19 - 1 - 2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
ရန်ကုန် မန္တလေး အမြန် လမ်းမကြီးတွင် ဆိုင်ကယ် မတော်တဆ ဖြစ်ပွားနေမှုများမှာ ခရိုင်ကျေးရွာ ချင်းဆက် လမ်းများ၊ ဆိုင်ကယ်လမ်းများ မဖောက် လုပ်နိုင်သေးခြင်းနှင့် စည်းကမ်းမဲ့ မော်တော် ဆို
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 997
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
စာပေနှင့် အနုပညာ
အမေရိကန် စီးပွားရေးလုပ်ငန်း မော်ဒယ်သစ်

ကမ္ဘာတစ်လွှားက အစိုးရများ ဟာ အမေရိကန်ဒေါ်လာရဲ့ ရှေ့ အလားအလာကို ခန့်မှန်းနိုင်ဖို့အ တွက် အမေရိကန် ဗဟိုဘဏ် (Federal Reserve) ရဲ့ မူဝါဒများကို မျက်ခြည်မပြတ် စောင့်ကြည့် နေကြရတယ်။ အဲသလို အချိန်အခါမှာ အစိုးရများ အတွက် နောက်ထပ် အပိုအလုပ်တစ်ခု ရောက်လာ တယ်။ ဘာလဲဆိုတော့ မကြာမီ အမေရိကန်နိုင်ငံရဲ့ သမ္မတဖြစ် လာတော့မယ့် Donald Trump ရဲ့ ပြောတာဆိုတာ၊ လုပ်တာကိုင်တာ ကို မျက်စိဒေါက်ထောက်ကြည့်နေ တဲ့ အလုပ်ဖြစ်ပါတယ်။ ဘာ ကြောင့်လဲ ဆိုတော့ ဒေါ်နယ်ထရန့် ဟာ အမေရိကန်နိုင်ငံရေးလောက မှာ ရေပန်းစားနေတဲ့ ဝိရောဓိဘုရင် တစ်ပါးဖြစ်နေတယ်။    

 လောလောဆယ် ဒေါ်နယ် ထရန့်ဟာ နယူးယောက်မြို့က သူ့ ရဲ့ Trump Tower မိုးမျှော်တိုက် ပေါ်မှာ စံစားတော်မူတယ်။ သူနေ တဲ့ မိုးမျှော်တိုက်ပေါ်က မိုးထိ အောင်မြင့်တဲ့ အခန်းက အမြင့် ပေ ၆ဝဝ လောက်မှာ ရှိတယ်။ အ ထပ်အနေနဲ့ပြောရင် ၆၆ ထပ်မှာ ပါတဲ့။ သူ့ရဲ့ ဧည့်ခန်းက နန်းတော် တမျှ ကြီးကျယ်ခမ်းနား ထည်ဝါလှ ပါဘိလို့ အများက ပြောကြတယ်။

''အခု ငါနေတဲ့ ဒီလို အခန်း မျိုးကို ဘယ်သူကမှ၊ ဘယ်နေရာ မှာမှ တွေ့ဖူးမြင်ဖူးကြမှာ မဟုတ် ဘူး''လို့ သူက ကြွားလုံးထုတ်တယ်။ ''ဒါပေမယ့် ငါက ကမ္ဘာ့အလုပ် သမားထုကို ကိုယ်စားပြုတယ်။ ငါ က အမေရိကန်အလုပ်သမားများ ရဲ့ ကိုယ်စားလှယ်ဖြစ်တယ်။ ငါက အမေရိကန် လုပ်သားတွေကို ချစ် တယ်။ လုပ်သားတွေကလည်း ငါ့ကို ချစ်ကြတယ်''လို့ သူက ဆို တယ်။

ဟုတ်မှာပါ။ ဒေါ်နယ် ထရန့် ဟာ အမေရိကန် အလုပ်သမားများ နဲ့ အလုပ်လက်မဲ့များရဲ့ ဆန္ဒမဲနဲ့ ရွေးကောက်ပွဲမှာ အနိုင်ရလာခဲ့ တယ်မဟုတ်လား။ ဒီနေရာမှာ ဝိရောဓိက ဘာလဲဆိုတော့၊ ဒေါ် နယ်ထရန့်က  ဘီလီယံနာ သူဌေး ကြီး။ ဒါပေမယ့် သူက ပစ္စည်းမဲ့ လူတန်းစား အလုပ်သမားများရဲ့ ဘက်တော်သားဖြစ်ပါသတဲ့။

ဒီလိုဆိုပေမယ့် ဒေါ်နယ် ထရန့်ရဲ့ လုပ်ရပ်များက သူ့အနေနဲ့ အမေရိကန် အလုပ်သမားများ ဘက်က အမှန်တကယ် ရပ်တည် မယ်ဆိုတဲ့ သဘောထားကို ဖော် ညွှန်းလျက်ရှိတယ်။ တစ်လောက အင်ဒီယားနားပြည်နယ်က လေ အေးပေးစက်များ ထုတ်လုပ်တဲ့ Carrier ကုမ္ပဏီဟာ မက္ကဆီကို နိုင်ငံဆီ ရွှေ့ပြောင်းဖို့ ဆောင်ရွက် ခဲ့တယ်။ အဲဒီ ကုမ္ပဏီ ပြောင်းရွှေ့ သွားရင် အလုပ်သမား ၈ဝဝ အ လုပ်လက်မဲ့ဖြစ်သွားနိုင်တယ်။ ဒီ တော့ ထရန့်ရဲ့အဖွဲ့က သွားရောက် ပြီး ကုမ္ပဏီနဲ့ ဆွေးနွေးခဲ့တယ်။ အခု တော့ Carrier ကုမ္ပဏီဟာ မက္ကဆီ ကို မပြောင်းတော့ဘူး။ အလုပ် သမားများလည်း  အလုပ်မပြုတ် တော့ဘူး။ ထရန့်လည်း နာမည်ကြီး သွားတယ်။ တကယ့် အလုပ်သမား  ရဲ့ ဘက်တော်သားဖြစ်ကြောင်း ထရန့်က သက်သေပြနိုင်ခဲ့တယ်။ဒါတောင်သူက သမ္မတမဖြစ်သေး ဘူး။ အရွေး ချယ်ခံ သမ္မတပဲရှိသေး တယ်။

''အမေရိကန်နိုင်ငံကို စွန့်ခွာ ပြီး အခြားနိုင်ငံတွေမှာ သွားရောက် အလုပ်လုပ်မယ့် အခြားကုမ္ပဏီသုံး ခုကိုလည်း ငါတွေ့ခဲ့တယ်။ သူတို့ က အခု မရွှေ့ပြောင်းကြတော့ဘူး။ သူတို့အနေနဲ့ ရွှေ့ပြောင်းသွားချင် ရင် ရွှေ့ပြောင်းနိုင်တယ်။ ဒါပေ မယ့် ကုမ္ပဏီတွေက အလုပ်သမား များအပေါ်မှာ အနိုင်ကျင့်တာ၊ လှီး ဖြတ်တာ၊ ခေါင်းပုံဖြတ်တာတွေကို တော့ ငါတို့က ဆက်လက် သည်း ညည်းခံမှာ မဟုတ်ဘူး''လို့ ထရန့်က ထောက်ပြတယ်။

''ငါကတော့ အမေရိကန် နိုင်ငံမှာ အလုပ်အကိုင်တွေ ဖော် ဆောင်မယ်။ ငါက အလုပ်သမား တွေအပေါ် ပိုပြီး အလေးဂရုစိုက် တယ်။ ဒါပေမယ့် အလုပ်အကိုင် တွေကို ကုမ္ပဏီများကပဲ ထုတ်လုပ် ဖန်ဆင်းတာဖြစ်တယ်။ ငါ့ရဲ့ မေတ္တာတရားက အလုပ်သမားများ ရဲ့အပေါ်မှာပဲ ရှိနေတယ်။ ကုမ္ပဏီ တွေဘက်က ရှိချင်မှရှိမယ်။ အ လုပ်သမားတွေ အလုပ်လုပ်နိုင်ဖို့ အတွက် သယ်ပိုးပေးတဲ့ ယာဉ်က ကုမ္ပဏီများဖြစ်တယ်။ ဒါကြောင့် ကုမ္ပဏီတွေ ရှင်သန်အောင် အစိုး ရအနေနဲ့ အခွန်လျှော့ချပေးမယ်။ အလုပ်သမားတွေ အလုပ်လုပ်နိုင် ကြပါစေ''လို့ ထရန့်က ဆိုတယ်။

အရင်းရှင်နိုင်ငံမှာ အရင်းရှင် ကြီးတစ်ဦးက ပစ္စည်းမဲ့ လူတန်းစား အလုပ်သမားများရဲ့ ဘက်တော် သားဖြစ်လာပြန်တော့လည်း အ ရင်က မကြားဖူးတဲ့ စကားတွေ အခုကြားလာကြရတယ်။ တကယ် တော့ အမေရိကန်နိုင်ငံဟာ က ပြောင်းကပြန်ဖြစ်လာတယ်။ မနှစ် ကဆိုရင်  -

အမေရိကန် စီးပွားရေး တက္ကသိုလ် ကြီးတစ်ခုမှာ တက်ရောက်ပညာ သင်ကြားနေကြတဲ့ ကျောင်းတော် သားများက ဘောဂဗေဒ သင်ရိုး မာတိကာမှာ ကားလ် မာ့ခ်စ် (Karl Marx) ရဲ့ ဘောဂဗေဒကိုပါ ထည့် သွင်းပြဋ္ဌာန်းပေးဖို့ တောင်းဆိုခဲ့ကြ တယ်။ တရုတ်ပြည်က တက္ကသိုလ် တွေမှာ မာ့ခ်စ် ဘောဂဗေဒရော အရင်းရှင်ဘောဂဗေဒကိုပါ သင် ကြားကြရတာနဲ့ နှိုင်းယှဉ်ကြည့်နိုင် ပါတယ်။ အမေရိကန်နိုင်ငံမှာက အစစအရာရာ တစ်ဖက်စောင်း နင်းဖြစ်နေတာကို ပြည်သူတွေက သိပ်ပြီး လက်မခံချင်ကြတော့ဘူး။ ဒါကြောင့် ဒေါ်နယ်ထရန့်လို ပုဂ္ဂိုလ်က သမ္မတအဖြစ် ရွေးချယ်ခံ ခဲ့ရတာပါ။

ထရန့်ရဲ့ ကုန်သွယ်ရေးဝါဒ

 ဘောဂဗေဒကျမ်းကြီးတွေ  မှာ အပြည်ပြည်ဆိုင်ရာ ကုန်သွယ် ရေး (international Trade) နဲ့ ပတ်သက်ပြီး ဘာပဲပြောပြော၊ ဘာ ပဲဆိုဆို၊ ဒေါ်နယ်ထရန့်ရဲ့ အမြင်က ရိုးရှင်းတယ်။ စိတ်ကူးယဉ်တာ တွေ၊ သီအိုရီတွေ မပါဘူး။ ထရန့် ရဲ့ အမြင်မှာ အပြည်ပြည် ဆိုင်ရာ ကုန်သွယ်ရေးဆိုတာက အမျိုးသား ရေး ယှဉ်ပြိုင်ပွဲတစ်ခုဖြစ်တယ်။ နိုင်ငံတိုင်းဟာ ကိုယ့်နိုင်ငံကောင်း စားဖို့ ယှဉ်ပြိုင် လုပ်ဆောင်နေ ကြ တယ်။ ကိုယ့်စားခွက်သူလု၊ သူ့စား ခွက်ကိုယ်လု။ သူများလုသွားတဲ့ စားခွက်ကို ပြန်လု စသည်ဖြင့်ပေါ့။

ထရန့်ရဲ့ အမြင်မှာ ကမ္ဘာ့ ကုန်သွယ်ရေးဟာ ဝိရောဓိနယ် ပယ်တစ်ခုဖြစ်တယ်။ ပဋိပက္ခ သဘောဆောင်တယ်။ တစ်နိုင်ငံ က အောင်နိုင်ခဲ့ရင် အခြား တစ် နိုင်ငံက အရှုံးပေါ်တဲ့ ဂိမ်းဖြစ် တယ်။ Zero-sum game လို့ ခေါ် တယ်။ တစ်နိုင်ငံမှာ ကုန်သွယ်ရေး နဲ့ ပတ်သက်ပြီး ပိုငွေပြ (Surplus)ရင် အခြား တစ်နိုင်ငံမှာ ကုန် သွယ်ရေးနဲ့ ပတ်သက်ပြီး လိုငွေပြ deficit တယ်။ အခြားသော နိုင်ငံ များဟာ ယှဉ်ပြိုင်ဘက်တွေဖြစ် တယ်။ တူညီတဲ့ အမြတ်အတွက် ပြိုင်ဆိုင်နေကြတာဖြစ်တယ်လို့ ထရန့်ကမြင်တယ်။

ဒီလိုအမြင်ကြောင့် ထရန့် ဟာ Trans-Pacific Partnership (TPP) ကို ဖျက်သိမ်းပစ်ဖို့ အစီအ စဉ်ရှိတယ်။ TPP ဆိုတာက ပစိ ဖိတ်အနားကွယ် ၁၂ နိုင်ငံက ဆယ်စုနှစ်တစ်ခုကျော် ရေးဆွဲညှိ နှိုင်းခဲ့ကြရတဲ့ လွတ်လပ်တဲ့ ကုန် သွယ်ရေး စာချုပ်ဖြစ်တယ်။ အား လုံးပြီးစီးလို့ လွှတ်တော်မှာ ပြဋ္ဌာန်း အတည်ပြုဖို့ပဲ ကျန်ရှိတော့တယ်။ ခုတော့ ပျက်ကိန်းဆိုက်တော့မယ်။ ထရန့်အနေနဲ့ မြောက် အမေရိက လွတ်လပ်တဲ့ ကုန် သွယ်ရေး သဘောတူညီမှု စာချုပ် (NAFTA) ကိုလည်း သဘောမကျဘူး။ အပေး အယူမမျှဘူးလို့ ယူဆတယ်။ နောက်ပြီး တရုတ်နိုင်ငံကို ကမ္ဘာ့ ကုန်သွယ်ရေးအဖွဲ့ (WTO) ထဲ ဝင်ခွင့်ပြုလိုက်တာဟာ အမေရိ ကန်နိုင်ငံရဲ့ အလုပ်အကိုင်တွေ ဖျက်ဆီးခံလိုက်ရပြီး အမေရိကန် အနေနဲ့ အရှုံးပေါ်တယ်လို့ ထရန့် က မြင်တယ်။

အခြားနိုင်ငံတွေက အမေရိ ကန်နိုင်ငံဆီက  တစ်တိတစ်တိနဲ့ ခိုးယူနေကြမှုရဲ့ သက်သေအ ထောက်အထားအဖြစ် ထရန့်က အမေရိကန်နိုင်ငံရဲ့ ကုန်သွယ်ရေး လိုငွေပြမှုကို ထုတ်ပြတယ်။ တရုတ်ဟာ ကမ္ဘာပေါ်မှာ အကြီး မားဆုံးသော ကုန်သွယ်မှု လူလိမ် လူညာဖြစ်တယ်လို့ ထရန့်ကဆို တယ်။ ထရန့် အာဘော်ကိုကြည့် ရင် ထရန့်ဟာ အခြားနိုင်ငံတွေနဲ့ ကုန်သွယ်ရေး စစ်ပွဲ ဆင်နွှဲနိုင် တယ်လို့ အများက ထင်မြင်ယူဆ နိုင်တယ်။ ဒါပေမယ့် သူသမ္မတ ဖြစ်လာတဲ့အခါ တကယ်ပဲ ဒီလို လုပ်ပါ့မလားလို့ သံသယမျက်စိနဲ့ ကြည့်နေကြသူတွေလည်းရှိတယ်။ ဘာကြောင့်လဲဆိုတော့ အရွေးချယ် ခံ ဒုတိယသမ္မတဖြစ်တဲ့ Mike Pence  ဟာ လွတ်လပ်တဲ့ ကုန် သွယ်ရေးကို ထောက်ခံအားပေးခဲ့ တဲ့ ပုဂ္ဂိုလ်ဖြစ်နေလို့ပါပဲ။

တကယ်လို့ သူပြောတဲ့အ တိုင်း မက္ကဆီကိုနဲ့ တရုတ်နိုင်ငံတို့ ရဲ့ သွင်းကုန်အပေါ်မှာ အခွန် ၃၅ မှ ၄၅ ရာခိုင်နှုန်းအထိ တိုးမြှင့် ကောက်ခံခဲ့ရင် အဲဒီနိုင်ငံတွေကလည်း လက်ပိုက်ကြည့်နေကြမှာ တော့ မဟုတ်ဘူး။ လက်တုံ့ပြန်ကြ မှာပါပဲ။ ဒါဆိုရင် ကုန်သွယ်ရေး စစ်ပွဲဖြစ်လာတော့မှာပဲ။ ပြီးတော့ ထရန့်အနေနဲ့ ပြည်တွင်းက ကုမ္ပဏီတွေအပေါ်မှာလည်း အ ရေးယူမယ့် အစီအစဉ်တွေ ရှိတယ်။ တကယ်လို့ ပြည်တွင်းက အမေရိကန် ကုမ္ပဏီတွေ အလုပ် သမားတွေကို ဖြုတ်ပစ်မယ် ဒါမှမ ဟုတ် နိုင်ငံခြားသို့ ရွှေ့ပြောင်းပြီး စက်ရုံအလုပ်ရုံတွေ တည်ဆောက် မယ်ဆိုရင် အဲဒီ ကုမ္ပဏီတွေအ ပေါ် အခွန် ၃၅ ရာခိုင်နှုန်းစည်း ကြပ်မယ်လို့ ထရန့်က ဆိုတယ်။

စီးပွားရေး လုပ်ငန်းများမှာ စွက်ဖက်လာနိုင်တဲ့ ထရန့်

ထရန့်ဟာ စီးပွားရေးလုပ်ငန်း မှာ ကျောထောက်နောက်ခံရှိပါ တယ်။ မဲဆွယ်စည်းရုံးရေးဆင်းစဉ် က အခွန်လျှော့ချပြီး၊ အမေရိကန် စီးပွားရေးများကို ကာကွယ်စောင့် ရှောက်ပေးမယ်ဆိုတဲ့ မူဝါဒလမ်း စဉ်ပေါ်မှာ ရပ်တည်စည်းရုံးခဲ့ တယ်။ ဒီမူဝါဒကြောင့်ပဲ သူဟာ သမ္မတအဖြစ် ရွေးချယ်ခံခဲ့ရတယ်။

 လောလောဆယ် သူကစီးပွား ရေး လုပ်ငန်းရှင်ကြီးများနဲ့ တွေ့ဆုံ ပြီး အလုပ်အကိုင်များ တိုးပွားလာ အောင် မြှင့်တင်ကြဖို့နဲ့ လုပ်ခကို တိုးမြှင့်ပေးကြဖို့ နှိုးဆော်လျက်ရှိ တယ်။ မကြာသေးမီက Ford နဲ့ Carrier ကုမ္ပဏီများကို အမေရိ ကန်နိုင်ငံမှာပဲ အလုပ်လုပ်ကြဖို့ တိုက်တွန်းပြောဆိုအောင်မြင်မှု ရရှိခဲ့တယ်။ ထရန့်အဖွဲ့က ဒီ ကုမ္ပဏီများဟာ အလုပ်သမားတွေ ကို မဖြုတ်ပစ်ဘဲ အမေရိကန်နိုင်ငံ တွင်းမှာပဲ ဆက်လက်အလုပ်လုပ် ကိုင်ကြဖို့ သဘောတူညီခဲ့တဲ့အ တွက် ထရန့်သမ္မတဖြစ်လာခဲ့ရင် အဲဒီကုမ္ပဏီများကို အခွန်ကင်း လွတ်ခွင့်ပြုမယ်လို့ ကတိပေးခဲ့ပါ သတဲ့။

ဒီလုပ်ရပ်များကို ကြည့်ရင် ထရန့်ဟာ သမ္မတတာဝန် လွှဲ ပြောင်း ရယူပြီးတဲ့နောက်ပိုင်းမှာ အမေရိကန်ကုမ္ပဏီများနဲ့ ပတ် သက်ပြီး လိုအပ်ရင် လိုအပ်သလို ဝင်ရောက်စွက်ဖက်လာနိုင်တယ်ဆို တာ ပေါ်လွင်ထင်ရှားတယ်။ တကယ်တော့ ဒါကလည်း အထူး အဆန်းတစ်ခု မဟုတ်ပါဘူး။ အမေရိကန်နိုင်ငံရေး လောကမှာ သမ္မတဖြစ်သူတွေက ''လွတ်လပ် တဲ့ ပုဂ္ဂလိက ဈေးကွက်တွေ''ထဲ မှာ ဝင်ရောက်စွက်ဖက်လာခဲ့ကြတာ သမိုင်းနဲ့ချီပြီး ကြာမြင့်ခဲ့ပါပြီ။

အမေရိကန်နိုင်ငံမှာ အရင်း ရှင်ဝါဒ ကျင့်သုံးတယ်ဆိုပေမယ့် သမ္မတများနဲ့ ကော်ပိုရေးရှင်းကြီး တွေကြားမှာ ဆက်ဆံရေးဟာ အ စဉ်ထာဝရ ချောမွေ့အဆင်ပြေနေ ခဲ့တာတော့ မဟုတ်ပါဘူး။ သမ္မတ များဟာ ကော်ပိုရိတ်တွေအပေါ် မှာ ချော့ချည်တစ်ခါ ရိုက်ချည်တစ် လှည့် (The Carrot and the Stick) လမ်းစဉ်ကျင့်သုံးတယ်။ Hoover, Roosevelt,Truman, Kennedy, Nixon အစရှိတဲ့ သမ္မတများ လက် ထက်များကလည်း ကြီးကြီးမားမား ဝင်ရောက် စွက်ဖက်မှုတွေလုပ်ခဲ့ကြ တာပါပဲ။ ၂ဝဝ၈ ခုနှစ် အမေရိ ကန် ဘဏ္ဍာရေးပြိုလဲတုန်းက သမ္မတ အိုဘားမားဆိုရင် ဘဏ် တွေနဲ့ ကားထုတ်လုပ်တဲ့ ကုမ္ပဏီ အချို့ကို ပြည်သူပိုင်တောင် ယာယီ သိမ်းပိုက်ခဲ့ရသေးတယ်။

ဒီတော့ အမေရိကန် ကော်ပို ရေးရှင်းတွေက ဒေါ်နယ်ထရန့် သမ္မတဖြစ်လာခဲ့ရင် သူတို့ရဲ့ လုပ် ငန်းတွေမှာ ဝင်ရောက် စွက်ဖက် တော့မှာကို အသေအချာမျှော်လင့် ထားကြပါတယ်။ ဒါပေမယ့် ကော် ပိုရိတ်တွေအနေနဲ့ စိုးရိမ်တာ တစ် ခုရှိတယ်။ ထရန့်က မထောက်မ ညာအလွန်အကျွံ ဝင်ရောက်စွက် လာမှာကိုပဲ စိုးရိမ်ကြတာပါ။

မင်းရွှေမောင်
Ref; "America's new business model" The Economist, Dec 10,2016.

မင်းရွှေမောင်
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: zaygwet1997@gmail.com Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.