23 - 3 - 2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
လေးမြို့မြစ်ရေ တိုက်စားမှုကြောင့် မင်းပြားမြို့နယ် လက်မ(ရခိုင်) ကျေးရွာမှ နေအိမ် ၈ဝ ကျော် ဘေးလွှတ်ရာသို့ပြောင်း
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1006
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
စာပေနှင့် အနုပညာ
ရေနံယိုဖိတ်မှုကြီးအတွက် အသက်စွန့်ရသူများ

ဒီဇာတ်ကားက ၂ဝ၁၆ ခုနှစ်၊ အောက်တိုဘာလဆန်းပိုင်းမှာ ထွက်ရှိလာခဲ့တဲ့ ဖြစ်ရပ်မှန် ရုပ်ရှင်ဇာတ်ကားကြီး ဖြစ်ပါတယ်။ ဒါရိုက်တာ 'ပီတာဘတ်' Peter Berg က ရိုက်ကူးပြီး၊ ဒီဇာတ်ကားကြီးရဲ့ အဓိက ဇာတ်ကောင် 'မိုက်ခ်ဝီလျံ' အဖြစ် မင်းသားကြီး မက်ခ်ဝါးလ်ဘတ် (၂ဝ၁၄ ခုနှစ်တုန်းက တကယ့်ဖြစ်ရပ်မှန် Lone Survivor' ဇာတ်ကားအော်စကာ ဆုရရှိခဲ့တဲ့သူ) က သရုပ်ဆောင် ထားပါတယ်။ သူနဲ့အတူ ဇာတ်ပို့အဖြစ် အပြိုင်ကြဲထား သူနှစ်ယောက်ကတော့ မင်းသမီး Kate Hudson နဲ့ ပြင်သစ် မင်းသားကြီး ဂျွန်မက်ကိုဗစ်ခ်ျ John Malkovich တို့ဖြစ်ပါတယ်။

ဇာတ်လမ်းကြာမြင့်ချိန်က ၁ဝ၇ မိနစ်ဖြစ်ပြီး အမေရိကန် ဒေါ်လာ သန်း ၁၁ဝ ကုန်ကျတဲ့ ဒီရုပ်ရှင်ဟာ ရုံတင်ရက် တစ်လ အတွင်းမှာသန်း ၂ဝဝ နီးပါးပြန်ဝင်လာခဲ့ပြီလို့ ဆိုပါတယ်။

၂ဝ၁ဝ ခုနှစ်တုန်းက မက္ကဆီကန် ပင်လယ်ကွေ့မှာ ဖြစ်ပျက်ခဲ့ရတဲ့ တကယ့်ကြောက်မက်ဖွယ်ရာ ကမ်းလွန်ပင်လယ် ရေနံကြောကြီးမှာ အကြီး မားဆုံး ရေနံယိုဖိတ်မှုကြီးဖြစ်ရတဲ့အကြောင်း ပြန်ရိုက်ပြထားတာ ဖြစ်ပါ တယ်။

အမေရိကန်နိုင်ငံရဲ့ သမိုင်းမှာ အဆိုးရွားဆုံး ရေနံယိုဖိတ်မှုအဖြစ် ၂ဝ၁ဝ ခုနှစ် ဧပြီလက Deep Water Horizon အမည် ရှိ ရေနံတူးစင် ကြီးရဲ့ ကံကြမ္မာဆိုးကြီးကို အသေးစိတ်ကြိုးစား သရုပ်ဆောင်ထားကြ တာလည်း ဖြစ်ပါတယ်။

 ရေနံမတော်တဆယိုဖိတ်မှုမတိုင်မီ နာရီပေါင်းများစွာအလိုမှာ ရေနံတူးအလုပ်သမား မိုက်ခ်ဝီ လျံနဲ့ သူ့ရဲ့အဖွဲ့သားတွေဟာ မက္ကဆီကို ပင်လယ်ကွေ့ သမုဒ္ဒရာ အောက်ခြေက ရေနံတွေကို တူးဖော်နေကြပါ တယ်။ ဒါပေမယ့် မတော်တဆမှုဖြစ်ရပ်တစ်ခုကြောင့် သမိုင်းမှာ အဆိုး ရွားဆုံး ပေါက်ကွဲမှုကြီးတစ်ခုဖြစ်ရပြီး ရေနံတူးစင်ကြီး တစ်ခုလုံး လှုပ်ခါ သွားကာ မီးလောင်ကျွမ်းခဲ့ပါတယ်။

ဒါကြောင့် မိုက်ခ်ဝီလျံက သူ့ရဲ့လုပ်ဖော်ကိုင်ဖက်အလုပ်သမားတွေ ကို ကယ်တင်ဖို့ ကြိုးပမ်းပါတယ်။ ဒီရုပ်ရှင်က ပေါက်ကွဲမှုကြီး အကြောင်း ကို အသေးစိတ်မှတ် တမ်းတင်ထားခဲ့တဲ့ နယူးယောက်တိုင်း(မ်) သတင်း စာကြီးကို အကိုးအကားပြုထားတာတွေ့ရ ပါတယ်။

မတော်တဆဖြစ်ရပ်တစ်ခုကနေ သဘာဝပတ်ဝန်းကျင်ကြီး တစ်ခုလုံး အပေါ် လွှမ်းမိုးထိခိုက်လာတဲ့အထိ ဒုက္ခပေးလာတာမျိုးတွေနဲ့ ကြုံကြရတဲ့ အခါ အလုပ်သမားတွေကို ကယ်တင်မယ့် သူရဲကောင်းတစ်ယောက် ပေါ်ထွက်လာခဲ့ပါတော့တယ်။

လူတွေက ဖြစ်နိုင်ရင် တီဗွီ လေးကြည့်လိုက်၊ ခြံလေးစိုက်လိုက်၊ နေတဲ့ အိမ်ကလေးကိုသလိုက်၊ အရောင်းအဝယ် ကလေးလုပ်လိုက်၊ မိသားစုနဲ့ ပျော်ရွှင်လိုက် အဲသလိုလေးသာနေချင်ပါတယ်။ ထမင်းတစ်လုတ်အတွက် အသက်စွန့်ပြီး လုပ်ရတဲ့ အလုပ်မျိုးတွေနဲ့ ထမင်းရှာမစားချင်ပါဘူး။ ဒါပေ မယ့် ကျွန်တော်တို့ ဘဝတွေက အစကတည်းက ရွေးချယ်စရာမရှိ ခဲ့လေသလား မသိပါဘူးဗျာ လို့ ပြောပြီး ပင်လယ်ပြင်ကြီးကို ဖြတ် သန်းတော့မယ့် သင်္ဘောကြီးရှိရာကို သွားနေကြတဲ့ ကမ်းလွန်ရေနံ တွင်းတူး အလုပ်သမားတွေ ရဲ့ ရင်း တွင်းက ကြေကွဲဖွယ်ရာ စကားသံ တွေဖြစ်ပါတယ်။

အချိန်ကာလက ၂ဝ၁ဝ ခုနှစ် ဧပြီလ ၂ဝ ရက်နေ့။ သင်္ဘောကြီး ရဲ့ အမည်နာမက Deep Water Horizon တဲ့။ ဒီသင်္ဘောကြီးကို 'ထရန်ဆိုရှန်'ဆိုတဲ့ လူရဲ့ လမ်းညွှန် အမိန့်ပေးမှုနဲ့ လူးဝစ်စီယာနာ တောင်ဘက်ကမ်းရိုးတန်းကို ဦး တည်ခုတ်မောင်းလာခဲ့ကြပါ တယ်။

ဒီလိုနဲ့ သင်္ဘောကြီးဟာ လုပ် ငန်းခွင်ရှိရာကို ဆိုက်ကပ်ရောက်ရှိ ပြီးတဲ့ နောက်မှာ မိမိကိုယ်မိမိ သိ တယ်တတ်တယ်၊ လုပ်ပိုင်ခွင့်ရှိ တယ်ဆိုပြီး အစွန်းရောက်အတွေး သမား 'ဒေါ်နယ်ဗစ်ဒရင်း' ဆိုတဲ့ ပုဂ္ဂိုလ်ဟာ အခြားပုဂ္ဂိုလ်တွေ၊ အ ထက်လူကြီးတွေနဲ့ တိုင်ပင်ပြီး တွင်းရဲ့ အားစမ်းသပ်ချက်တွေကို မပြုလုပ်ဘဲ ကိုယ့်သဘောနဲ့ကိုယ် ကွန်ကရစ်ဖောင်ဒေးရှင်းကိုလောင်း ဖို့ အလုပ်သမားတွေကို ညွှန် ကြား နေပါတယ်။

 ဒေါ်နယ်ဗစ်ဒရင်း တစ် ယောက် သူ့အယူအဆနဲ့သူ အဲသ လို လုပ်နေတယ်ဆိုတာကို အလုပ် သမားခေါင်းဆောင်မိုက်ခ်ဝီလျံနဲ့ အထက်လူကြီး 'ဂျိမ်းစ်'တို့ သိလိုက်  ရပြီး အားလုံး အံ့အားသင့်နေကြပါ တယ်။ နောက်မိုက်ခ်ဝီလျံက ကလပ်ဟိုလိုဝေးဆိုတဲ့ လူနဲ့ အတူ အခြားရေနံ တူး အဖွဲ့ကို ပြင်ဆင် နေချိန်မှာ ဟာရေးလ်ဆိုတဲ့ လူ ရောက်လာပြီး ဒေါ်နယ်ဗစ်ဒရင်း ကိုသွားတွေ့ကာ ဖိအား စမ်းသပ်မှု မပြုဘဲ လုပ်နေတာတွေကို ညှိနှိုင်း သိမ်းသွင်းဖို့ တိုက်တွန်းနေပါတယ်။ ဒါပေမယ့် ဒေါ်နယ်ဗစ်ဒရင်းဟာ ရလဒ်ကို သေ ချာအောင် မစောင့် ဘဲ ရေနံတွင်းကိုဖွင့်ဖို့ အမိန့်ပေး ပါတယ်။

ပထမတော့ ဟုတ်သလိုလို ချောချောမွေ့မွေ့ပါပဲ။ ဒါပေမယ့် နောက်ဆုံးကျတော့ ဖောင်ဒေးရှင်း က ကွဲပြီး ရေနံလုပ်သားတွေ ကို သေ ရလောက်အောင် ပြင်းပြင်း ထန်ထန်ပေါက်ကွဲမှုဖြစ်လာစေခဲ့ပါ တယ်။ ရေနံတွင်းကို ပိတ်ပစ်လိုက် ဖို့ အဆင်မပြေတာနဲ့ စက်ပစ္စည်း ချို့ယွင်းတာတွေဟာ ရေနံလုပ် သား ၁ဝ ယောက်ကို တစ်ခဏအ တွင်း သေဆုံးသွားစေပါတယ်။

 ရေကြောင်း အရာရှိက ကမ်း ရိုးတန်းလုံခြုံရေးနဲ့ ပတ်သက်ပြီး သတိပေးဖို့ ကြိုးစားပါတယ်။ ဒါပေ မယ့် အထက်လူကြီးဆိုသူတွေဟာ သူ့ကို အရာမသွင်းသလို ဘေးဖယ် ထားခြင်းခံနေရပါတယ်။ ပင်လယ် ထဲကို ရေနံတွေ စိမ့်ထွက်လာတာ နဲ့ ပတ်သက်ပြီး ကြောက် တတ်တဲ့ 'မလီကန်' ဆိုသူက အနီးအနားကြ>ွပန်တွေဘက်ကို ရောက်သွား တယ်။  'ဟာရယ်' ဆိုသူကပေါက် ကွဲမှုကြောင့် ဒဏ်ရာ အပြင်းအထန် ရသွားပေမယ့် မိုက်ခ်ဝီလျံက ကယ်လိုက်လို့ အသက်ရှင်ခွင့်ရ သွားပါတယ်။

တဖြည်းဖြည်းနဲ့ညရောက် လာတော့ ဆီတွေမီးလောင်နေတာ ပင်လယ်ပြင်ကြီးမှာ ထိန်ထိန်ညီး နေပြီ။ ကမ်းရိုးတန်း လုံခြုံရေးက သတိထားမိသွားပြီး အသက်ကယ် လှေတွေကို အမြန်ဆုံးစေလွှတ်ပေး တယ်။ မိုက်ခ်ဝီလျံဟာ ကိုယ့်အ တွက်ကို သတိမရနိုင်ဘဲ အလုပ် သမားတွေကိုတစ်ယောက်ပြီးတစ် ယောက် ကယ်ထုတ်ပေးနိုင်ဖို့ကို သာ ကြိုးစားနေပါတယ်။

သူ့ရဲ့ ကြိုးစားမှုကြောင့် အ လုပ်သမားတော်တော်များများ အ သက်ရှင်ခွင့်ရသွားကြပြီး မိသားစုနဲ့ ပြန်ဆုံကြရပါတယ်။ ဒါပေမယ့် မိုက်ခ်ဝီလျံကို ပြန်လည်ကယ်ထုတ် ယူဖို့ ကြိုးစားကြရာမှာတော့ ...         

ဒီဇာတ်ကား ဈေးကွက်ထဲ ရောက်တဲ့ အခါကြည့်ဖြစ်အောင် ကြည့်ကြဖို့ပါပဲ။

ဝင်းကိုမောင်
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: zaygwet1997@gmail.com Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.