီး ကိုယ့်နံ ဘေးမှာ ခြုံရံထားတဲ့ အချွေအရံ များကလည်း တကယ်သိသလို တတ်သလိုသာ ဟန်ဆောင်ထား ကြတဲ့ 'အနားပြာ' တွေဖြစ်နေလေ တော့ ဦးဆောင်သူက လက်တွေ့ ကာလမှာ အခက်အခဲတွေနဲ့ ရင် ဆိုင်ရမှာ သေချာပါတယ်။

ဒီကိစ္စတွေရဲ့  တရားခံကို ရှာ ဖွေတဲ့အခါ အဓိကတရားခံအဖြစ် ပထမဆုံးတွေ့ရမှာကတော့ ကိုယ် တိုင်ပဲ ဖြစ်လိမ့်မယ်။ ဘယ်သူမဆို ဘဝမှာ ရည်ရွယ်မျှော်မှန်းထားတဲ့ အလုပ်ကြီးတွေရှိတတ်တယ်။ အဲဒီ့ အလုပ်တွေ အောင်မြင်ဖို့အတွက် ကြိုးစားလုပ်ကိုင်ရတဲ့ အချိန်အခါ တွေလည်း ရှိတတ်ပါတယ်။ ဒါပေ မယ့် အဲဒီအလုပ်ဟာ တစ်စုံတစ် ရာ အောင်မြင်မှုအနည်းငယ်ရှိ တတ်သလို အြ<ွကင်း မဲ့ မအောင် မြင်ရတဲ့ အဖြစ်တွေလည်း မလွဲမ သွေကြုံကြလိမ့်မယ်။ ဒီကိစ္စမျိုးတွေ က ရေရှည်ဖုံးဖိလိမ်ညာလို့ ရ ကောင်းတဲ့၊ ရနိုင်တဲ့ အရာမျိုးမှ မဟုတ်တာ။ ကိုယ်က တခြားသူရဲ့ အကူအညီကို ယူပြီး အဲဒီအလုပ် အကိုင်ကြီးတစ်ခုခုကို ဦးဆောင် လုပ်ကိုင်ဖို့ လမ်းညွှန်နေတဲ့ သူမ ဟုတ်လား။ ဒီတော့ သူစီမံလုပ်ကိုင် ခွင့်ရထားတဲ့အလုပ်တွေကို 'ဟို လုပ်လုပ်ပါလား ဒီလိုလုပ်ပါလား' ဆိုတာတွေနဲ့ ညွှန်ကြားတော့မယ်။

ကိုယ်ဝန်းရံထားတဲ့ လူတွေက လည်း ကိုယ်လိုသူလို လူစားတွေ၊ အခြေအနေတစ်ခုကြောင့်သာ အဲ့ဒီနေရာကို ရောက်ကြပေမယ့်  ဟုတ်တိ၊ ပတ်တိ ဘာမှ လုပ်တတ် ကိုင်တတ်တဲ့ သူတွေမဟုတ်ဘူး။ စမ်းတဝါးဝါးနဲ့ သွားရင် အမှားတွေ ကျူးလွန်မိကြတော့တယ်။ ဒီတော့ သူ့ရဲ့နံဘေးမှာ ရောက်နေတဲ့၊ ဝန်း ရံထားတဲ့ လူတွေကို လုပ်ငန်း အောင်မြင်ဖို့အတွက် 'ဟိုလိုလုပ်ပါ လား၊ ဒီလိုလုပ်ပါလား' ဆိုတဲ့ အမိန့် တွေ၊ လမ်းညွှန်ချက်တွေနဲ့ အောင် မြင်မှုရအောင် ညွှန်ကြားတော့ မယ်။ ဒီလိုအနေအထားမျိုးမှာ တကယ်မသိ၊ မတတ် နားမလည် အလုပ်ကြီးတွေကို လုပ်ကိုင်ခွင့်ရ နေကြတဲ့သူတွေက မတတ်သာတဲ့ အဆုံးလမ်းညွှန်စေခိုင်းနေတဲ့ ဆရာ ကြီးဆို သူများဆီကို ပြန်လည် ထိုး အပ်ပြီး သူတို့မတတ်နိုင်တော့တဲ့ အကြောင်းနဲ့ ဒီကိစ္စကို ပြန်လည် ထိုးအပ်ပြီး တာဝန်ယူစေခဲ့တဲ့ အ ချိန်အခါမျိုးရောက်လာရင် သိသ လို တတ်သလိုနဲ့ ဆရာကြီးလိုလို၊ နည်းပြလိုလို လုပ်နေကြတဲ့ သူတွေ ဟာ ချွေးပြန်ပြီး မတတ်သာ တဲ့ အဆုံး 'ငါလည်း မလုပ်တတ်ဘူး' ဖြစ်ကုန်တော့ပါပဲ။ ဒါဟာ လက် တွေ့ ဘဝများမှာ ကြုံတွေ့နေကြရ တဲ့ တကယ့်ဖြစ်ရပ်မှန်တွေဖြစ် ကောင်း ဖြစ်နိုင်ပါတယ်။ မတူမ တန် အားကစားသမားများနဲ့ အ ရည်အချင်းမရှိတဲ့ နည်းပြဆရာ အုပ်ချုပ်သူများရှောင်မရတဲ့ အ ခက်အခဲကို တွေ့လာရပြီဆိုရင် နောက်ဆုံးအဖြေက 'ငါလည်း မလုပ်တတ်ဘူး' ဖြစ်သွားကြတဲ့ အကြောင်း သရုပ်ဆောင်ထားတဲ့ ဟာသအကွက်ကလေးပဲဖြစ်ပါ တယ်။

ဒီဟာသကလေးရဲ့ အတွင်း သဘောက ဘာဆိုတာကို လူတိုင်း နားလည်နိုင်ကြမယ်ထင်ပါတယ်။ ဆင်ခြင် သတိပြုပြီး အကောင်းပြု ပြင်နိုင်ဖို့ ပညာရှင်များရဲ့ ကြိုးစား အားထုတ်မှုတစ်ခုလို့ပဲမြင်ပါတယ်။ အင်မတန်လှ၊ အင်မတန်လေးနက် တဲ့ အတွေးတွေကို ပေါ့ပေါ့ပါးပါး လေးပေးသွားတဲ့ ဟာသတစ်ခုလို့ ပဲမြင်ပါတယ်။ ကြည့်ရှုပြီး ခံစားမိ ကြတဲ့ သူတွေရဲ့ နားလည်သဘော ပေါက်မှုကိုလည်း ရရှိခဲ့တာ အမှန် ပဲဖြစ်ပါတယ်။ တကယ်က ဟိုဟာ လုပ်ပါလား ဒီဟာလုပ်ပါလား လက်ညှိုးထိုးစေခိုင်း တတ်ကြတဲ့ လူတွေဟာ တကယ့် တကယ် ကိုယ်က သူတစ်ပါးကို လမ်းညွှန်စေ ခိုင်းနေသလို အလုပ်ကိစ္စတွေ မှာ 'ငါလည်း မလုပ်တတ်ဘူး' ဆိုတာ မျိုး မဖြစ်စေဖို့ ဂရုစိုက်ကြဖို့လို လိမ့်မယ်။ နည်းပြလမ်းညွန်မှုပေး နေတဲ့ ဆရာက ကိုယ်တိုင် နား လည် ကျွမ်းကျင်တဲ့ အလုပ်ကို  လုပ်နေနိုင်ခဲ့ရင် အကြပ်အတည်း တစ်ခုမှာ 'ငါလည်း မလုပ်တတ် ဘူး' ဆိုတဲ့ အဖြစ်ကနေ လွတ်သွား နိုင်တာပေါ့။

တကယ့်ဘဝတွေထဲမှာ အဲဒီ လို အဖြစ်အပျက်တွေက ထောင့် တိုင်းမှာရှိနေတတ်လေတော့ အဲဒီ ဟာသပြကွက်ကလေးဟာ တကယ့် ကို အောင်မြင်ခဲ့ပါတယ်။ ဒီ လောကမှာက ကိုယ်လည်းဘာ ကိုဘာမှ မလုပ်တတ်တာပဲ တစ်ပါး သူကိုတော့ လက်ညှိုး ထိုးစေခိုင်းနေ တဲ့ လူတွေက တကယ်ရှိနေတယ်မ ဟုတ်လား။ 'စိုင်ကော်လို့ ခြုံပေါ် ရောက်တယ်' ဆိုတဲ့ စကားလို မလွှဲရှောင်နိုင်တဲ့ အကျိုးအကြောင်း အချက်အလက်တစ်ခုကြောင့် အဲဒီလို အဆင့်နေရာမှာ အဲဒီလို လုပ်ပိုင်ခွင့်တွေ့ရခဲ့ကြတဲ့ တချို့လူ တွေက ငါလည်း မလုပ်တတ်ဘူး ဆိုတာမျိုးတွေ ဖြစ်နေတတ်တယ်။ ဒီတော့ မျှော်လင့်ရည်မှန်းထားတဲ့ အခြေအနေတစ်ရပ်ကို ဖော် ဆောင်နိုင်ဖို့ ခက်ခဲတတ်တယ်။

ဒီလိုဖြစ်ခဲ့ပြီဆိုရင် နောက် ဆက်တွဲအကျိုးဆက်တွေကို ကာ ယကံရှင်ဖြစ်တဲ့ သူတို့တစ်တွေပဲ ခံ စားရမှာ မဟုတ်ဘူး။ ရောထွေး ယှက်တင်နေကြရတဲ့ သူ့ဘေးက လူတွေပါ ပတ်သက်ယှက်နွယ်ခံ စားကြရလိမ့်မယ်။ အင်မတန် ကြောက်စရာကောင်းပါ တယ်။ နောက်ပိုင်းရောက်မှ ပေါ်လာတတ် တဲ့ 'ဘယ်သူ့ကြောင့် ဘယ်ဝါ ကြောင့်' ဆိုတဲ့ အပြစ်တင်စကား တွေဟာ နောင်တတရား ဒါမှမ ဟုတ် နောင်တမဲ့ မိုက်မဲမှုတွေ အဖြစ် မြင်တွေ့ကြရလိမ့်မယ်။

တကယ်တော့ 'ဟိုလိုလုပ်ပါ လား၊ ဒီလို လုပ်ပါလား' ဆိုတဲ့ လူတွေကို ပြောချင်တာက အဲဒီလို အမိန့်ပေးညွန်ကြားမှုတွေ ရဲ့ နောက်ကွယ်မှာ 'ဒီလိုလုပ်ရတယ်၊ ငါ့နောက်က လိုက်လုပ်' ဆိုတဲ့ လမ်းညွှန်မှုနဲ့ တွဲပါလာတဲ့ လက် တွေ့လုပ်ပြနိုင်တာမျိုး ဆိုရင် ကောင်းပါတယ်။ လက်တွေ့လုပ် နိုင်တဲ့ ကိစ္စတွေကို ကိုယ်ကရှေ့က လက်တွေ့လုပ်ပြနိုင်မှ ကိုယ့်နောက် ကနေ ကိုယ်သွားရာ လမ်းကြောင်း အတိုင်း လိုက်လျှောက်ကြမယ့် သူ တွေ အင်တိုက်အားတိုက်ပါလာပေ မပေါ့၊ လက်တွေ့မပါတဲ့၊ မအောင် မြင်တဲ့ ကိစ္စမျိုးတွေ ဟာ အဆံမပါ ဘဲ အသံသာမြည်နေတတ်တဲ့ သင်္ကြန်အမြောက်မျိုးတွေပဲဖြစ် သွားတတ်တယ်ဆိုတာ သက်ဆိုင် သူတွေ သိရှိနားလည်ထားကြရင် အကောင်းဆုံးပါ။

ကိုယ်မလုပ်နိုင်တဲ့ အလုပ်ကို တခြားသူကို လုပ်ခိုင်းတယ်ဆိုတာ မကောင်းပါဘူး။ သဘာဝမကျပါ ဘူး။ ရှေးဟောင်းပုံပြင်တစ်ပုဒ်ဖြစ် ပါတယ်။ ကဏန်းမ သားအမိနှစ်ဦးအကြောင်း ပုံပြင်ပါ။ လမ်း လျှောက်ရာမှာ ဘေးတိုက်လျှောက်တဲ့ သားဖြစ်သူကို တည့်တည့် လျှောက်ဖို့အတွက် မိခင်ကဆုံးမ ပါတယ်။ ဒီတော့ သားဖြစ်သူက 'ရှေ့ကသွားနေတဲ့ အမေကိုယ်တိုင် ကမှ တည့်တည့်လျှောက်မပြတာ ကျွန်တော်က ဘေးတိုက်လျှောက် တာ မဆန်းပါဘူး' လို့ မချေမငံတုံ့ ပြန်သတဲ့။ ဒါဟာ သတိထားစရာ ပါ။ ကိုယ်လုပ်နိုင် ကိုင်နိုင်တဲ့ ကိစ္စ မျိုးကိုမှ သူတစ်ပါးကို လုပ်ကိုင်ခိုင်း ရင် ကောင်းပါတယ်။ အခိုင်းခံရတဲ့ သူကို ခိုင်းနေတဲ့ သူက ကောင်း မွန်စွာ ဦးဆောင်နိုင်ပါလိမ့်မယ်။

ဟိုလိုလုပ်ပါလား။ ဒီလိုလုပ် ပါလား။ ငါလည်း မလုပ်တတ်ဘူး ဆိုတဲ့ ဟာသကလေးနဲ့ ကဏန်းမ သားအမိပုံပြင်တို့က လမ်းမှားနေသူ  တွေကို လမ်းမှန်ကိုရောက်ဖို့ အကူ အညီပေးနိုင်လိမ့်မယ်လို့ ထင်ပါ တယ်။            

ထက်ကျော်
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.