လူလတ်လူကြီးများအတွက် ကျန်းမာအသက်ရှည်စေမယ့် အစာများ မောင်မောင်လှိုင်(အပ်စိုက်ကု)
ကျန်းကျန်းမာမာ အသက်တစ်ရာ ၁၊ ၂၊ ၃ စာစဉ်များဖြင့် ကျန်းမာ ရေးပညာပေးစာအုပ်များကို လူထု ကြားပျံ့နှံ့အောင် ဆောင်ရွက်နိုင်ခဲ့သည့် ဆရာမောင်မောင်လှိုင်(အပ်စိုက် ကု)၏ စာအုပ်သစ်ဖြစ်သည်။
ဤစာအုပ်ပါ ဆောင်းပါးများမှာ Family Health ဂျာနယ်တွင် ၂ဝဝ၇ ခုနှစ်မှ ၂ဝဝ၈ ခုနှစ်အထိ ၃၄ ပတ်တိုင်တိုင် ဘာသာပြန်ဖော်ပြ ခဲ့ပြီးသော ဆောင်းပါးများကိုစုစည်း ထားခြင်းဖြစ်သည်။ စာအုပ်တွင် အခန်းငယ် ငါးခန်းခွဲထားပေးသည့် အတွက် စာဖတ်သူများ သိချင်သည့် အကြောင်းအရာကို ချက်ချင်းရှာဖွေ ဖတ်ရှုမှတ်သားနိုင်မှာ ဖြစ်ပါသည်။ လူတစ်ဦး၏ ကျန်းမာရေးအတွက် အဓိက သော့ချက်ဖြစ်စေသော အစားအစာ၏ ကဏ္ဍအရေးပါပုံကို စနစ်တကျ လေ့လာစမ်းသပ်ချက်များနှင့်တကွ တရုတ်ရိုးရာ တိုင်းရင်းဆေး ကျမ်းများ၏ အကိုးအကားများကိုပါ ထည့်သွင်းထားသည်။
၁။ဦးနှောက်ကျန်းမာစေတဲ့ အစာများ ၂။အိုမင်းမှုကို နှေးကွေးစေတဲ့ အစာများ ၃။အဆီချတဲ့ အစာများ ၄။ကျားလိင်အားပေး အစားအစာများ ၅။ကင်ဆာကာကွယ်တဲ့ အစာများဟူ၍ ပိုင်းခြားဖော်ပြထားသည်။ ၄င်းပြင် မြန်မာပြည်တွင် အလွယ်တကူ ဝယ်ယူနိုင်သည့် အစာအမျိုးအစားများကို ဦးစားပေး၍ ကောက်နုတ်ပြထားသည်။
ကျန်းမာရေး လိုက်စားသူများအတွက် အထောက်အကူကောင်း ရမည့် စာအုပ်ဖြစ်ပြီး အသက်ရှည်ရန် ကျင့်ကြံအားထုတ်နိုင်စေမည့် နည်းလမ်းများ ဖြစ်ပေသည်။
စာမူခွင့်ပြုချက်အမှတ် ၄ဝဝ၄၈ ၉၁၁ဝ၉။ ပထမအကြိမ်။ ၂ဝ၁ဝ ခုနှစ်။ ဇွန်လ။ စာမျက်နှာ ၂၁၁။ တန်ဖိုး ၁ဝဝဝ ကျပ်။ ဖြန့်ချိရေး Perfect စာပေ။
ဝန်ဇင်း