1051_Cov.jpg
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
အကြမ်းဖက်မှုနောက်ပိုင်း မောင်တောနယ်စပ်မှ ကုန်သွယ်မှု ဆောင်ရွက်နေသည့် ကုမ္ပဏီ ဆယ်ခုလျော့ကျသွား
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1051
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
နိုင်ငံတကာ အရေး
ယဉ်ကျေးမှု အစုံလင်ဆုံးမြို့

အိန္ဒိယဟာ တကယ်ထူးခြားတဲ့ နိုင်ငံတစ်ခုပါ။ ဒီမိုကရေစီကို ကျင့်သုံးပြီးမတူတဲ့ ဘာသာတွေ၊  အ ယူဝါဒတွေ ထွန်းကားလို့ ရောင်စုံယဉ်ကျေးမှုရောယှက်နေထိုင်တဲ့ နိုင်ငံတွေထဲမှာ ပိုပြီး ထူးခြားပါတယ်။ အဲဒီ အိန္ဒိယနိုင်ငံအကြောင်းကိုသိချင်ရင် နယူးဒေလီတစ်မြို့တည်းကို ကြည့်ရုံနဲ့ အရောင်အသွေးအစုံစုံ၊ ကိုးကွယ်မှုအဖုံဖုံနဲ့ ဖြစ်တည်နေတာ ချက်ချင်းတွေ့ကြမှာ သေချာပါတယ်။

ကြည့်လေ ဘာသာမှာဆိုရင်လည်း ဟိန္ဒူက ၈၉ ဒသမ ၉၂ ရာ ခိုင်နှုန်း၊ မွတ်စလင်က ၄ ဒသမ ၅ဝ ရာခိုင်နှုန်း၊ ခရစ်ယာန်က ၂ ဒသမ ၉၃ ရာခိုင်နှုန်း၊ ဆစ်ခ်ဘာသာဝင်က ၁ ဒသမ ၉၇ ရာခိုင်နှုန်း၊ ဂျိမ်း ဘာသာဝင်က ဝ ဒသမ ၄၂ ရာခိုင် နှုန်းနဲ့ အခြားဘာသာဝင် ဝ ဒသမ ၃၂ ရာခိုင်နှုန်းဆိုပြီး များများစားစားရှိနေတယ်။

ဒါဟာ ဘာသာရေးကို အခြေခံပြီးပြောတဲ့ စာရင်းပဲရှိသေးတယ်။ ဘာသာအမည်တပ်မထားတဲ့ အခြား ကိုးကွယ်ယုံကြည်မှုပိုင်း၊ နတ်ကိုးကွယ် မှုအပိုင်းဆိုရင်လည်း တစ်နယ်တစ် ပုံစံမျိုးနဲ့ရှိနေတတ်တာ နယူးဒေလီပါ။ ဒါကြောင့် နယူးဒေလီရဲ့ အသွင်လက္ခဏာကို ကြည့်လိုက်တာနဲ့ အိန္ဒိယကို ချက်ချင်းသဘောပေါက် သွားကြတာပါပဲ။

တစ်ချိန် အင်္ဂလိပ်ကိုနီလို လက်အောက်ခံဘဝကို နှစ်ရှည်ကျရောက်ခဲ့ခြင်းကတည်း အဆိုးထဲက ကောင်းကွက်တစ်ခုအနေနဲ့ အရှေ့နဲ့အနောက် တိုင်းနိုင်ငံတွေကြားမှာ  ကူးလူးဆက်ဆံရာ နေရာဖြစ်လာ စေခဲ့ပြန်တယ်။ ဒါကြောင့် လူပေါင်း ၂၆ သန်းလောက် နေထိုင်ကြတဲ့ ဒေလီမြို့မှာ ယဉ်ကျေးမှု၊ ဘာသာရေးအပြင် ကမ္ဘာ့ကုန်သွယ်ရေးရာစတဲ့ အရာတွေဟာ အသွင်စုံနေတာ တွေ့ ရပါမယ်။ မတူညီမှုတွေနဲ့ တွဲဖက်ရှင်သန်နေတဲ့ နေရာမှာ အိန္ဒိယရဲ့ နယူးဒေလီယာ အမေရိကန်က နယူး ယောက် ထက်တောင်မှသာတယ်လို့ ဆိုချင်လိုက်သေးတယ်။

ဒေလီမြို့ကိုတော့ ၁၉၁၁ ခုနှစ်က ဧကရာဇ်ဂျော့(၅)စပြီး အုတ်မြစ်ချခဲ့ပါတယ်။ ဗြိတိသျှ လက် အောက်ခံဖြစ်ခဲ့တဲ့အတွက် အင်္ဂလိပ်အဆောက်အအုံတွေနဲ့မြို့ကစပြီး ပေါ်ထွန်းလာပါတယ်။ ခေတ်တွေပြောင်းလဲပြီး ဝန်ကြီးချုပ်နာရန်ဒါမိုဒီ လက်ထက်မှာတော့ Smart Cities ဆိုတဲ့ မစ်ရှင်နဲ့ မြို့တော်ဟာ ခေတ်သစ်အသွင်ကိုပြောင်းပြီး အစွမ်းကုန် တိုးတက်စည်ကား လာစေခဲ့ပြန်ပါတယ်။

အိန္ဒိယရဲ့ နိုင်ငံရေးစနစ်နဲ့ ဝန်ထမ်းတွေကြားမှာ အမြစ်တွယ်နေတဲ့ ဗြူရိုကရေစီစနစ်ရယ်၊ လူမျိုးအစုံ ရောထွေးနေထိုင်ကြတာတွေရယ်ကြောင့်  ဒေလီမြို့ဟာ အစွဲအလမ်း တစ်ခုတည်းပေါ်မှာ၊ အယူဝါဒ တစ်မျိုးတည်းပေါ်မှာ ကုတ်တွယ်ထားတဲ့မြို့မျိုး မဖြစ်စေခဲ့ပါဘူး။

မြို့ရဲ့ ဂုဏ်ဒြပ်ပိုင်းကို ကြည့်ရင်လည်း လွတ်လပ်ရေးနေ့ပွဲတော်ကနေ ဂန္ဒီကြီးရဲ့မွေးနေ့အထိ နိုင်ငံတော်က ဦးဆောင်ကျင်းပတဲ့ ပွဲတော်တွေ ပြည့်နေတာ တွေ့ပြန်ပါတယ်။ ဒါ့အပြင် ရည်ရွယ်ချက် အစုံနဲ့ လုပ်ကိုင်ကြတဲ့ ချီတက်ပွဲတွေဆိုရင်လည်း ဒေလီမြို့မှာပဲ အများဆုံး ရွေးချယ်ကျင်းပလေ့ ရှိကြပါတယ်။  ဘာသာရေးပွဲတော်ဆိုရင်လည်း ဟိန္ဒူဘာသာတစ်မျိုးထဲမှာတင် ဒေပါဝလီပွဲတာ်၊ မဟာရှီဗာ ပူဇော်ပဲ၊ ဂုရုနာနတ်ပူဇော်ပွဲစသဖြင့် အမယ်များနေပြန်တယ်။ ဒါကြောင့် ဒေလီမြို့ကို အသွင်တော်တော်စုံတဲ့ မြို့လို့ မမြင်ရင်တော့ တော်တော်ရှုပ်တဲ့ မြို့လို့ ထင်ရုံပဲရှိပါတယ်။

ဒါ့အပြင် ပြည်တွင်းနဲ့ နိုင်ငံတကာ ပွဲတော်တွေကလည်း ဒေလီမြို့ရဲ့ အချိန်ဇယားမှာ ပြည့်နေတတ် ပြန်ပါတယ်။ နွေဦးပွဲတော်၊ စွန်လွှတ်ပွဲတော်၊ သရက်သီးပွဲတော်၊ ဂီတနဲ့အက ဖျော်ဖြေပွဲတော်တွေဆိုတာ ဒေလီမြို့မှာ နှစ်စဉ်ကျင်းပတဲ့ ပွဲတွေပါပဲ။ 

၂ဝ၁၇ ခုနှစ်မှာ ဂျပန် ဗုဒ္ဓဘာ သာအဖွဲ့အစည်းဖြစ်တဲ့ နိပွန်ဇတန်မိုဟိုဂျိက ဒေလီမြို့မှာ ဗုဒ္ဓမွေတော်တွေ ကို ဌာပနာပြီး ဘုရားတစ်ဆူတည်ဖို့ ဆုံးဖြတ်ခဲ့တယ်။ လက်ရှိဘုန်းတော်ကြီး ဒလိုင်လားမားကပဲ အုတ်မြစ်ချ ပေးခဲ့ရတယ်။ ရှေ့ပိုင်းမှာ ဘာသာဝင်တွေရဲ့ အရေအတွက်ကို ရာခိုင်နှုန်းတွေနဲ့ ဖော်ပြခဲ့တဲ့အထဲမှာ ဗုဒ္ဓဘာသာမပါခဲ့ဖူးမဟုတ်လား။ ဝ ဒသမ ၃၂ ရာခိုင်နှုန်းလောက်သာရှိတဲ့ အခြားဘာသာဝင် စာရင်းမှာပဲပါခဲ့တယ်လေ။ ဒီလို လူဦးရေနည်းတဲ့ ဘာသာဝင်တွေအတွက်လည်း ဒေလီမှာက ဘုရားတည်၊ ကျောင်းဆောက်ခွင့် ရပြန်တာပဲ။ ဒါကြောင့်လည်း ဒေလီမြို့ဟာ အရောင်စုံကို လက်ခံ ပေးနိုင်တဲ့ မြို့ကြီးဖြစ်လာတာပါပဲ။

နယူးဒေလီမှာရှိတဲ့ အမျိုးသား ပြတိုက်ဆိုရင် အိန္ဒိယတစ်ခွင်မှာ အကြီးဆုံးပြတိုက်ကြီးတစ်ခုပါ။  ခေတ်အဆက်ဆက်က တိုးချဲ့ခဲ့တဲ့ အမျိုးသားပြတိုက်ဟာ ၁၉၄၉ ခုနှစ် သြဂုတ်လမှာ အနုပညာလက်ရာပေါင်း နှစ်သိန်းလောက်အထိ ပြသထားနိုင်တဲ့အထိ ခမ်းနားခဲ့ပါတယ်။ လက်ရာတွေထဲမှာ အိန္ဒိယအပြင် နိုင်ငံတကာက လက်ရာအစုံအလင်လည်း ပါဝင်တယ်။ အဲဒီထဲက အချို့ လက်ရာတွေဆိုရင် နှစ်ပေါင်း ၅ဝဝဝ ကျော်က ပစ္စည်းတွေဆိုတော့  ဘယ်သူက သွားမကြည့်ချင်ဘဲ ရှိမှာလဲ။

ဂန္ဒီအောက်မေ့ဖွယ် ပြတိုက်၊ ခေတ်ပေါ်အနုပညာ အမျိုးသားပြခန်း၊ သဘာဝသမိုင်း ပြတိုက်၊ အမျိုး သား မီးရထားပြတိုက်၊ အမျိုးသားလက်မှုပညာပြတိုက်၊ ရှန်ကာနိုင်ငံတကာ အရုပ်များပြတိုက်၊ အိန္ဒိယဗဟိုတရားရုံး ပြတိုက်စတဲ့ နိုင်ငံအမွေ အနှစ်အဆောက်အအုံတွေဟာ ဒေလီမှာ လာစုနေတယ်လို့ ထင် လောက်အောင် အများအပြား တည်ရှိနေပါတယ်။ ပြတိုက်တွေသာမက သမိုင်းဝင်နေရာတွေများတဲ့ မြို့လည်း ဖြစ်ပါတယ်။

ပြင်သစ်နိုင်ငံမှာရှိတဲ့ Arc deTriomphe လိုပဲ ဒေလီမှာ India Gate ဆိုပြီး ၁၉၃၁ခုနှစ်ကတည်းက တည်ဆောက်ထားခဲ့တယ်။ ဂိတ်ဆိုလို့ အလှသက်သက်တော့ မဟုတ်ပါဘူး။ ပထမကမ္ဘာစစ်နဲ့ တတိယအင်ဂလို-အာဖဂန် စစ်ပွဲတွေမှာ အသက်ဆုံးရှုံးသွားတဲ့ စစ်သည် ၉ဝဝဝဝ အတွက် ရည်စူးထားတဲ့ အထိမ်းအမှတ်ဂိတ် လည်း ဖြစ်နေပါတယ်။

မြို့မှာ ထင်ရှားတဲ့ Rajpath ဆိုတဲ့ သစ်ပင်တန်းတွေ အစီအရီစိုက်ထားတဲ့ လမ်းနဲ့နေရာဆိုရင်လည်း ပြင်သစ်က  Champs-Elysees လိုပဲ သမိုင်းလည်းဝင် နိုင်ငံတော် အခမ်းအနားတွေ ကျင်းပရာလည်း ဖြစ်ပါတယ်။ ပြည်ထောင်စု နေ့တိုင်းဒီနေရာမှာ နှစ်ရက်ဆက်တိုက် ချီတက်ပွဲတွေ နှစ်စဉ် ကျင်းပကြတယ်။ ဒါ့အပြင် Rajhat ဟာ အိန္ဒိယရဲ့ လူထုခေါင်းဆောင် မဟတ္တမဂန္ဒီခေါင်းချရာ နေရာအဖြစ်လည်း ဖြစ်နေပါတယ်။                    

နယူးဒေလီက Gandhi Smriti ဆိုတဲ့နေရာဟာ မဟတ္တမဂန္ဒီ လုပ်ကြံခံရတဲ့ ၁၉၄၈ ဇန်နဝါရီလ ၃ဝ ရက်ကနေ နောက်ပြန်ရေတွက်ကြည့်ရင် ဂန္ဒီကြီးနောက်ဆုံးရက်များ ၁၄၄ ရက် ကုန်ဆုံးရာနေရာလည်း ဖြစ်ပါ တယ်။ အခုအချိန်မှာတော့ ယမုံနာမြစ်နားက Rajghat နေရာဟာ မဟတ္တမဂန္ဒီရဲ့အရိုးပြာ မြှုပ်နှံရာနေရာအဖြစ်လည်း ထင်ရှားပါတယ်။ လုပ်ကြံခံရပြီး နောက်တစ်ရက်မှာ မီးသင်္ဂြိုဟ်လိုက်ကြပြီး ဗိမာန်တစ်ခု ဆောက်ထားခဲ့ကြပါတယ်။ စတုရန်းသဏ္ဌာန် စင်္ကြံနဲ့ တည်ဆောက်ခဲ့တဲ့ The Raj Ghat ကိုတော့ နာမည်ကျော် ဗိသုကာပညာရှင် ဝါနုဘူတက ဒီဇီုင်းထုတ်ပေးထားပါတယ်။ နယူးဒေလီမှာ ရှေ့လာမယ့်နှစ် တွေမှာလည်း အမျိုးသား စစ်ပွဲ အောက်မေ့ဖွယ်နေရာနဲ့ ပြတိုက်ကြီးတစ်ခုကို အမေရိကန်ဒေါ်လာ ၆၃ သန်း အကုန်အကျခံပြီး ဆောက် လုပ်ဖို့ ပြင်ဆင်နေကြပါတယ်။                နယူးဒေလီဟာ လှပတဲ့ရှုမျှော်ခင်းတွေ၊ ပန်းဥယျာဉ်တွေနဲ့ ပြည့်နေပါတယ်။ ဥယျာဉ်တွေဟာ နွေဦးရာသီဆိုရင် ထိုင်ငေးချင်စရာကောင်း လောက်တဲ့ အလှမျိုးပြောင်းသွားတတ်ပါတယ်။ အဲဒီထဲမှာ ဗုဒ္ဓဇေယန္တိဥယျာဉ်နဲ့ သမိုင်းဝင်လိုဒီဥယျာဉ်တွေဟာ အကြီးမားဆုံးနဲ့ အလှဆုံးစာရင်းထဲမှာ ပါနေပါတယ်။  နယူးဒေလီရဲ့နောက်ထပ် ထူးခြားတဲ့ဝိသေသထဲမှာ နယူးဒေလီ စည်ပင်သာယာ နယ်နိမိတ်ဟာ မြောက်အိန္ဒိယမှာ အသန့်ရှင်းဆုံးဆိုတဲ့ သတ်မှတ်ချက်လည်း ရထားတာ ပါနေပါသေးတယ်။ မြေယာစီမံမှုမှာ အလသဿဖြစ်မှု မရှိခြင်း၊ သန့်ရှင်းသပ်ရပ်ခြင်း၊ မိလ္လာနဲ့ရေဆိုးထုတ် စနစ်တွေ ကောင်းမွန်တာကြောင့် အသန့်ရှင်းဆုံးဆိုတဲ့ ကြေညာချက်ကို ၂ဝ၁၇ ခုနှစ်ကမှ ပူပူနွေးနွေးရထား တာပါ။ ဒေလီမြို့ရဲ့ အားနည်းချက်ကတော့ ပြတ်ရွေ့ကြောတွေပေါ်မှာ တည်မိတဲ့အဖြစ်ပါပဲ။ ဒါကြောင့်လည်း မကြာခဏ ငလျင်လှုပ်ခတ်လေ့ရှိတယ်။ အားပျော့တဲ့ ငလျင်တွေသာ များတာကြောင့် ကံကောင်းတယ်လို့ ဆိုရမလားပဲ။ ထင်ရှားတဲ့ ငလျင်ဆိုရင် ၂ဝ၁၅ ခုနှစ်က ၅ ဒသမ ၄ ရစ်ခ်ျတာစကေးနဲ့ လှုပ်ခဲ့တာနဲ့ ၂ဝ၁၂ ခုနှစ်၊ မတ်လက ၅ ဒသမ ၂ ရစ်ခ်ျတာစကေးနှစ်ခုပဲ ပြင်းထန်တယ်လို့ ဆိုရပါမယ်။ တစ်ခါတစ်ရံ ပျော်ရွှင်စရာတွေထဲမှာ တစ်ရက်တည်းမှာတင် စုံတွဲ ပေါင်း ခြောက်သောင်းကျော်လောက် စုပေါင်းပြီး မင်္ဂလာပွဲကျင်းပတတ်တာဟာလည်း နယူးဒေလီရဲ့ ထူးခြားချက်ထဲက တစ်ခုပါပဲ။ တစ်နည်းအားဖြင့် အသွင်စုံ၊ ဘာသာစုံ၊ အရောင်စုံတွေကြားက ပြယုဂ်တွေနဲ့ နယူးဒေလီပဲဖြစ်ပါတယ်။

 

သုနန္ဒခေတ်

သုနန္ဒခေတ်
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.