6 - 4 - 2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
အင်းလေးကန်အတွင်း ရေပေါ်ဈေးသစ် တစ်ဈေး မေလတွင် စတင် အကောင်အထည်ဖော်ရန် စီစဉ်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1008
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
စာပေနှင့် အနုပညာ
ထရန့်ကြောင့် အာရှ လွတ်လပ်သော ကုန်သွယ်ရေး ဦးဆောင်မှု တရုတ် ရယူမည်လော

သမ္မတအဖြစ် ထရန့်တက် လာပြီး အမေရိကန် ဦးဆောင် သော အာရှ-ပစိဖိတ်ဖြတ်ကျော် ပူးပေါင်းဆောင်ရွက်ရေး သဘော တူစာချုပ် (Asia-Paciffic Partnership - TPP) ကို ပြန်လည် သုံးသပ်ရန် မူဝါဒရှိနေခြင်းကြောင့် တရုတ်နိုင်ငံအနေဖြင့် အာရှဒေသ တွင်း လွတ်လပ်စွာ ကုန်သွယ်ရေး ကဏ္ဍတွင် ခေါင်းဆောင်နေရာကို ရယူလာနိုင်ဖွယ်ရှိသည်ဟု ပြီးခဲ့ သော နိုဝင်ဘာလနောက်ဆုံး ပတ် က ပီရူးနိုင်ငံတွင် ကျင်းပခဲ့သော အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်း ဆောင်ရွက်မှု ညှိနှိုင်းအစည်းအ ဝေးမှ သိရှိရသည်။

ယင်းအစည်း အဝေးတွင် ဘေကျင်းတက္ကသိုလ် နိုင်ငံတကာ ကူးသန်းရောင်းဝယ်ရေးနှင့် စီးပွား ရေး တက္ကသိုလ်မှ ကုန်သွယ်ရေး ကျွမ်းကျင်သူလည်းဖြစ်၊ တရုတ် နိုင်ငံ အစိုးရ၏ ကုန်သွယ်ရေးနှင့် ပတ်သက်၍ အကြံပေးခဲ့ဖူးသူ လည်းဖြစ်သော ထုရှင်းချွမ်က ''အ ကယ်၍ အမေရိကန် နိုင်ငံအနေ ဖြင့် TPP ကို ဦးဆောင်နေရာမှ နုတ်ထွက်သွားခဲ့ရင် အဲဒီတာဝန်ကို တရုတ်နိုင်ငံကယူဖို့ပဲ ရှိတယ်''ဟု ပြောပါသည်။

 ရွေးကောက်ပွဲ မဲဆွယ်စဉ်က အိုဘားမားဦးဆောင်နေသည့် TPP စာချုပ်အဖွဲ့ဝင်နိုင်ငံများကို ဒေါ် နယ်ထရန့်က ''ဖရိုဖရဲဖြစ်ပြီး ဒုက္ခ ရောက်မယ့် disaster အဖွဲ့''ဟု ကင်ပွန်းတပ်ပြီး ဝေဖန်ခဲ့သည်။ အိုဘားမားက ထိုအဖွဲ့ကို ကွန်ဂ ရက် လွှတ်တော်၏ အတည်ပြု ချက်ရယူခဲ့ခြင်းမရှိဘဲ ထရန့်က သမ္မတဖြစ်ပြီးနောက် ထရန့်၏ ရီ ပတ်ပလီကင် ပါတီအမတ် အများ စု ကြီးစိုးနေသော ကွန်ဂရက် လွှတ် တော်၏ အဆုံးအဖြတ်ကို ခံယူရန် ချန်ထားခဲ့သည်။

အမေရိကန်ဦးဆောင်သည့် TPP အဖွဲ့ဝင်နိုင်ငံများထဲတွင် တရုတ်နိုင်ငံ ပါဝင်ခြင်းမရှိပေ။ သို့ သော်လည်း TPP နှင့် အပြိုင် တရုတ်နိုင်ငံ၏ ကျောထောက် နောက်ခံမှုဖြင့် ဖွဲ့စည်းထားသော ဒေသတွင်း ဘက်စုံစီးပွားရေး ပူး ပေါင်းဆောင်ရွက်ရေးအဖွဲ့ (Regional Comprehensive Economic Partnership - RCEP) သည် အာရှဒေသတွင်း လွတ်လပ်စွာ ကုန်သွယ်ရေး တွင် ရှေ့တန်းမှ အ ရေးပါလာရန်ရှိပေသည်။ ထိုမှ တစ်ဆင့် အာရှ-ပစိဖိတ် လွတ်လပ် စွာ ကုန်သွယ်ရေးဇုန်ကို ယှဉ်ပြိုင် ရန် တက်လှမ်း လာနိုင်ပေသည်။

အဆိုပါ TTP နှင့်  RCEP နှစ်ခု စလုံးတွင် တရုတ်နိုင်ငံ မပါဝင် သော်လည်း အမေရိကန် သမ္မတ သစ် ဒေါ်နယ်ထရန့်၏ ကိုယ်ကျိုး စီးပွားကာကွယ်သည့်မူဝါဒအရ လက်လွှတ်ပေးခဲ့လျှင် တရုတ်နိုင်ငံ က ဦးဆောင်သွားရန် ရှိပါသည်။ TPP သဘောတူ စာချုပ်ကို ဆန့် ကျင်သူ ဒေါ်နယ်ထရန့်သည် သမ္မတအဖြစ် ရွေးကောက်ခံခဲ့ရ သည့်အပြင် ¤င်း၏ ရီပတ်ပလီ ကင် ပါတီကလည်း အမတ်အများ စုဖြင့် အောင်ပွဲခံခဲ့သဖြင့် TPP ကုန်သွယ်မှုသဘောတူ စာချုပ်ကို အဆုံးသတ်သွားစေလိမ့်မည်ဟု ကျွမ်းကျင်သူများက ထင်မြင်နေ ကြသည်။

အမေရိကန် သမ္မတသစ် ထရန့်က TPP သဘောတူ စာချုပ် ကို ဆက်လက်ဆောင်ရွက်သည် ဖြစ်စေ၊ မဆောင်ရွက်သည်ဖြစ်စေ ဗီယက်နမ် စီးပွားရေး တိုးတက် ကောင်းမွန်ရေးအတွက် ပြုပြင် ပြောင်းလဲမှုများကို ဆက်လက် ဆောင်ရွက်သွားပြီး အခြား သဘော တူ စာချုပ်များကိုလည်း ဆက်လက် စေ့စပ်ညှိနှိုင်းသွားမည် ဟု ဗီယက်နမ်နိုင်ငံ ကုန်သွယ်ရေး နှင့် စက်မှု ဝန်ကြီး ထရန်တူအန်း က ပြောကြားကြောင်း ဗီယက်နမ် သတင်းအေဂျင်စီက ဖော်ပြပါ သည်။

အကယ်၍ TPP သဘောတူ စာချုပ်ကို ဆက်လက်အကောင်အ ထည်ဖော်နိုင်မည်ဆိုပါက ဗီယက် နမ်နိုင်ငံရှိ ကဏ္ဍအသီးသီးအတွက် အကျိုးစီးပွားများကို ဆောင်ကြဉ်း ပေးမည်ဟု ဆိုသည်။ ချည်မျှင်နှင့် အထည်ချုပ်၊ ဖိနပ်နှင့် ပင်လယ် စာအပါအဝင် ဗီယက်နမ်နိုင်ငံ၏ အဓိကပို့ကုန်များကို အမေရိကန် ပြည်ထောင်စု ဂျပန်နှင့် ကနေဒါ စသည့် နိုင်ငံများသို့ တင်ပို့ရာတွင် အကျိုးအမြတ်များ ဖြစ် ထွန်းစေ နိုင်မည်ဖြစ်သည်။ သို့သော် ထရန့် က TPP စာချုပ်ကို အတည်မပြု ပါကလည်း ဗီယက်နမ်နိုင်ငံအနေ ဖြင့် တခြားသော ပို့ကုန်ဈေးကွက် များရှိနေသေးကြောင်း ဝန်ကြီးတူ အန်းက ပြောပါသည်။

အာရှဒေသတွင်းရှိသည့် နိုင်ငံ များအနက် ဗီယက်နမ်နိုင်ငံသည် ကုန်သွယ်မှုကို အများဆုံး မှီခိုနေရ သော နိုင်ငံတစ်နိုင်ငံဖြစ်ရာ ပို့ကုန် ၁ဝ ရာခိုင်နှုန်းကို တရုတ်နိုင်ငံသို့ လည်းကောင်း၊ ၂ဝ ရာခိုင်နှုန်းကို အမေရိကန်နိုင်ငံသို့လည်းကောင်း တင်ပို့နေရပါသည်။ အမေရိကန် နှင့် တရုတ်နိုင်ငံတို့မှအပ ပစိဖိတ် ဒေသတွင်း ၁၁ နိုင်ငံ ညှိနှိုင်းဆွေး နွေးလျက်ရှိသော  TPP  သဘောတူ စာချုပ်မှာ အာရှဒေသအတွက် ကြီးမားသော အခွင့်အလမ်းများကို ဆောင်ကြဉ်းပေးမည့် စာချုပ်ဖြစ် ပါသည်။ သို့သော် အမေရိကန် သမ္မတသစ် ထရန့်ကယင်း သဘောတူစာချုပ်ကို ရွှေ့ဆိုင်းမည့် လက္ခဏာများပြသလာပြီးနောက် တွင် ဗီယက်နမ်နိုင်ငံကလည်း TPP သဘောတူ စာချုပ်ကို လက် မှတ်မထိုးရန် ဆုံးဖြတ်ခဲ့သည်ဟု သိရသည်။ TPP သဘောတူ စာ ချုပ်ကို ချုပ်ဆိုနိုင်ပါက ဗီယက်နမ် အတွက် အခွင့်အလမ်းများစွာကို ခံစားရဖွယ် အခြေအနေများရှိနေ သည့်ကြားက ယခုကဲ့သို့ ဆုံးဖြတ် လိုက်ခြင်းဖြစ်ပါသည်။

ထိုင်းစီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီး အပီရာဒီ တန် ထရပွန်က ထရန့်၏ မူဝါဒ များသည် တင်းကျပ်လွန်းလျှင် အမေရိကန် စီးပွားရေးကို နှေးကွေး လေးလံစေနိုင်သည့်အတွက် ထိုင်း နိုင်ငံသည် ထရန့်၏ မူဝါဒများကို အနီးကပ်စောင့် ကြည့်လေ့လာနေ သည်ဟု ပြောပါသည်။ ၄င်းက ထရန့်၏ မူဝါဒများသည် ကမ္ဘာ့ ကုန်သွယ်မှုအပေါ် အပြုသဘော နှင့် အဖျက် သဘော ဂယက်ရိုက်ခတ်မှု နှစ်ခုစလုံးကိုဖြစ်ပေါ်စေနိုင် ကြောင်း ထောက်ပြထားပါသည်။ ထရန့်အောင်ပွဲခံပြီးနောက် TPP  သဘောတူ စာချုပ်နှင့် ပတ်သက်၍ မရေရာမှုများရှိနေသော်လည်း ထိုင်းနိုင်ငံက TPP သဘောတူ စာ ချုပ်၏ ဂယက်ရိုက်ခတ်မှုနှင့် အ ကျိုးကျေးဇူးများကို ဆက်လက် လေ့လာပြီးနောက် အနာဂတ်တွင် သဘောတူစာချုပ်၌ ထိုင်းနိုင်ငံ ပါဝင်ချုပ်ဆိုရန်သင့်၊ မသင့် စဉ်း စားသွားမည်ဟု ဆိုသည်။

မောင်ပုဆိုးကြမ်း
Ref; "With Trump Win, China Looks to Seize Asia Free Trade Leadership" (Reuters).

မောင်ပုဆိုးကြမ်း
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: zaygwet1997@gmail.com Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.